ကမ္ဘာ့ထိပ်တန်းအကြီးဆုံးကုမ္ပဏီ ဆယ်ခုထဲက ရှစ်ခုဟာ Market Capitalization အရတိုင်းတာရင် အမေရိကန် ကုမ္ပဏီတွေဖြစ်နေတာကို တွေ့ရပါတယ်။ Market-Capitalization တစ်နည်းအားဖြင့် Market Cap ဆိုတာ ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာပေါက်ဈေးအရ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတန်ဖိုးတွေဖြစ်တယ်။ ဒီကုမ္ပဏီတွေဟာ အမေရိကန်မှာ စတင်အခြေချလုပ်ကိုင်ကြတာဖြစ်ပြီး လုပ်ငန်းတွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ထားတာဖြစ်တယ်။ အမေရိကန်တို့ရဲ့ တီထွင်ဆန်းသစ်ဉာဏ်နဲ့ လုံ့လဝီရိယဆိုတဲ့ လုပ်ငန်းဆိုင်ရာအရည်အချင်းတွေလည်းရှိကြတယ်။
၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်က လေ့လာတွေ့ရှိချက်အရ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ဆယ်ခုထဲမှာ Mega Capitalization လို့ မသတ်မှတ်နိုင်တဲ့ ကုမ္ပဏီဆိုလို့ တစ်ခုပဲပါဝင်တယ်။ Mega Cap လို့မသတ်မှတ်နိုင်တဲ့ ကုမ္ပဏီဆိုလို့ တစ်ခုပဲပါဝင်တယ်။ Maga Cap သတ်မှတ်နိုင်တယ်ဆိုတာ ဒေါ်လာဘီလီယံသုံးရာ ကျော်မှဖြစ်တယ်။ ဒီကုမ္ပဏီဆယ်ခုရဲ့ ထက်ဝက်ဟာ နည်းပညာကုမ္ပဏီတွေ ဖြစ်ကြတယ်။ သုံးခုက ဘဏ္ဍာငွေကြေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ ကျန်တဲ့ နှစ်ခုကတော့ စားသုံးသူများကို ဝန်ဆောင်မှုဖြည့်ဆည်းပေးတဲ့လုပ်ငန်း တွေဖြစ်တယ်။ ကုမ္ပဏီဆယ်ခုကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
၁။ Apple (AAPL)
Market Cap ဒေါ်လာ ၁ ထရီလီယံ။ ကမ္ဘာမှာ မတည်ရင်းနှီး ငွေအများဆုံးပါပဲ။ Iphone ၊ Ipad နဲ့ တခြားနည်းပညာဆိုင်ရာ အသုံးအဆောင်ပစ္စည်းသန်းပေါင်းများစွာကို ဆက်လက်ရောင်းချနေရလို့ ဝင်ငွေတွေတိုးနေတယ်။ ကုမ္ပဏီရဲ့ ၂၁ နှစ်တာ သမိုင်းတလျှောက် တစ်ခါတုန်းကတော့ ဒေဝါလီခံရတော့မယ့်ကိန်းနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။
၂။ Alphabet (Google)
Market Cap ဒေါ်လာ ၇၆၅.၃၅ ဘီလီယံ။ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လထဲမှာစတင်ထူထောင်ခဲ့တယ်။ ကျန်းမာရေး၊ ရောဂါရှာဖွေရေးလုပ်ငန်းများကိုလုပ်ကိုင်တယ်။ မောင်းသူမဲ့ကားလုပ်ငန်းလည်းလုပ်တယ်။
၃။ Microsoft (MSFT)
Market Cap ဒေါ်လာ ၈၃၃.၂၃ ဘီလီယံ။ ဒီကုမ္ပဏီဟာ ၂၀ဝ၀ ပြည့်နှစ်အဝင်လောက်တုန်းက ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်ခဲ့ပြီး အခုအခါမှာလည်း ထိပ်တန်းကုမ္ပဏီကြီးတွေထဲမှာ ပါဝင်နေဆဲဖြစ်တယ်။ ဆော့ဖ်ဝဲကုမ္ပဏီကြီး ဖြစ်တယ်။
၄။ Amazon (AMZN)
Market Cap ဒေါ်လာ ၈၆၀.၃၉ ဘီလီယံ။ ၂၀၁၈ ခုနှစ် ဩဂုတ်လထဲတုန်းက ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရဲ့ ရှယ်ယာတစ်စောင်တန်ဖိုးဟာ ဒေါ်လာနှစ်ထောင်အထိရောက်ခဲ့တယ်။ ၂၀ဝ၉ ခုနှစ်ကစပြီး ခြောက်ဆတက်လာ ခဲ့ခြင်းဖြစ်တယ်။
၅။ Tencent Holdings (TCEHY)
Market Cap ဒေါ်လာ ၄၉၆ ဘီလီယံ၊ တရုတ်ပြည်အခြေစိုက် ဒီကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်တုန်းကထက် ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်ဝင်ငွေဟာ ၃၀ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ ဒီကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ထဲမှာပဲ ထိပ်ဆုံး ကုမ္ပဏီဆယ်ခုစာရင်းထဲမှာ စတင်ပါဝင်လာခဲ့တယ်။
၆။ Berkshire Hathaway (BRK.A)
Market Cap ဒေါ်လာ ၅၁၇.၂၀ ဘီလီယံ။ Warren Buffett ရဲ့ ကုမ္ပဏီကြီးဟာ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်ထဲမှာ ဒေါ်လာ ၁၂ ဘီလီယံရခဲ့တယ်။ ၂၀၁၇ တုန်းကတော့ ဒေါ် လာ ၄.၂၆ ဘီလီယံပါပဲ။
၇။ Alibaba (BABA)
Market Cap ဒေါ်လာ ၃၇၀.၅၀ ဘီလီယံ။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး E-commerce ကုမ္ပဏီ ကြီးဖြစ်တယ်။ ဒီကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်တုန်းက ကုမ္ပဏီရဲ့ စတော့တွေကို အများ ပြည်သူတွေကို ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ရောင်းချခဲ့ပါတယ်။ သမိုင်းမှာ အကြီးဆုံးရောင်းချပွဲကြီးဖြစ်တယ်။ စတင်တည်ထောင်သူ Jack Ma ဟာ အနားယူဖို့ အစီအစဉ်ရှိတယ်။ ၂၀၁၈ အောက်တိုဘာလထဲကပဲသူဟာတရုတ်နိုင်ငံမှာ လုပ်ကိုင်ခွင့်လိုင်စင်ရနေတဲ့ လုပ်ငန်းတွေပိုင်ဆိုင်မှုကိုစွန့် လွှတ်တော့မယ်လို့ ပြောဆိုခဲ့တယ်။
၈။ Facebook (FB)
Market Cap ဒေါ်လာ ၄၄၄.၇၈ ဘီလီယံ။ ဒီကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှု တိုးပွားနှုန်းမြန်ပေမယ့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ပတ် သက်ခဲ့တဲ့အတွက် Market Cap ပမာဏဟာ တစ်နေ့တည်းမှာကို ဒေါ်လာ ၁၂၀ ဘီလီယံကျဆင်းသွားခဲ့တယ်။
၉။ Jpmorgan Chase (JPM)
Market Cap ဒေါ်လာ ၃၆၂.၆၇ ဘီလီယံ။ အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံးစက်လုပ်ငန်းကြီးဖြစ်တယ်။ သူ့ရဲ့ Market Capitalization ဟာလည်း ဆက်လက် တိုးတက်ဖို့ အလားအလာရှိနေတယ်။
၁၀။ Bank Of America (BAC)
Market Cap ဒေါ်လာ ၂၈၂.၈၇ ဘီလီယံ။ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်အမြတ်ငွေဟာ ဒေါ်လာ ၆.၈ ဘီလီယံ ရှိပါတယ်။
အထက်ပါ ကမ္ဘာ့ထိပ်တန်းစီးပွားရေးကုမ္ပဏီတွေထဲမှာ နည်းပညာကုမ္ပဏီတွေက ထက်ဝက်ပါနေတာက အဲဒီနည်းပညာဆိုင်ရာလုပ်ငန်းတွေ ကြီးပွားလာခြင်းဟာ အဓိကအကြောင်းရင်းဖြစ်တယ်။ နောက်အကြောင်း တစ်ရပ်ကတော့ အမေရိကန် ဒေါ်လာခိုင်မာနေလို့ဖြစ်တယ်။
ညွန့်သောင်း