News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ၤFacebook ၏ ဒေါ်လာ ၁၉ ဘီလီယံတန် လုပ်ငန်းသစ်တစ်ခုဖြစ်လာခဲ့သော Jan Koum ၏ WhatsApp ကုမ္ပဏီ
Editorial
June 5, 2014
IT
ဒီနေ့မနက်စောစောက Jan Koum ဟာ သူ့ရဲ့ကုမ္ပဏီ WhatsApp ကို Facebook ကို ဒေါ်လာ ၁၉ ဘီလီယံနဲ့ရောင်းမယ့် အရောင်းအဝယ်ကို လက်မှတ်ထိုးဖို့အတွက် အဓိပ္ပာယ် ပြည့် ဝတဲ့နေရာတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ Koum ၊ ပူးတွဲတည်ထောင်သူ Brian Acton နဲ့ ှSequoia ကုမ္ပဏီရဲ့ Venture Capitalist (စွန့်စားရင်းနှီးမြှုပ်နှံသူ) Jim Goetz တို့ဟာ Mountain View မြို့မှာရှိတWhatsApp ရဲ့သိုသိပ်တဲ့ဌာနချုပ်နဲ့ ဘလောက်နည်းနည်း ကလေးပဲဝေးတဲ့ မသုံးဘဲ ပစ်ထားတဲ့အဆောက် အအုံ တစ်ခုဆီကို ကားမောင်းပြီးသွားခဲ့ကြပါတယ်။ အဲဒီ အဆောက်အအုံဟာ မြောက်ပိုင်းစီရင်စု လူမှုရေးအကျိုးဆောင်လုပ်ငန်းရဲ့ ရုံးဟောင်းဖြစ်ပြီး အခုအခါအသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Koum ၊ တစ်ခါတုန်းက အစားအသောက် အခမဲ့ေ၀ တဲ့လက် မှတ်တွေရအောင် တန်းစီခဲ့တဲ့နေရာဖြစ်ပါတယ်။ မနှစ်က သူတို့ရဲ့ကုမ္ပဏီကို မဖြစ် စလောက်ဝင်ငွေကလေး ဒေါ်လာ သန်း ၂၀ ရအောင်လုပ်ပေးနိုင်ခဲ့တဲ့ သူတို့ရဲ့ ထူးခြားဆန်းပြား တဲ့ Message ဆိုင်ရာပစ္စည်းကြီးကို ကမ္ဘာ့အကြီးဆုံးလူမှုကွန် ရက်ကြီးဆီကို ရောင်းဖို့သဘောတူလက်မှတ်ရေးထိုးခဲ့တာဟာ အဲဒီနေရာပါပဲ။ WhatsApp ရဲ့ ၄၅ ရာခိုင်နှုန်းကို ပိုင်တယ်လို့ Forbes ယုံကြည်ထားတဲ့ Koum ဟာ ဒီလိုနဲ့ (အခွန်ဆောင် ပြီး အသားတင်) ဝင်ငွေဒေါ်လာ ၆.၈ ဘီလီယံပိုင်ဆိုင်သွား ခဲ့ပါတယ်။ Koum ဟာ ယူကရိန်းနိုင်ငံ Kiev မြို့အပြင် ဘက်က ရွာကလေးတစ်ရွာ မှာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ဆောက်ရတဲ့ ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ရဲ့ဇနီးကမွေးခဲ့တဲ့ တစ်ဦး တည်းသောသားဖြစ်ပါတယ်။ သူတို့အိမ် မှာ ရေပူရေနွေးမရှိသလို သူ့မိဘတွေဟာ တယ်လီဖုန်းကို တောင် ကောင်းကောင်းမ သုံးနိုင်ခဲ့ပါဘူး။ သူ့ရဲ့အတိတ်က မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ Koum ကတော့ သူတစ်ခါတုန်း ကနေထိုင်ခဲ့တဲ့ ကျေးလက်ဘဝကို အခုထိ လွမ်းဆွတ်တမ်း တနေတုန်းပါပဲ။ အခြေအနေမကောင်းတဲ့ နိုင်ငံရေးနဲ့ ဂျူး ဆန့်ကျင်ရေးပတ်ဝန်းကျင်ရဲ့ဒုက္ခတွေကို မခံစားနိုင်တော့တဲ့ အတွက် သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့အမေနဲ့ သူ Mountain View ကို ပြောင်းရွှေ့လာခဲ့ပြီး အစိုးရထောက်ပံ့မှု နဲ့ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်းရခဲ့ပါတယ်။ Koum ရဲ့အမေဟာ အမေရိကန်ရောက်ရင် ကျောင်းစရိတ်သက် သာအောင်ဆိုပြီး သူတို့ရဲ့လက်ဆွဲအိတ်တွေထဲမှာ ဘောလ်ပင် တွေ ဗလာစာအုပ်တွေကိုတောင် ထိုးသိပ်ပြီးထည့်ယူလာခဲ့ ပါတယ်။ သူ့ရဲ့အမေဟာ ကလေးထိန်းအလုပ်ကို ဝင်လုပ်ခဲ့ပြီး စားဝတ်နေရေး အလျင်မီဖို့အတွက် Koum က ကုန်စုံဆိုင် တစ်ဆိုင်မှာ သန့်ရှင်းရေးသမား ဝင်လုပ်ခဲ့ရပါတယ်။ သူ့အ မေမှာ ကင်ဆာရောဂါရှိနေတာကို ရှာလို့တွေ့ရှိသွားတဲ့အခါ သူတို့ဟာ မသန်စွမ်း ထောက်ပံ့ငွေနဲ့ နေထိုင်စားသောက်ခဲ့ကြ ပါတယ်။ Koum ဟာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင် ကျင်ပြော တတ်ပေမဲ့ အမေရိကန်အထက်တန်းကျောင်းတွေ က ပေါ့ရွှတ်ရွှတ်ပေါင်းသင်းဆက်ဆံရေးကို သဘောမကျခဲ့ ပါဘူး။ ယူကရိန်းမှာဆိုရင် ကျောင်းမှာပေါင်းသင်းတဲ့ သူ ငယ်ချင်းတစ်စုဟာ ဆယ်နှစ်ဆယ်မိုးကြာတဲ့အထိ ဒီလူဒီလူပဲ စွဲစွဲမြဲမြဲပေါင်းသင်းလေ့ ရှိပါတယ်။ အဲဒါကြောင့် ရုရှား မှာဆိုရင် လူတစ်ယောက်ရဲ့အကြောင်းကို ကောင်းကောင်း သိအောင် လေ့လာလို့ရပါတယ်။
Koum ဟာ ကျောင်းမှာပြဿနာအမြဲဖြစ်နေတဲ့ ကောင်ကလေးပါ။ ဒါပေမဲ့ အသက် ၁၈ နှစ်မှာတော့ Koum ဟာ စာအုပ်အဟောင်းဆိုင်က လက်စွဲစာအုပ်တွေ ဝယ်ပြီး ကွန်ပျူတာ Networking ကို သူ့ဘာသာ သင် ယူခဲ့ပါတယ်။ သူဟာ Efnet Internet Relay Chat Network ု ပေါ်က wOOwOO လို့ခေါ်တဲ့ အဖွဲ့ထဲကို ဝင်ပြီး Silicon Graphics ရဲ့ Server တွေက တစ်ဆင့် Napster ကို ပူးတွဲတည်ထောင်ခဲ့တဲ့Sean Fanning နဲ့ Chatting လုပ်ခဲ့ ပါတယ်။ သူဟာ San Jose ပြည်နယ် တက္ကသိုလ်ကို ဝင်ခဲ့ပြီး Ernst & Young ကုမ္ပဏီမှာ လုံခြုံ မှုစမ်းသပ် စစ်ဆေးသူအဖြစ် အလုပ်တိတ်တိတ်ဝင် လုပ်ခဲ့ပါ တယ်။ ၁၉၇၇ ခုနှစ်မှာတော့ သူဟာ Yahoo ကုမ္ပဏီရဲ့ အသက် ၄၄ နှစ်အရွယ် ဝန်ထမ်း Acton ရဲ့ စားပွဲနဲ့မျက် နှာချင်းဆိုင်မှာ ထိုင်ပြီး ကြော်ငြာစနစ် ကို စစ်ဆေးနေရတဲ့ သူဖြစ်နေပါပြီ။ ''သူဟာ သူများနဲ့မတူဘူးလို့ ပြောလို့ရပါ တယ်။ သူက ဘွင်းဘွင်းရှင်းရှင်းသမား တစ်ယောက်ပဲ'' လို့ Acton က ပြောပါတယ်။ Acton ရဲ့ ဘွင်းဘွင်းရှင်းရှင်းပုံစံကို Koum ကလည်း ကြိုက်ပါတယ်။ ''ကျွန်တော်တို့နှစ် ယောက်စလုံးမှာ ကလိမ်ကလည်ပြောတဲ့ အရည်အချင်းမရှိ ကြဘူး'' လို့ Koum က ပြောပါတယ်။ အဲဒီနောက်ခြောက် လကြာတဲ့အခါ Koum ဟာ Yahoo မှာ အင်တာဗျူးလုပ်ပြီး အခြေခံအဆောက်အအုံ အင်ဂျင်နီယာတစ်ယောက်အဖြစ် အလုပ်ရခဲ့ပါတယ်။ သ ူSan Jose State တက္ကသိုလ်မှာပဲ ရှိနေတုန်း Yahoo ထဲကို အလုပ်ဝင်ပြီး နှစ်ပတ်အကြာမှာ ကုမ္ပဏီရဲ့ Server တစ်ခု ပျက်သွားပါတယ်။ Yahoo ရဲ့ ပူးတွဲတည်ထောင်သူ David Filo က သူ့ကိုဖုန်းနဲ့လှမ်း ခေါ်ပါတယ်။ ''ကျွန်တော် စာသင်ခန်းထဲ ရောက်နေပါတယ်'' လို့ Koum က လိမ်လိမ်မာမာ ပြန်ဖြေခဲ့ပါတယ်။ ''မင်းက ဘာကိစ္စ စာသင်ခန်းထဲ ရောက်နေရတာလဲ၊ အခုချက်ချင်းရုံး ကို လာခဲ့'' လို့ Filo က ခပ်မာမာပြောခဲ့ပါတယ်။ ''ဘာပဲ ဖြစ်ဖြစ် ကျောင်းကို ကျွန်တော်မုန်းခဲ့တယ်'' လို့ Koum က ပြောပါတယ်။ သူကျောင်းက ထွက်လိုက်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူ့အမေ ကင်ဆာရောဂါနဲ့ကွယ် လွန်သွားတဲ့အခါ ဒီယူရိန်းကလေးဟာ တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ သူ့အဖေက ၁၉၉၇ ခုနှစ်ကတည်းက ကွယ် လွန်ခဲ့ပြီးပါပြီ။ သူက သူ့အပေါ်စာနာပြီး အကူအညီတွေ ပေးခဲ့တဲ့ Acton ကို ချီးမွမ်းခဲ့ပါတယ်။ ''သူက ကျွန်တော့် ကို သူ့အိမ်ကို ခေါ်ခဲ့ပါတယ်'' လို့ Koum က ပြန်ပြောပြ ပါတယ်။ သူတို့နှစ်ယောက် စကိတ်စီးပါတယ်။ ဘောလုံး ကန်ပါတယ်။ Frisbee (ပလတ်စ တစ်ပြားပစ်) ကစားပါ တယ်။ အဲဒီနောက် ကိုးနှစ်ကြာအောင် အဲဒီနှစ်ယောက်ဟာ Yahoo ရဲ့အတက်အကျပေါင်းများစွာကို စောင့်ကြည့်ခဲ့ပါ တယ်။ Acton ဟာ ခေတ်စားလာတဲ့ Dotcom တွေထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဒေါ်လာသန်း နဲ့ချီပြီး ဆုံးရှုံးခဲ့ပါတယ်။ ကြော်ငြာတွေကို သူသဘောမကျတဲ့ ကြားထဲကပဲ ၂၀၀၆ ခုနှစ်မှာ Yahoo ရဲ့ အရေးကြီးပြီး အချိန်တွေအများကြီး ကြန့်ကြာခဲ့တဲ့ Project Panama ဆိုတဲ့ ကြော်ငြာ Platform အလုပ်ထဲကို ထဲထဲဝင်ဝင်ပြန် ရောက်သွားခဲ့ပါတယ်။ 'ကြော်ငြာတွေနဲ့ လုပ်ရကိုင်ရတာ စိတ်ပျက်စရာကောင်းပါတယ်။ ကြော်ငြာတွေကို ပိုကောင်း အောင်လုပ်လို့ ဘယ်သူတွေရဲ့ဘဝတွေမှ ပိုကောင်းသွားမှာ မဟုတ်ဘူး' လို့ သူက အခုပြန်ပြောပြပါတယ်။ သူ့ရဲ့ LinkIn Profile ထဲမှာ သူ Yahoo မှာနောက်ဆုံးနေခဲ့ တဲ့သုံးနှစ်ကို 'အလုပ်နည်းနည်း လုပ်ခဲ့ပါတယ်' ဆိုတဲ့ စကားနဲ့ စိတ်မပါ့တပါ ဖော်ပြခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာ Koum နဲ့ Acton တို့နှစ်ယောက် Yahoo က အပြီးထွက်လာခဲ့ကြပြီး၊ တောင်အမေရိကကို ခရီးသွားလိုက်၊ Frisbee ကစားလိုက်နဲ့ တစ်နှစ်လောက် အချိန်ဖြုံးခဲ့ကြပါတယ်။ သူတို့နှစ်ယောက်လုံး Facebook မှာ အလုပ်လုပ်ဖို့ လျောက်ခဲ့ကြပေမဲ့ မရခဲ့ပါဘူး။ 'ကျွန် တော်တို့လည်း Facebook ရဲ့အငြင်းပယ်ခံခဲ့ရတဲ့ လူအုပ်စု ကြီးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ' လို့ Acton ကပြောပါ တယ်။ Koum ကတော့ Yahoo မှာစုထားတဲ့ သူ့ရဲ့ ဒေါ်လာလေးသိန်းကို သုံးစွဲရင်းအချိန်ဖြုန်းနေပါတယ်။ အဲဒီ နောက် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလမှာ သူဟာ iPhone တစ်လုံးကို ဝယ်လိုက်တဲ့အခါ ခုနစ်လသာသက်တမ်းရှိတဲ့ App Store ဟာ Apps (Software Application ) လုပ် ငန်းသစ်ကြီးတစ်ခုလုံးကို မျိုးစေ့ချပေးတော့မယ်ဆိုတာကို Koum သဘောပေါက်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ရုရှမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ Alex Fishman ရဲ့အိမ်ကို သွားခဲ့ပါ တယ်။ Fishman က ဒေသတွင်းမှာရှိတဲ့ ရုရှအသိုက်အဝန်း ကို West San Jose မှာရှိတဲ့သူ့အိမ်ကို အပတ်စဉ်ဖိတ်ပြီး ပီဇာမုန့်တွေ၊ ရုပ်ရှင်တွေနဲ့ ဧည့်ခံခဲ့ပါတယ်။ တစ်ခါ တလေဆိုရင် အဲဒီကိုလာတဲ့ လူပေါင်းဟာ ၄၀ လောက် ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ Fishman ရဲ့မီးဖိုကောင် တာမှာ လက်ဖက်ရည်သောက်ရင်း နာရီတော်တော်ကြာ ရပ်ပြီး App တစ်ခုအတွက် Koum ရဲ့အကြံအစည်တစ်ခု အကြောင်းကို ပြောခဲ့ပါတယ်။ Koum က ကျွန်တော့်ကို သူ့ရဲ့လိပ်စာ စာအုပ်ကို ပြခဲ့ပါတယ်။ သူ့ရဲ့စိတ်ကူးက လူတစ်ယောက်ချင်း ရဲ့နာမည်တွေရဲ့ နောက်မှာ Status (အခြေအနေတွေ) ကို ထည့်ရင် တကယ့် ကိုကောင်းမယ်ဆိုတာပါပဲ' လို့ Fishman က ပြန်ပြောပြခဲ့ပါတယ်။ သင့်ကို ဖုန်းခေါ်ထားမထား၊ သင့်ရဲ့ ဘက်ထရီကအားနည်းမနည်း၊ ပြီးတော့ သင်က အားက စားရုံမှာ ရောက်နေတာ ဟုတ် မဟုတ်ကို Status တွေက ပြပါလိမ့်မယ်။ Backend ကိရိယာပိုင်းကို Koum ကလုပ်နိုင်ပါတယ်။ ဒါပေမဲ့ လိုနေတာက iPhone ဖန်တီး မယ့်လူတစ်ယောက်ပါ။ဒါကြောင့် Fishman က Koum ကို Igor Solomennikov နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ Igor ဟာ RentACoder.com မှာ သူတွေ့ထားတဲ့ရုရှက iPhone ဖန်တီးသူတစ်ယောက် ဖြစ်ပါတယ်။ Koum က WhatsApp ဆိုတဲ့နာမည်ဟာ What's up ဆိုတဲ့စကားနဲ့ ခပ်ဆင်ဆင်တူနေတဲ့အတွက် အဲဒီနာမည်ကိုကို ချက်ချင်း ရွေးလိုက် ပါတယ်။ နောက်တစ်ပတ်အကြာ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ WhatsApp ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ 'သူဟာ သိပ်စေ့စပ်သေချာပါတယ်' လို့ Fishman က ပြော ပါတယ်။ အဲဒီအချိန်အထိ App Software ကို မရေးရသေး ပါဘူး။ Koum ဟာ အပြည်ပြည်ဆိုင်ရာတယ်လီဖုန်းခေါ် ဆိုမှုအစပိုင်းဂဏာန်းတွေအတွက် Wikipedia ထဲက ရေး သွင်းချက်အားလုံးကို စူးစိုက်လေ့လာပြီး သူ့ရဲ့ app ကို ကမ္ဘာပေါ်က ဖုန်းနံပါတ်အားလုံးနဲ့ကိုက်ညီမယ့် Backend Code ကို ဖန်တီးနေခဲ့တာ ရက်တွေတော်တော်ကြာသွားခဲ့ပါ တယ်။
စောစောပိုင်းမှာ WhatsApp ဟာ မအောင်မြင်ဘဲ အကျပ်ရိုက်နေခဲ့ပါတယ်။ Fishman က အဲဒါကို သူ့ရဲ့ဖုန်း မှာတပ်ဆင်လိုက်တဲ့အခါ သူ့ရဲ့လိပ်စာစာအုပ်ထဲကဖုန်း နံပါတ် ရာဂဏန်းလောက်ကပဲ အဲဒီဟာကို Download လုပ်ခဲ့ကြပါတယ်။ အဲဒီလူတွေအများစုဟာ ဒေသခံရုရှမိတ်ဆွေ တွေ ဖြစ်ပါတယ်။ ှ San Jose မှာရှိတဲ့နာမည်ကြီးTony Roma စားသောက်ဆိုင်မှာ နံရိုးကင်ကို စားရင်း Fishman က ပြဿနာတွေကို စစ်ဆေးခဲ့ပြီး Koum က ဆိုဗီယက် ခေတ်ကမှတ်စုစာအုပ်တစ်အုပ်ထဲမှာ မှတ်စုတွေ ရေးခဲ့ပါ တယ်။ အဲဒီနောက်တစ်လမှာ Acton နဲ့နောက်ဆုံးပိတ် Frisbee တစ်ပွဲကစားပြီးတဲ့နောက် Koum က ဒါတွေကို သူရပ်ပြီး အလုပ်တစ်ခု စပြီးရှာသင့်ပြီဆိုတာကို မကျေမနပ် နဲ့ဘဲ ဝန်ခံခဲ့ပါတယ်။ Acton ကတော့ အင်တင်တင်ပါပဲ။ 'မင်းဒါကို အခုလက်လျော့လိုက်ရင်အရူးပေါ့။ နောက်ထပ်လ နည်းနည်းလောက် အချိန်ပေးရမှာပေါ့' လို့ သူက ပြောပါ တယ်။ Software ဖန်တီးတဲ့ လူတွေအနေနဲ့ User တွေက Software ကိုသုံးမနေတဲ့အချိန်မှာ အဲဒီ User တွေကို Message ပို့ခွင့်ပေးထားတဲ့အကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ မှာ Apple က ကြေညာချက်တွေ ထုတ်လိုက်တဲ့အခါ Apples ဆီက အကူအညီကို သူတို့ရခဲ့ပါတယ်။ Koum က WhatsApp ကို Update လုပ်ခဲ့ပါတယ်။ သင်က သင့်ရဲ့ Status ကို 'ငါ့ကို စကားပြောလို့မရဘူး။ ငါအခု အားကစားခန်းထဲ ရောက်နေတယ်' လို့ လုပ်ထားတဲ့အခါ တိုင်း အဲဒါကသင့်ရဲ့ Network ထဲမှာရှိတဲ့ လူတိုင်းကို အဲဒီ Message တွေ ပို့နေပါလိမ့်မယ်။ Fishman ရဲ့ရုရှ မိတ်ဆွေတွေက အဲဒီဟာကို အချင်းချင်းနောက်ပြောင် ကျီစယ်တဲ့အနေနဲ့ 'ငါအိပ်ရာထ နောက်ကျသွားတယ်' 'ငါလာနေပြီဟေ့' ဆိုတဲ့ Status တွေကို Message ပို့ပြီး စသုံးခဲ့ကြပါတယ်။ 'တစ်နည်းအားဖြင့်တော့ အဲဒါဟာ ချက်ချင်း Message ပို့နည်းတစ်မျိုးပါပဲ။ ဟေ့... မင်းနေကောင်းရဲ့လား ဆိုတာမျိုးနဲ့ ကျွန်တော်တို့စပြီးသုံးခဲ့ကြတယ်။ အဲဒီနောက် တစ်ယောက်ယောက်က အကြောင်းပြန်တယ်ပေါ့' လို့ Fishman က ပြောပါတယ်။ Koum ဟာSanta Clara က သူ့ရဲ့အိမ်မှာရှိတဲ့ Mac Mini ကွန်ပျူတာကလေးပေါ်မှာ Status တွေ ပြောင်းလဲနေတာကို စောင့်ကြည့်ပြီး၊ သူဟာ မရည်ရွယ်ဘဲ Message ပို့တဲ့ဝန်ဆောင်မှုတစ်ခုကို ဖန်တီး လိုက်မိပြီ ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ 'ကမ္ဘာတစ် ဖက်ခြမ်းမှာရှိတဲ့တစ်စုံတစ်ယောက်ဆီကို သင့်လက်ထဲမှာ အမြဲရှိနေတဲ့ကိရိယာကလေးတစ်ခုနဲ့ ချက်ချင်းရောက်နိုင် တာဟာ နည်းတဲ့စွမ်းအားမဟုတ်ဘူး' လို့ Koum က ပြော ပါတယ်။ အဲဒီအချိန်မှာ အခမဲ့ Message ပို့တဲ့ဝန်ဆောင်မှု ဆိုလို့ BlackBerry ရဲ့ BBM ပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီ ဝန်ဆောင်မှုက BlackBerry ကိုင်တဲ့သူတွေအချင်းချင်းကြား မှာပဲ သုံးလို့ရပါတယ်။ Google ရဲ့G-Talk နဲ့ Skype လည်း ရှိပါတယ်။ ဒါပေမဲ့ WhatsApp က ဘယ်သူနဲ့မှ မတူတာက သင့်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့ ဖွင့်လို့ရနေတာပါပဲ။ Koum ကသူ့ရဲ့WhatsApp 2.0 ကို Message လုပ်တဲ့ အစိတ်အပိုင်းနဲ့ ထုတ်ပေးပြီး စောင့်ကြည့်တဲ့အခါ သူ့ရဲ့ဟာ ကို တက်တက်ကြွကြွ သုံးစွဲတဲ့သူတွေရဲ့အရေအတွက်ဟာ ချက်ချင်း ၂၅၀ç၀၀၀ အထိရောက်သွားပါတယ်။ သူဟာ Acton ကို တွေ့ဖို့ သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ Acton ဟာ ဘာအလုပ်မှမရသေးဘဲ တခြားစိတ်ကူးအသစ်တစ်ခုကို စမ်းတဝါးဝါးလုပ်နေတုန်းပဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်ဟာ Acton ရဲ့မီးဖိုချောင်စား ပွဲမှာထိုင်ရင်း WhatsApp နဲ့ တစ်ယောက်ကိုတစ်ယောက် Message တွေ ပို့ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ WhatsApp ဆီမှာ တစ်ဖက်လူရဲ့ဖုန်းမှာ Message ရပြီးပြီဆိုတာကို ပြပေးတဲ့ နာမည်ကျော် Double Check အမှတ်အသား ရှိနေပါပြီ။ သူဟာစွမ်းအားပိုမြင့်တဲ့ SMS အတွေ့အကြုံ တစ်ခုကို ကြည့်နေတယ်ဆိုတာကို Acton သဘောပေါက် ခဲ့ပါတယ်။ အဲဒီတုန်းက ဓာတ်ပုံတွေ တခြားမီဒီယာတွေပို့ ပေးတဲ့ MMS Message ဆိုတာရှိပေမဲ့ အဲဒါဟာက အလုပ် သိပ်မဖြစ်တာများပါတယ်။ ဒီ SMS က အဲဒီဟာထက်ပိုပြီး ထိရာက်မှု ရှိပါတယ်။ 'အလုပ်လုပ်ဖို့အတွက်အင်တာနက်ရဲ့အဆုံးမရှိဖွင့်ထားတဲ့ရက်ရောမှုကြီးကို ခင်ဗျား ရသွားပြီ' လို့ သူက ပြောပါတယ်။ သူနဲ့ Koum တို့နှစ်ယောက်ဟာ Red Rock ု စားသောက်ဆိုင်မှာ သူတို့ရဲ့အလုပ်ကို လုပ်ခဲ့ ကြပါတယ်။Red Rock ဟာ လုပ်ငန်းသစ်စပြီး တည် ထောင်တဲ့လူတွေ ထိုင်လေ့ရှိတဲ့ ြMountain View က စား သောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့ဒုတိယအလွှာ တစ်ခုလုံးမှာ လူတွေပြည့်နေပြီး မငြိမ်ဘဲလှုပ်နေတဲ့စားပွဲတွေ ပေါ်မှာ အဲဒီလူတွေရဲ့ Laptop တွေက နေရာယူထားပါတယ်။သူတို့ဟာ Code တွေကိုတိတ်တဆိတ်ရေးနေလေ့ရှိပါ တယ်။ သူတို့နှစ်ယောက်ဟာ အဲဒီနေရာကို မကြာခဏ ရောက်လေ့ရှိပြီး Acton က မှတ်စုတွေကို ကြောင်ခြစ်သလို ရေးနေပြီး Koum ကတော့ စာတွေရိုက်နေတတ်ပါတယ်။အောက်တိုဘာလက Acton ဟာ ရင်းနှီးငွေဒေါ်လာ ၂၅၀ç၀၀၀ ထည့်ပေးမယ့် Yahoo က သူငယ်ချင်းဟောင်း ငါးယောက်ကို ရခဲ့ပါတယ်။ အဲဒီလိုရခဲ့တဲ့အတွက် Acton ဟာ ပူးတွဲတည်ထောင်သူ အဆင့်အတန်းနဲ့ အစုရှယ်ယာ တစ်စုကို ရခဲ့ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ သူဟာ ကုမ္ပဏီထဲကို တရားဝင်ဝင်ခဲ့ပါတယ် (ဒီတည်ထောင်သူနှစ် ယောက်ပေါင်းဆီမှာ အခုအထိအစုရှယ်ယာ ၆၀ ရာခိုင်နှုန်း ကျော်ကျော်ရှိပါသေးတယ်။ ဒါဟာစပြီးထူထောင်ခါစ လုပ် ငန်းတစ်ခုအနေနဲ့ဆိုရင် များနေပါတယ်။ Koum ရဲ့ဝေစု ကတော့ ပိုပြီးများမယ်လို့ ထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ဒါရိုက်တာအဖွဲ့ထဲကို Acton ရောက်မလာခင် ကိုးလကတည်းက ဒီမူရင်းစိတ်ကူးကို သူကအကောင်အထည် ဖော်ခဲ့လို့ပါပဲ။ စောစောပိုင်းကဝန်ထမ်းတွေဆီမှာလည်း အစု ရှယ်ယာတွေ ပိုင်ဆိုင်ထားကြပြီး ၁ ရာခိုင်နှုန်းလောက်အထိ ရှိကြတယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာတော့ Koum က ဝေဖန်ချက်မပေးပါဘူး)။
သူတို့နှစ်ယောက်ဆီကို iPhone သုံးတဲ့ လူတွေဆီ က Emailအဆက်မပြတ်ဝင်လာပါတယ်။ အဲဒီ User တွေဟာ အပြည်ပြည်ဆိုင်ရာကို အခမဲ့ Message ပို့လို့ရ မယ့်မျော်လင့်ချက်နဲ့ စိတ်တွေလှုပ်ရှားနေကြပြီး Nokia နဲ့ Black Berries ပေါ်က သူတို့ရဲ့သူငယ်ချင်းတွေဆီကို WhatsApp နဲ့ Message ပို့ဖို့ ဆန္ဒတွေ စောနေခဲ့ကြပါ တယ်။ Android က ရေဒါပေါ်မှာ အလင်းပြောက်ကလေး သာသာပဲရှိနေချိန်မှာပဲ WhatsAppကိုBlack Berries ပုံစံနဲ့လုပ်ဖို့အတွက် L.A မှာနေတဲ့ Chris Peiffer ဆိုတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကို Koum က ငှားခဲ့ပါတယ်။ Peiffer ဟာ မျက်လုံးပြူးလောက်တဲ့ အသုံးပြုသူအရေအ တွက်ကြီးထွားလာမှုကိုကြည့်ပြီး ဒီအလုပ်ထဲကိုဝင်ခဲ့ပါတယ်။ ပထမဆုံးနှစ်အနည်းငယ်မှာ အခမဲ့အလုပ်လုပ်ခဲ့ ကြတဲ့ Koum နဲ့ Acton ဟာ သူတို့ရဲ့စောစောပိုင်း အကြီးမားဆုံးကုန်ကျစရိတ်က User တွေဆီကို အတည်ပြုတဲ့ စာတွေ ပို့ရတဲ့စရိတ်တွေ ဖြစ်ပါတယ်။ Koum နဲ့ Acton တို့က အမေရိကန်ကိုပို့တဲ့ SMS တစ်စောင်ကို နှစ်ဆင့်ပေးရပေမဲ့ အရှေ့အလယ်ပိုင်းကို ပို့ဖို့ ၆၅ ဆင့်ပေးရ တဲ့ Click-A-Tell လို ပါးပါးရိတ်တဲ့ပွဲစားတွေကို သုံးနေ ခဲ့တာဖြစ်ပါတယ်။ ဒီနေ့တော့ SMS အတည်ပြုချက်ပေးတဲ့ အလုပ်ကကုမ္ပဏီကို တစ်လ ဒေါ်လာ ငါးသိန်းလောက် ရှာပေးနေပါတယ်။ အဲဒီတုန်းက ကုန်ကျစရိတ်တွေဟာ သိပ်မများပေမဲ့ ဘဏ်မှာရှိတဲ့ Koum ရဲ့ငွေတွေ ပြုတ် သွားလောက်အောင်တော့ များခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပ ဲWhatsAppဟာ တဖြည်းဖြည်းနဲ့ဝင်ငွေရလာပြီး ၂၀၁၀ ပြည့်နှစ်စောစောပိုင်းမှာ တစ်လကို အကြမ်းဖျင်း ဒေါ်လာ ငါးထောင်ရခဲ့တဲ့အတွက် အဲဒီတုန်းက ကုန်ကျစရိတ် ကို ကာမိခဲ့ပါတယ်။ တည်ထောင် သူတွေဟာ App ကို အခါအားလျော်စွာ အခမဲ့ကနေ အခကြေးငွေပေးရတဲ့ဆီကို ပြောင်းပေးခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့် သူတို့ ရဲ့ ကြီးထွားမှုဟာ သိပ်မြန်လွန်းမသွားခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှာ သူတို့ဟာ iPhone အတွက် ဓာတ်ပုံ တွေပို့ဖို့ WhatsApp ကို Update လုပ်ခဲ့ပြီး ဈေးနှုန်းကို တစ်ဒေါ်လာတင်လိုက်တဲ့အခါမှာတောင် User တွေရဲ့ အရေ အတွက် တိုးတက်လာမှုဟာ သူတို့ကို အံ့အားသင့်သွားစေ ခဲ့ပါတယ်။ 'သူတို့ဒီလိုငွေဆက်ပေးနေအောင် ကျွန်တော်တို့ တကယ်လုပ်ထားလို့ရတယ်လို့ ကျွန်တော် ထင်တယ်' လို့ Acton က Koum ကို ပြောခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်စောစော ပိုင်းမှာတော့ WhatsApp ဟာ အမေရိကန် App Store မှာရှိတဲ့ App အားလုံးရဲ့ထိပ်ဆုံး အမျိုး ၂၀ ထဲကို အတိ အလင်းရောက်နေပါပြီ။ ဝန်ထမ်းတွေနဲ့ Dim Sum နေ့လယ် စာ စားပွဲတစ်ခုမှာ လူတစ်ယောက်က Koum ကိုဒီအကြောင်း နဲ့ပတ်သက်ပြီး စာနယ်ဇင်းတွေကို ဘာလို့ ထုတ်မကြွားခဲ့တာ လဲလို့ မေးခဲ့ပါတယ်။ အဲဒီအခါ Koum က Marketing နဲ့ စာနယ်ဇင်းတွေ လှုပ်လှုပ်ရှားရှားလုပ်ရင် ဖုန်ထတယ်ဗျ။ အဲဒီဖုန်တွေက ခင်ဗျားရဲ့မျက်စိထဲ ဝင်သွားရင် မျက်စိစပ်ပြီး ကုန်ပစ္စည်းအပေါ်မှာ ခင်ဗျား အာရုံမစိုက်တော့ဘူး' လို့ ပြန်ဖြေခဲ့ပါတယ်။ WhatsApp ဟာ ကူးစက်ရောဂါလို ပျံ့နှံ့နေပြီဆို တာကို ပြောပြဖို့အတွက် Venture Capitalist တွေမှာ စာနယ်ဇင်း မလိုအပ်ပါဘူး။ Koum နဲ့ Acton တို့က သူတို့ကိုဟောဖို့ပြောဖို့ တောင်းဆိုတာတွေအားလုံးကို ရှောင် တိမ်းခဲ့ကြပါတယ်။ Acton က ရန်ပုံငွေထည့်ဝင်မှုကို ကယ် တင်မှုတစ်ခုအနေနဲ့ မြင်ပါတယ်။ ဒါပေမဲ့ Sequoia ကုမ္ပဏီ ရဲ့ အစုရှယ်ယာဝင်Jim Goetz ကတော့ ခေါင်းမာပါ တယ်။ တည်ထောင်မယ့်သူတစ်ယောက်ယောက်ကိုရဖို့ သူ့ ရဲ့ အဆက်အသွယ်တွေနဲ့ ရှစ်လကြာအောင်လုပ်ကိုင်ခဲ့ပါ တယ်။ သူဟာ Pinger ၊ Tango နဲ့ Baluga လို Message ပို့တဲ့နေရာတွေက တခြားကုမ္ပဏီတစ်ဒါဇင်လောက် နဲ့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ WhatsAppက ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာရှင်းနေပြီး ဒီလုပ်ကိုင်ခါစလုပ်ငန်းကလေး ဟာ ကော်ပိုရိတ်ဝင်ငွေခွန် ပေးနေရပြီဆိုတာကို သိလိုက်ရတဲ့ Goetz ဟာ အံ့အားသင့်သွားခဲ့ပါတယ်။ 'ဒီဟာမျိုးကို ကျွန် တော့်ရဲ့လုပ်သက်တစ်လျောက် ဒီတစ်ကြိမ်ပဲတွေ့ဖူးသေးတယ်' လို့ သူက ပြောပါတယ်။ နောက်ဆုံးတော့ သူဟာ Koum နဲ့ Acton တို့နဲ့အတူ Red Rock Cafe မှာ ထိုင်ခဲ့ပြီး သူတို့နှစ်ယောက် မေးသမျမေးခွန်းတွေကိုဖြေပြီး သူတို့ကို ကြော်ငြာတဲ့ပုံစံတွေလုပ်ဖို့ တွန်းအားမပေးဘဲ မဟာဗျူဟာ အကြံပေးပုဂ္ဂိုလ်အဖြစ်သာ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ကတိ ကိုပေးခဲ့ပါတယ်။ သူတို့ဟာ နောက်ဆုံးမှာ သူတို့ရဲ့အရင်း အနှီးရန်ပုံငွေ ဒေါ်လာ၂၅၀ç၀၀၀ ပေါ်မှာ Sequoia ဆီက ဒေါ်လာရှစ်သန်းယူဖို့ သဘောတူခဲ့ကြပါတယ်။ နောက် နှစ်နှစ်အကြာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ WhatsApp ရဲ့ User အခြေခံအင်အားဟာ တက်ကြွတဲ့ User ပေါင်း သန်းနှစ်ရာလောက်အထိ ရောက်လာပြီး ဝန်ထမ်း ၅၀ ရှိ လာတဲ့အခါ နောက်ထပ် ငွေနည်းနည်းထပ်ရှာဖို့ အချိန် ရောက်ပြီဆိုတာကို Koum နဲ့ Acton တို့ သဘောတူခဲ့ ကြပါတယ်။ သူတို့ဟာ ဒုတိယအကြိမ်ရန်ပုံငွေ ရှာဖွေမှုကို လျို့ဝှက်ပြီးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Sequoia က နောက်ထပ် ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အတွက် WhatsApp ရဲ့တန်ဖိုးဟာ ဒေါ်လာ ၁.၅ ဘီလီယံ ဖြစ် လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Acton က WhatsApp ရဲ့ ဘဏ်လက်ကျန်ကို Screen ပေါ်မှာတင်ပြီး Goetz ဆီ ကို ပို့လိုက်ပါတယ်။ အဲဒီလက်ကျန်ကတော့ ဒေါ်လာ ၈.၂၅၇ သန်းဖြစ်တဲ့အတွက် အရင်နှစ်တွေက သူတို့ရခဲ့တဲ့ ငွေတွေ အားလုံးထက် ပိုများနေပါတယ်။ အခုဆိုရင် WhatsApp ဟာ ဝန်ထမ်းအင်အား နှစ်ဆတိုးပြီး တစ်ရာဖြစ်လာတဲ့အတွက် အဆောက်အအုံအ သစ်တစ်ခုကိုဆောက်နေပြီး ဒီနွေရာသီမှာ အဲဒီအဆောက်အအုံ အသစ်ကို ရောက်လာပါတော့မယ်။ ၂၀၁၄ ခုနှစ်၊ ဖေဖော် ဝါရီလစောစောပိုင်းမှာ Koum ဟာ သူ့ရဲ့ကုမ္ပဏီ အဆောက် အအုံသစ်ကိုဖြတ်ပြီး လက်ဝှေ့သင်တန်းရှိရာကို သူ့ရဲ့ Porsche ကားကလေးနဲ့ အမြန်မောင်းသွားခဲ့ပါတယ်။ ဒီသင်တန်းကို သူ မကြာခဏ လွတ်လွတ်သွားခဲ့တာများပြီး အခုအခါ တော့ နောက်ကျရုံပဲနောက်ကျသွားပါတယ်။ နောက်ဆုံးမှာ WhatsApp ဆိုင်းဘုတ်ကို သူတင်မှာလား။ 'အဲဒီနေရာမှာ ဆိုင်းဘုတ်တစ်ခုရှိမှဖြစ်မယ်လို့ ကျွန်တော် မယူဆပါဘူး။ အဲဒါ ကိုယ့်ကိုယ်ကိုယ် ကြွားတာပါပဲ။ ကျွန်တော်တို့ ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံးသိနေပြီး သားပဲ' လို့ သူကရယ်ပြီး ပြောပါတယ်။ အဲဒီနောက်မှာသူဟာ San Jose မှာရှိတဲ့ ဘာမှထူးထူးခြားခြားမရှိတဲ့တိုက်ခန်းအဆောက်အအုံကိုသွားပါတယ်။ ပြီးတော့ သူ့ရဲ့အားကစားအိတ် ကိုဆွဲပြီး မီးရောင် မှိန်မှိန်လင်းပြီး သီချင်းတွေကျယ်ကျယ် လောင်လောင် ဖွင့်ထားတဲ့အားကစားရုံကို လမ်းလျောက်သွားခဲ့ ပါတယ်။ အရပ်ခပ်ပြတ်ပြတ်နဲ့ သူ့ရဲ့နည်းပြဆရာက ပီကေ ဝါးနေပါတယ်။ 'သူက Kanye (ဟစ်ဟော့အဆိုတော်) ကို ကြိုက်တယ်' လို့ နည်းပြဆရာက ပြုံးပြီးပြောပါတယ်။ Kanye က နှေးပေမဲ့ အားပြင်းတဲ့လက်သီးတွေနဲ့ ထိုးနေတဲ့ အတွက် သူက လက်အိတ်ကြီးနဲ့ ကာနေရပါတယ်။ မိနစ် နည်းနည်းကြာသွားတိုင်း Kanye က ထိုင်ပြီးနားပါတယ်။ လက်အိတ်တွေကိုချွတ်ပစ်ပြီး Acton ဆီကလာတဲ့Whats- App ရဲ့ Server တွေနဲ့ပတ်သက်တဲ့ Message တွေကို စစ်ဆေးပါတယ်။ Koum ရဲ့ လက်ဝှေ့ထိုးတဲ့ပုံစံက သိပ် ပြတ်သားတယ်လို့ နည်းပြက ပြောပါတယ်။ သူက တခြား ကျောင်းသားအများစုလို Kick Boxing ကို မထိုးချင်ပါဘူး။ လက်သီးကိုပဲ ဖြောင့်ဖြောင့်တန်းတန်းထိုးချင်တာပါ။ အဲဒီလို ပဲ ရိုးရိုးရှင်းရှင်းဖြစ်တဲ့ Message ပို့နည်းကိုပဲ သူကလိုချင် ခဲ့တာလို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။
Ref: Forbes
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel
Posted On August 29, 2022, By Editorial
သင့် ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့ပ်တွေရဲ့ ဘက်ထရီသက်တမ်းကြာရှည်ခံစေမယ့်အကောင်းဆုံးနည်းလမ်း
Posted On July 25, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း