၂၀၁၅-၂၀၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်အခြေအနေ

exportinport

၂၀၁၅-၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၃၃ ဒသမ ၀၉ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၈ ဒသာမ ၅၀ နှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၄၁ ဒသမ ၅၉ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၅၀ ဒသမ ၉၄ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၈၃ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၅၉ ဒသမ ၇၇ သန်းဖြစ်သဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ် သြဂုတ်လအတွက် စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၁၈ ဒသမ ၁၈ သန်းဖြစ်ပေါ်ခဲ့သည်။

၂၀၁၅-၂၀၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၃၅ ဒသမ ၉၅ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၆၈ ဒသမ ၀၂ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆၀၃ ဒသမ ၉၇ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇၅၁ ဒသမ ၇၇ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၄၆ ဒသမ ၅၁ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇၉၈ ဒသမ ၂၈ သန်းဖြစ်သဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း စုစုပေါင်းကုန်သွယ်မှုပမဏမှာ အမေရိကန်ဒေါ်လာ ၁၁၄၀၂ ဒသမ ၂၅ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၁၉၄ ဒသမ ၃၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

Ref: MNL