မြန်မာနိုင်ငံနှင့် FRANCHISE BUSINESS

Franchise Business 11 ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံတကာက လုပ်ငန်းကြီးတွေ Franchise လုပ်လာတာနဲ့အမျှ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ Franchise လုပ်ငန်းနဲ့ပတ် သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုပါတယ်။ Franchise လုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်လိုကြီးထွားအောင်လုပ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ဖိုရမ်တစ်ခုကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲ မှုမဂ္ဂဇင်းက ကြီးမှူးစီစဉ်ပြီး၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်မြိုု့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ ဖိုရမ်ရဲ့ခေါင်းစဉ်က How Should I Grow My Business Through Franchising ဖြစ်ပြီး Certified Franchise Executive ရဲ့ Senior Practising Mangement Consultant & CEO ဖြစ်သူ Mr John Ong က ဆွေးနွေးဟောပြောခဲ့ပါတယ်။ အဆိုပါဆွေးနွေးချက်တွေထဲက စိတ်ဝင်စားးဖွယ်အချက် အချို့နဲ့အတူ မြန်မာနိုင်ငံမှာ နိုင်ငံခြားကလုပ်ငန်းတွေကို Franchise ယူပြီးလုပ်ကိုင်နေကြတဲ့လုပ်ငန်းတွေနဲ့ ကိုယ်တိုင် Franchise ပေးနေတဲ့၊ ပေးဖို့ အစီအစဉ်ရှိနေတဲ့ လုပ်ငန်းအချို့နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို အထူးဆောင်းပါးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။  

ဖရန်ချိုက်စ်ဆိုသည်မှာ

Franchise ဆိုသည်မှာ အောင်မြင်နေသောမိမိ၏လုပ်ငန်း ကို အခကြေးငွေရယူ၍ အခြားသူတစ်ဦးကို လုပ်ကိုင်ခွင့် ပေးခြင်းဖြစ်သည်။  

ဖရန်ချိုက်စ်ပေးခြင်း (Franchising) သမိုင်း

အလယ်ခေတ်ဥရောပ၌ ပဒေသရာဇ်အရှင်သခင်တို့သည် မိမိနယ်မြေသားများအား အထူးအခွင့်အရေးပေးအပ်လေ့ရှိ သည်။ ယင်းတို့တွင် စိုက်ပျိုးမွေးမြူရေးမြေ၌ စိုက်ပျိုးခြင်း၊ ပျော်ပွဲရွှင်ပွဲစီစဉ်ကျင်းပခြင်း၊ ဈေးများ ဖွင့်လှစ်လုပ်ကိုင်ခြင်း နှင့် ကူးတို့ပို့လုပ်ငန်းလုပ်ကိုင်ခြင်းတို့ ပါဝင်ကြသည်။  ၁၈၅၀ ပြည့်နှစ်များအတွင်း ဆင်းဂါး (Singer) ကုမ္ပဏီက ဆင်းဂါးအပ်ချုပ်စက်လက်လီရောင်းချခွင့်ပြုသည့် ဖရန် ချိုက်စ်အစီအစဉ်ကို တီထွင်ကျင့်သုံးသည်။ ယင်းကို ကမ္ဘာ့ ပထမဆုံးခေတ်သစ် ဖရန်ချိုက်စ်အဖြစ် အသိအမှတ်ပြုထား ကြသည်။ Franchise Business 3    

ဖရန်ချိုက်စ်ပေးခြင်း၏အခြေခံအချက်များ

စားသောက်ဆိုင်ဖရန်ချိုက်စ်များသည် တွေ့ရများပြီး လုပ် ငန်းကဏ္ဍအားလုံး၌ အကြီးဆုံးအုပ်စုဖြစ်သည်။ စုစုပေါင်း စားသောက်ဆိုင်လုပ်ငန်းကို အခြားသော Industry များ နှင့် နှိုင်းယှဉ်ကြည့်လျင် အရေအတွက်လေးပုံတစ်ပုံမျသာ ရှိသော်လည်း Total Output  ၏ သုံးပုံတစ်ပုံကို ထုတ် လုပ်ပေးနိုင်သည်။ သို့ဖြစ်ရာ ဖရန်ချိုက်စ်ပြုလုပ်ခြင်းဖြင့် ရရှိလာမည့်ရလဒ်ကို ကြိုတင်မှန်းဆနိုင်ပြီး လက်လီနှင့် ဝန်ဆောင်မှုများအပါအဝင် တခြားကဏ္ဍများ၌ ဖရန်ချိုက်စ် လုပ်ငန်းဖွံ့ဖြိုးနိုင်မည့် အခွင့်အလမ်း အမြောက်အမြားရှိနေ ကြောင်း သိရှိထားသင့်ပါသည်။   Franchise Business 25

ဈေးကွက်ဝေစုကို တိုးချဲ့နိုင်ရန် ဖရန်ချိုက်စ်ပေး ရာ၌ စဉ်းစားမည့်အချက်များမှာ -

 ထိန်းချုပ်မှု (Control)                      -         ပိုင်ရှင်က လမ်းကြောင်းနှင့်လုပ် ငန်းစဉ်ကို ထိရောက်စွာထိန်း ချုပ်မှုနှင့် ကုန်ကျစရိတ်  (Cost)                       -          လုပ်ငန်းတိုးချဲ့နိုင်ရန် ငွေကြေး အပါအဝင် အခြားအရင်းအမြစ် များ ဈေးကွက်လွှမ်းခြုံမိခြင်း (Coverage)  -         ဈေးကွက်လွှမ်းခြုံမိသည့်မြန် နှုန်းနှင့်အတိုင်းအတာ တို့ဖြစ်ပေသည်။  

တွေ့ရများသော ဖရန်ချိုက်စ်ပေးခြင်းပုံစံများ

၁။ အပြည့်အဝလုပ်ငန်းပုံစံဖရန်ချိုက်စ် ၂။ စီမံခန့်ခွဲရေးဆိုင်ရာဖရန်ချိုက်စ် ၃။ ရှယ်ယာတန်ဖိုးဆိုင်ရာဖရန်ချိုက်စ် ၄။Banner Groups များနှင့်လိုင်စင်များ  

အပြည့်အဝလုပ်ငန်းပုံစံဖရန်ချိုက်စ်       

- ဖရန်ချိုက်စ်ပေးသူ (Franchisor) က ဖရန်ချိုက်စ်ရသူ (Franchisee)  အား အောက်ပါတို့ကို လွှဲအပ်ပေးရန် ကာလတို၊ သို့မဟုတ် ရေရှည်သဘောတူ စာချုပ်ချုပ် ဆိုသည်။ ၁။ လုပ်ငန်းအခွင့်အလမ်း ၂။ နာမည်ကောင်းနှင့် ကျွမ်းကျင်မှုအားလုံး ၃။ သီးသန့်နယ်မြေ/အရပ်ဒေသ၌ အသုံးပြုမှု ၄။ ကနဦးဖရန်ချိုက်စ်ပေးငွေနှင့် မူပိုင်ခွင့်အခကြေး ငွေများ (Royalty Fees) ဤပုံစံသည် အမေရိကန်ပြည်ထောင်စု၌ စောစီးစွာ ပေါ်ပေါက်ခဲ့သော်လည်း ၁၉၄၀ ပြည့်နှစ်များနှင့် ၁၉၅၀ ပြည့်နှစ်များ ရောက်မှသာ အထူးရှင်သန်ဖွံ့ဖြိုး ခဲ့သည်။ Franchise Business 27  

စီမံခန့်ခွဲမှုဆိုင်ရာဖရန်ချိုက်စ်

ဖရန်ချိုက်စ်ပေးသူ (Franchisor)  က ဖရန်ချိုက်စ် ရသူ (Franchisees)  များအား Branding နှင့် လုပ်ငန်းကျွမ်းကျင်မှုကို လွှဲအပ်သည့်အပြင် လုပ်ငန်း လည်ပတ်လုပ်ကိုင်ရန် စီမံခန့်ခွဲရေးဝန်ထမ်းများကို လည်း ပေးအပ်ခန့်ထားစေသည်။ ဥပမာ- နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Marriott နှင့် ဟိုတယ်အများအပြားကို ဤသို့သောစီစဉ်မှုဖြင့် လည် ပတ်ဆောင်ရွက်သည်။  

ရှယ်ယာတန်ဖိုးဆိုင်ရာဖရန်ချိုက်

- ဖရန်ချိုက်စ်ပေးသူက ဖရန်ချိုက်စ်ရသူ၏လုပ်ငန်းတွင် အနည်းစုငွေကြေးရင်းနှီးမြှုပ်နှံရသည်မှာ ထုံးစံဖြစ် သည်။ (ဖရန်ချိုက်စ်ရသူ၏လုပ်ငန်းသည် လက် အောက်ခံဖြစ်သွားသည်)။ - များသောအားဖြင့် ဖက်စပ်လုပ်ငန်းသစ်ပုံစံကို တည် ထောင်သည်။ - ဖရန်ချိုက်စ်ပေးသူက အနည်းစုရှယ်ယာပိုင်ဆိုင်နေ သည့်တိုင် ဘုတ်အဖွဲ့ဝင်ဖြစ်လာနိုင်သည်။ - တစ်ခါတရံတွင် အရင်းအနှီးအတွက် ငွေသားထည့် ဝင်ရန် လိုအပ်ချင်မှလိုအပ်ပေလိမ့်မည်။ - ဖက်စပ်လုပ်ငန်းသက်တမ်းကို များသောအားဖြင့် ဖရန်ချိုက်စ်သက်တမ်းနှင့် ချိတ်ဆက်ထားသည်။  

Banner Groups များနှင့် လိုင်စင်များ

- စာရင်းကိုင်လုပ်ငန်းကွန်ရက်များ ဥပမာ- စာရင်းစစ်လုပ်ငန်းများဖြစ်ကြသော KPMG၊ Ernst & Young - စတိုးဆိုင်လုပ်ငန်းတွဲများ ဥပမာ- Econ Minimart - မားကက်တင်းဖရန်ချိုက်စ် ဥပမာ- Coca-Cola - ကုန်အမှတ်တံဆိပ်ဖရန်ချိုက်စ် ဥပမာ- ဒစ္စနေဇာတ်ကောင်ရုပ်များ  

အသုံးများသည့်ဖရန်ချိုက်စ်တည်ဆောက်ပုံများ

၁။ ယူနစ်တစ်ခုဖရန်ချိုက်စ် (Single-Unit Franchise)
ဖရန်ချိုက်စ်ပေးသူက ဖရန်ချိုက်စ်ရသူအား အချိန်တစ်ချိန်၌ ယူနစ်တစ်ခုလုပ်ကိုင်ခွင့်ကိုသာ အပ်နှင်းသည်။  
၂။ နယ်မြေအလိုက် လုပ်ငန်းလည်ပတ်မှုဖရန်ချိုက်စ် (Area Development Franchise)
ဖရန်ချိုက်စ်ရသူသည် ရွေးချယ်သတ်မှတ်ထားသောနယ်မြေ (ဥပမာ- မြို့ကြီး၊ နိုင်ငံ၊ ဒေသ) တွင် တိုက်ရိုက်ပိုင်ဆိုင် လုပ်ကိုင်လည်ပတ်ခြင်းအားဖြင့် သတ်မှတ်ထားသောယူ နစ်အရေအတွက် တည်ထောင်ပေးရန် တာဝန်ရှိသည်။  
(၃) မာစတာဖရန်ချိုက်စ် (Master Franchise)
ဖရန်ချိုက်စ်ရသူသည် ရွေးချယ်သတ်မှတ်ထားသောနယ်မြေ (ဥပမာ-မြို့ကြီး၊ နိုင်ငံ၊ ဒေသ) ၌ သတ်မှတ်ထားသောယူနစ် အရေအတွက်ကို ဖွင့်လှစ်ပေးရန်တာဝန်ရှိသည်။ ယင်းက တစ်ဆင့်ခံ ဖရန်ချိုက်စ်ပေးနိုင် ခွင့်ရရှိသည်။ Franchise Business 29 Franchise Business 30  
(၄) ကိုယ်စားလှယ်ဖရန်ချိုက်စ် (Representative Franchise)
Franchisor နှင့် Franchisee  ကြား ပေါင်းကူးဆက်သွယ် ပေးထားသူဖြစ်ပြီး လုပ်ငန်းသဘောတူစာချုပ်ရေးထိုးရာ တွင်မူ ကိုယ်စားလှယ် Franchise မပါဝင်ရပေ။ သို့သော် Franchisee ၏ ဈေးကွက်ရှာဖွေရေးလုပ် ငန်း စသည်တို့ ပါဝင်ဆောင်ရွက်ရပြီး Franchisee ထံမှ အကျိုးအမြတ်ရှယ်ယာရရှိသည်။  

ဖရန်ချိုက်စ်တစ်ခုဝယ်ယူရာတွင် သတိပြုရန်အချက်များ

- သင့်ကျွမ်းကျင်မှုများ၊ လုပ်ဆောင်နိုင်မှုများ၊ စိတ်ထက် သန်ပြင်းပြမှု၊ ငွေရေးကြေးရေးရင်းမြစ်များနှင့် ရည် မှန်းချက်ပန်းတိုင်တို့ကို သိပါစေ။ - ထိုလုပ်ငန်းကို နားလည်ပါစေ။ - ဖရန်ချိုက်စ်ပေးသူနှင့် သူ၏လက်တွေ့အောင်မြင်ထား ချက်များကို သိပါစေ။ - ကြိုတင်ထည့်သွင်းထားရမည့်ရင်းနှီးမြှုပ်နှံမှု၊ လည် ပတ်စရိတ်များနှင့် မမြင်နိုင်သည့်ကုန်ကျစရိတ်များ ကို သိပါစေ။ - ဖရန်ချိုက်စ်ပေးသူ၏ဘဏ္ဍာရေးအလားအလာခန့်မှန်း ချက်ကိုသာ အားမကိုးဘဲ ကိုယ်တိုင်လည်း အလား တူပြုလုပ်ပါ။ - အခြားဖရန်ချိုက်စ်ရသူများ မည်သို့အခြေအနေဖြင့် လုပ်ဆောင်နေကြသည်၊ အဘယ်ကြောင့် စွန့်ခွာသွား ကြသည်ကို သိပါစေ။ - နှစ်ဖက်စလုံး၌ တာဝန်ရှိသူများကို သိပါစေ။ - အခြားဖရန်ချိုက်စ်ကမ်းလှမ်းချက်များနှင့် နှိုင်းယှဉ် ကြည့်ပါ။  

 ပြည်ပဖရန်ချိုက်စ်တစ်ခု ဝယ်ယူတင်သွင်းခြင်း

- ဒေသတွင်းဖရန်ချိုက်စ်ဥပဒေနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးရန် - ဖရန်ချိုက်စ်ပြုလုပ်ခြင်း၊ သို့မဟုတ် လုပ်ငန်းအပေါ် အကျိုးသက်ရောက်နိုင်စရာရှိသည့်အခြားဒေသများ ဆိုင်ရာဥပဒေများနှင့် ကိုက်ညီမှုရှိ မရှိစစ်ဆေးရန် (ဥပမာ- ပြိုင်ဆိုင်မှုဥပဒေ၊ ဉာဏပစ္စည်းဥပဒေ၊ ဘာ    သာရေးဥပဒေ၊ ကန့်သတ်လုပ်ငန်းများ၊ တားမြစ်ကုန် ပစ္စည်းစာရင်းများစသည်) - ဒေသတွင်း၌ လိုက်လျောညီအောင် ညှိယူကျင့်သုံးလျင် ဖြစ်နိုင် မဖြစ်နိုင်၊ လက်ခံနိုင်မခံနိုင်စစ်ပါ (မေးရန် မှာ ဖရန်ချိုက်စ်ပေးသူက သူ့လုပ်ငန်းကို ပြည်ပသို့ တိုးချဲ့ထားခြင်းရှိ မရှိ လေ့လာရန်လိုပါသည်)။ - အချိန်ဇုန်ခြားနားချက်များ (ယင်းက ဝန်ဆောင်မှုဆိုင် ရာပံ့ပိုးခြင်းအပေါ် အကျိုးသက်ရောက်နိုင်သည်) - ထိမ်ချန်အခွန်များ - ထောက်ပံ့ရေး (တင်သွင်းခြင်း၊ သို့မဟုတ် ဒေသတွင်း မှ ရရှိခြင်း) - အခြားနယ်မြေများ၌ အသုံးပြုခဲ့သောဖွင့်ဟဝန်ခံချက် စာရွက်စာတမ်း ရယူထားပါ။ [caption id="attachment_15995" align="alignnone" width="370"]Franchise Business 17 How Should I Grow My Business Through Franchising ဟောပြောပွဲတွင် Certified Franchise Executive ရဲ့ Senior Practising Mangement Consultant & CEO ဖြစ်သူ Mr John Ong က ဆွေးနွေးဟောပြောစဉ်[/caption]   [caption id="attachment_15988" align="alignnone" width="720"]Franchise Business 10 How Should I Grow My Business Through Franchising ဟောပြောပွဲ တက်ရောက်သူအချို့[/caption] [caption id="attachment_15987" align="alignnone" width="720"]Franchise Business 9 How Should I Grow My Business Through Franchising ဟောပြောပွဲ တက်ရောက်သူအချို့[/caption]    

ဖြစ်ရပ်လေ့လာမှု (၁)

WEE NAM KEE CHICKEN  RICE

Franchise Business 4

ကုမ္ပဏီနောက်ခံသမိုင်း

- ၁၉၈၉ ခုနှစ်တွင် စင်ကာပူ၌ လူကြိုက်များသည့် Wee Nam Kee  ကြက်ဆီထမင်းဆိုင်အဖြစ် စတင်ခဲ့ ပြီးနောက်ပိုင်းတွင် နန်ယန်းစတိုင်လ်ချက်ပြုတ်အစား အစာများပါဖြည့်စွက်၍ မိသားစုပိုင်စားသောက် ဆိုင် ဖြစ်သွားသည်။ ကျော်ကြားသွားပုံမှာ စွဲစွဲမြဲမြဲအားပေးသူများတွင် အဆင့်မြင့်အစိုးရအရာရှိများ၊ ဒေသတစ်ဝိုက်က အကျော်အမော်ပုဂ္ဂိုလ်များပင် ပါဝင်ကြသည်။ - FT Consulting အဖွဲ့အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံ ၌ မာစတာဖရန်ချိုက်စ်ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ၌ မက်ထရိုမနီလာ၏ မာကတီမြို့နယ်တွင် ဖရန်ချိုက်စ်ဆိုင်ဖွင့်လှစ်ခဲ့ပြီး နောက်ထပ်ဆိုင်ခုနစ်ဆိုင်  တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ - ဖိလစ်ပိုင်ဈေးကွက်သို့ Wee Nam Kee  ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်မှုကပြဆိုသည်မှာ သမားရိုးကျ အစားအသောက်လုပ်ငန်းစီးပွားရေးပုံစံ၏ပုံတူပွားနိုင်မှု၊ ထိန်းချုပ်နိုင်မှု၊ ရေရှည်ထိန်းသိမ်းမှုနှင့် ဈေးကွက်တင် မှုတို့ကို မြှင့်တင်ခြင်းအားဖြင့် ဖရန်ချိုက်စ် အောင်မြင် စွာပေးနိုင်ခြင်းဖြစ်သည်။  

သင်ယူစရာအချက်များ

- We Nam Kee  လုပ်ငန်းသည် အဓိကလုပ်ကိုင်မှုလုပ် ထုံးများကို စံပြု/ မှတ်တမ်းပြုစုကာ ထိန်းချုပ်နေရာ များ  (Control Points) ကို ဖော်ထုတ်သတ်မှတ် ထားသည်။ ဖရန်ချိုက်စ်ရသည့်ဆိုင်၌ အစားအသောက် အရည်အသွေးကို သေချာဆင့်ပွားနိုင်စေရေးအတွက် ဖြစ်သည်။ - မိသားစုလုပ်ငန်းဖြစ်သည်နှင့်အညီ ဖရန်ချိုက်စ်ရသူ ရွေးချယ်ရာ၌ စည်းကမ်းတင်းကျပ်သည်။ ဖရန်ချိုက်စ် ရသူသည် ဖရန်ချိုက်စ်ပေးသူ၏ စည်းမျဉ်းစည်းကမ်း အတိုင်း ရောင်းချရသည်။ - ဆိုင်အမှတ်တံဆိပ်ကိုမြှင့်တင်တည်ဆောက်ရန် မပြတ် တမ်းအားထုတ်သည်။ - ဖိလစ်ပိုင်သားတို့၏ အွန်လိုင်း Blog တင် ယဉ်ကျေး မှုကို အသုံးချသည်။ ဖိလစ်ပိုင်က ဖရန်ချိုက်စ်ရသူ အနေဖြင့် Facebook  အသုံးပြု မြှင့်တင်ခွင့်ရရှိ သည်။    

ဖြစ်ရပ်လေ့လာမှု (၂)

MINOR FOOD GROUP(MFG)

  Franchise Business 13

 ကုမ္ပဏီနောက်ခံသမိုင်း

- အာရှပစိဖိတ်ဒေသ၌ အကြီးဆုံးဧည့်ဝတ်ကျေပွန်မှုနှင့် အပန်းဖြေလုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော Minor International  ၏ ၁၀၀ ရာခိုင်နှုန်းပိုင် လက်အောက်ခံကုမ္ပဏီဖြစ်သည်။ MFG The Pizza Company  ၏ကုန်အမှတ်တံ ဆိပ်ရှင်သာမကဖရန်ချိုက်စ်ပေးသူလည်းဖြစ်သည်။ -    The Pizza Company ကို ၂၀၀၁ ခုနှစ်၌ ထိုင်း နိုင်ငံတွင် ဖွင့်သည်။ -    ၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာဖရန်ချိုက်စ်ပေးမှု စတင်သည်။ -    ၂၀၁၁ ခုနှစ်အထိ ထိုင်း၊ တရုတ်၊ အရှေ့အလယ် ပိုင်းနှင့် ကမ္ဘောဒီးယား စသည်တို့၌ The Pizza Company  ဆိုင်ပေါင်း ၂၇၇ ဆိုင် (ကုမ္ပဏီပိုင် ၁၇၁ နှင့် ဖရန်ချိုက်စ်ရသူ ၇၃) ရှိသည်။

Thai Express

- စင်ကာပူ၌ ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ - ကမ္ဘာ့အကြီးဆုံးခေတ်သစ်ထိုင်းစားသောက်ဆိုင်ကွင်း ဆက်လုပ်ငန်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ - ၂၀၀၈ ခုနှစ်၌ MFG သည် တည်ထောင်သူ Ivan Lee  ထံမှ ထိန်းချုပ်ခွင့်ရရင်းနှီးမြှုပ်နှံငွေကို ဝယ်ယူ ခဲ့သည်။ယခုအခါ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။     စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ် စသည် ၌ ၆၉ ဆိုင် ရှိသည်။  

SWENSEN'S ၏ မာစတာဖရန်ချိုက်စ်ရသူ MFG

- ၁၉၈၆ ခုနှစ်တွင် MFG သည် ထိုင်းနိုင်ငံအတွက် ဖရန်ချိုက်စ်ကို ရရှိသည်။ - ၂၀၀၃ ခုနှစ်၌ အရှေ့အလယ်ပိုင်းနှင့် အာရှတစ်လွှား က ၃၂ နိုင်ငံအတွက် မာစတာဖရန်ချိုက်စ်လုပ်ပိုင်ခွင့် များရရှိသည်။ နှစ် ၄၀ လိုင်စင်ဖြစ်သည်။ - ၂၀၀၄ ခုနှစ်၌ ပထမဆုံးနိုင်ငံတကာဖရန်ချိုက်စ်ကို စတင်တည်ထောင်သည်။ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အရှေ့အလယ်ပိုင်း၌ ကုမ္ပ ဏီပိုင်နှင့် ဖရန်ချိုက်စ်ဆိုင် ၂၃၀ ကျော်ရှိသည်။

ဖြစ်ရပ်လေ့လာမှု (၃) Abrakadoodle

Franchise Business 15 - ၂၀၀၂ ခုနှစ်၌ စတင်ခဲ့ပြီး ၂၀ လသားမှ ၁၂နှစ်ထိ အရွယ်ကလေးများအတွက် အနုပညာအစီအစဉ်များ ဆောင်ရွက်ပေးသည်။ - အာရှသို့ ထိုးဖောက်တိုးချဲ့ရန်ရည်မှန်းကာ မာစတာ ဖရန်ချိုက်စ်လုပ်ပိုင်ခွင့်များကိုဂျပန်၊စင်ကာပူ၊ တရုတ် နှင့် အင်ဒိုနီးရှားသို့ ရောင်းချထားပြီး ဖြစ်သည်။ - ဖရန်ချိုက်စ်အခမှာ အမေရိကန်ဒေါ်လာ တစ်သိန်းမှ ၂၅၀,၀၀၀ အထိဖြစ်ပြီး မာစတာဖရန်ချိုက်စ်တစ်ခုအ တွက် ခန့်မှန်းရင်းနှီးမြှုပ်နှံမှုအဆင့်မှာ အမေရိကန် ဒေါ်လာ ၂၅၀ç၀၀၀ မှ နှစ်သန်းအထိဟုဖော်ပြထား သည်။ - မာစတာဖရန်ချိုက်စ်ရသူအနေဖြင့် တစ်ခု၊ သို့မဟုတ် ထိုထက်ပိုသော Abrakadoodle Art Studios for Kids  ကို ပိုင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နိုင်သည်။ တစ် ဆင့်ခံ ဖရန်ချိုက်စ်ပေးရန် လုပ်ပိုင်ခွင့်လည်းရှိသည်။  

ဖြစ်ရပ်လေ့လာမှု (၄) Jani-King

Franchise Business 14 - ၁၉၆၉ ခုနှစ်၌ တည်ထောင်ပြီး ကမ္ဘာ့ထိပ်တန်းသန့်ရှင်း ရေးဖရန်ချိုက်စ်ကုမ္ပဏီဖြစ်သည်။ - ဖွင့်လှစ်ထားသောနိုင်ငံများမှာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်၊ အိုင်ယာလန်၊ ပေါ်တူဂီနှင့် တောင်ကိုရီးယားတို့ဖြစ်သည်။ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ အီတလီ၊ပေါ်တူဂီနှင့်ဂျာမနီ၌ မာစ တာဖရန်ချိုက်စ်ရသူများပေးနိုင်ရန် ရည်မှန်းထား သည်။ - မာစတာဖရန်ချိုက်စ်ရသူ၏တာဝန်များတွင် နယ်မြေ တွင်း၌ ဒေသဆိုင်ရာရုံးတည်ထောင်ခြင်း၊ ယူနစ်တစ် ခု ဖရန်ချိုက်စ်များရောင်းချခြင်း၊ ဖရန်ချိုက်စ်ပိုင်ရှင် များအတွက် ကနဦးလေ့ကျင့်ပေးခြင်း၊ ဖရန်ချိုက်စ် ပိုင်ရှင်များအတွက် သန့်ရှင်းရေးစာရင်းများ ရှာဖွေပေး ခြင်း၊ ဘီလ်ပို့ကောက်ခံပေးခြင်း၊ မူပိုင်ခများတောင်း ခံခြင်းတို့ ပါဝင်ကြသည်။ - အနိမ့်ဆုံးရင်းနှီးမြှုပ်နှံကြေးမှာ အမေရိကန်ဒေါ်လာ ၁၉၅,၀၀၀ ဖြစ်သည်။ မာစတာဖရန်ချိုက်စ်ရသူအနေ ဖြင့် ရက်သတ္တခြောက်ပတ်ကြာ ကနဦးလေ့ကျင့်မှုအစီ အစဉ်အတွက်အမေရိကန်ဒေါ်လာငါးသိန်းပေးရသည်။  

ဖစ်ရပ်လေ့လာမှု (၅)

McDonald's (လက်တင်အမေရိက)

Franchise Business 16 - ၂၀၀၇ ခုနှစ်၌ Acros Dorados  က လက်တင်အမေ ရိကနှင့် ကာရစ်ဘီယံဆိုင်ရာလုပ်ပိုင်ခွင့်များရရှိရန် နှင့် ၁၈ နိုင်ငံရှိ တည်ရှိဆဲဆိုင် ၁ç၆၀၀ ကို ရယူရန်McDonald's အား အမေရိကန်ဒေါ်လာသန်း ခုနစ် ရာပေးသည်။ - တစ်ချိန်တည်း၌ သက်တမ်းနှစ် ၂၀ ရှိ ဖရန်ချိုက်စ် သဘောတူစာချုပ်ကို တရားဝင်ဖြစ်စေခဲ့သည်။ - ဖွင့်လှစ်သည့်ဆိုင်တစ်ဆိုင်လျင် ပေးရသည့်ဖရန် ချိုက်စ်အခမှာ အမေရိကန်ဒေါ်လာ ၂ç၂၅၀ ကို ၂၀ အောက်နည်းရာ၊ သို့မဟုတ် ဖရန်ချိုက်စ်သက်တမ်း ၌ ကျန်သောနှစ်အရေအ တွက်နှင့် မြှောက်ရသည့်ပ မာဏ ဖြစ်သည် (အမြင့်ဆုံးအားဖြင့် ဆိုင်တစ်ဆိုင်အတွက် ဖရန်ချိုက်စ်အခအမေရိကန်ဒေါ်လာ ၄၅,၀၀၀ ကျသင့် သည်)။ - လက်တင်အမေရိကဆိုင်ရာ အခြေခံစီမံကိန်းအရ သုံး နှစ်အတွင်း အနည်းဆုံးစားသောက်ဆိုင်သစ် ၂၁၀ တည်ထောင်ရန်ဖြစ်သည်။  

ဦးနိုင်ဝင်းအောင်

Managing Director BBQ Chicken Restaurant

[caption id="attachment_15998" align="alignnone" width="370"]ဦးနိုင်ဝင်းအောင် ဦးနိုင်ဝင်းအောင်[/caption]
Franchise  ယူဖြစ်ခဲ့ပုံ
ကျွန်တော်တို့ BBQ ကို Franchise ယူဖြစ်တယ်ဆို တာကBBQ Chicken  ရဲ့ Marketing  ဘက်ကနေပြီးတော့ ကျွန်တော်တို့ရဲ့ Chairman နဲ့ ဒါရိုက်တာအဖွဲ့တွေကို လာတွေ့ပြီးတော့ BBQ နဲ့ပတ်သက်ပြီး ရှင်းပြတယ်။ တွေ့တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့လည်း ဒီ Brand ဟာ လုံးလုံးကြီး Worldwide အနေနဲ့ နာမည်ကြီးသေးတာ မဟုတ်ဘူး။  Asian Brand   အနေနဲ့ပဲရှိတယ်။ ဒါပေမဲ့ စင်ကာပူသွားဖြစ်တဲ့အခါမှာ သူတို့ရဲ့အရသာကိုမြည်း ကြည့်တော့ တော်တော်များများ နာမည်ကြီးနေတဲ့ Brand တွေထက်ကို  ပိုပြီးအရသာရှိနေ တာတွေ့ရတယ်။ နောက် ထပ်ထူးခြားတာကတစ်ခုက သံလွင်ဆီကို သုံးပြီးDeep Fried  ကြော်တာက ကျွန်တော်တို့ (ကြားဖူးတာက) BBQ  ပဲရှိတယ်။ မြန်မာနိုင်ငံမှာက နိုင်ငံတကာမှာလို Fast Food  တွေ အများကြီးမရှိတော့ လူငယ်တွေအနေနဲ့ Fast Food တွေကို ကြိုက်နှစ်သက် ကြတာတွေ့ရပါတယ်။ တစ်ဖက်မှာကျတော့ကြက်ကြော်လိုမျိုးက ပူ ပူနွေးနွေးကြော် ထား တာကို ချက်ချင်းစားရတဲ့အခါမှာ Warmer  ထဲထည့်ပြီး စားရတာနဲ့မတူဘဲ (ခြောက်သွားတာမျိုးမရှိဘဲ) အလွန်စား ကောင်းတာတွေ့ရပါတယ်။ နောက်တစ်ခုက BBQ မှာ European Restaurant  အတိုင်းပဲ Pizza တို့၊ Pasta တို့ ရတယ်။ BBQ  ရဲ့ Jamaican Grilled Chicken  လိုမျိုး အကင်တွေဆိုလည်း တော်တော်လေးကောင်းတာတွေ့ရတော့ ကျွန်တော်တို့စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ကျွန်တော်တို့၊ Chairman တို့ ကိုရီးယားသွားပြီး လက်မှတ်ထိုးပြီး ကျွန် တော်တို့ Management Team  တွေ၊ စားဖိုမှူးတွေပါ ဟို မှာ တစ်လလောက်သွားနေခဲ့ပါတယ်။ Franchise Business 5
Training အပိုင်း
ကျွန်တော်တို့က McDonald မှာဆို ံHamburger University  ဆိုပြီးကြားဖူးတယ်။ အဲဒီလိုပဲ ကိုရီးယားရဲ့ BBQ Chicken  မှာ သူတို့က Chicken University  ဆို ပြီးလုပ်ထားတယ်။ အဲဒီမှာအဓိကတော့ Franchisee တွေ၊ လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ဝန်ထမ်းတွေ၊ စားဖိုမှူးတွေရယ် ကို အဓိကအနေနဲ့ Management သင်တန်းတွေ၊ သံလွင် ဆီနဲ့ပတ်သက်တဲ့သင်တန်းတွေ၊ ကြက်သားနဲ့ပတ်သက် တဲ့သင်တန်းတွေ၊ Customer Service  နဲ့ပတ်သက်တဲ့ သင်တန်းတွေ အကုန်လုံးကို  Chicken University  မှာပေးတယ်။ Training ကတော့ ပထမဆုံးတစ်ခေါက် မှာတော့ ကိုရီးယားသွားတယ်။ နောက်ပိုင်းမှာတော့ ဆိုင်ခွဲ အသစ်ဖွင့်မယ်ဆို သူတို့ဘက်ကလည်းလာတယ်။ ဒီကြား ထဲမှာ ပုံမှန်ကိုယ့်ဘာသာပဲ Train သွားတာပါ။ ကြား ကာလမှာလည်း သူတို့က စစ်ဆေးတဲ့အနေနဲ့လာတဲ့အခါ ကျွန်တော်တို့က သူတို့ကို Training  ပေးခိုင်းတာမျိုးလည်း ရှိပါတယ်။  
Franchisor ရဲ့   Business System
အဓိကကတော့ မြန်မာနိုင်ငံအတွက် Master Franchise  ယူထားတာဆိုတော့ မြန်မာနိုင်ငံထဲမှာဆို ကျွန်တော်တို့ Management နဲ့ပဲပေါ့။ သူတို့ဘက်ကိုတော့ ကျွန်တော် တို့ ဒီဘက်ကအရောင်း Data တွေ ပို့ပေးရတာရှိတယ်။ ပြီးတော့အဲဒါနဲ့ဆက်စပ်တဲ့Royalty Fee  တွေ ပေးရတာ ရှိတယ်။ နောက်တစ်ခုက Local Management  မှာဆိုရင် ကျွန်တော်တို့အနေနဲ့ YKKO ဆိုရင် ဆိုင်ခွဲ ၂၄ ဆိုင်ရှိပြီဆိုတော့ YKKO ဘက်က အတွေ့အကြုံတွေ လည်းရှိတဲ့အတွက်ကြောင့် ဆိုင်ခွဲ Management ကတော့ ကျွန်တော်တို့ရဲ့ Chain Restaurant Management  လုပ်တဲ့ပုံစံအတိုင်းပါပဲ။ လောလောဆယ်တော့ ကျွန်တော်တို့ Franchise မပေးသေးဘဲနဲ့ Company Own Restaurant  အနေနဲ့ ဖွင့်နေတဲ့အချိန်မှာ Management System  က YKKO သွားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ Detail လုပ်တဲ့ဟာတွေမှာ တော့ BBQ Chickenရဲ့ နည်းပညာတွေနဲ့ သွားပါ တယ်။  
Franchise Fee
Fees ကတော့ ကျွန်တော်တို့ဆိုင်ခွဲတွေဖွင့်တိုင်း ကိုရီးယား ဘက်ကို ကျွန်တော်တို့အနေနဲ့သွင်းပေးရတာ ရှိပါတယ်။ အဲဒါတွေကတော့ Franchise Brand  တွေအလိုက် အစား စားပြောင်းလဲတာရှိပါတယ်။ ဆိုင်ခွဲတွေဖွင့်တိုင်းပေးရသလို အရောင်းပေါ်မှာလည်း လစဉ်ပေးရပါတယ်။ ပထမဦး ဆုံးပေးရတာက  Franchise Brand  ကို အသုံးပြုခွင့်၊ လစဉ်ကကျတော့ Loyalty Fee  ကို အမြဲတမ်းသွင်းရတာ မျိုးပါ။ Loyalty Fee  အနေနဲ့ ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင် နှုန်းတို့ကလည်း ရောင်းအားပေါ်မှာ သွင်းရတာပါ။  
Franchisor အပေါ်ယုံကြည်အားထားမှု
ကျွန်တော်တို့နိုင်ငံမှာက တော်တော်များများက ကိုရီးယား ယဉ်ကျေးမှုကို စိတ်ဝင်စားကြတယ်။ BBQ Brand  က လည်း ကိုရီးယားမှာဆိုရင် Chicken Resturant  တွေ ထဲမှာဆိုရင် နံပါတ်တစ်ပါ။ ဆိုင်ခွဲတွေလည်း အများကြီး ရှိတယ်။ သူတို့ Brand အခွဲတွေနဲ့ဆိုရင် ဆိုင်ခွဲ လေးထောင်လောက်ရှိပါတယ်။ အဲလိုမျိုးကျွန်တော်တို့အနေ နဲ့ သိထားတဲ့အခါကျတော့ ဒီ BBQ နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိပါတယ်။ အခုဆိုရင်လည်း နိုင်ငံခြားသားတော် တော်များများ ကျွန်တော်တို့ဆိုင်မှာထိုင်တယ်။ ပြီးတော့ မြို့ထဲမှာရှိတဲ့ လူငယ်တွေ၊ စီးပွားရေးသမားတွေလည်း လာပြီး စားကြပါတယ်။ Customer အမျိုးအစားကတော့ မျိုးစုံပါပဲ။  
Franchise Businessပေါ်အမြင်
ကျွန်တော်နားလည်ထားသလောက် Franchise Business  ကအဓိကအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်၊ အောင်မြင် တဲ့လုပ်ငန်းတစ်ခုရဲ့ လုပ်နေတဲ့စနစ်တွေအတိုင်း တရားဝင် Copy လုပ်ပြီး ကျန်တဲ့ လုပ်ငန်း ရှင်လေးတွေက လိုက်ပြီး လုပ်ကြတယ်။ အဲဒီအတွက်ကြောင့် လူငယ်တွေပဲဖြစ်ဖြစ် လုပ်ငန်းဘယ်လိုစလုပ်ရမှန်း မသိတဲ့လူတွေအနေနဲ့ဆိုရင် အထွေအထူးစဉ်းစားစရာမလိုတော့ ဘူး။ နေရာ ရှာတာကအစ၊ ဝန်ထမ်းတွေခန့်တာအဆုံး၊ ဟင်းချက်တာဘယ်လိုချက်တယ်ဆိုတာကအစ Franchise လုပ်ငန်းတွေက အကုန် သင်ပေးသွားတဲ့အတွက် တကူးတကကြီး စဉ်းစားစရာမလို တော့တဲ့ အနေအထား ရှိပါတယ်။ ကိုယ့်အနေနဲ့ ဘယ်လို လုပ်ငန်းမျိုးလုပ်မယ်၊ တည်ထောင်မယ်၊Business Plan  တွေကို စဉ်းစားဖို့ခက်ခဲတယ်၊ နည်းပညာ မရနိုင်သေးဘူး ဆိုရင်တော Franchise Business   က တော်တော်လေး ကောင်းပါတယ်။  
Franchise Businessလုပ်ချင်သူတွေအတွက် အကြံပြု ချက်
Franchise Business  လုပ်နိုင်ပြီ Brand လည်း ပေါက် သွားပြီဆိုရင် အဲဒီလုပ်ငန်းတွေ အောင်မြင်သွားတဲ့အနေ အထား ရှိပါတယ်။ မြန်မာနိုင်ငံက  Fresh Market  ဖြစ် နေတဲ့အတွက်ကြောင့် အလားအလာကောင်းတွေရှိနေပြီး အများကြီး တိုးချဲ့သွားလို့ ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ကျတော့ အခက်အခဲက နေရာငှားခတွေ အင်မတန်ဈေးကြီး လာတာ ဖြစ်တယ်။ ဒီမှာရှိတဲ့Shopping Mall  ဆိုတာက လည်း လက်ချိုးရေလို့ရတယ်။ Shopping Mall  တွေက လည်း နေရာပြည့်နေကြသလို၊ Shopping Mall  တိုင်းက လည်း မအောင်မြင်ပြန်ဘူး။ နေရာငှားခတွေက ပြီးခဲ့တဲ့တစ် နှစ်၊ နှစ်နှစ်မှာ တအားတက်လာတဲ့ အခါမှာ တော်ရုံဝင်ငွေမ ကောင်းတဲ့လုပ်ငန်းတွေဆို ရပ်တည်ဖို့ တော်တော်ခက်သွား နိုင်တယ်။ နေရာအပြင် ဝန်ထမ်းရှာဖွေတဲ့အခက်အခဲရှိနိုင်ပါတယ်။ ဝန်ထမ်းရှာဖွေတာက အရေအတွက်အရရော၊ အရည်အချင်းအရရော၊HR  ပိုင်းနဲ့ပတ်သက်ပြီး သေသေ ချာချာပြင်ဆင်ပြီးမှရေရှည်မှာအဆင်ပြေပါလိမ့်မယ်။ ကျွန် တော်ထင်တာကတော့ လာမယ့် ၂၀၁၅ ခုနှစ်နောက်ပိုင်း မှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေ ပိုပြီးဖွံ့ဖြိုးလာမယ်လို့ ထင်ပါတယ်။  

ဦးအောင်ကျော်မိုး Admin Manager MYKO Company Limited (Lotteria)

[caption id="attachment_16000" align="alignnone" width="370"]ဦးအောင်ကျော်မိုး ဦးအောင်ကျော်မိုး[/caption]
Franchise ယူဖြစ်ခဲ့ပုံ
ကျွန်တော်တို့ပိုင်ရှင်တွေ ကိုရီးယားနိုင်ငံ မကြာခဏ သွားလည်ဖြစ်တဲ့အခါ Lotteria ဆိုင်ရဲ့အောင်မြင်မှုကို တွေ့ရှိရပါတယ်။ Lotteria ဆိုင်ရဲ့ Menu အမျိုးအစား စုံလင်မှု၊ အရသာပိုင်းဆိုင်ရာကို ကိုယ်တိုင်လည်း ကြိုက် နှစ်သက်တဲ့အပြင် မြန်မာလူမျိုးတွေနဲ့လည်း ကိုက်ညီမယ် ထင်လို့ Franchise ယူဖြစ်တာပါ။  အဲဒီအချိန်က မြန်မာ နိုင်ငံမှာ International Fast Food Chain  မရှိသေးပါဘူး။ ဒါကြောင့် ပထမဆုံး Fast Food ိ ကို ဒီမှာ စတင်မိတ်ဆက်ပေးချင်တဲ့စိတ်ကူးလည်း ပါပါတယ်။ နောက်တစ်ခုက Franchise Business  မှာ ကောင်းတဲ့အချက်တချို့ရှိပါတယ်။ အဲဒါကတော့ လုပ်ငန်း စတင်ရတာ လွယ်ကူမြန်ဆန်ပါတယ်။ Quality Control  ပိုင်းဆိုင်ရာ၊ နည်းပညာပံ့ပိုးမှုပိုင်းဆိုင်ရာ၊ လုပ်ငန်းစီမံခန့်ခွဲ ပိုင်းဆိုင်ရာတွေကို Franchisor ဘက်က တာဝန်ယူပံ့ပိုး ပေးပါတယ်။  
Lotteria အကြောင်း     
Lotteria  ဟာ ကိုးရီးယားနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စုတွေရဲ့ နံပါတ် ၅ နေရာမှာရှိတဲ့ Lotte Group  ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံတစ်ဝန်းလုံး မှာလည်း ဆိုင်ခွဲပေါင်း ၁,၃၀၀ကျော် ဖွင့်လှစ်ရောင်း ချလျက်ရှိပြီး ဂျပန်၊ ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံများမှာလည်း ဆိုင်ခွဲပေါင်းမြောက်မြား စွာကိုအောင်မြင်စွာဖွင့်လှစ်ရောင်းချနေတဲ့ အာရှမှာ နံပါတ် တစ် Fast Food လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ Lotteria အပြင်အခြား Brand Name  တွေအနေနဲ့ အစားအသောက် လုပ်ငန်းများစွာကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။  
Training ပိုင်း
မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ Lotteria  ဆိုင်တွေနည်းတူ စံချိန်စံညွှန်း အမီဖြစ်အောင် အသုံးပြုတဲ့ကုန်ပစ္စည်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ကိုရီး ယား၊ သြစတြေးလျနိုင်ငံတို့ကနေ တိုက်ရိုက်တင်သွင်းပြီး FDA  ထောက်ခံချက်ရယူပြီးမှ ဖွင့်လှစ်ရောင်းချတာ ဖြစ် ပါတယ်။ လုပ်ငန်းစီမံခန့်ခွဲမှုကိုလည်း မန်နေဂျာအဆင့် ဝန်ထမ်းတွေကို ကိုရီးယားနိုင်ငံရှိ Lotteria ရုံးချုပ်က သုံးလကြာ စာတွေ့လက်တွေ့ Training တွေ ပံ့ပိုးပေးပါ တယ်။ Food Safety  နဲ့ပတ်သက်ပြီး Hygiene နဲ့အညီ ဖြစ်အောင် Francisor ဘက် ကလည်း လိုအပ်တဲ့အသိပညာ၊ နည်းပညာတွေကိုလည်း စဉ်ဆက်မပြတ် ကူညီထောက်ပံ့ ပေးပါတယ်။ Franchise Business 1
Franchisor အပေါ်ယုံကြည်မှု
နိုင်ငံတကာမှာရှိတဲ့ Lotteria  ဆိုင်တွေဟာ အာရှနံပါတ် တစ် Quick Service Restaurant  ဖြစ်တာနဲ့အညီ ဆိုင်ခွဲ အရေအတွက်ကိုပဲဖြစ်ဖြစ်၊ Customer တွေရဲ့ယုံကြည် နှစ်သက်မှု ရရှိပြီးတဲ့ Brand တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ နည်း စနစ်ကျနတဲ့ သူတို့ရဲ့Operation System  တစ်ခုကြောင့် ပဲဖြစ်ဖြစ် ကျွန်တော်တို့ Franchisor ရဲ့ Brand အပေါ် အထူးယုံကြည်ပါတယ်။ ကျွန်တော်တို့ဆိုင်ဝန်ထမ်းတွေကို ကိုရီးယားနိုင်ငံ က Training ပြန်လာတဲ့ မန်နေဂျာတွေက ကိုရီးယားနိုင်ငံက ပြဋ္ဌာန်းထားတဲ့ သင်ရိုးñွှန်းတမ်းတွေ နဲ့အညီ စာတွေ့လက် တွေ့သင်ကြားစေပြီးမှ လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်စေပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ လည်း ဆိုင်ခွဲတွေထပ်မံဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။  
Franchise Businessပေါ်အမြင်
Franchise Business ရဲ့အောင်မြင်မှုဟာ  မိမိနဲ့ လက်တွဲ ဆောင်ရွက်မယ့် Franchisor  ရဲ့ Brand Power ၊ Brand Value ၊ ကိုယ့်နိုင်ငံရဲ့ ဈေးကွက်အခြေအနေ စတာတွေကို မှန်ကန်စွာသုံး သပ်နိုင်ဖို့အရေးကြီး ပါတယ်။ Fran-chisor  ဘက်က ပံ့ပိုး ရမယ့်အပိုင်း၊ Fran-chisee    ဘက်က တာ ဝန်ယူပြီး နိုင်နိုင်နင်းနင်း လုပ်ဆောင်ရမယ့်အပိုင်းတွေမှာ ကွဲကွဲပြားပြား သိရှိနားလည်ဖို့လိုအပ်သလို မျခြေရှိဖို့လည်း လိုအပ် ပါတယ်။ ဈေးကွက်မှာ လုပ်ကိုင်အောင်မြင်နေတဲ့ Franchise Business  တွေရှိသလိုရုန်းကန်နေရတဲ့ Fran-chise  Business  တွေကိုလည်း တွေ့ရပါတယ်။ နောက် ပိုင်းမှာလည်းFran-chise  Business တွေ ပိုမိုများပြားလာ မယ်လို့ ယုံကြည်ပါတယ်။  

ဦးမျိုးဝင်းဇော် Managing Director The Manhattan FISH MARKET Myanmar

[caption id="attachment_16001" align="alignnone" width="370"]Franchise Business 24 ဦးမျိုးဝင်းဇော်[/caption]
Franchise  ယူဖြစ်ခဲ့ပုံ
The Manhattan FISH MARKET ကို Franchise ယူ ဖြစ်တာက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ပါတနာတွေ စင်ကာ ပူမှာ နေလာခဲ့တုန်းက ဒီ Brand ရဲ့ အစားအသောက် ကိုကြိုက်ကြတဲ့အတွက် နှစ်ပတ်တစ်ခါ သွားစားဖြစ်တယ်။ မြန်မာနိုင်ငံပြန်ရောက်လာတဲ့အခါမှာ Sea Food  စားချင် တယ်ဆိုရင် Local Seafood ၊Traditional Seafood ၊ မြန်မာစတိုင်လ်ချက်တဲ့ Seafood ၊ Chinese စတိုင်လ် ချက်တဲ့ Seafood တွေရှိတယ်။ ဒါပေမဲ့ အနောက်တိုင်း စတိုင်လ်ကိုပဲ သီးသန့်ချက်ပြီးရောင်းတဲ့ Seafood ဆိုင်ဆို တာ မရှိသေးဘူး။ ကိုယ်လည်း ကြိုက်တဲ့အစားအစာလည်း ဖြစ်ပြန်၊ ဒီကလူတွေလည်း စားချင်မလားဆိုပြီးတော့ The Manhattan  FISH MARKET  နဲ့ ညှိနှိုင်းရအဆင်ပြေတာနဲ့ ယူထားလိုက်တာပါ။ The Manhattan FISH MARKET Myanmar  ဆိုင်ကို ၂၀၁၄ ခုနှစ်၊ဧပြီလ ၅ ရက်မှာ စဖွင့်ခဲ့ ပါတယ်။ ကိုယ်တိုင်လည်း အမှန်တကယ်ကြိုက်လို့ လုပ် ခဲ့တာဆိုတော့ ကျွန်တော်နဲ့ပါတနာတွေအကုန်လုံး ဒီမှာ Franchise မလုပ်ခင် မလေးရှားကိုသွားပြီး အစားအ သောက်တွေကို စမ်း သပ် စားသုံးကြည့် တယ်။ဟိုဘက်က လူ တွေနဲ့ လေးငါးခြောက် လလောက် အပြန်အ လှန် စကားပြောပြီးမှ ရွေးချယ်လိုက်တာ။ သူတို့ကလည်း ကျွန် တော်တို့ ကိုရွေးချယ်သလို ကျွန်တော်တို့ကလည်း အပြန် အလှန်ရွေး ချယ်တယ်ပြောရမှာပါ။ အဲဒီလိုအဆင့်ဆင့်ပြီး တော့မှ ဒီဟာကိုမြန်မာနိုင်ငံမှာ အဆင်ပြေနိုင်တယ်၊ ကိုက် ညီနိုင်တယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့မှလုပ်လိုက်တာ။ ဆိုင် က အစားအသောက်တွေတော်တော်များများကိုလည်း ဒီက Local တွေက လက်ခံကြ၊နှစ်သက်သဘောကျကြပါတယ်။ Franchise Business 2
Franchisor ရဲ့   Business System  အပေါ် အမြင်
ကျွန်တော်တို့လို ဘာမှသိပ်မသိသေးတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။ ဘာလဲဆိုတော့အခုမှ ဒီအစားအသောက် Industry ထဲကို စပြီးဝင်လာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် စလုပ်မယ်ဆိုရင် အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင် ပါတယ်။ အစားအသောက်တွေ အသစ်ထွင်တာကအစ Brand တစ်ခုကို ဘယ်လိုမျိုး Promote လုပ်ရမယ်က အဆုံးပေါ့။ အဲဒါတွေကို ကိုယ်တိုင်သုညကနေ စတင် စရာမလိုတော့ဘဲ သူများရဲ့ System တစ်ခုကို နားလည် အောင်ကြိုးစားပြီး အဲဒီအတိုင်း Copy လုပ်တာဆိုတော့ အများကြီး ပိုလွယ်သွားပါတယ်။ ပိုလွယ်တယ်ဆိုပေမဲ့ ခက်ခဲတာတွေလည်း ရှိပါ တယ်။ ဘာလဲဆိုတော့ သူတို့ Brand ကို Franchise ယူထားတာဆိုတော့ ကိုယ့်ဘက်ကနေ ပြောင်းလဲမှုတွေ အများကြီးလုပ်လို့မရဘူး။ ဥပမာ- သူတို့ရဲ့ Brand Quality  ကို ထိန်းချင်တဲ့အတွက်ကြောင့် ဘယ်လောက် ထိတောင် ထိန်းချုပ်ထားလဲဆိုရင် တချို့ ကျွန်တော်တို့ သုံးတဲ့ Ingredient  တွေဖြစ်တဲ့ ဥပမာ- Tomato Sauce  တွေကို Brand တွေ၊ ဘာတွေ ပြောင်းသုံးချင် တယ်ဆိုရင် စာအဆင့်ဆင့်ရေးပြီး တင်ရတယ်။ သူတို့က အဆင်ပြေ တယ်ဆိုမှ ကျွန်တော်တို့က ပြောင်းခွင့်ရှိတာပါ။ ပြောင်းလဲမှုတစ်ခုလုပ်ချင်ရင် နည်းနည်းတော့ ကြန့်ကြာတယ်။ ဒါပေမဲ့ ကောင်းတာတစ်ခုက သူတို့ ဘက်က ပိုပြီးတော့သိတတ်နားလည်တယ်ဆိုတော့ ကျွန် တော်တို့ကို Guide ပေးလို့ရတယ်။ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်။ ဒီ Industry ကိုမသိဘဲနဲ့စရတာ ဖြစ်တဲ့အတွက် အများကြီးလွယ်သွားတယ်လို့ဆိုရမှာပါ။  
Training ပိုင်း
Training ပိုင်းကို အများကြီးလုပ်ရပါတယ်။ သူတို့ရဲ့ Brand Quality  ကို ထိန်းချင်တဲ့အတွက်ကြောင့် မဖွင့်ခင် ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလကတည်းက ကျွန်တော် ကိုယ်တိုင်ရော၊ ကျွန်တော့်ရဲ့ Operation Director  ရော၊ Staff တွေရော မလေးရှားမှာ Training  နှစ်လခွဲလောက် ဆင်းရပါတယ်။ Restaurant  မှာ ချက်တဲ့ပြုတ်တဲ့အပိုင်းရော၊ ကိုယ်တိုင်သွားပြီး လေ့လာရတယ်။ Restaurant ရဲ့ Operation ပိုင်း Step By Step  ကို နားလည်အောင် ပိုင်ရှင်တွေကိုယ်တိုင်က လေ့လာရပါတယ်။ Restaurant ကို Manage လုပ်တဲ့အပိုင်းရော၊ Marketing တွေ လုပ်တဲ့အပိုင်းရော သင်ပေးပါတယ်။  
Franchise Fee
သူတို့ကို ပထမဆုံးအနေနဲ့ Amount တစ်ခုကို Franchise လုပ်တယ်ဆိုပြီး ပေးရပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ The Manhattan FISH MARKET  ဖွင့်ဖို့အတွက် Right ရရှိ တယ်ဆိုတဲ့သဘောပါ။ ဒီတော့ ဆိုင်ခွဲဖွင့်တိုင်း ဖွင့်တိုင်း Fee တစ်ခုထပ်ပေးရသလို နေ့စဉ် Operation ဝင်ငွေရဲ့ Percentage ကိုလည်း ပြန်ပေးရပါတယ်။  
မြန်မာနိုင်ငံရဲ့  Franchise Business  အလားအလာ အပေါ် သုံးသပ်ချက်
အများကြီးတိုးတက်လာမယ်လို့ ယူဆပါတယ်။ ဘာလဲဆို တော့ အခုအချိန်မှာ နိုင်ငံကစပြီးဖွံ့ဖြိုးလာတော့ လူတွေ တော်တော်များများကလည်း အလုပ်တွေလုပ်ချင်လာတော့ အနည်းနဲ့အများ Franchise က လုပ်ရတာ လွယ်ကူ တဲ့အတွက်ကြောင့် လုပ်ကြမယ့်လူတွေ အများကြီး ရှိပါ တယ်။ ပြည်တွင်းက စားသုံးသူတွေအတွက်လည်း ကောင်း တာပေါ့။ ပြောရရင် ရွေးချယ်စရာတွေ အများကြီးရှိ လာ တာပေါ့။ Local Brand  တွေရော Franchise Brand  တွေပါ နှစ်ခုလုံး ကြီးထွားလာဖို့ရှိတယ်လို့ ထင်ပါတယ်။  

ဦးမြင့်ဝေ General Manager Food Outlet Sales Department Myanmar CP Livestock Co Ltd

[caption id="attachment_15997" align="alignnone" width="370"]Franchise Business 20 ဦးမြင့်ဝေ[/caption]
Franchise ပေးဖြစ်ပုံ
CP Food  Business ကို ၂၀၀၆ ခုနှစ်လောက်ကတည်း က စတင်တည်ထောင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ၂၀၁၃ ခုနှစ်လောက်မှာ စီးပွားရေးအနေအထားက အဘက် ဘက်က ပွင့်လင်းလာတော့ စားသုံးသူပြည်သူတွေအတွက် လုပ်ငန်းလေးတွေကို ဖန်တီးပေးနိုင်အောင်ဆိုပြီး CP Five Star Franchise  ကို ပေးဖြစ်ခဲ့တာပါ။
Franchise ပေးမယ့် Business System
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဘက်က CP Five Star Franchise လုပ် ချင်တဲ့သူရှိလာရင် သူလုပ်မယ့်နေရာ၊ ဆိုင်တည်ဆောက်မယ့်နေရာကို ကြည့်ပါတယ်။ လူသွား လူလာများမယ်၊ လမ်းဘေးလမ်းဆုံလိုမျိုး လူစည်ကားတဲ့ နေရာဖြစ် မဖြစ်ကြည့်ပါတယ်။ အဲဒီလိုနေရာမျိုးတွေဆိုရင် အဆင်ပြေအောင် ပေးဖွင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့နဲ့ ရောင်းအားပေါ်မူတည်ပြီး အမြတ်အစွန်းက ကွာခြားမှာဖြစ်လို့ ရောင်းအားကောင်းမယ့် နေရာမျိုးကို ရွေးချယ်စေတာပဲ ဖြစ်ပါတယ်။ အဲဒီလိုဖွင့်ဖြစ် သွားပြီဆိုရင် ဆိုင်ရဲ့ကုန်ကျစရိတ်၊ ဆိုင်ပြုပြင်မှုကအစ Franchise ယူမယ့်သူက တာဝန်ယူရပါတယ်။ တချို့စက်ပစ္စည်းတွေ အသုံးအဆောင်တွေက တော့ ကုမ္ပဏီကနေ ငှားရမ်းမှုပုံစံနဲ့ လုပ်ဆောင်ပေးပါတယ်။ လုပ်သားအင်အား၊ ရေမီးအစရှိတာတွေကိုတော့ Franchise ယူမယ့်သူဘက်ကနေ တာဝန်ယူရတာဖြစ် ပါတယ်။ ရောင်း ဝယ်မှုပုံစံကိုတော့ ကုမ္ပဏီဘက်ကနေ သတ်မှတ်ဈေးနဲ့ ပေးပါတယ်။ ဒီအပေါ်မှာလည်း စားသုံးသူတွေကို Franchise  ယူတဲ့သူက သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ပဲ ရောင်း ချရပါတယ်။ အဲဒီလို ရောင်းချမှုအပေါ်မူတည်ပြီး  Franchise   အတွက် Operation Cost    နဲ့ အခြား Cost  နှုတ်ပြီး ၁၀ ရာခိုင်နှုန်း အထက်အမြတ်အစွန်းကို စီစဉ်ပေးထားပါ တယ်။ Franchise Business 12
Training ပေးတဲ့အပိုင်း
Training ပေးတဲ့အပိုင်းမှာတော့ နှစ်ပိုင်းခွဲထားပါတယ်။ ပထမအပိုင်းကတော့ Service ကစပြီးတော့ တခြား ဟာတွေအကုန်လုံးကို အသစ်အနေနဲ့ Training ပေးတဲ့ အပိုင်းဖြစ်ပြီး ဒုတိယအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ Franchisee  တွေကို သုံးလတစ်ကြိမ် သွားရောက်ပြီး Training ပေးတာမျိုးတွေ ရှိပါတယ်။ Franchise Fee  အနေနဲ့တော့ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။  
အကြံပေးမှု
ကျွန်တော်တို့လုပ်ငန်းက စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ အတွက် စားသောက်ကုန်ရဲ့ Quality  နဲ့  Food  Safety  အတွက်လည်း ကုမ္ပဏီကနေ စနစ်တကျ လုပ်ဆောင်ပေးထား ပါတယ်။ ဒါအပြင် နေရာတိုင်းမှာလည်း ဧရိယာမန်နေဂျာ တွေထားပြီး လက်တွေ့ကြီးကြပ်ကွင်းဆင်းဆောင်ရွက်မှု တွေနဲ့ လိုအပ်တဲ့အကြံဉာဏ်ပေးမှုတွေကို   ဆောင်ရွက်ပေး ပါတယ်။  

ဒေါ်ကျင်ပို့ Hair Director Fancy House (hair, beauty, nail) SPA

[caption id="attachment_15996" align="alignnone" width="370"]Franchise Business 18 ဒေါ်ကျင်ပို့ @ Agnes Lim[/caption]
 Franchise ပေးတဲ့အပိုင်းနဲ့ Quality ထိန်းချုပ်မှုအပိုင်း
မြိတ်မှာရှိနေတဲ့ ဆိုင်တစ်ဆိုင်ကိုပဲ Franchise သဘောမျိုး ပေးဖြစ်ပါသေးတယ်။ ကျွန်မတို့ရဲ့ ဆိုင်နာမည်ကိုပါ ပေး သုံးရတာဖြစ်တဲ့အတွက် Quality ကစပြီးတော့ကျွန်မတို့ ရဲ့စံချိန်စံညွှန်းအတိုင်းဖြစ်အောင် ထိန်းသိမ်းပါတယ်။ တစ် နိုင်ငံလုံးမှာကျွန်မတို့ရဲ့ဆိုင်တွေရှိစေချင်လို့ ဖြစ်ပါတယ်။ Fancy House    ရဲ့ အုပ်ချုပ်မှုစနစ်တွေ တခြား Quality သက်ဆိုင်တာတွေကို အပြည့်အဝအသုံးပြုပြီး နားလည် လက်ခံဖို့လိုအပ်ပါတယ်။Franchise Fee  အနေနဲ့သတ်မှတ် ပေးထားတာမျိုးတော့ ခုလောလောဆယ်မရှိသေးပါဘူး။  
Training ပေးတဲ့အပိုင်း
အရင်ဦးဆုံး ကျွန်မတို့ဘက်ကနေ သုံးနှစ်သင်တန်းပေးပါ တယ်။ ဒီသုံးနှစ်ကို Training စနစ်တကျ သင်ယူလေ့လာ ခိုင်းပါတယ်။ အသေးစိတ်သိရှိလေ့လာတဲ့သူကိုမှလည်း ဒီနာမည်နဲ့ ဆိုင်ဖွင့်ခွင့်ပေးတာပါ။ ကျွန်မတို့ဆီကနေ သုံးလတစ်ကြိမ်နဲ့ ခြောက်လတစ်ကြိမ် အမြဲသင်တန်း ပေးတာတွေ လုပ်ပါတယ်။ နိုင်ငံခြားကို သွားရောက်ပြီး သင်ယူစေတာမျိုးလည်း ရှိပါတယ်။ နိုင်ငံတကာပြိုင်ပွဲ တွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့တွေ လုပ်ပေးသလို နိုင်ငံခြားကပညာရှင်တွေကိုလည်း ခေါ်ယူပြီးတော့ သင် ကြားပေးဖို့တွေလည်းရှိပါတယ်။  ဆံပင်ညှပ်တယ်ဆိုတာ ဘာကြောင့်ညှပ်ရတာလဲဆိုတာကအစ စနစ်တကျ သင် ကြားပေးပါတယ်။  
အကြံပေးမှု
ခုနောက်ပိုင်း ဒီ Hair  လောကမှာ နည်းနည်းလေး ရှုပ် ထွေးလာပါတယ်။ တတ်ကျွမ်းလို့ လုပ်ကိုင်နေတဲ့သူတွေရော၊ ငွေအားရှိလို့ လုပ်ကိုင်နေတဲ့သူတွေပါ ရှိနေကြတဲ့အတွက် ကျွန်မတို့ဘက်ကနေ ဒီလိုမျိုးသင် တန်းကျောင်းတွေ ဖွင့် လှစ်ရတာလည်းဖြစ်ပါတယ်။ ဒါတွေကလည်း တစ်ဖက်နဲ့ တစ်ဖက် ပညာရှင်လုတာမျိုးတွေ မဖြစ်ရအောင်ပါ။ ကိုယ့် ရဲ့နာမည်သုံးထားတဲ့ဆိုင်တွေကိုလည်း အမြဲလိုလို အကြံ တွေပေးနေ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက် ဆိုတာ ရှိပါတယ်။ သူ့နေရာဒေသနဲ့ ကိုယ့်နေရာဒေသ မတူတဲ့အတွက် လိုအပ်ချက်တွေကို အမြဲပြောပြပေးရပါ တယ်။ ကိုယ့်ဆီမှာ Promotion မလုပ်မဲ့လည်း သူ့ဘက် မှာလုပ်ပေးသင့် လုပ်ပေးရမှာပါ။ ဒီလိုအကြာင်းတွေရှိ နေတော့ အမြဲတစေလိုအပ်ချက်တွေကို ပြောပြနေရပါ တယ်။  

ဒေါ်အိမွန်သွယ် Assistant General Manager Monument Books & Toys

[caption id="attachment_15999" align="alignnone" width="370"]Franchise Business 22 ဒေါ်အိမွန်သွယ်[/caption] ကျွန်မတို့က ကမ္ဘောဒီးယားMonument Books & Toys  နဲ့ ပါတနာကုမ္ပဏီပါ။ ကျွန်မတို့က ရာနှုန်းပြည့် ကိုယ့်ရဲ့ Management နဲ့သွားတာဆိုတော့ Franchise စစ်စစ် တော့မဟုတ်ပေမဲ့ Franchise သဘောမျိုးလို့တော့ ပြောလို့ ရပါတယ်။ ကျွန်မတို့က Monument ကို တခြားနာမည် ပြောင်းလိုက်တာမဟုတ်ဘူး။  Monument နာမည်နဲ့ဆိုင်က  ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုပြီး သုံးနိုင်ငံမှာရှိ ပါတယ်။  ကမ္ဘောဒီးယားမှာရှိတဲ့ Monument က အစပြု အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံမှာဆိုရင် မြန်မာ Owner ၊ လာအိုမှာဆိုလည်း လာအိုက  Owner နဲ့ Link လုပ်ထား ပြီး Partnership Agreement တွေ လုပ်ထားပါတယ်။ ကျွန်မတို့က အခု Distribution လုပ်နေတယ်။ စာအုပ် ကတော့International School တွေနဲ့ ကျောင်း Library တွေကို Target ထားတယ်။ အရုပ်ဆိုရင်တော့  Barbie Doll  နဲ့  Hot Wheel Basic  ကားလေးတွေကို တကယ့် စစ်မှန်တဲ့ပစ္စည်းအနေနဲ့ ဈေးနှုန်းသက်သာတဲ့ အမျိုးအစား တွေကိုဖြန့်ပေးပါတယ်။ ရန်ကုန်နဲ့မန္တလေးမှာတော့ ကျွန်မ တို့ Distributor ခွဲပေးဖို့မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ ကိုယ့်ဘာသာကိုယ် ဖွင့်ထားတဲ့ဆိုင်တွေရှိ တယ်။ ကျွန်မတို့ကိုယ်တိုင်လုပ်နိုင်တယ်။  အခုဆိုရင် အင်မ တန်တိုးတက်လာတဲ့ တောင်ကြီး၊ မကွေး၊ ပြည် စတဲ့နယ် တွေကိုတော့ Distributor တွေပေးဖို့ရှိပါတယ်။ အဲဒါ တွေကို Study လုပ်နေဆဲပါ။ ဒါပေမဲ့ Retail တစ်ခု တည်းအတွက်ဆိုရင် ကျွန်မတို့ Brand တွေက Quality Product  ဆိုတဲ့အခါမှာ Branding တွေကလည်းအရေး ကြီးတယ်။ Invest ကလည်းအများကြီးလုပ်ထားရတော့ ရေရှည်ရပ်တည်ရမယ့်လုပ်ငန်း ဖြစ်တယ်။ Theme တစ်ခု အနေနဲ့   Merchandising Decoration  လုပ်ပေးရတာ ကြောင့် တစ်ဆိုင်ဆိုရင်လည်း ရင်းနှီးမှုများတယ်လေ။ လုပ်ငန်းတည်ထောင် ဖွင့်လှစ်ခဲ့တဲ့အချိန်မှာ အောင်မြင်ပြီးဖြစ်တဲ့ ကမ္ဘောဒီးယားဆိုင်ရဲ့ လုပ်ထုံးလုပ်နည်း စနစ်တွေကိုမှီငြမ်းပြီး ကိုယ့် Market အတွက်ကိုယ်ပိုင်ဟန် နဲ့တွဲဖက်လုပ်ဆောင်ခဲ့တယ်။ အရုပ်နဲ့စာအုပ်တွေကို သူတို့ နဲ့ပဲတိုင်ပင်၊ သူတို့နဲ့ပဲ အတူတူဝယ်ကြတာပေါ့။ အခုဆိုရင် တော့ ကျွန်မတို့ကိုယ်တိုင် Interanationl Book Fair  တွေ တက်တယ်။ ကိုယ့်ဘာသာသွား၊ ကိုယ့်ဘာသာရွေးပြီးရင် တော့ တိုင်ပင်ကြတာပေါ့။  
Franchise ပေးဖို့အစီအစဉ်
ကျွန်မတို့ရဲ့အဓိကရောင်းချတာကQuality Brand ၊Quality Business ဖြစ်တဲ့အတွက် Quality စိတ်ချရတဲ့ ပစ္စည်းတွေချည်းပဲ  International Brand  ဖြစ်ရမယ်၊World Famous Brand  တွေဖြစ်ရမယ်။ ဒီမှာ ၉၈ ရာခိုင် နှုန်းလောက်ကနိုင်ငံတကာ Brand တွေချည်းပါပဲ။  Dist-ributor  လုပ်မယ့်သူကိုလည်း အဲဒီ Merchandising Theme  တွေ၊  Fees တွေ၊ Criteria တွေ၊ Rules & Regulations  တွေကိုသေချာပြောပြပြီး လုပ်ဆောင်သွားမှာ ပါ။ ကျွန်မတို့ဘက်က တတ်နိုင်သမျ အားလုံးကူညီမှာပါ။ လောလောဆယ်အနေနဲ့ ကျွန်မတို့ဘက်က Brand Understanding ၊ Brand Presentation ၊ Theme အရ Decoration တွေ အကုန်လုံးကို ကျွန်မတို့က Supporting လုပ်ပေးမှာပါ။ Staff Training  ပိုင်းမှာ Product Knowledge  ကိုကျွန်မတို့ကပံ့ပိုးပေးပြီး Service ပိုင်းက တော့ သူတို့ Management နဲ့ ဆိုင်တာပေါ့။ အခုလော လောဆယ်တော့ ကျွန်မတို့ဆိုင်နာမည်နဲ့ ဖွင့်စေချင်ပါ တယ်။ Fees အနေနဲ့တော့ မသတ်မှတ်ရသေးပါဘူး။ ကျွန်မတို့က Franchise ကိုယူဖို့ Offer လုပ်တဲ့သဘောမျိုး မဟုတ်ဘဲ စိတ်ဝင်စားတယ် ဆိုရင်၊ ဆွေးနွေးချင်တယ်ဆိုရင် တော့ ကျွန်မတို့က လုပ်ပေးမှာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ Business Plan  ထဲမှာ ဒီနှစ်မှာ Franchise ဘယ်နှဆိုင်ပေး ရမယ်လို့မပါဘူး။ လိုချင်တဲ့သူရှိရင် ဆွေးနွေးကြည့်မှာပါ။ Franchise Business 7
Monument Books and  Toysအကြောင်း
ကမ္ဘာ့ထိပ်တန်းထဲမှာပါတဲ့ USA ရဲ့ Toys ကုမ္ပဏီကြီး တစ်ခုက Product တွေကို  ကမ္ဘောဒီးယား Monument က စတင်ဝယ်ယူခဲ့တာဖြစ်ပြီး သုံးနိုင်ငံပေါင်း Purchasing Power  ရယ်၊ ကျွန်မတို့ရဲ့လုပ်ငန်း Structure ကို သူတို့ ကသဘောကျတော့ မြန်မာနိုင်ငံရဲ့တစ်ဦးတည်း ကိုယ်စား လှယ်အဖြစ် ပေးထားပါတယ်။ လက်ရှိမှ Market ကိုအဓိကဖြန့်နိုင်တာက  Books and Toys  ပဲရှိပါတယ်။ အဲဒီ Brand နှစ်ခုလုံးအတွက် Authorised ရထားပြီးပါပြီ။ Toys မှာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူမှာရှိတဲ့ Toys ကုမ္ပဏီ အကြီးစားကြီးတွေက Authorised လည်းရပြီးပြီ။  ရှေ့လျောက် အလားအလာအနေနဲ့ကျွန်မတို့ကိုယ်တိုင်က Trend လည်းပြောင်းနေပြီ။ တစ်ဦးတည်းကိုယ်စားလှယ် ရပြီးပြီ ဖြစ်တဲ့ Brand တွေအတွက် ဒီထက်ပျံ့နှံ့အောင် ကြိုးစားနေပါတယ်။ ကျွန်မတို့ရဲ့အဓိကလုပ်ငန်းကတော့ Retail ဖြစ်ပြီး Distribution ကိုလည်း စတင်ဆောင်ရွက် နေတာဖြစ်ပါတယ်။ Books အတွက်ကျတော့ အမေရိကန်၊ ဗြိတိန်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်စတဲ့နိုင်ငံတွေကနေ မှာယူတဲ့ စာအုပ်တွေကိုတစ်နေရာတည်းမှာ တစ်စုတစ်စည်း တည်း ထားပေးခြင်းအားဖြင့် နိုင်ငံသားရော၊ နိုင်ငံခြားသား တွေပါ စိတ်ဝင်စားမယ့် စာအုပ်ကောင်းတွေကို စုဆောင်း ရောင်းချတယ်။ Publisher တွေဆီကတိုက်ရိုက်တင်သွင်းတဲ့ အတွက် ဈေးနှုန်းမှန်ကန်တယ်။ ကျွန်မတို့ဆီမှာစာအုပ်ဆိုရင် လသားအရွယ်ကစပြီး ဆယ်ကျော်သက်တွေ၊ Professional တွေ၊ အငြိမ်းစားယူထားတဲ့သူတွေက Topic တစ်ခုကိုလေ့ လာချင်ရင် လေ့လာလို့ရအောင် အစုံထားပါတယ်။  

Ms Abbey Yeo Regional Operation Manager Chatime Myanmar Chatime  အကြောင်း

Chatime ကို ထိုင်ဝမ်မှာ စတင်တည်ထောင်ခဲ့ပြီး ဈေး ကွက်ဦးဆောင်Tea Beverages  တွေထဲက တစ်ခုဖြစ်ပါ တယ်။ ပုလဲနို့အေး  Tea ဟာဆိုရင် ကျွန်မတို့ရဲ့  အဓိက အမှတ်အသားဖျော်ရည်တစ်ခုဖြစ်ပါတယ်။ အဆင့်မြင့် Tea ပြုလုပ်တဲ့နည်းပညာ၊ ကျန်းမာရေးနဲ့သင့်တော်ပြီး အရည် အသွေးကို အမြဲတမ်းတစ်သမတ်တည်း ထိန်းသိမ်းတဲ့စံ လုပ်ထုံးလုပ်နည်းတွေကို အသုံးပြုထားပါတယ်။ အခုဆိုရင် ဃ့အေငာန ဆိုင်တွေကို နိုင်ငံပေါင်း ၂၅ နိုင်ငံရဲ့ မြို့ပေါင်း ၈၀ ကျော်မှာ ဆိုင်ခွဲပေါင်း ၁ç၂၀၀ ကျော်လောက်ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ Chatime ဆိုင်ကို ရန်ကုန်မြို့ လယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ မှာတော့ ဆိုင်ပေါင်းဆယ်ဆိုင် ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။  
မြန်မာနိုင်ငံရဲ့Franchise Business အလားအလာ အပေါ်အမြင်
ဒီနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့စီးပွားရေး သိသိသာသာတိုးတက် မှုနဲ့အတူ  စားသောက်ကုန် (Food & Beverage) လုပ်ငန်း ဆိုင်ရာ Franchise Bussiness   တိုးတက်ကြီးထွားလာ တာကို အားလုံးအသိအမှတ်ပြုလက်ခံ လာပြီဆိုတာယုံ ကြည်ပါတယ်။ နိုင်ငံတော်တော်များများက စားသောက်ကုန် တွေဟာ မြန်မာပြည်သူတွေအတွက်တော့ အသစ်အဆန်း မဟုတ်သလို သူတို့တွေကလည်း ဒီကုန်ပစ္စည်းတွေနဲ့ ဝန် ဆောင်မှုတွေ ကို နိုင်ငံတွင်းမှာတင်ရနိုင်ဖို့ မျော်လင့်နေကြ တာဖြစ်ပါတယ်။ နိုင်င်ငံတကာက Franchise   စီးပွားရေး လုပ်ငန်း တွေဟာ စားသောက်ကုန်လုပ်ငန်းနယ်ပယ်မှာ  တစ်ဟုန်ထိုးတိုးတက်လာနိုင်ဖို့အတွက် စံနမူနာတွေဖြစ် လာနိုင်ပါ တယ်။ အခြားနိုင်ငံတွေက အသိအမှတ်ပြုလက် ခံထားတဲ့ စီးပွားရေးလုပ်ကိုင်မှုပုံစံ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင် မှုတွေနဲ့အတူ  Franchise စီးပွားရေးပုံစံဟာ ပြည်တွင်းက စီးပွားဖက်လုပ်ငန်းတွေအနေနဲ့ စားသောက်ကုန်လုပငန်း နယ်ပယ်မှာ တိုးတက် ကြီးထွားလာဖို့ အထောက်အကူ ဖြစ် စေမှာပါ Franchise Business 8
Frachise ယူတဲ့လူတွေကို ကူညီထောက်ပံ့မှုအပိုင်း
ကျွန်မတို့ဆီကနေ Franchiseယူတဲ့လူတွေအနေနဲ့ သူတို့ ရဲ့ စီးပွားရေးလုပ်ငန်းတွေ ချောချောမွေ့မွေ့လည်ပတ်နိုင်ပြီး အောင်မြင်မှုရရှိဖို့အတွက် သင်တန်းပေးတာတွေ၊ လုပ်ငန်း လည်ပတ်မှုအပိုင်း၊ဈေးကွက်ထိုးဖောက်ရေးနည်းလမ်းတွေ၊ နေရာအခင်းအကျင်းနဲ့ ဆိုင်အပြင်အဆင် ဒီဇိုင်းပိုင်း၊ Logistics ပိုင်းနဲ့ ကုန်ပစ္စည်းစီမံကွပ်ကဲရေးအပိုင်း စတာ တွေကို ရှုထောင့်ပေါင်းစုံကနေဆက်လက် ကူညီထောက်ပံ့ သွားမှာပါ။  
မြန်မာစားသုံးသူတွေရဲ့တုံ့ပြန်မှု
Chatime Myanmar ရဲ့ ပထမဆုံးဆိုင်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ လမ်းမတော်မှာ စဖွင့်ခဲ့တဲ့အချိန်ကစပြီး ဆိုင်ရဲ့ရောင်းအားဟာ ကျွန်မတို့ မျော်လင့်ထားတာထက် နှစ်ဆလောက်ထိ ရောင်းအား ရှိခဲ့ပါတယ်။ အထူးသဖြင့့် ကျွန်မတို့ရဲ့ အဓိကဖောက်သည်တွေဖြစ်တဲ့ ဆယ်ကျော်သက် တွေဟာ ဃ့အေငာန ရဲ့ ဆိုင်အနေအထား၊ထုတ်ကုန်၊ အရ သာနဲ့ ဓလေ့စရိုက်ဝန်းကျင်စတဲ့အချက်တွေအပေါ်မှာ   အင်မတန်နှစ်သက်သဘောကျတာကို တွေ့ရှိရပါတယ်။  
Chatime Myanmar  ရဲ့ အနာဂတ်အစီအစဉ်
မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ဆက်လက်ကြီးထွားလာတာ နဲ့အမျ မကြာခင်ကာလအတွင်းမှာ လူလတ်တန်းလွှာနဲ့ အထက်တန်းလွှာ စားသုံးသူတွေ အများကြီးထွက်ပေါ်လာ ပါလိမ့်မယ်။ ဒီယုံကြည်ချက်နဲ့အတူ ကျွန်မတို့အနေနဲ့ ပထမဆုံးတစ်နှစ်မှာ ဆယ်ဆိုင်ဖွင့်ဖို့အစီအစဉ်ရှိတဲ့အပြင် ၂၀၁၇ ခုနှစ်လောက်ကို ဦးတည်ပြီး ဆိုင်ခွဲပေါင်း ၅၀ လောက်ထိဖွင့်လှစ်နိုင်ဖို့  ရည်ရွယ်ထားပါတယ်။ ကျွန်မတို့နဲ့ အကျိုးတူပူးပေါင်းမယ့် စီးပွားရေး ဖက်တွေ၊ လုပ်ဖော်ကိုင် ဖက်တွေအနေနဲ့  ကျွန်မတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိသလို စားသောက်ကုန်လုပ်ငန်း နယ်ပယ်ရဲ့ ခေတ်သစ်တစ်ရပ်ကို တွေ့မြင်နိုင်ဖို့အ တွက် အတူတကွတိုးတက်ကြီးထွားနိုင်လိမ့်မယ်လို့ မျော်လင့်ပါ တယ်။ Franchise Business 26