မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုအနေအထား

1

3

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်းကို ကျင့်သုံးတော့မှာဖြစ်တဲ့အတွက် မိမိတို့ အနေနဲ့ လေ့လာမှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ ပူပေါင်းဆောင်ရွက်မှုတွေ၊  လုပ်ဆောင်ထားဖို့ လိုပါတယ်။  ဒါကြောင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ SME  လုပ်ငန်းတွေအနေနဲ့ ပြင်ဆင်ထားသင့်တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း သား၊ စုံညီအစည်း အဝေးပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး      ဒေါက်တာအောင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

[caption id="attachment_8657" align="alignnone" width="370"]ဒေါက်တာ အောင်သိန်း ဒေါက်တာ အောင်သိန်း[/caption]

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းရဲ့ ရည်ရွယ်ချက်

ဒီအသင်းအဖွဲ့ကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရည်ရွယ်ချက်အနေနဲ့ ပုဂ္ဂလိကစက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အစိုးရနဲ့ပုဂ္ဂလိကကြား၊ အစိုးရ နဲ့ နိုင်ငံတကာက စက်မှုလုပ် ငန်းရှင်တွေကြားမှာ ချိတ်ဆက် ပေးနိုင်ဖို့ အတွက်ပဲဖြစ်တယ်။ ပုဂ္ဂလိကစက်မှုကဏ္ဍဖွံ့ဖြိုး ဖို့ဆောင်ရွက်တဲ့နေရာမှာ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ Business Matching တွေ၊ ပြပွဲတွေ၊ သင်တန်းတွေကို လုပ်ပေးခြင်းအားဖြင့် ခုနကပြောတဲ့ အဆက်အသွယ်အချိတ် အဆက်၊ ဗဟုသုတတွေရဖို့အတွက် ဆောင်ရွက်ပေးခြင်းဖြစ် ပါတယ်။ ဒါအပြင် စက်မှုကဏ္ဍနဲ့နှီးနွှယ်တဲ့ ဥပဒေတွေမှာ လည်း တတ်နိုင်သမျ အသင်းဝင်လုပ်ငန်းရှင်တွေရဲ့ကိုယ် စားပါဝင်ဆွေးနွေးပြီး တင်ပြပေးတယ်။      ညှိနှိုင်းပေးပါတယ်။ ဥပဒေတွေ ရေးဆွဲတဲ့အခါမှာလည်း  ပုဂ္ဂလိကက အထောက် အကူပြုနိုင်တဲ့ဥပဒေတွေ ထွက်ရှိလာဖို့၊ အခက်အခဲတွေရှိလာ ရင်လည်း ဖြေရှင်းနိုင်ဖို့အတွက် ဒီအသင်းအဖွဲ့ကို တည် ထောင်ရခြင်း ဖြစ်ပါတယ်။  

မြန်မာနိုင်ငံရဲ့ လက်ရှိကုန်ထုတ်လုပ်မှုအခြေအနေ

လက်ရှိမြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအခြေအနေနဲ့ပတ်သက် ပြီးပြောရမယ်ဆိုရင် ပြည်တွင်းမှာရှိနေတဲ့ စက်မှုလုပ်ငန်းအ များစုက သွင်းကုန်အစားထိုးပစ္စည်းတွေကို ထုတ်လုပ်နိုင်တဲ့ အဆင့်မှာပဲရှိပါသေးတယ်။ လုပ်ငန်းအချို့ အနည်းအကျဉ်း ကသာ ပြည်ပပို့ကုန်တွေကိုပို့နိုင်တယ်။ အရည်အသွေးမီတဲ့ ကုန်ပစ္စည်းကို ထုတ်နိုင်တယ်။ ဒါကြောင့် လုပ်ငန်းအများ စုကတော့ ပြည်တွင်းဈေးကွက်ကို အားကိုးပြီး သွင်းကုန်အ စားထိုးနိုင်တဲ့အခြေအနေပဲရှိတယ်။ စက်မှုလုပ်ငန်းအများစု ကလည်း အသေးစား၊ အလတ်စားလုပ်ငန်းစု(Small and Medium Enterprises) က မိရိုးဖလာလုပ်ငန်းစုသာ ဖြစ်နေ ပြီးတော့ ခေတ်နောက်ကျနေ တဲ့စက်ပစ္စည်း၊ လုပ်နည်းလုပ် ဟန်တွေနဲ့သာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ တစ်ပိုင် တစ်နိုင်နဲ့ မိသားစုပိုင်လုပ်ငန်းလေးတွေကို လုပ်နေကြတဲ့အ တွက် မြန်မာနိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်မှုအခြေအနေမှာ အားနည်းနေတာကိုတွေ့ရပါတယ်။ ဒီအခြေအနေကို ကိုင်တွယ် ဖို့အတွက် နိုင်ငံတော်ရယ်၊ အသင်းအဖွဲ့အစည်းတွေရယ် ပူးပေါင်းပြီး ဒီလိုလုပ်ငန်းတွေကိုခေတ်မီပြီးတော့ ယှဉ်ပြိုင်နိုင် စွမ်းရှိလာတဲ့ စက်မှု လုပ်ငန်း တွေဖြစ်အောင် ဝိုင်းဝန်းအားပေး မြေတောင်မြှောက်ပေးဖို့ လိုပါတယ်။  

၂၀၁၅ ခုနှစ် AEC ဝင်လာတဲ့အခါ ကုန်ထုတ်လုပ်ငန်းရှင်တွေအနေနဲ့ ပြင်ဆင်ထားသင့်တဲ့အချက်များ

၂၀၁၅ ခုနှစ် မှာ AEC အကောင်အထည်ပေါ်လာတဲ့အခါ ၤFree Flow of Goods and Services ဆိုတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုဟာ အာဆီယံ ဆယ်နိုင်ငံကြားထဲမှာ လွတ်လွတ် လပ်လပ် စီးဝင်လာတော့မှာဖြစ်တယ်။ အကောက်ခွန်ဌာနက အခွန်တွေကို သုညရာခိုင်နှုန်းထားပြီးတော့ ဖြေလျော့ပေးမှာ ဖြစ်တယ်။ မိမိနိုင်ငံထဲကို အာဆီယံ ကိုးနိုင်ငံရဲ့ အလားတူ ကုန်ပစ္စည်းတွေ ဝင်လာတဲ့အခါ မိမိအနေနဲ့ မိမိရဲ့ပြည်တွင်းဈေး ကွက်မှာ နံပါတ်တစ်ယှဉ်ပြိုင်ရောင်းချနိုင်ဖို့လိုပါတယ်။ ဒါကို ခံစစ်မဟာဗျူဟာ လို့ခေါ်ပါတယ်။ ယှဉ်ပြိုင်ရောင်းချတဲ့နေရာ မှာ နံပါတ်တစ်အရည်အသွေး (Quality) ၊ နံပါတ်နှစ် Costs Of Production နည်းနိုင်သမျနည်းအောင် ကြိုးစားထားဖို့ လိုပါတယ်။ ဒါအပြင် ဈေးနှုန်းပိုင်း (Price) ကို ယှဉ်ပြိုင် ရောင်းချနိုင်ဖို့လိုပါတယ်။ အခုခေတ်မှာ နောက်တစ်ခုအရေး ကြီးလာတာက  အရည်အသွေးတစ်ခုတည်း မဟုတ်ပါဘူး။     ရောင်းပြီးနောက် ဝန်ဆောင်မှုပေးခြင်း(Service) စတဲ့ ဒီ အချက်တွေကို ကောင်းအောင်ပြင်ဆင်ထားရမယ်။ အဓိက ကဈေးကွက်ပါ။ ပြည်တွင်းဈေးကွက်၊ AEC ကနေ ပေါ် ထွက်လာမယ့်အခွင့်အရေး၊ အာဆီယံဆယ်နိုင်ငံရဲ့ အခြေစိုက် လာမယ့်ဈေးကွက် ဒီဈေးကွက်တွေကို နားလည်ထားဖို့၊ ကျွမ်းကျင်ထားဖို့လိုပါတယ်။ နောက်တစ်ခုက လူ့စွမ်းအား အရင်းအမြစ်ဆိုတဲ့ကျွမ်းကျင်လုပ်သားတွေ၊ နည်းပညာတွေ၊ စက်ပစ္စည်းတွေ၊ ငွေကြေးအရင်းအနှီးပိုင်းဆိုင်ရာစတဲ့ အ ချက်တွေကိုလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။  

မြန်မာနိုင်ငံရဲ့ SME လုပ်ငန်းတွေ

မြန်မာနိုင်ငံမှာကSME (Small and Medium Enter - prises)  တွေကအများဆုံးဖြစ်တယ်။ SME လုပ်ငန်းတွေရဲ့ ပင်ကိုသဘောသဘာဝအရ အားသာချက်တွေရှိသလို၊ အား နည်းချက်တွေလည်းရှိတယ်။ ဒီအားနည်းချက်တွေကလည်း ဒီနိုင်ငံမှာရှိတဲ့ SME တွေမှာမှ ရှိတာမဟုတ်ဘူး။ နိုင်ငံတ ကာကSME တွေမှာလည်း တူညီတဲ့ဝိသေသလက္ခဏာ တွေဖြစ်တဲ့ အားသာချက်တွေ၊ အားနည်းချက်တွေရှိတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့SME တွေရဲ့ ဝိသေသလက္ခဏာ ကလည်း ပြောင်းလဲမသွားဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ှSME  တွေက ငွေကြေးအရင်းအနှီး အားနည်းတယ်။ နည်းပညာ၊ စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းတယ်။ ဈေးကွက်ပိုင်းမှာလည်း လက်လှမ်းမီမှုအားနည်းသလို လူ့စွမ်းအားအရင်းအမြစ်တွေ မှာလည်းအားနည်းတယ်။   အဓိကအားဖြင့် လုပ်ပေးသင့်တာက သူရဲ့သဘာ၀ အားဖြင့် အားနည်းနေတာကို နိုင်ငံတကာက လုပ်နည်း အတိုင်း အားကောင်းလာအောင်  နိုင်ငံတော်အစိုးရက မူ ဝါဒတွေချမှတ်ပြီးတော့ အစိုးရရယ်၊ ပုဂ္ဂလိကအဖွဲ့အစည်း တွေရယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေရယ် အကူအညီတွေ နဲ့ ဝိုင်းပြီးကူညီဆောင်ရွက်ကြမယ်ဆိုရင် ပိုပြီးကောင်းမွန် တဲ့ဈေးကွက်တစ်ခုကိုရရှိမှာဖြစ်တယ်။ တကယ်တမ်း သူ့ရဲ့ မူလဝိသေသအားဖြင့်အားသာချက်က ဈေးကွက်ရဲ့ လိုအပ် ချက်ကို မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်တယ်။ လုပ်ငန်းကြီးတွေ လုပ်ဖို့စိတ်မဝင်စားတဲ့၊ အာရုံမရှိတဲ့ဈေးကွက်တွေကို ဖြည့် စွက်ဝင်ရောက်လုပ်ကိုင်နိုင်တယ်။ တီထွင်ကြံဆမှုတွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်တယ်။ သူ့နဂိုရှိပြီးသား အားသာချက်တွေကို ပိုပြီးအားကောင်းလာအောင် လုပ်ပေး မယ်။ ပင်ကိုအားနည်းနေတဲ့အချက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ အစိုးရအဖွဲ့အ စည်းတွေကနေပြီးတော့ လျစ်လျူရှုမထားဘဲနဲ့ ဖြည့်စွမ်း ဆောင်ရွက်ပေးမယ်ဆိုရင် မြန်မာနိုင်ငံက SME လုပ်ငန်း တွေကလည်း တခြားနိုင်ငံက SMEလုပ်ငန်းတွေလို အား ကောင်းတဲ့ SME တွေ ဖြစ်လာမှာပါ။  

မြန်မာ့ကုန်ထုတ်လုပ်မှုဥပဒေ

မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းအတွက် ပုဂ္ဂလိကလုပ်ငန်း ဥပဒေဆိုတာရှိပါတယ်။ ဒါက လက်ရှိတည်ဆဲဥပဒေပါ။ ဒီဥပဒေက အဓိကထားပြီးလုပ်တာကတော့ ပုဂ္ဂလိကလုပ်ငန်း တွေကို မှတ်ပုံတင်ပေးတာဖြစ်တယ်။ သူ့ရည်ရွယ်ချက်က မှတ်ပုံတင်ထားနိုင်ခြင်းအားဖြင့် ဒီလုပ်ငန်းတွေဟာ တစ်စု တစ်စည်းတည်းရှိပြီးတော့ ပံ့ပိုးကူညီနိုင်အောင်လုပ်ဆောင် ထားခြင်းဖြစ်တယ်။ အဓိကက ဒီဥပဒေက မှတ်ပုံတင်တဲ့လုပ် ငန်းတွေကို ဇောင်းပေးပြီးတော့လုပ်နေတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေအတွက် အထူးစီးပွားရေးဇုန်ဥပဒေရှိ သလို၊ ပြည်တွင်းစက်မှုဇုန်တွေအတွက် ဥပဒေကိုလည်း အခုရေးဆွဲနေပြီဖြစ်တယ်။   စနစ်တကျမှတ်ပုံတင်တာ အပြင် စက်မှုလုပ်ငန်းဇုန်ထဲမှာရှိတဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးတဲ့ဥပဒေမျိုးဖြစ်အောင်  အစိုးရရယ်၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေရယ်၊ စက်မှုလုပ်ငန်းကိုယ်စားလှယ်ကြီး တွေရယ် ပါဝင်ပြီးတော့ရေး ဆွဲနေတာဖြစ်တယ်။ ဒီဥပဒေ ထွက်လာမယ်ဆိုရင်တော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အား ကိုးလောက်တဲ့ဥပဒေ ဖြစ်လာမယ်လို့မျော်လင့်ထားပါတယ်။  

ဖြည့်စွက်ပြောချင်တာရှိရင်

SMI ၊ ှSMEပဲပြောပြော၊ စက်မှုဖွံ့ဖြိုးတိုးတက်ဖို့ပဲပြော ပြော အဓိကကတော့ အချင်းချင်းပူးပေါင်းဆောင်ရွက် အား ကောင်းဖို့ပဲ လိုပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ တစ်ဦးကိုတစ်ဦး တစ်ယောက်ကို တစ် ယောက် အပြစ်တွေပြောပြီးလုပ်နေမယ့်အစား ခုနကပြောတဲ့SME တွေ ဖွံ့ဖြိုး ဖို့ဆိုတာက အစိုးရ၊ SME လုပ်ငန်းရှင်၊ ပုဂ္ဂလိကအဖွဲ့အစည်း နောက်ထပ်လိုအပ်တာက တက္ကသိုလ်၊ ကောလိပ်တွေရဲ့ ပညာရေး အခန်းကဏ္ဍကလည်း ပါဝင်လာဖို့လိုတယ်။ ဒီပညာ ရေးအခန်းကဏ္ဍမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံ၊ ကောလိပ် ပေါင်းစုံက ဘာဖြစ်ဖို့လိုသလဲလို့ပြောရင် ှSupply Driving ကနေ Demand Driving  ဖြစ်ဖို့နဲ့ ဒီကဏ္ဍ ကြီးဖွံ့ဖြိုးဖို့ လက် ရှိကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် လုပ်ငန်းခွင်တွေမှာ လိုအပ်မယ့် လက်တွေ့အသုံးချပညာရပ်တွေကို သင်ကြားပေးပြီးInd - ustrial Ready လို့ခေါ်တဲ့ ထွက်လာတဲ့ ကျောင်းသူကျောင်း သားတွေဟာ အရည်အချင်းပြည့်ဝတဲ့ အသိပညာရှင်၊ အ တတ်ပညာရှင်တွေဖြစ်လာမယ်ဆိုရင် ဒီလုပ်ငန်းတွေအတွက်၊ တိုင်းပြည်အတွက် ပိုပြီးအကျိုးကျေးဇူး ရနိုင်တာကို ဖြည့် စွက်ပြောချင်ပါတယ်။