မြန်မာနိုင်ငံနှင့် အထူးစီးပွားရေးဇုန်များ

sez1 နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့ဆိုတာ အထူးစီးပွားရေးဇုန် (SEZ) တွေပေါ် အများကြီးမူတည်နေတယ်ဆိုတာကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ ၊ တရုတ် ၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေက သက်သေပြနေပါတယ်။ မြန်မာနိုင်ငံဟာလည်း စီးပွာေးရးဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာဖို့၊ ပို့ကုန်မြှင့်တင်နိုင်ဖို့၊ နည်းပညာတိုးတက်မြင့်မားလာဖို့၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာဖို့ အစရှိတဲ့ကဏ္ဍအစုံစုံ တိုးတက်လာဖို့အတွက် ထားဝယ်၊ ကျောက်ဖြူနဲ့ သီလဝါဒေသတွေမှာ အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကမ္ဘာမှာတော့ အထူးစီးပွားရေးဇုန် (SEZ) လို့ ဆိုလိုက်ရင် အခြေခံအားဖြင့် ပုံစံခြောက်မျိုးရှိပါတယ်။ အဲဒီဇုန်တွေကတော့ Trade Free Zone ၊ Export Processing Zone ၊ Enterprise Zone ၊ Single Factory ၊ Free Ports နဲ့ Specialized Zone တို့ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ အထူးစီးပွားရေးဇုန်တွေကို ပထမဦးဆုံး စတင်ပြုလုပ်ခဲ့တဲ့နိုင်ငံဖြစ်ပြီး တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ဟာ အထူးစီးပွားရေးဇုန်ကို အအောင်မြင်ဆုံး လုပ်နိုင်တဲ့ဒေသဖြစ်ပါတယ်။ အိန္ဒိယကတော့ ကမ္ဘာ့အကြီးဆုံးအထူးစီးပွားရေးဇုန်ကို ပိုင်ဆိုင်ထားပါတယ်။ အထူးစီးပွားရေးဇုန် (SEZ) ကို အမေရိကန်နိုင်ငံမှာ ၁၉၃၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံခြားကုန်သွယ်မှုဇုန် (FTZ) လို့လည်း ခေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ SEZ တွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ ခုကျော်ထိတောင် တည်ရှိနေပြီး ဖြစ်ပါတယ်။ SEZ တွေတည်ထောင်ဖို့ဆိုတာ တိုင်းပြည်ရဲ့အခြေခံအဆောက်အအုံ၊ နိုင်ငံရေးအခြေအနေနဲ့ တည်နေရာပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ အရင်က အစိုးရတစ်ဦးတည်း လုပ်ကိုင်ခဲ့တဲ့စီးပွားရေးဇုန် အများစုဟာ မအောင်မြင်ခဲ့တာကြောင့် ယနေ့ခေတ်မှာ SEZ တွေရဲ့ ၆၂ ရာခိုင်နှုန်းကို ပုဂ္ဂလိကနဲ့ အစိုးရအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ အောင်မြင်မှုအနေနဲ့လည်း နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ SEZ ဇုန်ပေါင်းသုံးထောင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အိန္ဒိယအစိုးရဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ SEZ တွေဟာ အဓိကကျတယ်ဆိုပြီး အထူးစီးပွားရေးဇုန်ကို ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ ၁ ရက်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာဆိုရင်လည်း ၁၉၉၇ ခုနှစ်မှာ အထူးစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံမှုပုံစံငါးမျိုးနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ တရုတ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဟာ SEZ ကို ၁၉၈၀-၁၉၉၁ နဲ့ ၁၉၉၂-လက်ရှိဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ sez2 အထူးစီးပွားရေးဇုန်တွေမှာ ရရှိလာနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေဟာ လုပ်ငန်းတွေကို အမေရိကန်မှာရှိတဲ့ စီးပွားရေးဇုန်တွေမှာတင်မကဘဲ တခြားနိုင်ငံတွေမှာရှိတဲ့ စီးပွားရေးဇုန်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်ပြည်အစိုးရဟာလည်း ကိုယ်တိုင်ရှယ်ယာရှင်တစ်ယောက်အနေနဲ့ပါဝင်ပြီး အထူးစီးပွားရေးဇုန်တွေမှာ နည်းပညာအထောက်အကူတွေပေးခဲ့ပါတယ်။ ဒါကြောင့် တရုတ်ရဲ့ကုန်စည်တွေဟာ အမေရိကန်ဈေးကွက်ကို ထိုးဖောက်လာနိုင်ပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေကို အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ပြုလုပ်လာစေတဲ့အပြင် အရည်အသွေးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက်ကိုလည်း လိုအပ်တဲ့နည်းပညာတွေ ရရှိလာစေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်မှာဆိုရင် တခြားနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံသူတွေကို အိန္ဒိယကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ကိုင်ခွင့်တွေ၊ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို အိန္ဒိယဈေးကွက်မှာ ဖြန့်ဖြူးရောင်းချခွင့်တွေကို ပေးထားတာကြောင့် အစိုးရအနေနဲ့ အခွန်ငွေတွေလည်း ရရှိလာသလို အိန္ဒိယပြည်တွင်း ကုမ္ပဏီတွေအနေနဲ့လည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ကုန်သွယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာပါတယ်။ sez3 တရုတ်ပြည်ဟာ Single-party စနစ်ကို ကျင့်သုံးပြီး အထူးစီးပွားရေးဇုန်တွေရဲ့ ဖွံ့ဖြိုးမှုတွေကိုလည်း အစိုးရက ရှင်းလင်းတဲ့ မဟာဗျူဟာတွေနဲ့ ဂရုတစိုက်ပြုလုပ်ထားတာကြောင့် ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး စီးပွားရေးဇုန်ကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်ပြည်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက်ကိုလည်း လုပ်သားတွေရဲ့လုပ်အားခတွေကို လျှော့ချထားပါတယ်။ ဒါအပြင် တရုတ်ပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေဟာ လုပ်ငန်းကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်နိုင်တဲ့အပြင် အခွန်ကင်းလွတ်ခွင့်တွေလည်း ရရှိထားပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း (WTO) နဲ့လည်း ချိတ်ဆက်ထားတာတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ အချက်လည်း ဖြစ်နေပါတယ်။ sez4 ကမ္ဘာတစ်ဝန်းမှာတော့ SEZ တွေ အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ပထဝီအနေအထား၊ တိုင်းပြည်ရဲ့ စီးပွားရေးအနေအထား၊ စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် ပံ့ပိုးပေးတာတွေ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်တွေ၊ ကျွမ်းကျင်ဝန်ထမ်းရရှိနိုင်မှုတွေ၊ စီမံခန့်ခွဲရေးနဲ့ ဝန်ဆောင်မှုပိုင်းတွေ၊ အစိုးရရဲ့ မူဝါဒတွေ၊ ဥပဒေပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဥပဒေတည်ငြိမ်မှု ရှိ၊ မရှိဆိုတဲ့ အဓိကကျတဲ့အချက်ကိုးချက်နဲ့ ကန့်သတ်ထားတာရှိပါတယ်။   uthurainag ဦးသူရိန်အောင် Project Director Myanmar Thilawa SEZ Holding Public Ltd Vice President Myanmar Japan Thilawa Development Co ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေနဲ့ ရရှိလာမယ့် အကျိုးအမြတ်တွေ လက်ရှိမှာ မြန်မာ၊ ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ အမေရိကန်၊ ဆွီဒင်၊ သြစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ဂျပန်အစရှိတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံကို ကိုယ်စားပြုတဲ့ ကုမ္ပဏီ ၃၈ ခုက လာရောက်ရင်းနှီး မြှုပ်နှံဖို့အတွက် စာချုပ်ချုပ်ဆိုထားတာကြောင့် လက်ရှိအကောင်အထည်ဖော်ထားတဲ့ ၃၆၁ ဟက်တာထဲက တစ်ဝက်လောက်ကို ငှားရမ်းပြီးသား ဖြစ်ပါတယ်။ ထပ်လည်း စာချုပ်ချုပ်ဖို့အတွက် စကားပြောဆိုနေတာတွေ ရှိပါတယ်။ နောက်ပြီး SEZ မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတော်တော်များများက နိုင်ငံခြားကုမ္ပဏီတွေ၊ Joint Venture ကုမ္ပဏီတွေ ဖြစ်ပါတယ်။ များသောအားဖြင့် နိုင်ငံခြားကို Export သီးသန့်ပြန်ထွက်မယ့် ကုမ္ပဏီတွေရှိသလို ပြည်တွင်းကိုပဲ ပြန်ရောင်းမယ့်ကုမ္ပဏီတွေလည်းပါပါတယ်။ [caption id="attachment_22205" align="alignnone" width="720"]sez5 သီလဝါ SEZ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကောင်းကင်မြင်ကွင်းမှ မြင်ရပုံ[/caption] ဒီကုမ္ပဏီတွေအနေနဲ့ SEZ ထဲမှာ ထုတ်လုပ်ပြီး ပြည်တွင်းကို ပြန်ရောင်းမယ်ဆိုရင် ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ကုန်ပစ္စည်းတွေကို ရလာမှာဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ တစ်ဆင့်ပြန်ပြီး ရောင်းဝယ်ဖောက်ကားတဲ့အခါမှာ အချိန်ကုန် သက်သာလာမယ်၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း အရင်ကထက်ပိုပြီး သက်သာလာမှာဖြစ်ပါတယ်။ Zone A ပြီးသွားရင် အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့လည်း လေးသောင်းလောက်ထိ ရလာမယ်လို့ ခန့်မှန်းထားပါတယ်။   uagkyawthan ဦးအောင်ကျော်သန်း တွဲဖက်အတွင်းရေးမှူး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်ထည်ဖော်ရေးဆပ်ကော်မတီ SEZ ကြောင့်ရလာမဲ့ အကျိုးကျေးဇူးကတော့ ဒေသခံပြည်သူတွေအတွက် အလုပ်ကိုင်အခွင့်လမ်းပေါင်း တစ်သိန်းကျော်ရလာမယ်။ အဓိကရင်းနှီးမြှုပ်နှံသူတွေကတော့ လက်ရှိအနေအထားအရ အလားတူ စီမံကိန်းတွေမှာ အတွေ့အကြုံရှိပြီး၊ ငွေကြေးတောင့်တင်းခိုင်မာပြီး မတူညီတဲ့ နိုင်ငံတွေကနေ ကုမ္ပဏီတွေနဲ့ ဖွဲ့စည်းထားတဲ့ Consortium တွေ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလို့ရပါတယ်။ အမြတ်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးနေတဲ့ကာလဖြစ်နေလို့ အတိအကျမပြောနိုင်ပေမဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ရရန်ရှိတဲ့ အခွန်အခတွေ နိုင်ငံတော်အနေနဲ့ရမှာ သေချာပါတယ်။ စီမံကိန်းမှာ အလုပ်အကိုင်အခွင့်လမ်းများစွာ ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာတာနဲ့အမျှ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် စီးပွားရေးအခွင့်လမ်းတွေ ရှိလာမှာဖြစ်သလို အခြားစီးပွားရေးအကျိုးဆက် (Multiplier Effects) တွေ ရလာနိုင်သလို Growth Pole ယူဆချက်မျိုးတွေ ရရှိနိုင်ပြီး တိုင်းပြည်တိုးတက်မှုမှာ အထောက်ကူပြုလာနိုင်တယ်။ [caption id="attachment_22206" align="alignnone" width="720"]sez6 ကျောက်ဖြူ SEZ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဧရိယာအားတွေ့ရစဉ်[/caption] လက်ရှိမှာ ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ ဒေသခံလုပ်သားဖွံဖြိုးတိုးတက်မှုပိုင်းမှာ လုပ်ဆောင် နေတယ်။ တကယ်စေတနာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ၊ Private Sector ဝန်ကြီးဌာနတွေနဲ့ပေါင်းပြီး ကျွမ်းကျင်မှုသင်တန်းတွေပေးနေတယ်။ ကျောက်ဖြူစီမံကိန်းမှာ ရှယ်ယာထုတ်ရောင်းတာကတော့ လောလောဆယ် မရှိသေးဘူး။ သင့်တော်တဲ့အချိန်ရောက်ရင်တော့ ရှယ်ယာထုတ် ရောင်းပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေက အသိပေးကြေညာပါလိမ့်မယ်။ uhansein ဦးဟံစိန် ဥက္ကဋ္ဌ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဝန်ကြီး ပို့ဆောင်ရေးဝန်ကြီးဌာန [caption id="attachment_22207" align="alignnone" width="720"]sez7 ထားဝယ် SEZ ရှိ ဘိလပ်မြေစက်ရုံအားမြင်ရစဉ်[/caption] DSEZ မှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေ . . . DSEZ ပင်မစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အဓိကစိတ်ဝင်စားနေတာက ဂျပန်ကုမ္ပဏီတွေဖြစ်ပါတယ်။ ထားဝယ်ဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ ထွက်ပေါက်ဖြစ်တယ်။ ဂျပန်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း မဲခေါင်တောင်ဘက် စြင်္ကံလမ်းတစ်လျှောက်မှာရှိတာကြောင့် ထိုင်းနဲ့ထားဝယ်ကို ဆက်လိုက်တာနဲ့တစ်ပြိုင်နက် ဂျပန်ဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်စပ်ပြီး လုပ်လာနိုင်မှာဖြစ်တာကြောင့် ဂျပန်ဟာ တော်တော်ကိုစိတ်ဝင်စားနေပါတယ်။ အဲဒီလိုပဲ အိန္ဒိယကုမ္ပဏီတွေ၊ ဥရောပကုမ္ပဏီတွေကလည်း တဖြည်းဖြည်း စိတ်ဝင်စားလာတာကို တွေ့ရပါတယ်။ [caption id="attachment_22208" align="alignnone" width="720"]sez8 ထားဝယ် SEZ ရေနက်ဆိပ်ကမ်း စီမံကိန်း၏ ဆိပ်ခံဘောတံတားငယ်[/caption]