ယနေ့စီးပွားရေးလုပ်ငန်းတွေဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ကိုယ့်လုပ်ငန်း နောက်ကျန်မနေခဲ့ဖို့နဲ့ ပြောင်းလဲလာတဲ့ စီးပွားရေးအလားအလာတွေကို သိရှိဖို့အတွက် CEO မဂ္ဂဇင်းကကြီးမှူးတဲ့ Potential Economic Miracles of Myanmar ခေါင်းစဉ်နဲ့ Panel Discussion ကို ရန်ကုန်မြို့ရှိ Chatrium Hotel မှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Moderator အဖြစ် ဦးဆောင်ပြီး Deloitte Consulting Myanmar ရဲ့ Executive Director ဦးချစ်ထွန်းဖေ၊ Myanmar Information Technology ရဲ့ Managing Director ဒေါက်တာထွန်းသူရသက်၊ Myanmar Voyages International ရဲ့ Managing Director ဦးသက်လွင်တိုးနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ Secretary-General ဦးရဲမင်းအောင်တို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အိုင်တီလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍနဲ့ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွေရဲ့ အလားအလာတွေကို အသီးသီးဆွေးနွေးတင်ပြခဲ့ပါတယ်။
စီးပွားရေးနဲ့နိုင်ငံရေးဆိုတာ ဆက်စပ်နေပါတယ်။ စီးပွားရေးလုပ်မယ်ဆိုရင် နိုင်ငံရေးဘောဂဗေဒကို အကျွမ်းတဝင်ရှိဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဘောဂဗေဒကို သင်ယူဖို့ အခွင့်အရေးမရခဲ့တဲ့အတွက် နိုင်ငံရေးနဲ့စီးပွားရေး ချိတ်ဆက်နေတာကို မသိဘူးဆိုရင် အခုလိုကိုယ့်နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ နောက်ကျ ကျန်ခဲ့နိုင်ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေးမျှော်လင့်ချက်တွေအပြင် စီးပွားရေးအိမ်မက်တွေ အများကြီးကိုလည်း မက်နိုင်တဲ့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကို မြန်မာနိုင်ငံ၏ အံ့သြဖွယ်ရာ စီးပွားရေး နမိတ်လက္ခဏာများလို့ ခေါင်းစဉ်တပ်ထားတာ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံဟာဆိုရင် ၁၉၅၀ ပြည့်နှစ်တုန်းက တောင်နဲ့မြောက် စစ်အကြီးအကျယ်ဖြစ်ခဲ့ပြီး နိုင်ငံနှစ်ခြမ်းကွဲခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ တစ်ဦးကျဝင်ငွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သောင်းခြောက်ထောင် ရှိလာပါတယ်။ သူတို့က သူတို့မှာဖြစ်လာတဲ့ ပြုပြင်ပြောင်းလဲမှုကို တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဆိုးလ်ကို ဖြတ်သွားတဲ့ ဟန်မြစ်ရဲ့ အံ့သြဖွယ်နိမိတ်လက္ခဏာလို့ တင်စားပြောကြပါတယ်။ တောင်ကိုရီးယားရဲ့ အောင်မြင်မှုဟာ ဟန်မြစ်ရဲ့အောင်မြင်မှုဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း ဧရာဝတီမြစ်ရဲ့ အံ့သြဖွယ်နိမိတ်လက္ခဏာ ဖြစ်စေချင်တဲ့စိတ်နဲ့ အခုလိုဟောပြောပွဲ ပြုလုပ်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် ပေါ်လာတဲ့ စီးပွားရေးအခွင့်အလမ်းတွေ အများကြီး ရှိလာပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို သုံးသပ်လေ့လာကြည့်တဲ့အခါမှာ များသောအားဖြင့် Sanction ရဲ့ ထိခိုက်မှုတွေကို မေ့နေကြလေ့ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးတဲ့အချိန်အထိ Sanction တွေ လျော့တယ်လို့ ပြောနေပေမဲ့ တကယ်တမ်းမလျော့သေးပါဘူး။ အမေရိကန် Sanction တွေ လုံးဝမလျော့ပါဘူး။ ဒါတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ ပြောင်းလဲလာမယ်လို့လည်း မျှော်လင့်ပါတယ်။ အခုဆိုရင် မေလမှာ Review လာပါတော့မယ်။ ကျွန်တော့်အနေနဲ့ သူတို့ရဲ့ မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ Sanction တွေကို ဖြေလျော့လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဒါကြောင့် ကိုယ့်နိုင်ငံမှာ အံ့သြဖွယ်နိမိတ် လက္ခဏာတွေက နိုင်ငံရေးမှာတင်မကဘဲ စီးပွားရေးမှာလည်း ရှိတယ်လို့ ပြောချင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ အံ့သြဖွယ်ရာနိမိတ်လက္ခဏာတွေအဖြစ် ရွေးချယ်ထားတဲ့ ကဏ္ဌလေးခုမှာ အလားအလာကောင်းတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အရေးကြီးပါတယ်။ ဒုတိယ Sector အနေနဲ့ ကိုယ့်နိုင်ငံမှာ လူငယ်တွေအားလုံးယဉ်ပါးတဲ့ IT Sector ကို ဦးစားပေး လိုပါတယ်။ နိုင်ငံရဲ့ တတိယအရေးအကြီးဆုံး ပြုပြင်ပြောင်းလဲမှုလုပ်ရမယ့်ကဏ္ဍကတော့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းကဏ္ဍ ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တာနဲ့အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း အဆင့်မြင့်တင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီ Sector အသီးသီးမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်လေးဦးရဲ့ သုံးသပ်ချက်တွေ၊ အယူအဆတွေ၊ အတွေးအခေါ်တွေ၊ ဆန္ဒတွေနဲ့ ထင်မြင်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ကနေစပြီး ကနေ့အထိ ငါးနှစ်မှာ FDI သိသိသာသာ ပြောင်းလဲလာပါတယ်။ ပမာဏအနေနဲ့ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ တစ်ဘီလီယံ ရှိလာပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိဆိုရင် ၁၈ ဘီလီယံ ခန့်ရှိလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏအနေနဲ့ မနှစ်ကရတဲ့ စံချိန်ကို မီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Foregin Direct Investment (FDI) ပုံစံအနေနဲ့ ငါးနှစ်အတွင်းမှာ ပြောင်းလာတာတွေက အရင်ကမြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလို့ပြောတဲ့အခါမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ လာအို၊ ဟောင်ကောင်စတဲ့နိုင်ငံတွေပဲ ရှိခဲ့ရာကနေ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ တဖြည်းဖြည်း အမေရိကန်ရင်းနှီးမှုတွေနဲ့၊ EU ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးလာပါတယ်။
ကျွန်တော့်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပြောတဲ့အခါမှာ နည်းပညာပိုင်းတအားမြင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေထက် အလုပ်အကိုင်အခွင့်အလမ်း များများရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုကြိုဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဟာ ဘထ္ထရီဒေါင်းသွားတဲ့ ကားကြီးလိုဖြစ်နေပါတယ်။ ကိုယ့်ကားစက်နိုးဖို့ဆိုရင် ဘထ္ထရီကောင်းတဲ့ ကားနဲ့ချိတ်ပြီး နိုးရပါတယ်။ ဒါကြောင် FDI လို့ဆိုရာမှာ နိုင်ငံခြားသားတွေကို မျက်နှာသာပေးချင်လို့၊ နှစ်သက်လို့ မဟုတ်ဘဲ ကိုယ့်နိုင်ငံတိုးတက်ဖို့လိုအပ်တဲ့ နည်းပညာပိုင်းပံ့ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှုပိုင်းပံ့ပိုးမှုလို့ခေါ်တဲ့ ကိုယ့်မှာ မရှိသေးတဲ့အားတွေကို အချိန်အနည်းငယ်အတွင်း ရယူနိုင်ဖို့အတွက် ဖြစ်ပါတယ်။ FDI လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့မှာ တိုင်းရင်းသားတွေနဲ့ ပြဿနာနည်းနည်းရှိပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ရင် လူမှုရေးတာဝန်ကျေဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေအားလုံးကို လူမှုရေးတာဝန်ကျေရမယ်၊ UN Global Compat အဖွဲ့ဝင်တွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။
ဦးချစ်ထွန်းဖေ
ကျွန်တော်တို့နိုင်ငံအနေနဲ့ စီးပွားရေးမှာ Miracle ဖြစ်လောက်အောင် ပြောင်းလဲနိုင်တဲ့အခွင့်အရေးတွေ ရှိတဲ့အချိန်မှာ ပြောင်းလဲမှုကို ကိုယ်ကချည်းပဲ ထိုင်စောင့်နေလို့တော့ရမှာ မဟုတ်ပါဘူး။ ကိုယ်ကစပြီးပြောင်းလဲဖို့ လိုပါတယ်။ ဒီနေ့ခေတ် စီးပွားရေးခေါင်းဆောင်တွေဟာ ဒီပြောင်းလဲမှုကို ပြုလုပ်ဖို့အတွက် အတူပူးပေါင်းပါဝင်သင့်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒါကို Investment အပိုင်းရယ်၊ Potential Outlook အပိုင်းရယ်နဲ့၊ FDI ကို ဘယ်လို Leverage လုပ်မလဲဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ်။
FDI ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ တော်တော်လေး Drive လုပ်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ FDI ကို Drive လုပ်ရုံတင်မကဘဲ Policy Liberation တွေကိုပါ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် Telecom Sector မှာဆိုရင် အစိုးရက Policy တွေ ပြောင်းလဲပြီး FDI တွေကို ခေါ်ခဲ့ပါတယ်။ ဒါက FDI တွေရဲ့ ဈေးကွက်မှာ စားသုံးသူတွေပေါ်မှာ မြန်မြန်ဆန်ဆန် အကျိုးပြုမှုတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ပုံမှန်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍတွေ၊ စွမ်းအင်ကဏ္ဍတွေနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍတွေမှာ တော်တော်လေး များခဲ့ပါတယ်။ Transportation and Telecommunication Sector က အရင်က အဆင့်ခုနှစ်၊ ရှစ်လောက်မှာ ရှိရာကနေ လွန်ခဲ့တဲ့ငါးနှစ်မှာ နံပါတ်လေးလောက်ကို ရောက်လာပါတယ်။ ဒီနေ့ခေတ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွေ၊ စွမ်းအင်ကဏ္ဍတွေနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍတွေက ပုံမှန်ပဲဖြစ်ပေမဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍကတော့ ၄.၇ ဘီလီယံလောက်ထိကို မြန်မာနိုင်ငံက တက်လာပါတယ်။ ဒါဟာပြီးခဲ့တဲ့ငါးနှစ်မှာ FDI တွေ ဝင်လာတာကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဝင်လာတဲ့ ထိပ်တန်းငါးနိုင်ငံဟာ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်နဲ့ အင်္ဂလန်နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီမှာ ဘာကိုအဓိကပြောချင်လဲဆိုရင် အနောက်နိုင်ငံကုမ္ပဏီတော်တော်များများက လွန်ခဲ့တဲ့ငါးနှစ်မှာ EU က ကျွန်တော်တို့ကို Sanction ကနေ ထုတ်ပေးခဲ့ပေးမဲ့ အမေရိကန်ကတော့ Sanction ကို Ease ပဲ လုပ်ပေးခဲ့ပါတယ်။ အဲဒီအခါမှာ နိုင်ငံတကာ ငွေရေးကြေးရေး အထူးသဖြင့် Sanction အပြင် SDN လို့ခေါ်တဲ့ Specially Destinated Name ၊ အရပ်စကားနဲ့ လွယ်လွယ်ပြောရရင် Black List အလုပ်ခံရပါတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက စစ်တပ်နဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်းနဲ့ အလုပ်ခံရတာဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ နိုင်ငံတကာအဖွဲ့အစည်း တော်တော်များများက မြန်မာကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ရာမှာ လွန်ခဲ့တဲ့ငါးနှစ်က အတော်ခက်ခက်ခဲခဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဆိုရင် ဒီနေ့လက်ရှိ ကျွန်တော်ကြည့်ရသလောက်မှာ By Country မှာ Ranking အဆင့် ၁၄ လောက်ထိကို တက်လာပါတယ်။ အရင်နှစ်တွေက အဆင့် ၃၀ မှာရှိခဲ့ရာကနေ ၁၄ ကို တက်လာတာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်နေတာက တရုတ်နဲ့ စင်ကာပူဖြစ်ပါတယ်။ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုရင် စင်ကာပူကို ကျွန်တော့်အနေနဲ့ စင်ကာပူလို့ မမြင်ပါဘူး။ တချို့အမေရိကန်ကုမ္ပဏီတွေဟာ စင်ကာပူကနေ ပြန်ဝင်လာတာရှိပါတယ်။ စင်ကာပူရဲ့ ဝင်လာမှုကလည်း အနောက်နိုင်ငံတွေပါတယ်ဆိုတဲ့ Structure တွေ လုပ်ထားပါတယ်။ ဒါကြောင့် လက်ရှိအနေအထားငါးနှစ်ကိုကြည့်ရင် FDI တော်တော်များများ ဝင်လာတာရှိလာပါတယ်။ အခြေခံလူတန်းစား စားသုံးသူတွေအတွက်ကိုလည်း အများကြီးအကျိုးရှိစေခဲ့ပါတယ်။
နောက်ငါးနှစ် ဒီအစိုးရအပြောင်းအလဲမှာ ဘာဖြစ်နိုင်မလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ စဉ်းစားကြည့်တဲ့အခါမှာ ကျွန်တော်ရင်းနှီးမြှုပ်နှံမှုကော်မတီနဲ့ စကားပြောတဲ့အခါမှာ ကဏ္ဍသုံးခုကို အမြဲပြောလေ့ရှိပါတယ်။ သူတို့က ပြောင်းလဲမှုဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ သူတို့တွေက နိုင်ငံရေးအပြောင်းအလဲက စီးပွားရေးကဏ္ဍတွေရဲ့ အပြောင်းအလဲမှာ တည်ငြိမ်မှုရှိဖို့တော့ လိုတယ်လို့ ပြောပါတယ်။ ဒီနေ့ဘာဖြစ်မယ်၊ နောက်နေ့ဘာဖြစ်မယ်ဆိုပြီး မတည်မငြိမ်မဖြစ်ဘဲ တည်ငြိမ်နေဖို့လိုတယ်လို့ ပြောပါတယ်။ နောက်ပြီး Continuality ဖြစ်ဖို့လည်း လိုပါတယ်။ နိုင်ငံရေးစနစ်တင်မဟုတ်ဘဲ စီးပွားရေးရဲ့အသိုင်းအဝိုင်းနဲ့ ဥပဒေသတွေပါ ပြောင်းသွားမယ်ဆိုရင် အခက်အခဲတွေ ရှိနိုင်ပါတယ်။ Continuous လုပ်နေတဲ့ အလုပ်တွေကို ဆက်လုပ်နေဖို့လိုပါ တယ်။ နောက်တစ်ခုက Predictability ပြောင်းလဲတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒါတွေကို ဘယ်လိုပြောင်းလဲမယ် ဘယ်လောက်ပြောင်းလဲမယ်ဆိုတာတွေကို ကြိုတင်ခန့်မှန်းထားနိုင်ရမယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒါတွေကို Risk အနေနဲ့ ထည့်တွက်ရတာ ဖြစ်ပါတယ်။ တွက်ပြီးတော့ ဒါတွေအတွက် Diverse လုပ်ရမယ်၊ ဒါတွေနဲ့ Planning တွေလုပ်ရမှာ ဖြစ်ပါတယ်။
ဘယ် Emerging Market မှာပဲဖြစ်ဖြစ် Stability ဖြစ်မှုပေါ်မှာ အခြေခံပြီးတော့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးတွေ ပြုလုပ်မယ်၊ ရေရှည်လုပ်မှာလား၊ ရေတိုလုပ်မှာလားဆိုတာကို စဉ်းစားကြပါတယ်။ လက်ရှိ Investor Climate အနေအထားမှာ တော်တော်များများက စောင့်ကြည့်နေကြတယ်လို့ ပြောကြပါတယ်။ သူတို့ဘက်ကနေ ကြည့်မယ်ဆိုရင်လည်း စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ ဘယ်လို Policy ဖြစ်လာမလဲဆိုတဲ့ အနေအထားကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ Perspective ကတော့ ကျွန်တော်တို့က နိုင်ငံရဲ့စီးပွားရေးဆိုင်ရာ မူဝါဒအပြောင်းအလဲတွေမှာ ရင်းနှီးမြှုပ်နှံသူတွေက Sanction တွေ မရှိတော့လို့၊ SDN တွေ မရှိတော့လို့ အရင်ကထက်ပိုဝင်လာပြီဆိုတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးလုပ်ရဲလာမယ်။ နောက်ပြီး ဒီမိုကရက်တစ်အစိုးရက ပြည်သူ့အကျိုးကိုအခြေခံတဲ့ အစိုးရဆိုရင် စီးပွားရေးမူဝါဒတွေကို ချုပ်ကိုင်မှုတွေ နည်းလာမယ်၊ နောက်ပြီး Private Sector Development တွေ၊ ပုဂ္ဂလိကကဏ္ဍတိုးတက်မှုတွေအတွက်ကို ပိုပြီးအလေးထားလာမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ ယေဘုယျအမြင်ကို ပြောပါဆိုရင် တအားကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အနည်းငယ်တုန့်ဆိုင်းနေမယ့် သဘောလည်း ရှိနေတယ်လို့ မြင်ပါတယ်။ ဒါက အလျင်အမြန်ဖြစ်ဖို့ အရှိန်ယူနေတဲ့သဘောလို့ ယူဆပါတယ်။ ကျွန်တော်တို့က တအားတိုးတက်အောင် ချက်ချင်းလုပ်လို့လည်း မရပါဘူး။ ဖြေးဖြေးမှန်မှန်နဲ့ လုပ်ဖို့လိုပါတယ်။ တက်လိုက်ကျလိုက်ဖြစ်နေတာဟာ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်မှာ Stable ဖြစ်ပြီးတော့ ဖြည်းဖြည်းချင်းသွားတဲ့ အခြေအနေကို ကျွန်တော်ကတော့ ပိုပြီးမျှော်မှန်းပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေ လောလောဆယ် ရပ်နေပေမဲ့ တကယ်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၁၇ ခုနှစ်လောက်မှာ ဝင်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ဒီအတောအတွင်းမှာ ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုပါတယ်။ FDI ဟာ Favo-urable ဖြစ်လား၊ မဖြစ်ဖူးလားဆိုတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ တော်တော်ကို စဉ်းစားခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်ပြောင်းခဲ့ရပါတယ်။ ကျွန်တော် စဉ်းစားစေချင်တာက FDI ဟာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ နိုင်ငံတကာသုံး စီမံခန့်ခွဲမှုစနစ်တွေနဲ့အတူ ဈေးကွက်ဆိုတဲ့ အကျိုးကျေးဇူးလေးခုကို ခေါ်လာပါတယ်။ သူတို့တွေဟာ International Standard ဆောင်ရွက်သလို စီမံခန့်ခွဲမှုအပိုင်းကို စနစ်တကျနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နည်းစနစ်တွေကိုပါ တစ်ပါတည်းယူဆောင်လာပါတယ်။
ကျွန်တော်ကတော့ FDI ကို 5 :5 :5 အနေနဲ့ စဉ်းစားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမငါးနှစ်မှာ သင်ယူရပါမယ်။ သူတို့တွေက ဦးဆောင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ကိုယ်က မြန်မာပဲ၊ သူတို့လို ကိုယ်တွေလည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်က ပထမငါးနှစ်မှာ သူတို့ကိုဦးဆောင်ခိုင်းပါတယ်။ နောက်ငါးနှစ်မှာ ကျွန်တော်တို့က သူတို့တွေနဲ့ ယှဉ်ပြိုင်ရမယ်။ ကျွန်တော်တို့တွေအနေနဲ့ အရင်သင်ယူပြီးမှ ယှဉ်ပြိုင်လို့ရမှာဖြစ်ပါတယ်။ Global Environment နဲ့ ပတ်သက်တာတွေကိုမသိဘဲနဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ စီမံခန့်ခွဲမှုကို လုပ်လို့မရပါဘူး။ ပထမငါးနှစ်မှာ သူတို့ဦးဆောင်တာကို ကျွန်တော်တို့က သင်ယူရမယ်။ နောက်ငါးနှစ်မှာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့လိုတယ်။ နောက်ထပ်ငါးနှစ်မှာ ကျွန်တော်တို့က ဦးဆောင်နိုင်ရမယ်။ ဒါဟာစီးပွားရေးကဏ္ဍမှာ လက်တွေ့ကျဖို့လိုတယ်လို့ မြင်ပါတယ်။ ပထမ သူတို့လာတယ်။ သူတို့လုပ်တာကြည့်၊ သူတို့ကို ပေးလုပ်မယ်။ လက်တွေ့ကျကျ စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့က နိုင်ငံတကာ နည်းစနစ်တွေကို နားလည်ဖို့ လိုတယ်၊ သင်ယူဖို့လိုတယ်၊ နိုင်ငံတကာအတွေ့အကြုံတွေ လိုတယ်။ ဒီအတွေ့အကြုံတွေကို ဒီအတိုင်းမဟုတ်ဘဲ သူတို့နဲ့ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေရောက်အောင် လုပ်ဖို့လိုပါတယ်။ ဒါမှလည်း တစ်ချိန်မှာ အရှေ့တောင်အာရှမှာရော၊ အာရှမှာပါ ကျွန်တော်တို့က ဦးဆောင်နိုင်တဲ့လူတွေဖြစ်လာမှာပါ။ FDI ဟာ အသုံးချတတ်တယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို Reborn ဖြစ်နိုင်တယ်ဆိုတာကို တင်ပြချင်ပါတယ်။
ဒေါက်တာအောင်ထွန်းသက်
တင်ပြချက်တွေက Very Positive ဖြစ်ပါတယ်။ အနာဂတ်လို့ပြောတဲ့အခါမှာ သူက ကိုယ်လိုချင်တဲ့ အနာဂတ်ကို ကိုယ့်ဟာကိုဖန်တီးမှရမယ်။ နောက်တစ်ချက်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ကိုတောင်းခံတဲ့အခါမှာ ကျွန်တော် တလောက အိန္ဒိယကိုရောက်တော့ သူတို့က Look East Policy ကို ကျင့်သုံးပါတယ်။ သူတို့မှာ ဖြစ်နေတာက Look West က ပြဿနာမရှိဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းထိသွားလို့ရတယ်။ သူတို့က အရှေ့ဘက်ကိုလှည့်ဖို့ကျ တော်တော်ခက်နေတယ်။ အရှေ့ဘက်လှည့်ဖို့ကျတော့ Look East ဆိုတဲ့ Policy လိုပါတယ်။ အခုသူတို့ရဲ့ ဝန်ကြီးချုပ်အသစ်က Up East ဆိုတဲ့ Policy ကို ပြောင်းလဲကျင့်သုံးလိုက်ပါတယ်။ ကြည့်ရုံတင်မရဘူး Up လုပ်မှရမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ လူတွေကို သတိပေးချင်တာက မြန်မာပြည်ဟာ ပထဝီအနေအထားအရ ပြိုင်တဲ့အခါမှာ ဘာသာလဲဆိုတာကို Harvard က သင်ပေးထားတဲ့ စီးပွားရေးသီအိုရီမှာတော့ သုံးခုရှိတယ်လို့ ပြောပါတယ်။ ဒီသုံးခုမှာ နံပါတ်တစ်က Location ၊ နံပါတ်နှစ်ကလည်း Location ဖြစ်ပြီး နံပါတ်သုံးကလည်း Location ဖြစ်ပါတယ်။ မြန်မာပြည်လောက် Location ကောင်းတဲ့နိုင်ငံ ဘယ်မှာမှ ရှာလို့မရဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အလယ်တည့်တည့်မှာ ရှိနေတယ်။ နောက်ပြီး အိန္ဒိယနဲ့ တရုတ်ပြည်တို့ရဲ့ အလယ်တည့်တည့်မှာလည်း ကျနေပြန်တယ်။ ဒါကြောင့် ဒီမှာရှိတဲ့လူတွေကို ပြောချင်တာက မြန်မာပြည်ဈေးကွက်လို့ ပြောရင် လူဦးရေ ၅၁ သန်းလို့ ပြောလို့ရပေမဲ့ တကယ်တမ်း အာဆီယံကိုသာ ထည့်လိုက်မယ်ဆိုရင် လူဦးရေသန်းခြောက်ရာရှိတယ်လို့ ပြောလို့ရပါတယ်။ အိန္ဒိယနဲ့ တရုတ်ကိုပါ ထည့်လိုက်ရင် သန်းသုံးထောင် ရှိပါတယ်။ သန်းသုံးထောင်ဈေးကွက်ဟာ ကိုယ့်ရဲ့ တံခါးဝမှာတင် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ပြောင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဒီဈေးကွက်ကြီးက ကိုယ့်အတွက် ပွင့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်အနေနဲ့လည်း Up West ဆိုတဲ့ Policy ကို ကျင့်သုံးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ Consistency ရှိဖို့ လိုတယ်လို့ ဖြည့်စွက်ချင်ပါတယ်။ Policy ဟာ Consistent ဖြစ်ဖို့လိုပါတယ်။ လာမယ့်အစိုးရဟာ Policy ကို Consistent ဖြစ်အောင် ချမှတ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ မဟုတ်ရင် ပေါ်လစီက ခဏခဏပြောင်းနေမှာဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ အလွယ်တကူ ရင်းနှီးမြှုပ်နှံနိုင်အောင် Investor Friendly Environment ကို ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။
IT နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် မြန်မာပြည်ကို တီဗီစဝင်တုန်းက တခြားနိုင်ငံတွေနဲ့မတူဘဲ Black and White တီဗီဆိုတာ မရှိခဲ့ပါဘူး။ စသွင်းကတည်းက Color တီဗီကို သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အခုခေတ်စီးပွားရေးစကားအရ ပြောရရင် Leapfrog လုပ်လိုက်တာ ဖြစ်ပါတယ်။ မိုဘိုင်းနည်းပညာပိုင်းကို ကြည့်ရင်လည်း တခြားနိုင်ငံတွေမှာ ကွန်ပျူတာကနေမှ မိုဘိုင်းနည်းပညာကို ရွေ့ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ကျတော့ ကွန်ပျူတာမှာ သိပ်မကြာဘဲ မိုဘိုင်းနည်း ပညာဘက်ကို ရွေ့လိုက်ပါတယ်။ ဒါကြောင့် ICT Sector အနေနဲ့ ဘယ်လို Leap Frog လုပ်ပြီး ဘယ်လို Miracles တွေဖြစ်လာနိုင်တယ်ဆိုတာကို ဒေါက်တာ ထွန်းသူရသက်က ဆွေးနွေးပေးမှာဖြစ်ပါတယ်။
ဒေါက်တာထွန်းသူရသက်
ICT Sector နဲ့ ပတ်သက်လို့ တလောကကျွန်တော်ဖတ်လိုက်ရတဲ့ Article တစ်ခုမှာ မြန်မာနိုင်ငံအနေနဲ့ နောက်အစိုးရက e-governance ပေါ်လစီမှာ High Earner ပေါ်လစီထက် Low Earner ပေါ်လစီဆိုတဲ့ လက်တွေ့ကျတဲ့ Construction တို့၊ Other Sector တွေ၊ Industry တွေကို အားပေးသင့်တယ်လို့ ပြောထားပါတယ်။ ဒါဟာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီကနေ ကျွန်တော်ရလာတာ တစ်ခုက ICT Sector ကို သီးခြား Sector တစ်ခုအနေနဲ့ ကြည့်မလား၊ Sector အားလုံးပေါင်းပြီး Multi Sectorial Development ရအောင်ပေးနိုင်တဲ့ ကဏ္ဍတစ်ခုအဖြစ် ကြည့်မလား ဆိုတဲ့ အမြင်နှစ်ခုကို Compare လုပ်ချင်ပါတယ်။ ပုံမှန်တော့ ကျွန်တော်တို့ ICT Sector ကို Multi Sectorial Development ရအောင်ပေးနိုင်တဲ့ Enable အဖြစ် ကြည့်စေချင်ပါတယ်။ ပညာရေးမှာ ICT မပါရင် လုပ်ချင်တိုင်း လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျေးလက်ဒေသမှာရှိတဲ့ လူငယ်တွေ၊ လူကြီးတွေကို Vocational Training ပေးဖို့အတွက် လက်တွေ့ကျမှာ မဟုတ်ပါဘူး။ အခုဆိုရင် မိုဘိုင်း Penetration တွေ တက်နေတယ်။ လူတိုင်းမှာ မိုဘိုင်းဖုန်းတွေ၊ Smart Phone ရှိလာကြပြီ ဖြစ်ပါတယ်။ ဒီ Platform ကို သုံးမယ်ဆိုရင် ပညာရေးမှာလည်း ICT က တအားကို အဓိကကျပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမှာဆိုရင်လည်း Telemedicine ဖြစ်လာတယ်။ မြို့မှာ ဆေးကျောင်းပြီးတဲ့ ဆရာဝန်တချို့ နယ်မသွားချင်ကြဘူး။ သွားစရာမလိုဘဲ ကျန်းမာရေးစောင့်ရှောက်မှုကို Telemedicine သုံးမယ်ဆိုတဲ့ ICT တစ်ခုကို ရလာတယ်။ စိုက်ပျိုးရေး၊ Eco Tourism ကိုယ့်ရဲ့ Website တွေ ထောင်ပြီးလုပ်ဖို့၊ Social Media ကို သွားဖို့ဆိုရင် ICT က အဓိကကျလာပါတယ်။
အဲဒီတော့ ICT ကို ကျွန်တော်တို့ သိစေချင်တာက Multi Sector Development အားလုံး တိုးတက်ဖို့အတွက် အခြေခံတစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။ Tourism ၊ Agriculture အားလုံးမှာ ICT တိုးတက်ဖို့က အရေးကြီးပါတယ်။ စီးပွားရေးပေါ်လစီအသစ်မှာလည်း ICT ကို Sector အားလုံးမှာ အထောက်အကူပြုဖို့အတွက် ဘယ်လိုအသုံးချမယ်ဆိုတဲ့ကဏ္ဍကို စဉ်းစားဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။ ICT ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက သူက Inclusive ဖြစ်အောင် လုပ်ပေးလို့ရတယ်။ အခုဆိုရင် ICT ဟာ Micro Financing ဖက်ကို သွားနေပါတယ်။ ကျေးလက်ဒေသမှာ အလုပ်လုပ်ဖို့အတွက် Financing ကို ကျွန်တော်တို့ပြင်ရတယ်။ ဒါမှကျေးလက်ဒေသက လူတွေအနေနဲ့ ICT ရဲ့အကူအညီနဲ့ ငွေချေးလို့ လွယ်ကူနိုင်မယ်။
ICT ဆိုတာ သူကိုယ်တိုင်ကလည်း Sector တစ်ခုအနေနဲ့ တည်ရှိနေပါတယ်။ ICT Sector တစ်ခုရဲ့ အောင်မြင်မှုတစ်ခုကို ကြည့်မယ်ဆိုရင် အိန္ဒိယက မလွဲမသွေ ပါလာမှာဖြစ်ပါတယ်။ GDP Contribution မှာ ICT Sector မှာ ရှိတဲ့ Software Services က ပေးတာက ၁၂၀ ဘီလီယံဒေါ်လာ ရှိပါတယ်။ လက်ရှိမြန်မာပြည်ရဲ့ FDI က ၁၀ ဘီလီယံလောက်ပဲ ရှိတဲ့အတွက် ဒီထက် ၁၂ ဆလောက် များပါတယ်။ National Income ကိုလည်း အိုင်စီတီ Sector ကနေရတာကို တွေ့ရပါတယ်။ အိန္ဒိယကတော့ IT နဲ့ ပတ်သက်ရင် တအားကို အောင်မြင်ပါတယ်။ ကျွန်တော်တို့နဲ့ နည်းနည်းနီးစပ်အောင်ကြည့်ရင် ဗီယက်နမ်ဟာဆိုရင်လည်း အာဆီယံမှာ ဒီ Sector က ထုတ်တဲ့ Services နဲ့ GDP Contribution က ၂ ဘီလီယံလောက် ရှိပါတယ်။ သီရိလင်္ကာတို့၊ ဘင်္ဂလားဒေ့ရှ်တို့မှာတောင် GDP Contribution က မီလီယံဒေါ်လာလောက်ရှိတာကို တွေ့ရပါ တယ်။ ဒါတောင် သူတို့တွေ အိုင်စီတီ Sector ကို စခဲ့တာ သိပ်မကြာသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ICT Sector ဟာ ကျွန်တော်တို့အနေနဲ့ ကြည့်မယ်ဆိုရင် ဒါကို Multisectorial Development အနေနဲ့ အခြေခံထားဖို့နဲ့ တစ်ခုချင်းဆီကိုလည်း ပံ့ပိုးပေးသင့်တယ်လို့ မြင်ပါတယ်။ Telecom Sector ရဲ့ Policy Penetration မှာ Ooredoo တို့ Telenor ပါလာတဲ့အချိန်မှာ ဒီမှာရှိတဲ့ Mobile Penetration ရဲ့ Growth က ကမ္ဘာမှာ အမြန်ဆုံးဖြစ်လာပါ တယ်။ အခု လက်ရှိတင် ၅၅ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ လွန်ခဲ့တဲ့နှစ်က ကောက်ထားတဲ့ စစ်တမ်းအရ သိရပါတယ်။ Deloitte နဲ့ GSME တို့ရဲ့ Survey တစ်ခုအရ Mobile Penetration ၁၀ ရာခိုင်နှုန်းတက်တိုင်းမှာ GDP ကို ၄ ရာခိုင်နှုန်း Contribution ပေးတယ်ဆိုတဲ့ Research တွေ အများကြီး ရှိပါတယ်။ Mobile Broadband Speed တွေ နှစ်ဆတိုးလို့ရှိရင် ဝ.၅ ရာခိုင်နှုန်းထိ GDP တိုးတက်မှုရှိတယ်ဆိုတဲ့ လေ့လာမှုတွေလည်း တွေ့ရပါတယ်။
အဲဒီတော့ ကျွန်တော်တို့က Communication Technology ဖြစ်တဲ့ Mobile Technology ကို Leverage လုပ်ဖို့လိုတယ်။ ဒါကလည်း ICT Sector တစ်ခုတည်းမှာတင်မဟုတ်ဘဲ Sector တိုင်းအတွက်ကို လုပ်ဖို့လိုပါတယ်။ ထူးခြားတာက လက်ရှိမြန်မာပြည်လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းတွေ ရှိလာကြပြီဖြစ်ပါတယ်။ လူတိုင်းမရှိသေးဘူးဆိုပေမဲ့ တစ်အိမ်မှာ တစ်လုံးလောက်တော့ ရှိလာကြပြီဖြစ်ပါတယ်။ ဒီဖုန်းတွေထဲမှာ ၆၀ ရာခိုင်နှုန်း Smart Phone တွေ ဖြစ်ပါတယ်။ တချို့အိမ်တွေဆို ဖုန်းတစ်ခါမှ မကိုင်ဘူးပေမဲ့ ကိုင်ဖူးတဲ့ဖုန်းက မိုဘိုင်းဖုန်းဖြစ်နေပါတယ်။ ဒီဖုန်းတွေဟာ Android ၊ Smart ဖုန်းတွေ ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါက မြန်မာပြည်ဟာ Leap Frogging ဖြစ်နေတယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။
နောက်ပြီး အောင်မြင်တဲ့နိုင်ငံအများစုကို ကြည့်ရင် သူတို့မှာ Incoming Stimulous တွေ Sector တိုင်းကိုပေးပါတယ်။ အထူးသဖြင့် ICT Sector ကို ပေးတာတွေ့ရပါတယ်။ ကျွန်တော်တို့ Region မှာ အအောင်မြင်ဆုံးဖြစ်တဲ့ စင်ကာပူဆိုရင် သူရဲ့ Stimulous တွေက တအားကို Aggressive ဖြစ်ပါတယ်။ သူက Start-up တွေ ပေါ်အောင်လုပ်ပေးတယ်။ ICT ကို ကျွန်တော်တို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေပေါ်ပေါက်လာအောင် Funding တွေပေးတယ်။ Banking Capital တွေ၊ Private Equity တွေ သူပေးတယ်။ ဒီဟာကို သူဆွဲဆောင်မှုရှိအောင်လုပ်တယ်။ နောက်ထပ် ထူးခြားတာတစ်ခုက PIC လို့ခေါ်တဲ့ Productivity and Innovation Credit ဆိုပြီးတော့ ကိုယ့်ကုမ္ပဏီက ICT ကို အသုံးပြုလို့ရှိရင် Tax Deduction ၄၀၀ ရာခိုင်နှုန်းပေးတယ်။ ၁၀၀ ဖိုး ICT သုံးလို့ရှိရင် ၄၀၀ ဖိုး အခွန်လျော့ပေးတယ်။ ဒါဟာ သူတို့တွေက Demand Side ကို ပိုမိုသုံးစွဲလာအောင် ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ လူတွေသုံးလာအောင် သူ့ရဲ့ Innovation များလာအောင် လုပ်ငန်းတွေမှာ PIC ကို ပေးလာတာကို တွေ့ရပါတယ်။ Multinational ကုမ္ပဏီတွေ၊ TA 1 တွေက ပြဿနာမရှိဘူး။ ဒီမှာလည်း City Mart တို့၊ ရွှေတောင် Group တို့၊ KBZ ဘဏ်တို့ ၊ ဈေးကွက်ဦးဆောင်သူတွေကတော့ ICT ကို သုံးနေပြီ ဖြစ်ပါတယ်။ တစ်ဖက်က Supply Side ကိုဆိုရင်လည်း သူက SME တွေကို ကိုင်တွယ်လာတယ်။ သူက အောက်မှာရှိတဲ့ Micro SME တွေကို ICT မှာ ၁၀၀ ဖိုး ရင်းနှီးမြှုပ်နှံရင် အစိုးရက အခွန် ၇၀ ရာခိုင်နှုန်း ပေးပေးသွားတယ်။ ပိုင်ရှင်က Investment လုပ်ရတဲ့ ပမာဏက တအားနည်းသွားတယ်။ ဒါကြောင့် SME တွေမှာ ICT Literacity တက်လာတာ တွေ့ရပါတယ်။ သူတို့မှာရှိတဲ့ Process တွေ၊ Governance တွေ ကောင်းလာတာတွေ့ရတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ပေါ်လစီအရ SDF လို့ခေါ်တဲ့ Skill Development Fund ကို တွေ့ရပါတယ်။ SME တွေက တာဝန် ရှိသူတွေ ICT လေ့လာရင် အခွန်ငွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို အစိုးရက SME တွေအစား ကျခံပေးတယ်။ SME တင်မကဘဲ အားလုံးကို အခွန်ဖြေလျော့ပေးတယ်။ သီရိလင်္ကာမှာဆိုရင် Commercial Tax က Software Services တွေအတွက် Waive လုပ်ပေးတယ်။ တရုတ်ပြည်ကျတော့ New High Tax Industry ကို Tax Incentive တွေ အသုံးပြုတာတွေ့ရတဲ့အတွက် သူတို့တွေက Physical Policy ရော၊ Monetary Policy ကော သုံးပြီးတော့ Industry တက်လာအောင် လုပ်ပေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဘာကြောင့် ဒီနိုင်ငံတွေမှာ လုပ်ပေးတာလဲ။ အိန္ဒိယတို့၊ စင်ကာပူတို့ဆိုရင်လည်း ဒါမျိုးဘာလို့လုပ် ပေးနေတာလဲလို့မေးရင် ICT ဟာ Multi Sectorial Development ဖြစ်ဖို့ တအားအရေးကြီးတဲ့နေရာမှာ ရှိတာကြောင့်လို့ ပြောချင်ပါတယ်။
Miracle လို့ ပြောလို့ရှိရင် မြန်မာပြည်ဟာ ၈ ရာခိုင်နှုန်း GDP Growth ရှိနိုင်တယ်လို့ World Bank ရဲ့ Report တစ်ခုမှာက ဖော်ပြထားပါတယ်။ ဒါကိုလည်း World Economic Forum က Fastest Economy ဆိုပြီးပြောထားပါတယ်။ ဒီ Miracle တွေကတော့ Very Near Future မှာ ရောက်လာမှာဖြစ်ပါတယ်။ အခုလက်ရှိတောင် ရောက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ လိုတာက Preparation ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းဆီရဲ့ Institutional Capacity ကို ကျွန်တော်တို့ ပေးဖို့လိုပါတယ်။ Corporate Governance တွေ၊ တစ်ယောက်ချင်းဆီရဲ့ Skill Set တွေကို ကျွန်တော်တို့သိဖို့ လိုတယ်။ ဒါတွေကို ကျွန်တော်တို့ Prepare လုပ်ဖို့ လိုတယ်လို့မြင်ပါတယ်။ နောက်ဆုံးအနေနဲ့တော့ ကျွန်တော်တို့ ဆရာကြီးလည်း ပြောခဲ့သလို အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာပြည်က ကမ္ဘာမှာ Labor Population အမြင့်ဆုံး ဖြစ်ပါတယ်။ အဓိကကတော့ အိန္ဒိယ၊ တရုတ်စသဖြင့် သွားတဲ့အခါမှာ နိုင်ငံအားလုံးနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့နိုင်ငံရဲ့ Labor Population က တအားမြင့်နေပါတယ်။ ကျွန်တော့်အနေနဲ့ စဉ်းစားကြည့်တဲ့အခါမှာ IT အတွက် မြန်မာပြည်က ဘာလုပ်သင့်လဲဆိုရင် စင်ကာပူလို လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က သူများတွေထက်လည်း ပညာရေးပိုင်းမှာ နှစ်နှစ်ဆယ်လောက် အားနည်းခဲ့တာဖြစ်တဲ့အတွက် အခုအချိန်မှာ အားလုံးကို ကိုယ့်ဟာကိုသာလုပ်လို့ရှိရင် အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ Repat တွေ၊ Expariate တွေကို ပြန်ဆွဲခေါ်တဲ့ ပေါ်လစီရှိဖို့လိုပါတယ်။ မြန်မာဆိုတဲ့အစွဲနဲ့ လုပ်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ပညာရှင်တွေကို ဆွဲခေါ်ဖို့လိုအပ်ပါတယ်။ ပေါ်လစီမှန်မှန်နဲ့ Setting ကောင်းတယ်ဆိုရင် မြန်မာနိုင်ငံဟာ တကယ့်ကို ထူးထူးခြားခြား ပြောင်းလဲအောင် မြင်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒေါက်တာအောင်ထွန်းသက်
ဒေါက်တာထွန်းသူရသက် ပြောတဲ့အထဲမှာ သတိထားစေချင်တာက Multi Sectorial လို့ ပြောသွားတယ်။ ဒါကြောင့် IT Sector အနေနဲ့ Agricultural Sector ကို ကြည့်ရမယ်၊ Tourism Sector ကို ကြည့်ရမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကပြဿနာဟာ Dicotamy ပြဿနာဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့ High End လုပ်မလား၊ Low End လုပ်မလားဆိုပြီးရှိပါတယ်။ မြန်မာပြည်ဟာ တောက်လျောက်နိုင်ငံရေးမတည်ငြိမ်တာ၊ စီးပွားရေးမတည်ငြိမ်တာတွေ ဖြစ်ခဲ့ပါတယ်။ အရာရာမှာ High End သွားမှာလား၊ Low End သွားမှာလား ရွေးခိုင်းတဲ့ ပြဿနာရှိခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင် High End လည်း သွားဖို့လိုသလို Low End လည်း သွားဖို့လိုပါတယ်။ မဟုတ်ရင် ကျွန်တော်တို့နိုင်ငံမှာက ဒါကြိုက်သလား၊ ဟိုဟာကြိုက်သလားဆိုပြီးရွေးခိုင်းတဲ့ ပြဿနာဖြစ်နေပါတယ်။ နောက်ပြီး မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်း Sector ကို ကြည့်ရင်လည်း မြန်မာပြည်က ဘဏ်တွေရဲ့ Business Model က Branch တွေကို များများဖွင့်တဲ့ Model ဖြစ်နေတာကို တွေ့ရပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ဘဏ်တွေနဲ့ ထိတွေ့သူက ၁၀ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး။ မြန်မာပြည်မှာ လူဦးရေက ၅၁ သန်းပဲရှိတာကြောင့် ဘဏ်နဲ့ထိတွေ့တဲ့ လူဦးရေဟာ ၁၀ သန်းတောင် မကျော်ပါဘူး။ ဒါကြောင့် ဘဏ်တွေအနေနဲ့ ဘဏ်တစ်ခုက ဘဏ်ခွဲတွေဖွင့်ရင် ကျန်တဲ့ဘဏ်တွေကလည်း ဘဏ်ခွဲတွေလိုက်ဖွင့်တာထက် ဘဏ်နဲ့မထိတွေ့တဲ့လူတွေ ဘဏ်နဲ့ထိတွေ့အောင် ဘာလုပ်မလဲဆိုပြီး အစီအစဉ်တွေ ချမှတ်ဖို့လိုတယ်လို့ အကြံပြုလိုပါတယ်။ ဒီအတွက်ကို Telecommunation ၊ IT Sector ၊ Mobile Banking က အဓိက ကျပါတယ်။ ဒါဟာ မြန်မာပြည်အတွက် စဉ်းစားသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာ Inclusive Financing ၊ Financial Inclusion ဖြစ်ဖို့ လိုပါတယ်။ လယ်သမားတွေ ငွေချေးတဲ့အခါမှာ မိုဘိုင်းနဲ့ချေးလို့ရအောင် တစ်ကမ္ဘာလုံးမှာ နာမည်အကြီးဆုံးကင်ညာနိုင်ငံကို နမူနာယူဖို့ လိုပါတယ်။
နောက်ဆုံးအနေနဲ့ မြန်မာပြည်မှာ BOP ပုံစံအသစ်ကို ထဲထဲဝင်ဝင်လက်ခံဖို့ လိုတယ်လို့ အကြံပြုလိုပါတယ်။ Bottom of the Pyramid (BOP) သီအိုရီဟာ အင်မတန်အကျိုးရှိပါတယ်။ ဒီသီအိုရီဟာဆယ်စုနှစ်တောင် သက်တမ်းမရှိသေးပါဘူး။ ဒါကိုနားလည်စေချင်ပါတယ်။ နိုင်ငံရဲ့လူမှုစီးပွားရေးကို သုံးသပ်ရင် တြိဂံလို၊ ပိရမစ်လို သုံးသပ်လို့ရပါတယ်။ ဒီလိုသုံးသပ်လိုက်ရင် စီးပွားရေးသီအိုရီစာအုပ်တွေမှာ ရေးထားတာက တိုင်းပြည်တိုးတက်ရင် Top Earner လို့ခေါ်တဲ့ နိုင်ငံရဲ့ အချမ်းသာဆုံးလူတွေနဲ့ အလယ်မှာရှိတဲ့ Middle Class လူတန်းစားတွေကို Focus လုပ်ရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီသီအိုရီကို ချေဖျက်တာက ဘာလဲဆိုရင် အဲလိုသာလုပ်ရင် BOP လို့ခေါ်တဲ့ နိုင်ငံရဲ့အောက်ခြေလူတန်းစားတွေကို ချန်ထားခဲ့သလို ဖြစ်သွားမယ်။ အောက်ကလူတွေဟာ ဝယ်လိုအားမရှိပေမဲ့ Volume များတယ်။ ဒါကြောင့်မို့ သူတို့ကို ရောင်းနိုင်ရင် စီးပွားရေးတက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက အများကြီးမဝယ်နိုင်ကြပါဘူး။ မြန်မာပြည်အနေအထားအရ ဥပမာတစ်ခုကို ပြရမယ်ဆိုရင် ခေါင်းလျှော်ရည်ဆိုရင် ဆင်းရဲတဲ့လူတွေအနေနဲ့ တစ်ပုလင်းလုံး မဝယ်နိုင်ဘူး။ ဒါပေမဲ့ တစ်ထုပ်စီတော့ ဝယ်နိုင်တယ်။ ဆပ်ပြာလည်း ဒီအတိုင်းပဲ။ ဆပ်ပြာအတုံးကြီး တစ်တုံးလုံး မဝယ်နိုင်ပေမဲ့ အသေးလေးတွေ ထုတ်ပြီးရောင်းရင်တော့ ဝယ်နိုင်ပါတယ်။ တချို့တွေက စီးပွားရေးတွက်ခြေကိုက်မှုကို ကြည့်တဲ့အခါမှာ အထုပ်သေးသေးလေးတွေ ထုပ်ရင်စရိတ်ကုန်တယ်၊ တွက်ခြေမကိုက်ဘူးဆိုပြီး ပြောကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စီးပွားရေးမှာ တွက်ခြေကိုက်ဖို့၊ အောင်မြင်ဖို့ဆိုရင်Top Earner ၊ Middle Earner တွေကိုချည်းပဲ ကြည့်လို့မရပါဘူး။ ဆင်းရဲတဲ့လူတွေမှာ Spending Power မရှိဘူး ဆိုပေမဲ့ သူတို့မှာ Volume ရှိတယ်။ လူတွေအများကြီးက တစ်ထောင်ဖိုးဝယ်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့ဈေးကွက်က တစ်သိန်းရှိရင် သိန်းတစ်ထောင်ဖိုးဖြစ်လာမယ်။ ဒါကိုစဉ်းစားစေချင်ပါတယ်။
Tourism ဖက်ကို ပြောတဲ့အခါမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လုံးဝမရှိတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ နိုင်ငံခြားမှာ Tourism တွေကို ဖိတ်ခေါ်တဲ့အခါမှာ သူတို့အားကိုးတာ၊ မျှော်လင့်တာ သုံးခုရှိပါတယ်။ လွယ်လွယ်ကူကူ ပြောရရင် S သုံးလုံးဖြစ်ပါတယ်။ Sun ဆိုတဲ့နေကို ကြိုက်လို့လာတယ်။ Sea ဆိုတဲ့ ပင်လယ်နားမှာနေချင်တယ်။ ပင်လယ်နဲ့တွဲဖက်ပြီးတော့ Sand ဆိုတဲ့ သဲသောင်ပြင်ကို ကြိုက်တယ်။ ဒီနေ့မနက်မှာပဲ ဂျာနယ်မှာ ၂၀၁၅-၁၆ မှာ ငပလီကမ်းခြေဟာ အာဆီယံမှာ အကောင်းဆုံးလို့ ဖတ်လိုက်ရပါတယ်။ မြန်မာပြည်မှာ ဒီ S သုံးလုံးလုံး ရှိရုံတင်မကဘဲ စတုတ္ထ S ဖြစ်တဲ့ Snow လည်း ရှိပါတယ်။ တခြားနိုင်ငံတွေမှာ လုံးဝမရှိပါဘူး။ Snow တောင်မှ မြန်မာပြည်မှာက ၁၂ လရာသီ ရှိတာဖြစ်ပါတယ်။ ဒါဟာ Tourist Destination အတွက် တအားကို ကောင်းမွန်ပါတယ်။ Tourism ကို ပြောရင် Recreational Tourism နဲ့ Cultural Tourism ဆိုပြီး နှစ်မျိုးရှိပါတယ်။ အီဂျစ်ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေက Top Destination ဖြစ်လာတယ်။ ဒါပေမဲ့ သူတို့တွေက အီဂျစ်ရဲ့ Culture ဖြစ်တဲ့ ပိရမစ်တွေကိုပဲ သွားကြည့်ကြတာဖြစ်ပါတယ်။ အီတလီတို့၊ ရောမတို့မှာဆိုရင်လည်း Cultural Tourism က တအားအောင်မြင်ပါတယ်။ ဟာဝိုင်ရီဆိုရင် Recreational Tourism ပဲ ရှိတာဖြစ်ပါတယ်။ မြန်မာပြည်မှာက Cultural Tourism ရော၊ Recreational Tourism ရော နှစ်ခုလုံးရှိပါတယ်။ ပုဂံတို့၊ မြောက်ဦးတို့၊ သရေခေတ္တရာတို့ဆိုရင် Cultural Tourism အရ ဆွဲဆောင်နိုင်ပြီး ပင်လယ်ကမ်းခြေတွေမှာဆိုရင် Recreational Toursim လုပ်နိုင်သလို ကချင်ပြည်နယ်ဖက်ခြမ်းတွေမှာဆိုလည်း ကြည့်စရာတွေ မကုန်နိုင်ပါဘူး။ တကယ်တော့ Tourism လုပ်ငန်းဆိုတာ မီးခိုးမထွက်တဲ့ စက်ရုံလုပ်ငန်းလို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ Tourism ကို Tourism Sector အနေနဲ့ မကြည့်ဘဲ ဒေါက်တာထွန်းသူရသက်တို့ ပြောသလို Intersectoral ကြည့်လိုက်ရင် ဒါဟာ အလုပ်အကိုင်အခွင့်အရေးတွေ အများကြီးပေးနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ ဧည့်လမ်းညွှန်တွေ၊ ဘုရားဈေးသည်တွေစသဖြင့်နဲ့ Tourism က Value Chain ကို အများကြီးဖန်တီးပေးပါတယ်။ Transportation လည်း Tourism က ဖန်တီးပေးပါတယ်။ မိုဘိုင်းနည်းပညာ ရှိတဲ့အတွက်လည်း ခရီးသွားလုပ်ငန်းအတွက် ပိုပြီးမြန်ဆန်လွယ် ကူလာစေပါတယ်။ မြန်မာပြည်အနေနဲ့ Tourism ကို အားပေးတဲ့အနေနဲ့ Tourism Year တွေ၊ ဘာတွေလုပ်ပါလို့ အကြံပြုရင်း ဦးသက်လွင်တိုးကို ဆက်လက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးသက်လွင်တိုး
Tourism မှာလည်း e Tourism ကနေ M Tourism ဖြစ်လာတယ်။ Mobile Tourism ခေတ်ရောက်လာပါတယ်။ အရင်က လေယာဉ်လက်မှတ်ဝယ်မယ်ဆိုရင် Air Line ရုံးကိုသွားပြီးတော့ Sticker ကပ်ရတယ်၊ ရက်ပြောင်းချင်ရင်လည်း အဲဒီကိုပဲထပ်သွားရတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ မိုဘိုင်းထဲမှာရှိတဲ့ Bar Code နဲ့ပဲ Scan ဖတ်ပြီး Boarding Pass ထုတ်သွားတာမျိုးတွေ ဖြစ်လာပြီ။ Program တွေကိုလည်း ဒီကနေ Download လုပ်လိုက်ရုံပဲ ဖြစ်တာကြောင့် Paperless ဖြစ်လာတယ်။ ကျွန်တော်တို့က e ခေတ်တောင် မဟုတ်တော့ဘဲ M ခေတ် ဖြစ်လာနေပါပြီ။ တော်တော်များများလည်း e Government လို့ ကြွေးကြော်နေသေးပေမဲ့ M Government လို့လည်း ပြောလို့ရလာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ကျွန်တော်တို့က နေပြည်တော် သွားစရာမလိုဘဲ ဟိုတယ်ခရီးနဲ့အစည်းအဝေးပွဲတစ်ခုကို Mobile နဲ့တင် ပြုလုပ်ခဲ့ပါတယ်။ Conference Call Fascility မရှိပေမယ့်လည်း ကျွန်တော်တို့ကတော့ မိုဘိုင်းနဲ့ပဲ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို တစ်နာရီအတွင်းမှာ လုပ်လာနိုင်ခဲ့တယ်။ နေပြည်တော်ကို သွားရင် ကုန်မယ့်စရိတ်နဲ့ အချိန်တွေ သက်သာသွားပါတယ်။ ဒါဟာခေတ်ရဲ့ ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီနေ့ Tourism မှာ စိန်ခေါ်မှုတွေ ရှိသလို အခွင့်အလမ်းတွေလည်း အများကြီးရှိပါတယ်။ Tourism ဟာ တစ်နှစ်ထက် တစ်နှစ်လည်း တိုးတက်လာတယ်။ Tourism ဟာ ၂၀၁၁ ခုနှစ်မှာ သိန်းဂဏန်းလောက်ပဲ ရှိရာကနေ နှစ်စဉ်တစ်သန်းလောက်တတ်လာတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် ၄.၆၈ သန်းရှိလာပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ၃.၀၈ သန်းကနေ ၄.၆၈ သန်းကို တက်လာတယ်ဆိုတဲ့ Growth က တော်တော်များပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေးက စာရင်းထုတ်တဲ့ Report အရဆိုရင် တကယ်တမ်း ရေလမ်းကဝင်တဲ့လူ၊ ကုန်းလမ်းက ဝင်တဲ့လူတွေထဲက Tourist Destination တွေကို သွားလည်တဲ့ခရီးသည်တွေကိုပဲ ရေတွက်ထားတာ ဖြစ်ပါတယ်။ ပြီးတော့မှ လမ်းကြောင်းကနေလာတဲ့ ဧည့်သည်တွေကို ကြည့်တဲ့အခါမှာ ၁.၃ သန်းပဲ ရှိတာကို တွေ့ရပါတယ်။ စုစုပေါင်းက ၄.၆၈ သန်းဆိုတော့ ကျန်တဲ့ ၃.၃ သန်းလောက်က Tourist တွေ မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ နယ်ခြားကနေ မနက်လာ၊ ညနေပြန်တဲ့ Visa Run တွေဖြစ်ပါတယ်။ Third Country တွေလည်းပါသလို အိမ်နီးချင်းနိုင်ငံတွေက ကုန်သည်အနေနဲ့လာတာတွေလည်း ရှိသလို ခဏလာလည်တာတွေလည်း ရှိပါတယ်။ နိုင်ငံမှာတစ်နေ့ အနည်းဆုံးနေရမယ်၊ ဒေသတစ်ခုမှာ အပန်းဖြေဖို့ ရည်ရွယ်ချက်နဲ့ သွားရမယ်။ ပိုက်ဆံဖြုန်းနိုင်စွမ်းရှိမယ်ဆိုရင် ကျွန်တော်တို့က Traveller လို့မခေါ်ဘဲ Tourist လို့တော့ ပြောနိုင်ပါတယ်။ ဒါကို အခြေပြုပြီး ရင်းနှီးမြှုပ်နှံသူတွေက ဒီကနေ့ ဟိုတယ်တွေမှာပဲ ကားတွေ၊ လေယာဉ်တွေ တိုးချဲ့လာကြတယ်။ လေကြောင်းလိုင်းတွေဆိုရင်လည်း နှစ်နှစ်အတွင်းမှာတင် နှစ်ဆလောက် တက်လာပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းပေါင်း ကိုးခု၊ ဆယ်ခုလောက်ရှိလာသလို လေယာဉ်ကလည်း ပြည်တွင်းမှာ ပြေးဆွဲဖို့ကို တစ်ဒါဇင်လောက်ရှိလာပြီ ဖြစ်ပါတယ်။ နိုင်ငံတကာကနေလည်း အွန်လိုင်းကနေ ပြေးနေတဲ့ လေကြောင်းလိုင်းတွေ ရှိလာပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက Regional Airline အဆင့်မှာပဲ ရှိပါသေးတယ်။ နိုင်ငံတကာအဆင့်မဟုတ်သေးပါဘူး။ Long Haul တိုက်ရိုက်ပျံနိုင်မယ့် အနောက်ကမ္ဘာဘက်ကနေလာတဲ့ လေယာဉ်တွေ မဟုတ်သေးပါဘူး။ ဒါကြောင့် မြန်မာပြည်ဟာ Secondary Destination လက်ဝေခံသဘောလောက်ပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။ မြန်မာပြည်ကို လာလည်နေတဲ့ Tourist လို့ ယူဆရတဲ့ တစ်သန်းပတ်လည်လောက်ထဲကမှ ပြန် Analysis လုပ်ကြည့်ရင် ၂၀၁၄ တုန်းက Package Tour က ၂၂ ရာခိုင်နှုန်း Accumency ရှိတယ်။ ဒီနှစ် ၂၀၁၅ စာရင်းချုပ်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်း လျော့နည်းလာတယ်။ Free Independent Traveller (FIT) ကလည်း မနှစ်က ၃၀ ရာခိုင်နှုန်းရှိခဲ့ရာကနေ ဒီနှစ်မှာ ၂၄ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ Business Traveller တွေက ၂၀၁၄ တုန်းက ၁၉ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းထိ လျော့နည်းလာပါတယ်။ Social Visitor တွေကတော့ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ တခြားကိစ္စနဲ့ လာတဲ့လူတွေကတော့ ၂၅ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းထိ တက်လာပါတယ်။ ပြန်ကြည့်ရင်တော့ Tour ကုမ္ပဏီတွေဟာ မနှစ်က ၁၆၂၃ ခုပဲ ရှိခဲ့ရာကနေ ဒီနှစ်မှာ ၁၉၄၆ ခုဖြစ်လာပါတယ်။ ဒီထဲမှာမ FDI ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုကို ၁၉၉၃ ခုနှစ်တုန်း Komy လို့ခေါ်တဲ့ ကိုရီးယား Tour ကုမ္ပဏီ တစ်ခုပဲရှိပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေကတော့ Joint Venture လုပ်ကြတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ Joint Venture လုပ်ကြတဲ့ Tour ကုမ္ပဏီတွေကတော့ မနှစ်က ၃၃ ရာခိုင်နှုန်းကနေ ၆ ကုမ္ပဏီထပ်တိုးတော့ ၃၉ ရာခိုင်နှုန်း တက်လာပါတယ်။.
ကျွန်တော်တို့က Demand နဲ့ Supply ပြန်ကြည့်တဲ့အခါမှာ Guide တွေက အရင်နှစ်တွေတုန်းက ၄,၈၀၀ ကျော်ရှိရာမှာ ဒီနှစ်မှာ ၅,၆၀၀ ဖြစ်လာပါတယ်။ ဒါတောင် Regional Guide အရေအတွက် တစ်ထောင်လောက် မပါသေးပါဘူး။ Conductor တွေကို ဒေသအစိုးရတွေနဲ့ Guide Association တွေပေါင်းပြီး Training လုပ်တာတွေလည်း ၁,၅၀၀ လောက်ရှိတော့ ဒီနေ့ Guide တွေကလည်း ၇,၀၀၀၊ ၈,၀၀၀ ရှိလာပါတယ်။ မြန်မာပြည်မှာ တစ်ခုလုံးအနေနဲ့ ဟိုတယ်အခန်းတွေကလည်း ငါးသောင်းလောက်ရှိလာပြီ။ လက်ရှိ Register လုပ်ထားတဲ့ ဟိုတယ်ကလည်း ၁,၄၀၀ လောက်ရှိပါပြီ။ ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် လေးရာနီးပါးလောက် ရှိလာပါတယ်။ အဲဒီတော့ ဝင်ရောက်လာတဲ့ ဧည့်သည်က တစ်သန်းနီးပါးလောက်မှာ ကိုယ့်အိမ်မှာတည်းတဲ့ လူတွေလည်းရှိသလို အဆင်ပြေသလို သွားနေကြတဲ့လူတွေလည်းရှိတော့ ကျွန်တော်တို့အနေနဲ့ Tourist တွေကို ပြန်ပြီး Review လုပ်ဖို့လိုပါတယ်။ Tourist တွေပဲ Spending Power ကောင်းကောင်းနဲ့ ဒီမှာလာသုံးပြီး ပြန်သွားကြတာဖြစ်ပါတယ်။ ကျန်တဲ့လူတွေကတော့ ဒီမှာ အကြောင်းအမျိုးမျိုးကြောင့်နဲ့ နေခဲ့ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က တကယ့် Tourism Industry ကို Focus လုပ်နိုင်မယ့် Research လုပ်ဖို့ အင်အားက အားနည်းနေပါသေးတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနကလည်း ဒီစာရင်းဇယားတွေပဲ ကြည့်ပြီးတော့ လုပ်ကိုင်နေတဲ့အခါမှာ တချို့ရင်းနှီးမြှုပ်နှံသူတွေဟာ မှားယွင်းတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တာတွေကြောင့် Over Supply ဖြစ်နေပါတယ်။ နေပြည်တော်မှာရှိတဲ့ ဟိုတယ်သုံးခုဆိုရင် ဟိုတယ်တွေ များလွန်းနေတဲ့အတွက် ပိတ်ပစ်လိုက်ရတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ Negative ကို ပြောတာတော့ မဟုတ်ပါဘူး။ အမှန်ကိုမြင်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ Tourism လုပ်ငန်းဟာ Infrastructure တွေဖြစ်တဲ့ ဟိုတယ်တွေ လုံလောက်ပြီ၊ လေကြောင်းလိုင်းတွေကလည်း အများကြီးရှိနေပြီ။ Guide သင်တန်းဆင်းတွေလည်းရှိလာပြီ။ BA Tourism တွေလည်း နောင်နှစ်ဆိုရင် အယောက်သုံးရာလောက် မွေးထုတ်ပြီးပြီ။ ဒါတွေအားလုံးဟာ Value Added ဖြစ်ဖို့လိုပါတယ်။ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ဟာ အိမ်သာလို့ ဧည့်လာတယ်။ ဒါပေမဲ့ လာတဲ့ဧည့်သည်တွေက ထင်သလောက်မဝင်သေးတာက နိုင်ငံရေးကြောင့်လည်း ပါပါတယ်။ တိုင်းပြည်ကတော့ အေးချမ်းသာယာမှုတော့ ရှိလာပါပြီ။ မြန်မာပြည်မှာ ပြည်ပကနေတိုက်ရိုက် လေယာဉ်ကြီးတွေ ဆိုက်မယ်၊ Capacity လည်းကောင်းအောင် ပိုလုပ်နိုင်မယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကို Tourist တွေလာပြီးရင် နောက်ထပ်ပြန်လာဖို့က တော်တော်နည်းပါတယ်။ ဟိုတယ်တွေကလည်း ဈေးတွေ တအားတက်လာတယ်။ ဒါပေမဲ့ တကယ်ကောင်းမွန်တဲ့ ဝန်ဆောင်မှုကိုတော့ ပြန်မပေးလာနိုင်ဘူး။
ဒီနေ့မှာတော့ ကျွန်တော်တို့က Software ကိုပဲ အဓိကသုံးရတော့မယ်။ ကျွန်တော်တို့အနေနဲ့ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်။ ၂၀၁၄ တုန်းက ကျွန်တော်တို့တွေ Personal Cruise တွေ Handle လုပ်ခဲ့တာ ၁၈ စီးဝင်လာပြီး ၂၀၁၅ မှာ ၂၆ စီးဝင်လာပါတယ်။ အခု ၂၀၁၆ ခုနှစ်မှာ အစီး ၃၀ လောက် ဝင်မယ့်သဘောရှိတဲ့အတွက် ၁၇၅ ရာခိုင်နှုန်း တိုးတက်နေပါတယ်။ Personal Cruise တွေက နှစ်ရက်သုံးရက်လောက်ပဲ လာသွားပေမဲ့ သူတို့မှာပါလာတဲ့ ဧည့်သည်တွေကတော့ Mouth to Mouth Promotion အရ တစ်ခေါက်နဲ့ အားမရလို့ ပြန်လာတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Rivering Cruise တွေဆို ဧရာဝတီမြစ်ထဲမှာ အခု ၂၄ စီးလောက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကစခဲ့တဲ့ Luxury Cruise တွေက အခုဆိုလူတိုင်း လိုလိုလုပ်ကြတဲ့အတွက် တဖြည်းဖြည်းနဲ့များလာပါတယ်။ မိုးပျံဘောလုံးဆိုလည်း ပုဂံဒေသတစ်ခုတည်းမှာတင် ၂၁ လုံး ရှိပါပြီ။ မြန်မာပြည်တစ်ပြည်လုံးမှာဆိုရင် အလုံးသုံးဆယ်လောက်ရှိနေတော့ Supply ကတော့ လိုက်လာပြီဆိုပေမဲ့ ဒါတွေကိုဖြုန်းနိုင်မယ့် ထိရောက်တဲ့ဧည့်သည်တွေရှိဖို့ လိုပါတယ်။ အဲဒီအတွက် Package Tour တွေမြင့်ဖို့ လိုပါတယ်။ Package Tour တွေမြင့်မှ Tour ကုမ္ပဏီတွေ အလုပ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် ၂၀၀၀ သော Tour ကုမ္ပဏီတွေမှာ ငုတ်တုတ်ထိုင်နေရတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဒါကြောင့် ဈေးကွက်ရဖို့၊ ဈေးကွက်ထိုးဖောက်ဖို့အတွက် Cruise Tourism ကို Market Leader စလုပ်ခဲ့တယ်။ ဈေးကွက်မှာ Challenging ကြုံရင် ပြိုင်ဆိုင်မှုတွေ တက်လာပါတယ်။ ပြိုင်ဆိုင်မှုတွေ တက်လာတာကြောင့် စီးပွားရေးက တိုးတက်လာနိုင်ပါတယ်။ တချို့ကတော့ Market Follower အနေနဲ့ပဲ သွားနေကြပါတယ်။ ဒါပေမဲ့ တကယ်တော့ Lead လုပ်ရမယ့် ဈေးကွက်တွေ အများကြီးရှိနေပါသေးတယ်လို့ ပြောချင်ပါတယ်။
ခြုံကြည့်ရင်တော့ Tourism က အခြေအနေ ကောင်းလာပြီလို့ ပြောလို့ရပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ Volume Tourism ကြီးပဲ သွားတာထက် Valued Tourism ကို သွားစေချင်တယ်လို့ တိုက်တွန်းချင်ပါတယ်။ Tourism ဥပဒေကိုလည်း လာမယ့်လွှတ်တော်မှာ အတူပြုရင်တော့ ပိုမိုသမမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ Tourism ဝိုင်းတော်သားတွေ အားလုံးကလည်း တက်ညီလက်ညီနဲ့ လုပ်မယ်ဆိုရင်တော့ သေချာပေါက်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
ဒေါက်တာအောင်ထွန်းသက်
Tourism ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးကိုလည်း ဖန်တီးပေးပါတယ်။ သတိထားဖို့လိုတာက Tourism မှာ ကောင်းတာရှိသလို မကောင်းတာတွေလည်းပဲ ပါလာပါတယ်။ ဒါကြောင့် Responsible Tourism ဖြစ်ဖို့၊ စဉ်းစားဖို့လိုပါတယ်။ Tourism ဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ အဆင့်အတန်းကို ထင်ဟပ်စေတာ ဖြစ်တဲ့အတွက် ပုဂံကို နိုင်ငံခြားသားဧည့်သည်တွေ လာလည်တဲ့အခါမှာ တောင်းစားနေတဲ့သူတွေရဲ့ကဏ္ဍကို ခပ်ပေါ့ပေါ့၊ ခပ်လွယ်လွယ် စဉ်းစားလို့မရဘူးလို့ အကြံပြု တိုက်တွန်းလိုပါတယ်။ Tourism မှာ ဖြစ်နေတဲ့ Volume နဲ့ Value နှစ်ခုလုံးကို တိုးတက်အောင် ပြုလုပ်သင့်တယ်လို့လည်း ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
မြန်မာပြည်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍကို ကြည့်ရင် မြန်မာပြည်ရဲ့ စိုက်ဧကက ဗီယက်နမ်နဲ့ သိပ်မကွာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အထွက်နှုန်းမှာကျတော့ ကိုယ့်ထက် ဗီယက်နမ်က ခုနှစ်ဆလောက် များနေတာကို တွေ့ရပါတယ်။ နောက်တစ်ခု သတိထားမိတာက ကျွန်တော်တို့ဆီမှာက Value Added မဖြစ်သေးတဲ့အတွက် ကိုယ်လိုချင်တဲ့ ငွေကြေးကို မရသေးဘူး ဖြစ်နေပါတယ်။ ပဲဆိုရင် သိပ်ကိုကောင်းတဲ့ ဈေးကွက်က အိန္ဒိယမှာ ရှိပေမဲ့ ရှိတဲ့ပဲတွေကို အခုက ဒီပုံစံအတိုင်းပဲ ရောင်းနေပါတယ်။ Process မလုပ်ဘဲ ရောင်းတဲ့အခါမှာ လိုချင်တဲ့ Income ကို မရပါဘူး။ ဒါကြောင့် ဒီ Sector မှာ တကယ့်ကို Value Added ဖြစ်အောင်လုပ်ဖို့ လိုနေပါတယ်။ ဆန်စက်တွေကို ကြည့်ရင် Post Harvest Lost ဆန်ရိတ်ပြီးတဲ့အခါမှာ၊ စပါးရိတ်ပြီးတဲ့အခါမှာ ကြိတ်ခွဲတဲ့အခါမှာ လေလွင့်ဆုံးရှုံးမှုတွေ အများကြီးဖြစ်နေသေးတယ်ဆိုတာကို တွေ့ရပါတယ်။ သန်လျင်ကို သွားလို့ရှိရင် လမ်းမပေါ်မှာ စပါးတွေ ဖျာခင်းပြီးတော့ ကားတွေသွားတာမျိုးနဲ့ ကြိတ်ခွဲနေတာမျိုးတွေကို ပြုလုပ်နေပါတယ်။ အဲဒီအခါမှာ ဆုံးရှုံးမှုတန်ဖိုးက တော်တော်လေးကို များပါတယ်။ Milling Waste က တော်တော်များများပါတယ်။ ဆန်စက်တွေကလည်း အရည်အသွေးမမီတော့ဘူး။
တကယ့်ကို Potential ရှိနေတဲ့ Agribusiness ကို မြှင့်တင်ဖို့လိုပါတယ်။ နောက်ပြီး Agri ကို Food Security အနေနဲ့လည်း စဉ်းစားဖို့လိုပါတယ်။ နေရာတိုင်းလိုလိုမှာ အစားအသောက်နဲ့ပတ်သက်လို့ လုံခြုံမှုရှိအောင် ဖန်တီးနေကြပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ Food Security အားနည်းတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံထဲမှာ လုံလောက်တဲ့ Food မရှိဘူး။ ဒါကြောင့်လည်း ကိုယ့်ရဲ့ဈေးကွက်က တကယ့်ကို Natural Market ဖြစ်နေတာဖြစ်ပါတယ်။
လယ်ယာထွက်ပစ္စည်းတွေနဲ့ ပတ်သက်ရင်လည်း အရင်ကလုံးဝမရှိတဲ့ တောင်ကြီးမှာ စပျစ်သီးတွေ စိုက်ပြီး ဝိုင်ထုတ်တဲ့လုပ်ငန်းဟာ တကယ်ကို Export လုပ်နိုင်တဲ့ အနေအထားကို ဖြစ်လာပြီဆိုတာကို တွေ့ရပါတယ်။ ကြံဆိုရင်လည်း အရင်တုန်းကလို ကြံသကာ ချက်တာတင်မဟုတ်တော့ဘဲ လတ်တလော Energy အတွက်ကို လုပ်နိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အမှန်တကယ် အားထားရာ စိုက်ပျိုးကဏ္ဍကို အမှန်တကယ် အံ့သြဖွယ်ကောင်းလောက်တဲ့အထိ တိုးတက်အောင် ဦးရဲမင်းအောင်က တင်ပြမှာဖြစ်ပါတယ်။
ဦးရဲမင်းအောင်
ကျွန်တော်တို့ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍမှာ စားနပ်ရိက္ခာပြည့်စုံဖို့၊ Food Security ဖြစ်ဖို့၊ ကျွန်တော်တို့ရဲ့ Future Generation ပိုင်းတွေက တကယ့်ကို ကာယပိုင်းမှာရော၊ ဉာဏပိုင်းမှာပါ Capable ဖြစ်အောင် Build လုပ်ဖို့ Nutriency ဖြစ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ Agricultural Sector ကို ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် ကောက်ပဲသီးနှံတွေ ဖြစ်တဲ့ ဆန်စပါး၊ ပဲမျိုးစုံတို့ပါသလို ဆီထွက်သီးနှံတွေဖြစ်တဲ့ နေကြာ၊ မြေပဲ၊ နှမ်း၊ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ရာဘာ၊ ဆီအုန်း စသဖြင့်ရှိပါတယ်။ သစ်တောတွေ သယံဇာတတွေဟာလည်း စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍမှာ ပါပါတယ်။ စိုက်ပျိုးရေးလို့ ပြောလိုက်ရင် Rearing နဲ့ Caring of Agriculture and Plant ဖြစ်တဲ့အတွက် ကျွန်တော်တို့က Live Stock Industry တစ်ခုတည်းကိုပဲ အလေးထားလို့မရပါဘူး။ ဒီကဏ္ဍတွေ အကုန်လုံးဟာ အင်မတန်ကိုကြီးတဲ့ ကျွန်တော်တို့ရဲ့ Primary Sector ကြီး၊ Primary Producer ကြီးဖြစ်ပါတယ်။ မြန်မာပြည်မှာ လယ်သမားတွေ၊ လယ်လုပ်သားတွေအများကြီး ရှိပါတယ်။ လယ်သမားကြီးတွေ၊ လုပ်ကွက်ငယ်လယ်သမားတွေ၊ လယ်ယာမပိုင်ဆိုင်သေးတဲ့ လယ်သမားတွေ၊ လုပ်သားတွေ စသဖြင့် အများကြီးရှိတဲ့အတွက် ဒီ Sector ဟာ တအားကိုကျယ်ပြန့်ပြီး ကျန်တဲ့ Sector တွေအနေနဲ့လည်း ကျွန်တော်တို့က တကယ့်ကို အရေးကြီးတဲ့ Sectorial Devlopment ဖြစ်စေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီကဏ္ဍမှာပါနေတဲ့ ဆန်စပါးကို ကြည့်မယ်ဆိုရင် သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ သိသိသာသာတိုးတက်လာပါတယ်။ ဥပမာ- ကျွန်တော်တို့က ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကနေစပြီး ၂၀၁၅ ခုနှစ်ထိ လေးနှစ်ဆက်တိုက် ကျွန်တော်တို့ဆန်ကို တစ်သန်းကျော် တင်ပို့နိုင်ခဲ့တယ်။ ပြည်တွင်းရဲ့ Security ကို မထိခိုက်ဘဲနဲ့ ကမ္ဘာမှာ လေးနှစ်ဆက်တိုက် Above 1 Million Metric Ton တင်ပို့နိုင်ခဲ့တဲ့အတွက် ကမ္ဘာမှာ ကျွန်တော်တို့က Turning Point တစ်ခုကို ကျော်သွားပါတယ်။ တစ်နည်းအားဖြင့်ပြောရင် ဆန်စပါးက Global Recognition ရထားပါတယ်။ Global Recognition ရထားတဲ့အတွက်ကြောင့် ကျွန်တော်တို့က Global Supply Chain ကို Integrated လုပ်နိုင်အောင် ပြင်ဖို့ရှိပါတယ်။ ပဲဆိုရင်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တကယ့်ကို Value Added များဆုံးတင်ပို့တဲ့ နိုင်ငံတွေဖြစ်တဲ့ ကနေဒါနိုင်ငံနဲ့ သြစတေးလျနိုင်ငံတွေရဲ့ နောက်မှာလိုက်နေပါတယ်။ ကျွန်တော်တို့မှာ ပဲနဲ့ပတ်သက်ရင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိရှာနိုင်တဲ့ Potential တွေလည်း ရှိပါတယ်။ နောက်ပြီး ပဲဆယ့်ကိုးမျိုးလောက်ကို ကျွန်တော်တို့နိုင်ငံမှာတင် စိုက်ပျိုးနိုင်ပါတယ်။ ဒါအပြင် သမရိုးကျစိုက်နေတဲ့၊ လူအများစုစိုက်နေတဲ့ ကုလားပဲ၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ထောပတ်ပဲ၊ ပဲလွန်းစတဲ့ပဲတွေကို Value Added လုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ရောင်းနိုင်မယ့်အနေအထားတွေလည်း ရှိပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင် ကျွန်တော်တို့တိုင်းပြည်မှာ ဆီဟာ Food Security ပိုင်းမှာ တော်တော်လေး အားနည်းနေပါတယ်။ ဆီ၊ Cooking Oil ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် တော်တော်လေးကို ရပ်တည်ဖို့အားနည်းနေတဲ့ အနေအထားဖြစ်ပါတယ်။ အခုဆိုရင် လူတစ်ယောက်ရဲ့ ဆီသုံးစွဲမှုနှုန်း Per Capital Consumption ကလည်း တစ်နှစ်ကို ၁၂ ကီလိုဂရမ်လောက် ဖြစ်လာတယ်။ တစ်နည်းအားဖြင့် Bakery တွေ၊ Confectionery တွေ ကောင်းလာတယ်။ နောက်တစ်ခါ ကျွန်တော်တို့ Food Industry တွေက Diversity ဖြစ်လာတဲ့အခါမှာ မီးဖိုချောင်မှာ သုံးတဲ့ဆီအပြင် Food Industry မှာသုံးတဲ့ ဆီပမာဏများလာတဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်ဟာ ဆီနဲ့ပတ်သက်ရင် တစ်နှစ်ကို အမေရိကန် ဒေါ်လာသန်း ၅၀၀ ဖိုးလောက် စားအုန်းဆီတွေ သွင်းနေရတဲ့ အနေအထားရှိ နေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် တကယ်ကြီးမားတဲ့ Potential ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ၅၁ သန်းဈေးကွက်ရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့က Land-Locked State တွေဖြစ်တဲ့ အာသံတို့၊ မဏိပူရတို့ကို စစ်ကိုင်းဖက်ကနေပြီးတော့ Boarder Trade လုပ်ပြီး တရုတ်ပြည်ဘက်ကိုထုတ်နိုင်တယ်။ နေကြာ၊ ပဲပုပ်ဆီ စတဲ့ Healthy ဖြစ်တဲ့ စားသုံးဆီတွေကို ပြည်တွင်းမှာတင် ထုတ်နိုင်တဲ့အနေအထားရှိရင် Import Substitution ကို စဉ်းစားပြီးတော့ လုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ တိုင်းပြည်ဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမဲ့ ဆီကြိတ်ဖတ်ကနေပြီးတော့ တိရစ္ဆာန်အစားအစာ မွေးမြူရေး Sector အတွက် လုံလုံလောက်လောက်မပေးနိုင်တဲ့အတွက် ဒီအတွက်ကို နိုင်ငံခြားကနေ ပြန်သွင်းနေရပါတယ်။ Animal Feed Industry ကလည်း ကျွန်တော်တို့ နိုင်ငံသားတွေအတွက် Protein ဓာတ်ကို ဖြည့်တည်းပေးနိုင်ပါတယ်။ ကျွန်တော်တို့တွေက သားငါးစားတာ နည်းပါတယ်။ ဆန်ကတော့ ကျွန်တော်တို့တွေက ကမ္ဘာပေါ်မှာ စားသုံးမှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်ရဲ့ ဆန်စားသုံးမှုဟာ တစ်ဦးချင်းကို ၂၀၀ ကီလိုဂရမ်လောက်ရှိပါတယ်။ တခြားနိုင်ငံတွေက ၈၀ ကနေ ၁၀၀ လောက်ထိပဲ ရှိတာဖြစ်တဲ့အတွက် သူတို့ထက် နှစ်ဆလောက်ကျွန်တော်တို့တိုင်းပြည်မှာ စားနေတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က Balance ဖြစ်တဲ့ အသားတို့၊ ငါးတို့ကို ပိုစားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ Live Stock Industry ဟာ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါနဲ့ Animal Feed Stock က သွားဆက်စပ်နေပါတယ်။ Animal Feed Stock ကို ကျွန်တော်တိုYက ဆန်စက်တွေ၊ ဆီစက်တွေ၊ ပဲစက်တွေ ကနေရတာဖြစ်တဲ့အတွက် ဒီစက်တွေဆီကနေ Product တွေကို Value Added လုပ်နိုင်မယ့်အနေအထားရှိမယ်ဆိုရင် သွင်းကုန်အစားထိုး ကုန်စည်လည်း ဖြစ်လာမှာဖြစ်သလို Economic Stimulous လည်း ဖြစ်လာမှာဖြစ်ပါတယ်။
Agricultural Sector မှာ ကျွန်တော်တို့က ပိုပြီးတော့ Diversify ဖြစ်လာမှာဖြစ်ပါတယ်။ ဒါတွေကို စိတ်ဝင်စားတဲ့လူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီဖက်ကာလကို ပြန်ကြည့်တဲ့အခါမှာတော့ မြန်မာပြည်ကို ဝင်လာနေတဲ့ FDI မှာ Agricultural Sector က အနည်းဆုံးပဲ ဖြစ်ပါတယ်။ ဝ.၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုရင် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍက Risk တွေ တအားများတယ်။ နောက်ပြီး Protection တွေ၊ Predictability တွေ၊ Continuality တွေ အားနည်းတယ်။ ဒါတွေကို ကျွန်တော်တို့က ပြုပြင်ဖို့လိုပါတယ်။ ဒါတွေကို လာမယ့်အချိန်ကာလမှာ ပြုပြင်ပြီးတော့ FDI တွေကို စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍကို စီးဝင်လာအောင် Promote လုပ်ရမယ့် အနေအထားတွေကို မြင်ပါတယ်။ အခုလည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
ရာဘာဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ Potential အများကြီးရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆိုတာ စီးပွားရေးလုပ်ငန်းတွေ ကောင်းမှရနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ဆွေးနွေးနေတဲ့ လူတွေလောက်နဲ့တင် ငြိမ်းချမ်းလာမှာ မဟုတ်ပါဘူး။ ဆွေးနွေးတဲ့ လူတွေရဲ့ အပြင်ဖက်မှာရှိတဲ့ လုပ်ကွက်ငယ်လယ်သမားတွေကအစ ငြိမ်းချမ်းဖို့ဆိုရင်တော့ ကျွန်တော်တို့က Agribusiness ကို ဖော်ဆောင်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ ရာဘာစိုက်ခင်းတွေကို ပိုပြီးတော့ ဖော်ဆောင်ရမယ်။ မြေနေရာတွေဦးထားပြီး မစိုက်တဲ့လူတွေ၊ လမ်းဘေးလောက်ပဲ စိုက်တဲ့လူတွေ၊ For Show Cultivation တွေကို ကျွန်တော်တို့က ပြန်လည်သုံးသပ်ပြီး တကယ်စိုက်ချင်တဲ့ လူတွေအတွက် စဉ်းစားပေးဖို့ လိုပါတယ်။ ရာဘာဟာ ခြောက်နှစ်၊ ခုနှစ်နှစ်လောက်ကြာမှ Tapping လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့အနေနဲ့ အခုကတည်းက ရာဘာမျိုးကောင်း၊ မျိုးသန့်တွေကို ယူရမယ်။ ဆီထွက်သီးနှံတွေ၊ လယ်ယာစိုက်ပျိုးရေး တစ်ခုလုံးမှာလည်း ဆန်စပါးအပါအဝင် ပြည်တွင်းက ပဲမျိုးစုံကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ပြီးစနစ်တကျ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဆောင်ရွက်မှရမှဖြစ်ပါတယ်။ နှစ်ရှည်သီးနှံတွေမှာ ကျွန်တော်တို့က တော်တော်ကြီး အားနည်းပါတယ်။ ဒါကြောင့် ဒီနှစ်ရှည်သီးနှံတွေကို ကျွန်တော်တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် စိုက်ပျိုးလုပ်ငန်းကဏ္ဍ ကြီးထွားဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
Coastal Development ကလည်း မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ Marine Bio Diversity ဟာ တော်တော်လေးကို ထူးခြားတဲ့ဝိသေသလက္ခဏာ ရှိပါတယ်။ တနင်္သာရီကမ်းရိုးတန်းဟာဆိုရင် တကယ့်ကို Marine Life ကြွယ်ဝပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ ကျွန်တော်တို့က Enviromental Observation လုပ်ဖို့လိုသလို တဖက်ကလည်း Tourism တို့၊ ဘာတို့ တကယ်တိုးတက်ဖို့အတွက် Enviromental Observation လုပ်ဖို့လိုသလို တစ်ဖက်ကလည်း Marine Species တွေရဲ့ အနေအထားကို စနစ်တကျနဲ့ Conservation and Expitation ကို ပြုလုပ်သင့်ပါတယ်။ Value Added ဖြစ်တဲ့ Processing ကိစ္စတွေကို လုပ်ဖို့ဆိုရင် မြိတ်နဲ့ထားဝယ်၊ ကော့သောင်းလိုနေရာတွေမှာ Value Added Facility တွေ၊ Foreign Investment တွေခေါ်ပြီး ဆောင်ရွက်ရမယ့်အနေအထားဖြစ်ပါတယ်။ Agricultural Sector ကြီးက တအားကို ကျယ်ပြန့်ပါတယ်။ ဒီ Sector မှာ ပြဿနာတွေကလည်း အများကြီးဖြစ်ပါတယ်။ ဒါတွေဟာ ဘယ်အစိုးရပဲတက်တက် ဒီပြဿနာတွေဟာ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကပြန်ကြည့်ရင် ကျွန်တော်တို့က Quick Win နဲ့ Lower High Risk တွေ ချက်ချင်း တိုးတက်အောင်လုပ်မယ်ဆိုရင်တော့ Banking and Finance လိုလာပါတယ်။ Agricultural Sector မှာ မြန်မာ့လယ်ယာနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် MAB ဆိုတာရှိပါတယ်။ ဒီဘဏ်ကို တကယ့်ကို Diversify ဖြစ်အောင်လုပ်ပြီး တကယ် Rural ဘဏ်ဖြစ်လာဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မှ ငြိမ်းချမ်းရေးတွေက အဆင်ပြေပြီးတော့ စိုက်ပျိုးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အပြင် Enabling Environment ကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ Agricultural Sector ရဲ့ Productivity ကို ပြန်ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် နောက်ထပ်အများကြီး လုပ်စရာတွေ ကျန်နေသေးတယ်ဆိုတာကိုတွေ့ရပါတယ်။ ဥပမာ - Agricultural Sector မှာ ထိုင်းနိုင်ငံက အများဆုံးတင်ပို့တဲ့နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံဖြစ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမဲ့ ဈေးထဲသွားကြည့်လိုက်ရင် လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီကအစ အကုန်လုံးက သွင်းကုန်ပစ္စည်းတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကထုတ်တဲ့ ကုန်စည်တွေက Good Agricultral Pratice (GAP) ကို ကောင်းကောင်း မသုံးနိုင်သေးပါဘူး။ ဒါကြောင့် Quality မှာ အားနည်းတယ်။ နောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍမှာ အရေးအကြီးဆုံးက Perishable Foodstaff တွေကို Whole Chain နဲ့ ထားမှရပါမယ်။ ကျွန်တော်တို့ဆီမှာ Storage Facility အားနည်းတဲ့အတွက် ကျွန်တော်တို့က ဖရဲသီးတွေကို မူဆယ်ပို့တယ်ဆိုရင် လမ်းတွေ ပိတ်တယ်၊ Traffic ကလည်းကျပ်တယ်။ ဂိတ်ကလည်း ၁၃ ခုရှိတယ်။ မူဆယ်နဲ့ မန္တလေးမှာ ဂိတ် ၁၃ ခုရှိတဲ့အခါမှာ ကျွန်တော်တို့က Transaction Cost တွေကို ကြည့်ပြီးတော့ ဖရဲသီးကားစင်းလုံး ပစ်လိုက်ရတာ တွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် Warehouse တွေ၊ Infrastructure တွေ၊ Logistic တွေ အရေးကြီးပါတယ်။ ဒီနေရာမှာလည်း Potential တွေအများကြီးရှိပါတယ်။ ပြည်တွင်းတင်မကဘဲ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပြီး ဆောင်ရွက်လို့ရတဲ့ အနေအထားရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဈေးကွက်က တအားကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံက တရုတ်နိုင်ငံကို ဆန်ရယ်၊ ပဲရယ်၊ ပြောင်းဖူးရယ် တစ်ရက်ကို တန်ချိန် ၁၅၀၀၀ သွားပါတယ်။ ဒီတန်ဖိုးက အမေရိကန်ဒေါ်လာ ဆယ်သန်းဖိုးလောက် ရှိပါတယ်။ ဒါက မူဆယ်-လားရှိုးလမ်းကနေ သွားနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ Infrastructure တွေ အများကြီးလုပ်လို့ရပါတယ်။
နောက်ပြီး Agricultural Sector ဟာ Energy ကိုပါ ထုတ်လို့ရပါတယ်။ ကျွန်တော်တို့က Bio Gas ကိုလည်း ထုတ်နိုင်တာဖြစ်ပါတယ်။ စပါးခွံတွေကို လျှပ်စစ်ထုတ်မယ်၊ သစ်တောတွေကထွက်တဲ့ဟာတွေကို လျှပ်စစ်ထုတ်မယ်ဆိုရင် ကျေးလက်ဒေသလျှပ်စစ် မီးရရှိရေးကိုပါ သွားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍဟာ တအားကို ကျယ်ပြန့်တယ်၊ Potential တွေ အများကြီးရှိတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ တကယ့် Bottom of the Pyramid ဖွံ့ဖြိုးဖို့က စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍကို ဦးစားပေးပြီး ဆောင်ရွက်ပြီးတော့ ကျန်တဲ့ Cross Sector Equipment တွေ၊ Collaboration တွေကိုလည်း ဆောင်ရွက်သွားဖို့ လိုပါတယ်။ နောက်ဆုံး FAO ကနေ အမြဲပြောလေ့ရှိတဲ့ တကယ်ကို Pratical ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးဖို့ဟာ ၁၀၊ ၂၀၊ ၇၀ Rule of Thumbs မှာရှိပါတယ်။ ၁၀ ရာခိုင်နှုန်းဟာ Area Expansion အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ Area Expansion ကလည်း တော်တော်ခက်ပါတယ်။ ၂၀ ရာခိုင်နှုန်းက Cropping Pattern နဲ့ Cropping Intensity တစ်သီးစိုက်ကနေ နှစ်သီးစိုက်ရမှာ ဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းက Resarch and Development (R&D) ကနေ လာတာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးဖို့အတွက် FAO ရဲ့ Rule of Thumbs တွေက ပြောလို့ရှိရင် Research and Development နဲ့ ပေါ်လစီ ဖြစ်ပါတယ်။ Biotechnology ဖွံ့ဖြိုးဖို့လိုပါတယ်။ ရာသီဥတုဒဏ်ခံနိုင်တဲ့၊ မိုးခေါင်ဒဏ်ခံနိုင်တဲ့၊ ရေငတ်ဒဏ်ခံနိုင်တဲ့ ပျိုးတွေ၊ ပဲတို့၊ ဆန်တို့ စတာတွေအားလုံးအတွက် ပျိုးတွေရဲ့ R&D ကဏ္ဍဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့တွေက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။
ဒေါက်တာအောင်ထွန်းသက်
ဦးရဲမင်းအောင်ပြောသွားတော့မှပဲ Agricultural Sector ကို FDI တွေ မဝင်လာသေးတာကို သတိထားမိလိုက်ပါတယ်။ အခုဆိုရင် Food Processing ကိစ္စ၊ ပဲတွေ၊ ကုလားပြည်က လာတာတွေ၊ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမလာပေမဲ့ တစ်ဖက်က ကြည့်ပြန်ရင် ပြည်တွင်းလုပ်ငန်းရှင်တွေမှာ Innovative Creative ဖြစ်နေတာတွေ့ရပါတယ်။ အရင်တုန်းကဆို ငါးတွေကို အသားလွှာလုပ်တာတင်မဟုတ်တော့ဘဲ ပုံစံအမျိုးမျိုးနဲ့ Ready to Cook ပုံစံတွေကို ထုတ်လာတာ တွေ့ရပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေကလည်းပဲ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာရှိလာပါတယ်။
Agricultural Sector မှာ ကျွန်တော်တို့နဲ့ သိပ်မကွာတဲ့ ကင်ညာနိုင်ငံကိုကြည့်ရင် သူတို့တွေရဲ့ Export Major Earning က ပန်းရောင်းတာဖြစ်ပါတယ်။ သူတို့တွေက တကယ့်ကိုအကြီးအကျယ်ကို ရောင်းနေတာဖြစ်ပါတယ်။ နောက်နေ့ ဥရောပတို့၊ အမေရိကန်တို့မှာ ရောက်နေတဲ့ပန်းတွေက ကင်ညာကလာတဲ့ ပန်းတွေဖြစ်နေပါတယ်။ ကိုယ့်နိုင်ငံမှာလည်း ရာသီဥတုအခြေအနေနဲ့ ချင်းပြည်နယ်တို့၊ ကချင်ပြည်နယ်တို့မှာ ပန်းတွေကို တကယ်စိုက်စိုက်မတ်မတ်လုပ်ပြီးတော့ လိုအပ်တဲ့ Logistic ပိုင်းတွေကို စိုက်ပျိုးဖို့လိုပါတယ်။
နောက်ထပ်ဖြည့်စွက်ချင်တာတစ်ခုက Global Compat မှာ Business for Peace ၊ B4P လို့ ရေးထားပါတယ်။ ငြိမ်းချမ်းရဖို့အတွက် စီးပွားရေးမပါလို့ မရပါဘူး။ စီးပွားရေးလို့ ပြောတဲ့အခါမှာလည်း ခေါင်းဆောင်တွေ သဘောတူရုံနဲ့ မဖြစ်ပါဘူး။ မွန်၊ ကချင်၊ ကရင်၊ ကယားတို့တွေမှာ တည်မြဲတဲ့ငြိမ်းချမ်းရေးရဖို့ဆိုတာ စီးပွားရေးအခွင့်အရေးတွေ ဖန်တီးပေးဖို့ တအားအရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရသွားတဲ့အခါမှာ လက်နက်ကိုစွန့်တဲ့ လူငယ်တွေကို သမ္မတကြီးကတော့ ကွန်ပျူတာ အစားထိုးပေးမယ်ပြောတယ်။ ကွန်ပျူတာ အစားထိုးဖို့လိုသလို စီးပွားရေးအခွင့်အလမ်းတွေပေးဖို့ လိုပါတယ်။ ဒါတွေပေးလာရင် သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို ပိုပြီး စိတ်ဝင်တစား ရှိလာမယ်လို့ မြင်ပါတယ်။
အယ်ဒီတာအဖွဲ့