ဒေါက်တာSurin Pitsuwan ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး အာဆီယံရဲ့ ၁၂ ယောက်မြောက် အထွေထွေအ တွင်းရေးမှူးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ် ပါတယ်။ ထိုင်းနိုင်ငThammasat တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး လက်ရှိအချိန်မှာThammasat တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေ ပါတယ်။ ဒေါက်တာ Pitsuwan ဟာ အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီခြေစိုက်East-West Center ကကြီးမှူးစီစဉ်ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာမီဒီယာ ညီလာခံကြီးမှာ “၂၀၁၄ ခုနှစ်မှာစာင့်ကြည့်ရ မည့် အာဆီယံရေးရာများ”အကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါတယ်။ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ၊ မြန်မာနိုင် ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ အလား အလာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုုင်ငံရေးလောကမှာ သြဇာရှိသူတစ်ဦးဖြစ်သလို အာဆီ ယံရေးရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ဒေါက်တာ Pitsuwan နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို အခုလိုပဲဖော်ပြပေးလိုက်ပါတယ်။
လာမယ့်ငါးနှစ်မှာ အာဆီယံမှာ မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍ ဘယ်လို သုံးသပ်မိပါသလဲ။ မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုက တအားကို မြန်ဆန်နေတယ်လို့မြင်ပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ကို ကူညီပံ့ပိုးမှု တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီပြုပြင်ပြောင်း လဲမှု၊ ပြည်တွင်း မှာ ပြန်လည်သင့်မြတ်မှုဖြစ်စဉ်တွေကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါ တယ်။ ပြန်လည်သင့်မြတ်မှုဖြစ်စဉ် (Reconciliation Process) လို့ဆိုရာမှာ ယေဘုယျ နိုင်ငံရေး ပြန်လည်သင့်မြတ်မှုနဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြန် လည်သင့်မြတ်မှုဖြစ် ပါတယ်။ နိုင်ငံရေးပြန်လည်သင့်မြတ်မှုက တော့ အခြေအနေကောင်းနေပါတယ်။ အာဆီယံပူးပေါင်း ဆောင် ရွက်မှုစွမ်း အားရဲ့ရလဒ်အဖြစ် အာဆီယံရဲ့ ဈေး ကွက် (Market)၊ ကူးလူးဆက်သွယ်မှု(Connectivity)၊ ဆက်သွယ်မှုကွန်ရက် (Network) နဲ့ ကမ္ဘာကအသိအမှတ် ပြုထားတဲ့ အာဆီယံရဲ့အခန်းကဏ္ဍနဲ့ ဂုဏ်သတင်းစတဲ့ အခွင့်အလမ်းတွေဟာ မြန်မာနိုင်ငံအနေနဲ့ ရယူ အသုံးချဖို့ တံခါးဖွင့်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နောက်ကြောင်း ပြန်မလှည့်ဘူးဆိုတာဟာ စစ်မှန်ပြီး ပြုပြင်ပြောင်း လဲမှုအရှိန် အဟုန်ကို ဆက်လက်တွန်းအားပေးမယ်လို့ မျှော်လင့်ပါတယ်။ အာဆီယံနိုင် ငံတော်တော်များများက လည်း ရှေ့တိုး လိုက် နောက်ဆုတ်လိုက်ဖြစ်နေကြတာပါပဲ။ အမြဲတစ်သမတ်တည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လားရာ လမ်းကြောင်းကတော့ အကောင်းဘက်ကို ဦးတည်နေပါ တယ်။ မြန်မာ နိုင်ငံအနေနဲ့လည်း ပိုမိုပူးပေါင်းပါဝင်မှု၊ ပိုမိုတာဝန်ခံမှုနဲ့ ပိုမိုပွင့်လင်းမြင်သာမှု လမ်းကြောင်းပေါ်မှာ သွားနေတယ်လို့ မြင်ပါတယ်။
အာဆီယံအထွေထွေအတွင်းရေမှူးချုပ်တာဝန်ယူခဲ့သူ တစ်ဦးအနေနဲ့ မြန်မာနိုင်ငံဟာ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌရာထူး၊ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲ၊ AEC စတာတွေနဲ့ပတ်သက်ပြီး မှန်ကန် တဲ့လမ်းကြောင်း ပေါ် မှာရှိနေတယ်လို့ ထင်ပါသလား။ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဝန်းကျင် ကနေ အကျိုးအမြတ်အများကြီးရဖို့ ပိုပြီးကြိုးစားဖို့ လိုပါ တယ်။ အာဆီယံနိုင်ငံတော်တော်များများ ဟာလည်း နိုင်ငံ တကာအသိုင်းအဝိုင်းကနေ အကျိုးအမြတ်တွေ ရယူအသုံးချ နိုင်ဖို့ စည်းမျဉ်းဥပဒေတွေ၊ စံနှုန်းသတ်မှတ်ချက်တွေ စတဲ့ ဒေသတွင်းချိန်ညှိပြင်ဆင်မှုတွေ (Adjustments) လုပ်ဆောင် ဖို့လိုပါတယ်။ ချိန်ညှိပြင်ဆင်မှုလို့ဆိုရာမှာ လျှပ်စစ်ဓာတ်အားရရှိမှုတိုးမြှင့်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်း၊ လေကြောင်းလိုင်း စတဲ့ ံမေိ ှုည်မျေအမကခအကမန ကိုပဲ ပြောနေ တာမဟုတ်ဘဲ တရားရေးမူဘောင် (Legal Framework) နဲ့ လူသားအရင်းအမြစ် စတဲ့Soft Infrastructure ကလည်း အရေးကြီးပါတယ်။ နိုင်ငံတကာကလူတွေ လာရောက်ဖို့ ဆွဲဆောင်ရာမှာ ကိုယ်လည်း အကျိုးအမြတ်ရသလို သူတို့လည်း အကျိုးအ မြတ်ရဖို့ လိုပါတယ်။ Donation ဆိုတဲ့ သဘောတရားက သိပ်ပြီးမရှိတော့ပါဘူး။ အားလုံးက အကျိုးအမြတ်ရှေ့ရှုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဖြစ်တယ်။ သူတို့ဘာတွေကိုရမလဲဆိုတာပဲ သိချင်ကြတာဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လာဖို့အတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ ှ Soft Infrastructure တွေ အပေါ်မှာ ယုံကြည်မှုရှိပြီး သူ့တို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက် သက်သောင့်သက်သာရှိဖို့ လိုပါတယ်။ ဒါကို အာဆီယံနိုင်ငံ တွေ အားလုံးကလည်း ချိန်ညှိမှုတွေပြုလုပ်ဖို့ လိုအပ်သလို ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။
သမ္မတဦးသိန်စိန်ဟာ ထိုင်းဗိုလ်ချုပ်ကြီး Prem Tinsulanonda အုပ်ချုပ်မှုအာဏာရယူပြီး ထိုင်းနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အ များကြီးပြုလုပ်ခဲ့တုန်းကအခြေအနေမျိုးမှာ ရှိနေပါတယ်။ ဗိုလ်ချုပ် Prem ဟာ မော်တော်ကားထုတ်လုပ်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ၊ ဆန်တင်ပို့ရေး၊ ပင်လယ်ကမ်းခြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကော ဘယ်ကဏ္ဍကို အလေးထားလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။ ဗိုလ်ချုပ်ကြီး Prem ဟာ ထိုင်းနိုင်ငံရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာဗျူဟာမြောက် နည်းလမ်းတွေကို ရွေး ချယ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအထဲမှာ မော်တော်ကား ထုတ်လုပ်ရေးကဏ္ဍကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မော်တော်ကားထုတ်လုပ်ရေးမှာ နိုင်ငံတကာက ကားထုတ်လုပ် ရေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံမှာ မော်တော်ကား လာရောက် ထုတ်လုပ်ခွင့်ကို ဖွင့်ပေးခဲ့တာဖြစ်တယ်။ ဒါကြောင့် ထိုင်း နိုင်ငံမှာ မော်တော်ကားထုတ်လုပ်မယ်ဆိုရင် ကုန်ကျစရိတ် အများကြီးသက်သာပါတယ်။ နောက်တစ်ခုကတော့ ထိုင်းအရှေ့ဘက်ပင်လယ်ကမ်းခြေပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီး အဲဒါက Prem ရဲ့ ရည်မှန်းချက်ဖြစ်တယ်။ ဘန်ကောက်ကနေ ကမ္ဘောဒီးယားနယ်စပ်အထိ အရှေ့ဘက်ကမ်းခြေပိုင်းတစ်ခုလုံး ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် စီးပွားရေးစက်မှုဇုန် အသစ်အဖြစ် တည်ဆောက်ခဲ့ပါတယ်။ အဲဒါဟာ အလွန်ကြီး မားတဲ့စီမံကိန်းကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း အဲဒီ နည်းလမ်းကို စဉ်းစားနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါကို ရှုထောင့်အသစ်ကနေ ကြည့်မြင်ဖို့ လိုပါလိမ့် မယ်။ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အနီးကပ်အိမ်နီးချင်း နိုင်ငံက ထိုင်းနိုင်ငံဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ စက်မှုထုတ်ကုန် ကဏ္ဍဟာ အတော်ကလေးဖွံ့ဖြိုးတိုးတက်နေပြီး ကုန်ထုတ် လုပ်မှုတွေ၊ စက်ရုံတွေနဲ့ တိုးတက်ကြီးထွား မှုဆိုင်ရာအချက် အလက်တွေ အများကြီးရှိနေတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အဲဒါ က အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်ရေးနဲ့ ကျွမ်းကျင် မှုတွေကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေ နဲ့ ရှည်လျားကြီးမားပြီး အကုန်အကျ အင်မတန်များမယ့် အခြေခံအဆောက်အအုံတွေကို ကိုယ်တိုင်တည်ဆောက်ဖို့ မ လိုပါဘူး။ မြန်မာနိုင်ငံနယ်စပ်ကို ထိုင်းကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် ကီလိုမီတာတစ်ဆယ်၊ ၂၀ လောက် ပဲရှိပြီး မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတွေကို မတည်ဆောက်ခင်မှာ ထိုင်းနိုင်ငံရဲ့ဆိပ်ကမ်းတွေကတစ်ဆင့် ပြန်လည်တင်ပို့နိုင် ပါတယ်။ ရလဒ်အနေနဲ့ မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းကိစ္စနဲ့ ကုန်ပစ္စည်းတင်ပို့ရေးကိစ္စတွေကို ဖြေ ရှင်းပေးနိုင်မှာပါ။ အာဆီယံမှာ Low-Hanging Fruits ဆိုတဲ့ အပိုဒ် တစ်ပိုဒ်ရှိပါတယ်။ အဓိပ္ပာယ်ကတော့ လွယ်လွယ်ကူကူ မြန်မြန် ဆန်ဆန်နဲ့ အကျိုးအမြတ်မြန်မြန်ရနိုင်မယ့်ကိစ္စတွေ (Quick Wins) ကို အရင်ဆုံးလုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။ ထိုင်းနယ်စပ်တစ်လျှောက် စက်မှုဇုန်တွေကို ဖွံ့ဖြိုးတိုးတက် အောင်လုပ်တဲ့ ဒီအိုင်ဒီယာဟာ မြန်မာနိုင်ငံအတွက် ကောင်း တယ်လို့ထင်ပါတယ်။ မက္ကဆီကိုဆိုရင်လည်း အမေရိကန် နဲ့ အဲဒီလိုပဲလုပ်ခဲ့ပါတယ်။ မြောက်အမေရိက လွပ်လပ်တဲ့ ကုန်သွယ်ရေးအဖွဲ့ (NAFTA) မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာ မက္ကဆီကိုဟာ နိုင်ငံတကာကို ထိုး ဖောက်နိုင်ဖို့အတွက် အမေရိကန်နဲ့ နယ်စပ်တစ်လျှောက်မှာ အမေရိကန်ရဲ့နည်းပညာ၊ စီမံခန့်ခွဲမှု၊ ကျွမ်းကျင်မှု၊ အခြေခံ အဆောက်အအုံနဲ့ ဆက်သွယ်မှုကွန်ရက်တွေကို အသုံးပြုပြီး စက်မှုဇုန်ကို တည်ဆောက်ခဲ့ပါတယ်။ ဒါကိုMaquiladora Conceptလို့ ခေါ်ပါတယ်။ (မက္ကဆီကိုမြောက်ပိုင်းဒေသမှာ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်လာဖို့ရည်ရွယ်ပြီး ၁၉၅၆ ခုနှစ်မှာ မက္ကဆီကိုအစိုးရက Maquiladora Concept ကို တီထွင်ခဲ့ပါ တယ်။) ပူးပေါင်း ဆောင်ရွက်မှု စွမ်းအားအပေါ်မူတည်ပြီး ပထဝီအနေအထား အပေါ် အမြတ်ထုတ်အသုံးချတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ နယ်စပ်အခြားတစ်ဖက်က နိုင်ငံရဲ့စွမ်းအားကို အသုံးချတာကို ဆိုလို တာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း ထိုင်းကနေတစ်ဆင့် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူစတဲ့ ပိုမို ကြီးမားတဲ့ အာဆီယံဈေးကွက်ကို ထိုးဖောက်နိုင်ပါတယ်။ ဒါက ဗိုလ်ချုပ်ကြီး Prem စဉ်းစား လုပ်ဆောင်ခဲ့တဲ့ ထိုင်းအ ရှေ့ဘက်ကမ်းခြေပိုင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့အလား သဏ္ဌာန်တူပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဘယ်လိုသုံးသပ်မိပါသလဲ။ အဲဒီစီမံကိန်းက အင်မတန်ကြီးတယ်လို့ ထင်ပါတယ်။ ကြီး မားတဲ့ရင်းနှီးမြှုပ်နှံမှုပမာဏ၊ နည်းပညာကျွမ်းကျင်မှု၊ အခြေ ခံအဆောက်အအုံတွေအများကြီးလိုအပ်ပြီး အဲဒါတွေကို အပြည့်အဝအသုံးချနိုင်ဖို့ဆိုရင် အနှစ် ၃၀၊ အနှစ် ၅၀ စသဖြင့် ရေရှည်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် စီမံခန့် ခွဲနိုင်မယ့်အပိုင်းကို လုပ်ကိုင်သင့်တယ်လို့ထင်ပါတယ်။ ဒါကိုမြန်မာအစိုးရအနေနဲ့လည်း စဉ်းစားပြီးသားလို့ထင်ပါ တယ်။ နောက်တစ်ခုက တရုတ်တွေတည်ဆောက်နေတဲ့ ကျောက်ဖြူ အထူးစက်မှုဇုန်စီမံကိန်းနဲ့ ဂျပန်က ကူညီတည် ဆောက်နေတဲ့ သီလဝါအထူးစက်မှုဇုန်စီမံကိန်းတို့လည်း ရှိ သေးတယ်။ ထားဝယ်စီမံကိန်းကတော့ လက်တွေ့အကောင် အထည်ဖော်ဖို့အတွက် အင်မတန်ကြီးမားလွန်းပါတယ်။ မြန် မာနိုင်ငံအနေနဲ့ အခုလိုပြည်ပတင်ပို့မှု၊ အလုပ်အကိုင်ဖန် တီးမှုနဲ့ စက်မှုထုတ်ကုန်ပစ္စည်းတွေ အကန့်အသတ်နဲ့သာ ရှိသေးတဲ့အချိန်မျိုးမှာ အဲဒီလောက် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကို လိုအပ်သလားဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလို အချိန်အခါမှာ Maquiladora Concept ကို ထည့်သွင်းစဉ်း စားသင့်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုအတွေ့အကြုံအရ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ်အတွက် ဘာတွေကို ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။ စိုက်ပျိုးမွေးမြူရေးနဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ၊ စိုက် ပျိုးမွေးမြူရေးပစ္စည်းနဲ့ ရေထွက်ပစ္စည်း စားသောက်ကုန်တွေ ကို တိုးမြှင့်ထုတ်လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာက သယံဇာတ အရင်းအမြစ်အင်မတန်ပေါများ လို့ပဲဖြစ်တယ်။ စားသောက်ကုန်လုပ်ငန်းဟာ ဘယ်တော့မှ ရွေးချယ်မှုမမှားနိုင်မယ့် လုပ်ငန်းမျိုးဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကမ္ဘာ့လူဦးရေက အခုဆိုရင် သန်းခုနစ်ထောင် ရှိနေပြီးလာမယ့် ၂၀၅၀ ပြည့်နှစ်မှာဆိုရင် သန်းကိုးထောင် ရှိလာတော့မှာကြောင့်ဖြစ်ပါတယ်။ စားသောက်ကုန် ထုတ် လုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ့်နိုင်ငံက ကုန်ကြမ်းကို အသုံး ပြုပြီး ကိုယ်ပိုင်နည်းပညာ နဲ့ ပြန်လည်သန့် စင်ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ကို တင်ပို့တာကို ဆိုလိုတာပါ။ နောက်တစ်ခု ကတော့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ နည်းပညာသိပ်မသုံးဘဲ လုပ်သားအင်အားကို ပိုအ သုံးပြုရတဲ့ လုပ်ငန်းမျိုးတွေကို မြှင့်တင်ဖို့လိုပါတယ်။ ထိုင်း နိုင်ငံလည်း အဲဒီပုံစံနဲ့ စခဲ့တာဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး စားသုံးမှု တိုးလာမှာဖြစ်သ လို ပြည်ပတင်ပို့မှုလည်း တိုးလာမှာဖြစ်တယ်။ မြန်မာနိုင်ငံ မှာက သဘာဝအရင်းအမြစ်တွေ အများကြီးပိုင်းဆိုင်ထားတဲ့ အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးပါ တယ်။ ထိုင်းနိုင်ငံလည်း ၁၉၆၀ ပြည့်နှစ်ကျော်ကာလတွေမှာ ဟိုတယ်လုပ်ငန်းတွေ၊ လူသားအရင်းအမြစ်တွေကို ဖွံ့ဖြိုးတိုး တက်အောင်လုပ်ပြီး ခရီးသွားလုပ်ငန်းနဲ့ စတင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကြီးမားတဲ့အလား အလာတွေရှိနေပါတယ်။