SME Forum နဲ့ ASEAN Federation of Account တို့ ပူးပေါင်းပြီး ACCA Myanmar ရဲ့ပံ့ပိုးမှုနဲ့ 'Preparing the way for AEC and Business Growth' ခေါင်းစဉ်နဲ့ ပြည်တွင်းမှာ SME လုပ်ငန်းများကို အဓိက လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များနဲ့ ပညာရှင်များ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့သူတွေရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်အေးအေးဝင်း
Deputy Director General
SME Development Department
ကျွန်မတို့အမြင်နဲ့ပြောရရင် နိုင်ငံမှာက အသုံးပြုနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာ လိုနေသေးတယ်။ ကုန်ပစ္စည်းတွေကို Value Added ထုတ်နိုင်ဖို့လည်းလိုသေးတယ်။ ကျွန်မတို့နိုင်ငံကို အကုန်လုံးက Import လုပ်နေကြတယ်။ ကျွန်မတို့ပို့တဲ့ Export တွေဖြစ်တဲ့ လယ်ယာထွက်ကုန်၊ သံယံဇာတတွေကလည်း ကုန်ကြမ်းတွေများတယ်။ ဒါကြောင့် ကုန်ချောပို့နိုင်ဖို့ နည်းပညာက သိပ်အရေးကြီးပါတယ်။ လက်ရှိအောင်မြင်နေတဲ့ ဂျပန်နဲ့ စင်ကာပူနိုင်ငံမှာဆိုရင် သူတို့မှာ ဘာအရင်းအမြစ်မှမရှိဘဲ နည်းပညာနဲ့ပဲ အောင်မြင်လာတာဖြစ်ပါတယ်။ ကျွန်မတို့ တခြားနိုင်ငံကလူတွေနဲ့ ဆွေးနွေးတဲ့အခါမှာ လူတော်ဖို့ပဲ အရေးကြီးတယ်ဆိုတာကို ဆွေးနွေးဖြစ်ကြတယ်။ ဒါကြောင့် လူတွေရဲ့ Human Resource ကို တိုးတက်အောင် လုပ်ပေးသင့်တယ်။ အခု ကျွန်မတို့ SME Center က သင်တန်းပေါင်း ၂၃၀ လောက်ပေးပြီးပါပြီ။ ရှိနေတဲ့ SME Register အရေတွက်နဲ့ တွက်ရင်တော့ SME ရဲ့ ၁၅ ရာခိုင်နှုန်းလောက်အတွက် HR Resource ပေးပြီးပြီ။ ပြည့်စုံတဲ့ Document တော့ မဟုတ်သေးဘူး။ Enterprise ၊ Leadership Skill ၊ Financial Management သင်တန်းတွေ၊ Service ကို ဘယ်လိုကောင်းအောင်ပေးရမလဲဆိုတဲ့ သင်တန်းမျိုးတွေ အဓိကပေးဖြစ်ပါတယ်။ ငွေကြေးကဏ္ဍမှာဆိုရင် ဆယ်ဘီလီယံ ချထားပြီးပြီ။ အခု ၂၀ ဘီလီယံထပ်ချပေးဖို့ လုပ်နေတယ်။ ပထမအခေါက်က ၆၂ ယောက်ချေးပြီးပြီ။ အခု ဒုတိယအခေါက်က အယောက် ၃၄၀ ထပ်ချေးပြီးပြီ။ နိုင်ငံတော်ကငွေနဲ့ မလုံလောက်တဲ့အတွက် International က ဂျပန်ရဲ့အကူအညီနဲ့ ချေးငွေရပြီ။ အဲဒါကို SMI DV Bank ကို ၅၀ ဘီလီယံပေးမှာပါ။ ဘယ်လို ပုံစံမျိုးချေးမယ်ဆိုတာ မသတ်မှတ်ရသေးဘူး။ နောက်ပြီး မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ Registration တွေလုပ်ဖို့လိုတယ်။ အာဆီယံဆယ်နိုင်ငံလုံးကလည်း AEC အတွက် Ready မဖြစ်သေးပါဘူး။ One Regional ၊ One Market ဖြစ်သွားတဲ့ သဘောလောက်ပဲ။ အာဆီယံနိုင်ငံ အချင်းချင်း ကွာဟမှုတွေ နည်းပါးဖို့၊ သူတို့မှာရှိတဲ့ နည်းပညာတွေနဲ့ ကျွန်မတို့ Sharing ရဖို့လိုတယ်။ ၂၀၂၅ ရောက်ရင် ကျွန်မတို့ SME လုပ်ငန်းတွေက International အဆင့်ရှိပြီး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ SME တွေဖြစ်ရမယ်ဆိုပြီး Target ထားထားပါတယ်။ အခုလောလောဆယ် ဂျပန်က JICA အစီစဉ်နဲ့ SME ချေးမယ့်ငွေအတွက် ပြည်တွင်းမှာ အောင်မြင်နေတဲ့ ဘဏ်ငါးခုကို ရွေးထားတယ်။ ရိုးမဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်နဲ့ ကျွန်မတို့ SME ဘဏ်တွေ ပါဝင်ပါတယ်။
ဒေါက်တာစန္ဒာဝင်း
Senior Lecturer, Banking & Finance
University of Bedfordshire
မြန်မာနိုင်ငံမှာ SME Awareness တွေ သိပ်မရှိသေးဘူး။ မြန်မာပြည်က SME နဲ့ နိုင်ငံခြားက SME ဆိုရင် Size ကိုက ကွာတယ်လေ။ သူတို့ရဲ့ Medium Size က ဒီမှာ သိပ်ကြီးတယ်။ နိုင်ငံခြားတိုင်းပြည်တွေက Capacity တအားများတယ်။ ကျွန်မတို့က ခုမှ Capacity Building ပဲ ရှိသေးတယ်။ AEC ဖြစ်လာတဲ့အခါ ကိုယ့်နိုင်ငံကထွက်သွားဖို့နည်းပြီး နိုင်ငံခြားတိုင်းပြည်တွေက ဝင်လာဖို့များတယ်။ အထူးသဖြင့် Exchange Rate တွေ၊ Service တွေက ပိုကောင်းလာနိုင်တယ်။ AEC ဖြစ်လာတာကို တားလို့မရတဲ့အတွက် Local Market အနေနဲ့ Human Capacity က Development ဖြစ်ဖို့ အင်မတန်လိုအပ်တယ်။ SME နဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေမှာ အစိုးရရဲ့ Support တအားများတယ်။ Literature ဘယ်လိုလုပ်မလဲ၊ Government Funding ဘယ်လိုတောင်းမလဲ၊ Funding တွေအစ ဘယ်လို Support လုပ်မလဲဆိုတာတွေ မြန်မာပြည်မှာ မရှိသေးဘူး။ ဒါအပြင် မြန်မာပြည်မှာက သူများနိုင်ငံတွေထက်စာလို့ရှိရင် အကြွေးနှုန်းတွေက သိပ်ကိုများနေတယ်။ ဒါတွေဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံက ပစ္စည်းတွေက ဈေးကြီးလာပြီး သူများနိုင်ငံက ပစ္စည်းတွေက ဈေးပေါလာတယ်။ ဒါတွေက ကျွန်မတို့ရဲ့ Service တွေမှာ Influence ဖြစ်လာနိုင်ပါတယ်။
ဒေါ်ခင်ချောစု
Managing Director
International Banking Division,KBZ Bank
SME ကဏ္ဍနဲ့ ပတ်သက်ပြီး Banking Sector အနေနဲ့ ပြောရရင် AEC ဖြစ်လာတဲ့အခါမှာ SME လုပ်ငန်းရှင်တွေက Trading Partner တွေနဲ့ အများကြီး လက်တွဲလုပ်ရလာနိုင်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေ၊ ကျွမ်းကျင်တဲ့သူတွေရှိမှသာ ကိုယ်နဲ့လက်တွဲလုပ်လာနိုင်မှာဖြစ်တယ်။ Sale နဲ့ ပတ်သက်ပြီး Financial Crisis မှာ ငွေကြေးအခက်အခဲတွေကို SME လုပ်ငန်းအသေးစားတွေ ကြုံတွေ့လာနိုင်ပါတယ်။ AEC ဖြစ်လာတဲ့အခါမှာ အာဆီယံဒေသတွင်းက နိုင်ငံတွေမှာ ပြဿနာဖြစ်လာနိုင်သလို ငွေကြေးနဲ့ပတ်သက်ပြီး Risk တွေ ရှိလာနိုင်တယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် Professional Accoutant နဲ့ Financial Professional တွေ လိုအပ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပြဿနာရဲ့ ရေရှည်ကိုလည်းကြည့်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
အယ်ဒီတာအဖွဲ့