နော်ဝေနိုင်ငံဘုရင်မင်းမြတ် Harald V ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြား

Norway King 1 မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်ခရီးရောက်ရှိနေတဲ့ နော်ဝေနိုင်ငံဘုရင်မင်းမြတ် Harald V ဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၂ ရက်နေ့၊ နံနက် ၁၀ နာရီကနေ ၁၀ နာရီ ၄၅ မိနစ်အထိ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခမ်အနားမှာ ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အဖွင့်အမှာစကားပြေကြားခဲ့ပြီး နော်ဝေဘုရင်မင်းမြတ် Harald V ရဲ့ အထ္တုပ္ပတ္တိကို ထည့်သွင်းဖတ်ကြားသွားခဲ့ပါတယ်။ အဲဒီနောက် နော်ဝေဘုရင် Harlad V က နော်ဝေနိုင်ငံသားတွေဟာ မြန်မာနိုင်ငံရဲ့ ပြု ပြင်ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် အားတက်ခဲ့ရကြောင်း၊ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီက သံန္နိဋ္ဌာန်ချပြီး လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။  ပညာရေးရဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး `ပညာရေးဟာ ကမ္ဘာပေါ်မှာ တန်ခိုးအင်အားအကြီးဆုံးလက်နက်ဖြစ်တယ်´ဆိုတဲ့ နယ်လ်ဆင်မင်ဒဲလားရဲ့ အဆိုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တိုက်တွန်းပြောကြားသွားခဲ့သလို နော်ဝေနိုင်ငံက မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုပေးမယ့် အစီအစဉ်တွေကိုလည်း ပြောကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်သူက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ နော်ဝေနိုင်ငံဘုရင်မင်းမြတ် Harald V နဲ့ မိဖုရားကြီး Sonja တို့ဟာ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့ရဲ့ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၁ ရက်ကနေ ၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာဖြစ်ပြီး ခရီးစဉ်ရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေအပေါ် နော်ဝေနိုင်ငံရဲ့ထောက်ပံ့ပေးနေမှုကို ပေါ်လွင်စေဖို့၊ နှစ်နိုင်ငံအကြားအပြန်အလှန်ဆက်ဆက်ရေး ပိုမိုတိုးတက်ဖို့နဲ့ ဖွံ့ဖြိုးရေးနယ်ပယ်နဲ့ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းတွေ အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ Norway King 2 Norway King 5 Norway King 4 Norway King 3