ခေါင်းကိုက်ခြင်းအတွက် လွယ်လွယ်ကူကူ ဆေးတစ်လက်

Headace1

ခေါင်းကိုက်ခြင်းဟာ လွန်စွာအဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်း များစွာရှိလို့ပါပဲ။ တချို့ခေါင်းကိုက်ပြီဆိုရင် နေ့စဉ်လိုလို ကုသမှုတွေတောင် ပြုလုပ်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ၊ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ တခြားခေါင်းကိုက်တဲ့ ပြဿနာတွေကို သက်သာစေပါတယ်။

Headace2

လဗင်ဒါအဆီ (Lavender Oil) . . .

လဗင်ဒါပန်းရဲ့ အနံ့ဟာ မွှေးရုံတင်မကဘဲ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ လဗင်ဒါအဆီကို လိမ်းတာပဲဖြစ်ဖြစ် ရှူတာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ အနံ့ကိုရှူမယ်ဆိုရင်တော့ ပွက်ပွက်ဆူနေတဲ့ ခွက်သုံးခွက်ထဲမှာ လဗင်ဒါအဆီ နှစ်စက် သုံးစက်လောက်ထည့်ပြီး ထွက်လာတဲ့အငွေ့ကို ရှူရှိုက်ခြင်းက ခေါင်းကိုက်တာကို သက်သာစေပါတယ်။ အခြားသော ဆေးအဆီတွေနဲ့ မတူတာကတော့ စိတ်ချစွာနဲ့ လိမ်းနိုင်သလို ရေရောစရာလည်း မလိုတာမို့ သိပ်ကိုကောင်းပါတယ်။ ဒါပေမဲ့ လဗင်ဒါအဆီကို သောက်သုံးမှီဝဲတာမျိုးတော့ လုပ်လို့မရပါဘူး။

Headace3

ပူဒီနာအဆီ (Peppermint Oil) . . .

ပူဒီနာအဆီကတော့ ခေါင်းတွေတင်းပြီး ကိုက်ခဲတာကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့အနံ့က သွေးကြောတွေကို ကျုံ့နိုင် ချဲ့နိုင်တဲ့ အစွမ်းသတ္တိပေးပါတယ်။ ဒါက ခန္ဓာကိုယ်ကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းပဲ ကိုက်ခဲခြင်းတွေက သွေးလည်ပတ်မှု မကောင်းတာကြောင့် တစ်ခါတစ်ရံ ဖြစ်နိုင်ပါတယ်။ ပူဒီနာအဆီကတော့ သွေးကြောတွေကို လည်ပတ်မှုကောင်းအောင် ကူညီနိုင်တဲ့အတွက် သွေးလည်ပတ်မှုစနစ်မှာ အောက်စီဂျင်တွေ များစွာရရှိနိုင်ပါတယ်။

Headace4

ပင်စိမ်းအဆီ . . .

ပီဇာ ပြုလုပ်ရာမှာ အနံ့အရသာအတွက် အသုံးပြုတဲ့ ပင်စိမ်းအဆီဟာ အနံပြင်းပြင်းရှိသလိုပဲ အရသာကလည်း အထူးကောင်းမွန်ပါတယ်။ ပြီးတော့ အမြဲတမ်းလိုလို ခေါင်းကိုက်တတ်တဲ့သူတွေအတွက်တော့ ဒီအဆီဟာလည်း အသုံးဝင်လှပါတယ်။ သူက ကြွက်သားတွေ ပြေလျော့အောင် ပြုလုပ်ပေးပါတယ်။ ဒီတော့ ခေါင်းတင်းပြီး ကိုက်ခဲတာတွေနဲ့ ကြွက်သားတွေ တင်းမာနေတာတွေကို ပြေလျော့ပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။

Headace5

စားသောက်မှုကို ဂရုစိုက်ပါ . . .

ခေါင်းကိုက်ပျောက်ကင်းဖို့အတွက် သိပ်ကို အရေးပါတဲ့အရာကတော့ သင့်ရဲ့စားသောက်မှုပုံစံကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ တချို့အစားအသောက်တွေက ခေါင်းကိုက်တာကို ပိုမိုဆိုးရွားစေဖို့အတွက် တိုက်ရိုက်သက်ရောက်မှုတွေ ရှိပါတယ်။ နွားနို့၊ ချောကလက်၊ ထောပတ်၊ ငှက်ပျောသီး၊ ကြက်သွန်နီ အစရှိတဲ့ အစားအစာတွေက ခေါင်းကိုက်စေပါတယ်။

သင့်ဦးခေါင်းကို ကိုယ်တိုင်နှိပ်နယ်ပေးပါ . . .

သင့်ဦးခေါင်းရဲ့ အနောက်ဘက်နဲ့ ဦးခေါင်းခွံရဲ့ အောက်ပိုင်းတွေကို မိမိဘာသာပဲ နှိပ်နယ်ပေးခြင်းက ခေါင်းကိုက်တာကို သက်သာစေပါတယ်။

ဒါအပြင် Omega-3 Fatty Acid တွေ ကြွယ်ဝတဲ့ အရာတွေကိုလည်း အသုံးပြုသင့်ပါတယ်။ ဒါတွေက ခေါင်းကိုက်တာ၊ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။

အဒိုနီရမ်