စီးပွားရေးလုပ်ရာမှာ လိုက်နာထားရှိသင့်သည့် Ethics

  [caption id="attachment_8916" align="alignnone" width="423"]article portrait watermark final ဦးဇော်နိုင်
Managing Director
Mandalay Technology[/caption] စီးပွားရေးလုပ်ငန်းမှာ Ethics ရဲ့ အရေးပါပုံ  စီးပွားရေးလုပ်တဲ့အခါမှာ အရေးကြီးဆုံးအချက်က Trust   (ယုံကြည်မှု)ပါ။ ကိုယ့်ရဲ့ Customer တွေက ကိုယ့်ကို ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ကုမ္ပဏီက သေးငယ်ရင် Customer Base   နယ်ပယ်ဧရိယာကျဉ်းမယ်။ ကိုယ့်ရဲ့ ကုမ္ပဏီကကြီးရင် Customer Base  ကပိုကြီးမယ်။ ဒါပေမဲ့ ကြီးကြီးသေးသေး ကိုယ့်ရဲ့ဖောက် သည်တွေက ကိုယ့်ကိုယ် ကိုယ်ယုံကြည်ဖို့လိုတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ဖောက် သည်တွေနဲ့အတူ ကိုယ်နဲ့ဆက်စပ်နေတဲ့ပတ်ဝန်းကျင်ရဲ့ ယုံ ကြည်မှုကိုရဖို့မှာ Ethics ဆိုတဲ့ စံနှုန်းတွေက အရေးအပါဆုံးပါပဲ။ ကုမ္ပဏီအနေနဲ့ပဲဖြစ်ဖြစ် ဝန်ထမ်းတွေ အနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ဖောက်သည်တွေရဲ့ အထွေထွေအကျိုးစီးပွားကို မထိခိုက်အောင် သူ့ရဲ့နည်းပညာတွေ၊ ဝန်ဆောင်မှုတွေ ကောင်း ကောင်းပေးမှသာ Customer  တွေကကိုယ့်ကုမ္ပဏီအပေါ် ကိုယုံကြည်လာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုအောင်မြင် ဖို့ကလည်း အဲဒီအချက်တွေပေါ်မှာ မူတည်နေပါတယ်။ ယုံကြည်မှုပျက်ယွင်းသွားတာနဲ့ ဒီကုမ္ပဏီကကျရှုံးဖို့ ဦးတည်နေတယ်။ အဲ့လိုယုံကြည်မှု ရရှိဖို့အတွက် ကျင့်ဝတ်သိက္ခာတွေက အရေးကြီးပါတယ်။   စီးပွားရေးလုပ်ရာမှာ နအ့ငချ မရှိရင်ဖြစ်လာနိုင်တဲ့ အကျိုးဆက် စီးပွားရေးလုပ်ငန်းမှာ ကျင့်ဝတ်သိက္ခာနဲ့မညီရင် အ ကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့ဖောက်သည်တွေ၊ ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဆုံးရှုံး မှုတွေဖြစ်နိုင်စေသလို ကိုယ့်အတွက် ဆုံးရှုံးမှုတွေလည်း ဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုမ္ပဏီအပေါ်မှာ လူတွေရဲ့ ယုံကြည်မှုပျက်ပြားသွားပြီး လုပ်ငန်းပျက်စီးမှု၊ ကုမ္ပဏီပျက်စီးမှုဆီ ဦးတည် သွားနိုင်တာပါပဲ။   Ethics ရှိ၊ မရှိဆိုတာ ကိုုယ့်ရဲ့ Role Model  နဲ့ ဆိုင်၊ မဆိုင် စီးပွားရေးသမားတွေအနေနဲ့ တစ်ခါတလေကျတော့ စိတ်ထဲ မှာ ကိုယ်လေးစားရတဲ့ပုဂ္ဂိုလ် (Role Model)  တွေရှိနိုင် ပါတယ်။ ဒါပေမဲ့ Role Model    တွေဟာ စီးပွားရေး လောကကလည်း ဖြစ်နိုင်သလို၊ နိုင်ငံရေး လောက၊ ဒါမှမဟုတ် ပညာရေးလောက ကလည်းဖြစ်နိုင်ပါတယ်။ အဲဒီ Role Model  တွေကိုကြည့်လိုက်ရင် သူတို့ ဦးဆောင်နေတဲ့ အဖွဲ့အစည်းရဲ့အောင်မြင်မှုတွေဟာ ကိုယ်ကျင့်သိက္ခာနဲ့ ကိုယ် ကျင့်တရားဖြောင့်မတ်မှန်ကန်မှု (Integrity)  တွေပေါ်မှာ မူတည်နေတာ ကိုတွေ့ရပါတယ်။ ကျွန်တော့်မှာRole Model တွေ တော်တော်များများရှိပါတယ်။ အဲဒီ Role Model တွေမှာ ကိုယ်ကျင့်သီလတွေ၊ ကိုယ်ကျင့်သိက္ခာ၊ ဖြောင့်မတ်မှန်ကန်မှုတွေကို တွေ့ရပါတယ်။ Role Model  တွေရှိတာဟာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး လမ်း ညွှန်မှုတွေ ပေးနေသလိုပါပဲ။   Ethics နဲ့ပတ်သက်ပြီး  လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်တွေ လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ၊ ကျင့်ဝတ်သိက္ခာနဲ့ပတ်သက်ပြီး လေးစားရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်။ ဥပမာအားဖြင့် မဟတ္တမဂန္ဓီဆိုရင် နိုင်ငံရေးလောကမှာ သူ့ရဲ့တန်ဖိုးထားမှုတွေ၊ ယုံကြည်ချက်တွေ၊ ဦးဆောင်မှုတွေဟာ သူ့တိုင်းပြည်နဲ့ သူ့လူမျိုးတွေကို ကောင်းစားစေချင်၊ ဖိနှိပ်ချုပ်ချယ်မှုအောက် ကနေ လွတ်မြောက်စေချင်တဲ့အတွက် တိုက်ပွဲဝင်ခဲ့တယ်။ ထိုနည်းတူ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့နိုင်ငံ၊ သူ့လူမျိုး အတွက် လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်။ စီးပွားရေးလောကမှာ စဉ်ဆက်မပြတ် တောက်လျောက် အောင်မြင်မှုရတဲ့သူတွေဟာ သူတို့ရဲ့ Ethics တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြင့်မားလို့ပဲဖြစ်ဖြစ် ကိုယ်ထူးကိုယ်ချွန်ကြိုးစားလို့၊ ဒါမှမဟုတ် လူမှုရေးကျွမ်းကျင်လို့၊ မိသားစုဆီကနေအမွေရလို့ စသဖြင့် နည်းမျိုးစုံနဲ့ ချမ်းသာမှုတွေ ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအောင်မြင်မှုတွေ၊ ချမ်းသာမှုတွေရဲ့ထိပ်မှာအမြဲတမ်းနေဖို့ကတော့ ဖြောင့်မတ် မှန်ကန်ဖို့၊ တည်ကြည်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဝန်ထမ်းတွေအပေါ်၊ ဖောက်သည်တွေအပေါ် ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်၊ လူမှုပတ်ဝန်းကျင်အပေါ် ဖြောင့် မတ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ အဆုံးစွန်အနေနဲ့ ကိုယ့် ကိုယ်ကိုယ်မလိမ်ဖို့၊ မညာဖို့လိုပါတယ်။ အဲလိုဖြောင့်မတ် မှန်ကန်မှသာလျင် ကိုယ့်ရဲ့လက်အောက်သားတွေက ကိုယ့် ကိုယ်လေးစားမယ်။ ကိုယ့်ရဲ့ စီးပွားရေးဖက်တွေ၊ ဖောက်သည်တွေက ကိုယ့်ကိုယုံကြည်မယ်။ ကိုယ်နဲ့အလုပ်လုပ်ရတာ ပျော်ရွှင်မယ်၊ လေးစားမယ်၊ ဂုဏ်ယူမယ်။ အဲဒီတော့မှ  အောင်မြင်မှုဆီကို ဦးတည်နေမှာဖြစ်ပါတယ်။   စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics တွေ မြတ်စွာဘုရားရဲ့ တရားတော်တွေထဲမှာ 'အကုသိုလ်' ဆိုတဲ့ စကားလုံးရှိတယ်။ အဲဒီ 'အကုသိုလ်' ဆိုတာက မကောင်းမှု ပါ။ ချမ်းမြေ့ဆရာတော်က မိမိ၊ သူတစ်ပါးတို့အပေါ်     ထိခိုက်နိုင်တဲ့အပြုအမူအပြောအဆိုတွေဟာ အကုသိုလ်တွေပဲ ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အလွန်ရိုးရှင်းတဲ့ ဆုံးမသြဝါ ဒလေးအတိုင်းပဲ ကိုယ့်ရဲ့ကုမ္ပဏီထဲမှာ ကိုယ့်ရဲ့ဝန် ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကျိုးကျေးဇူး မထိ ခိုက်အောင် အမြဲတမ်းဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ကိုယ်လုပ်မယ့်အလုပ်တွေ၊ ကိုယ်ထုတ်လုပ်မယ့်ပစ္စည်းတွေ၊ ကိုယ် ပေးတဲ့ဝန်ဆောင်မှုတွေက ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်ကိုပဲဖြစ်ဖြစ် ထိခိုက်နစ်နာစေနိုင်တဲ့ အဖြစ် မျိုးမဖြစ်အောင် ဆင်ခြင်သုံးသပ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ Engineering ကုမ္ပဏီက လုပ်လိုက် တဲ့ Design တွေဟာလည်း မပြိုကျအောင် သေသေချာချာ စိစစ်ပြီးတော့ ရေးဆွဲဖို့လိုသလို အစားအသောက်ကုမ္ပဏီ တစ်ခုက ထုတ်လုပ်လိုက်တဲ့ အစားအသောက်ပစ္စည်းတွေဟာ ဘေးဥပဒ်တစ်စုံတစ်ရာ မဖြစ်စေဖို့ အဲဒီကုမ္ပဏီက နည်းအ မျိုးမျိုးနဲ့ ထောင့်စုံဘက်စုံကနေ စစ်ဆေးဖို့ လိုပါတယ်။ ဒီလို စစ်ဆေးပြီးမှ ဘေးဥပဒ်တစ်စုံတစ်ရာမဖြစ်နိုင်ဘူးဆိုမှ ထုတ် လုပ်သင့်ပါတယ်။ လေကြောင်းလိုင်းမှာ လေယာဉ်တွေမထွက်ခင် အထပ်ထပ်စစ်ဆေး တာလည်း ခရီးသည်တွေကို လုံခြုံမှု အပြည့်အဝပေးနိုင်ဖို့အတွက်ထားရှိတဲ့ Ethics လို့ ပြောရင်ရပါတယ်။  စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိ သင့်တဲ့ Ethics တွေကိုပြောမယ်ဆိုရင် ချမ်းမြေ့ဆရာတော် အဓိပ္ပာယ်ဖွင့်ဆိုသွားသလိုပါပဲ။ လုပ်သမျအလုပ်တိုင်း၊ ပြောသမျစကားတိုင်းမှာ မိမိရဲ့ထုတ်ကုန်တိုင်း၊ မိမိရဲ့ဝန်ဆောင် မှုတိုင်းဟာ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ ဆိုးကျိုးမဖြစ်အောင် စဉ်ဆက်မပြတ် သတိထားပြီး ဆင်ခြင်သုံး သပ်ကြဖို့အရေးကြီးပါတယ်။   Ethical မဖြစ်တဲ့သူနဲ့တွေ့ရင် ကိုယ့်ကိုယ်ကိုယ်ဘယ်လိုကာကွယ်မလဲ မြတ်စွာဘုရားဟောထားတဲ့ မင်္ဂလာသုတ်တရားတော်ထဲမှာ 'အသေဝနာစ ဗာလနံ' ဆိုတဲ့အတိုင်း လူမိုက်နဲ့မပေါင်းအပ်ဘူး ဆိုတာပါပါတယ်။ ဒီတော့ Ethical မဖြစ်ဘူး ထင်ရင် ဝေးဝေးကနေတာ အကောင်းဆုံးပါပဲ။ အလုပ်လုပ်ရင်းနဲ့မှ Ethical မဖြစ်ဘူး၊ ကျင့်ဝတ်သိက္ခာနဲ့ မညီဘူးလို့ သိလာရင် လည်း ကိုယ်နဲ့အလုပ်အတူတူ ဆက်လုပ် ဖို့စဉ်းစားရမှာပေါ့။ ရပ်သင့်ရင်ရပ်လိုက်ပါ။ သူ့ကိုပြင်လို့ရမရကြည့်ပြီး မပြင်နိုင် တော့လည်း အတူတူတွဲလုပ်ရမယ့်ကိစ္စတွေကို ရှောင်တာ အကောင်းဆုံးပါပဲ။   နိုင်ငံတကာကဝင်လာရင် Ethicsဖောက်တာတွေ ပိုများလာနိုင်တဲ့ အတွက် ဘာတွေပြင်ဆင်ထားသင့်ပါသလဲ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေဟာ၊ အောင်မြင်နေတဲ့ ကုမ္ပဏီတော်တော်များများဟာ စီးပွားရေးကျင့်ဝတ် တွေ၊ ကိုယ်ကျင့်သိက္ခာတွေကို ဂရုစိုက်လေ့ရှိ ပါတယ်။  နိုင်ငံတကာကဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းကြီးတွေဟာလက်တွဲ ဖော်စီးပွားဖက်ပါတနာရှာတဲ့အခါ ကိုုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖြောင့်မတ်မှန်ကန်မှု ရှိမရှိ စစ်ဆေးမှုတွေ အကြိမ်ကြိမ် အထပ်ထပ်လုပ်ပြီးမှ ဒီကုမ္ပဏီ၊ ဒီပုဂ္ဂိုလ်နဲ့ စီးပွားရေးလက် တွဲလုပ်သင့်၊ မလုပ်သင့်ဆိုပြီး ဆုံးဖြတ်ကြတယ်။ နိုင်ငံတကာကဝင်လာတဲ့အခါ Ethics ဖောက်တာတွေ များလာနိုင် မှာကို ကြိုတင်ပြင်ဆင်ထားဖို့ဆိုတာထက်စာရင် ကိုယ်တွေ က နိုင်ငံတကာကဝင်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ဝန်ဆောင်မှု တွေပေးချင်တယ်၊ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာနာမည်ကောင်းရပြီး ထိုးဖောက်အောင်မြင်ချင်တယ်ဆိုရင်၊ ကိုယ်ကိုယ်တိုင် သာမက ကိုယ့်ဝန်ထမ်း၊ ကိုယ့်ကုမ္ပဏီတစ်ခုလုံး Ethical ဖြစ်ဖို့လိုပါတယ်။ ဖြောင့်မတ်မှန်ကန်ဖို့ကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။   စီးပွားရေးစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်ပြီး အကြံပြု ချင်တာရှိရင် အမြဲတမ်းပြောလေ့ရှိတဲ့ Honesty is the best policy  ရိုးသားဖြောင့်မတ်မှန်ကန်မှုသည် အကောင်းဆုံးကျင့်ဝတ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒုတိယတစ်ခု အနေနဲ့ကတော့ မိမိလုပ်တဲ့အလုပ်၊ မိမိပြောတဲ့အပြော၊ စဉ်းစားကြံစည်နေတဲ့ အကြံအစည်တွေဟာ မိမိအတွက်၊ မိမိကုမ္ပဏီ၊ မိမိဖောက် သည်တွေအတွက်၊ ဒါမှမဟုတ် ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေဖြစ်နိုင်သလားဆိုတာ အမြဲတမ်း သတိထားဆင်ခြင်ပြီး လုပ်ကြဖို့၊ ပြောကြဖို့၊ မလုပ်ခင်မှာလည်း အဖန်ဖန်အထပ် ထပ်စစ်ဆေးပြီးမှ လုပ်ကိုင်ကြဖို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုမှာ ရေရှည်နေနိုင်ဖို့က ကိုယ်ကျင့်သိက္ခာ၊ ကိုယ်ကျင့်သီလဖြောင့်မတ်မှန်ကန်ဖို့၊ Ethics တွေနဲ့အညီနေထိုင်ဖို့နဲ့ Integrity ရှိကြဖို့ ပြောချင် ပါတယ်။