ပေါ်ထွက်လာမည့် အာရှခရီးသည် သန်းတစ်ထောင်

Asia Travel 5 ၂၀၃၀ ပြည့်နှစ်အရောက်တွင် တရုတ်တို့က ခရီးထွက်မှု အခေါက်ပေါင်း ၁.၇ ဘီလီယံမျ ပြုလုပ်ကြဖွယ်ရှိပြီး ဒေါ်လာ ၁.၈ ထရီလီယံသုံးစွဲကြမည်ဖြစ်ရာ ခရီးသွားနှင့် အပျော်ခရီးထွက်လုပ်ငန်းမှ ရှေ့သို့မျော်စွမ်းရှိသည့် ကုမ္ပဏီ တို့သည် ထိုဈေးကွက်ဝေစုရရှိအောင် မဟာဗျူဟာများ ရေးဆွဲနေကြသည်။ ထိုစီးပွားရေးလုပ်ငန်းအတွက် ပြိုင်ဆိုင် မှုများ ပြင်းထန်ဖွယ်ရှိသည်။ ၂၀၃၀ ပြည့်နှစ်ဆိုလျင် ကမ္ဘာ့ခရီးသွားလာမှု အားလုံးသည် အာရှ-ပစိဖိတ် (အေပက်) ဒေသနှင့် ယနေ့ ၃၇ ရာခိုင်နှုန်း ပတ်သက်နေရာမှ ၄၉ ရာခိုင်နှုန်းအထိ ပတ်သက်လာတော့မည်။ လူတို့၏ သုံးစွဲနိုင်သော ဝင်ငွေ မြင့်တက်လာသည်နှင့်အမျ အာရှသားသန်းတစ်ထောင်သည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ နှင့်အထက် ဝင်ငွေရှိကာ ခရီးသွားလုပ်ငန်းဆိုင်ရာ လေကြောင်းလိုင်း၊ ဟိုတယ်နှင့် အပျော်ခရီးသွားလုပ်ငန်းကုမ္ပဏီတို့ကို အကျိုးပြု တော့မည်။ အဆိုပါနောက်ထပ်ခရီးသည် သန်းတစ်ထောင်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံတို့မှလည်း ထွက်ပေါ်လာလိမ့် မည်။ ၂၀၃၀ ပြည့်နှစ်တွင် အာရှမှ ပြင်ပ (နိုင်ငံတကာ) ထွက်ခရီးသည်များ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံက ဖြစ်လိမ့်မည်။ ထိုမျအထိ ကာလဘောင်အတွင်းမှာပင် တရုတ်နိုင်ငံသည် ပြည်တွင်းခရီးသွားလာမှုနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံကို ကျော်တက်ဖွယ်ရှိသည်။ ထို့ကြောင့် တရုတ်ပိုင်၊ သို့မဟုတ် နိုင်ငံခြားကုမ္ပဏီများအဖို့ အခွင့်အ လမ်းများပြားလှသလို စိန်ခေါ်ချက်များမှာ ထို့အတူ ဖြစ် လိမ့်မည်။ အောက်ဖော်ပြပါလမ်းညွှန်ချက်ကိုးခုက ကုမ္ပဏီ များအနေအထားအသင့်ပြင်ဆင်အောင်နှင့် တရုတ်ခရီးသွား များထံဆက်သွယ်ပြီး ဖောက်သည်များဖြစ်စေအောင် ကူညီ ပံ့ပိုးနိုင်စရာရှိသည်။ Asia Travel 4

ငွေနောက်ကို လိုက်ပါ

၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်းတရုတ်ခရီးသွား ဈေးကွက်အနက် ပြည်ပခရီးများ၏တန်ဖိုး သည် (၂၀၁၂ ခုနှစ်၌ ၃၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ) ၄၀ ရာခိုင်နှုန်းခန့်အထိ တက် လာမည်။ ယင်းခရီးထွက်ခြင်း အခေါက် Trips များအတွက် တရုတ်တို့က ဒေါ် လာ ခုနစ်ရာဘီလီယံမျသုံးစွဲကြမည်ဖြစ်ပြီး အများစုမှာ ယနေ့အခါလိုပင် ပေါ့ပေါ့ ပါးပါး အပျော်ခရီး ဖြစ်လိမ့်မည်။ ခရီးထွက်ခြင်းများ တိုး ပွားရာတွင် အစိတ်အပိုင်းသုံးခုအဖို့ အလျင်မြန်ဆုံးဖြစ်ဖွယ် ရှိရာ ယင်းတို့မှာ ငယ်ရွယ်ချမ်းသာသူများ (အသက် ၁၈-၃၀)၊ မိသားစု၊ သို့မဟုတ် တစ်ကိုယ်ရေ ခရီးထွက်အဆင့် မြင့်အတတ်ပညာရှင်များ (အသက် ၄၅-၅၅) နှင့် မိတ်ဆွေ၊ မိသားစု အစုအဖွဲ့ကလေးများ (အသက် ၃၀-၄၅) တို့ဖြစ် ကြသည်။ ယင်းတို့က နှစ်စဉ် ဒေါ်လာ ၃၄၀ ဘီလီယံမျ သုံးစွဲကြဖွယ်ရှိသည်။ တရုတ်ဧည့်သည်တို့သည် ခရီးပန်းတိုင်ရောက် လျင် ခရီးအတွက် သတ်မှတ်အသုံးစရိတ်၏ ၄၀ ရာခိုင်နှုန်း မျကို ဈေးဝယ်ရာတွင် သုံးစွဲကြသည်။ ဇိမ်ခံအမြင်အလှကုန် ပစ္စည်းများကို ဝယ်ကြပြီး ထိပ်တန်းကုန်အမှတ်တံဆိပ်ပစ္စည်း များအတွက် လျော့ဈေးကို မျော်လင့်တတ်ကြသည်။ ထို့ ကြောင့် ထိပ်တန်းဈေးဝယ်ခြမ်းစရာမရှိသော ခရီးပန်းတိုင် နေရာများအဖို့ အားနည်းချက်တစ်ခုဖြစ်သွားနိုင်သည်။  

လူအများအပြားလည်ပတ်မည့် ခရီးထွက်စရာနေရာသစ်များကို  ကြိုတင်မျော်မှန်းထားပါ

၂၀၃၀ ပြည့်နှစ် ခန့်ဆိုလျင် တရုတ်နိုင်ငံ၏ပြည်ပအပျော်နှင့် အလုပ်ကိစ္စခရီး ထွက်မှုအရေအတွက် တစ်နှစ်လျင် ၂၁၁ သန်းမျအထိ ရှိလာမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ထို့အတူ အာရှမဟုတ်သည့် ခရီးထွက်စရာနေရာများအပေါ် စိတ်ဝင် စားမှုလည်း တိုးလာလိမ့်မည်။ ၂၀၁၃ ခုနှစ်လုပ်ငန်းစစ်တမ်း တစ်ခုအရ ချမ်းသာသောလူငယ်လူရွယ်အပျော်ခရီးထွက် သူများက ခရီးဝေးပျံသန်းမှုကို စိတ်ဝင်စားကြောင်း ဖော်ပြ သည်။  လွန်ခဲ့သော သုံးနှစ်အတွင်း လူကြိုက်အများဆုံး ခရီးဝေးပျံသန်းမှုပန်းတိုင်နှစ်ခုမှာ အမေရိကန်နှင့် ပြင်သစ် နိုင်ငံဖြစ်သည်။ ယခုအခါ တရုတ်တို့အိပ်မက်မက်နေသော ခရီးထွက်စရာနေရာများမှာ မော်လဒိုက်၊ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂရိ၊ ယူကေ၊ နယူးဇီလန်နှင့် အီတလီ နိုင်ငံတို့ဖြစ်ကြသည်။   [caption id="attachment_16147" align="alignnone" width="720"]Asia Travel 1 တရုတ်ခရီးသွား ဧည့်သည်တို့သည် ခရီးထွက်ခြင်းအတွက် သတ်မှတ်ထားသည့် အသုံးစရိတ်၏ ၄၀ ရာခိုင်နှုန်းကို ဈေးဝယ်ခြမ်းရေးအတွက် အသုံးစွဲကြသည်[/caption]  

'မြို့ငယ်' ဆိုသည်များ၌ အကျိုးအမြတ်များများ ထုတ်ပါ

ရှန်ဟဲ၊ ပေကျင်း စသည့် လူဦးရေဆယ်သန်း အထက် မြို့ကြီးများသည် ခရီးသွားလုပ်ငန်းအဖို့ ပြိုင်ဆိုင် မှုပြင်းထန်လှသည်။ တရုတ်နိုင်ငံ၌ လူလတ်တန်းစား ဝင်ချမ်းသာသောဖောက်သည်MAC (Middle Class and Affluent Customers) ဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် သာမန်မြို့များတွင် နေထိုင်လျက်ရှိသည်။ ဥပမာ- ရှန် ဒေါင်းပြည်နယ်က Rizhao ၊ Zhejiang ပြည်နယ်က Huzhou ၊ ဟေနန်ပြည်နယ်က Xinxiang တို့ဖြစ်ကြသည်။ မဟာလူဦး ရေဗဟိုချက်များကို ကျော်လွန်ရှုမြင်သောကုမ္ပဏီ များအဖို့ ပထမလှုပ်ရှားသူ အားသာချက်ရရှိနိုင်သည်။ ၂၀၀၉ ခုနှစ်၌ သြစတြေးလျက Jetstar ကုမ္ပဏီက ပြည်နယ်မြို့တော် Haikou မှ ပျံသန်းမှုခရီးစဉ်များ စတင်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍  United Airlines  သည် ဆန်ဖရန်စစ္စကို-ချန်ဒုတိုက်ရိုက်ခရီးစဉ်ကို ရက်သတ္တတစ် ပတ်လျင် သုံးကြိမ် ပျံသန်းပေးလိမ့်မည်။ တစ်ဖန် ရေရှည် အဖို့ ပြည်တွင်းခရီးထွက် MAC ဦးရေ တိုးလာမည်ဖြစ်၍ ဟိုတယ်လုပ်ငန်းအနေဖြင့် လူသိမများသေးသည့်မြို့များတွင် နေရာကောင်းများ လက်ဦးရယူရန် အခွင့်အလမ်းရှိနေ သည်။  

တရုတ်ခရီးသည်များကို ပျော်အောင်ထားပါ

တရုတ် ခရီးသွားလည်ပတ်သူတို့သည် အဓိကအားဖြင့် လျော့ဈေး သက်သာမှုများကို ကြိုက်နှစ်သက်ကြလျင် အနောက်နိုင်ငံ ခရီးသွားများကဲ့သို့မဟုတ်ဘဲ ခရီးထွက်ရန် အချိန်တိုတိုဖြင့် ဆုံးဖြတ်လေ့ရှိကြသည်။ များသောအားဖြင့် တရုတ်ခရီးသည်တို့သည် (သူစိမ်းများပါဝင်ပါစေ) အုပ်စုဖွဲ့လည်ပတ် ပို့ဆောင်ပေးခြင်းကို အထူးနှစ်သက်ကြသည်။ လေကြောင်းလိုင်းဝန်ဆောင်မှုများကို အနောက်နိုင်ငံခရီးသည်များထက် ပိုမိုစိစစ်ကြပြီး ပြောင်းလွယ်ပြင်လွယ်ထားပေးသော ဝန် စည်စလယ်အလေးချိန်၊ ခရီးစဉ်ပြောင်းရာ၌ သက်ညှာ လိုက်လျောမှုများကို မျော်လင့်ကြသည်။ သို့နှင့် Emirates နှင့် Qatar လေကြောင်းလိုင်းတု့ိက   ခရီးသည်ဝန်စည်စလယ် ခွင့်ပြုအလေးချိန်ကို တိုးမြှင့်ပေးနေသည်။ တရုတ်ခရီးသည် တို့သည် သက်သောင့်သက်သာနှင့် ရင်းနှီးပြီးသားသဘာဝကို ပိုမိုနှစ်သက်သဖြင့် ဟိုတယ်၌ တရုတ်တီဗီချန်နယ်ထုတ် လွှင့်မှု၊ တရုတ်အစားအစာတို့ ရှိသင့်သည်။ သို့သော်တရုတ် တို့၏ခရီးသွားအတွေ့အကြုံများလာလျင် အဆိုပါ လိုအပ် ချက်များ၏အရေးပါမှု လျော့သွားသည်။ Asia Travel 2  

အမှတ်တံဆိပ်များ တကယ်အရေးပါသော်လည်း သင့် အမှတ်တံဆိပ်ကို လိုက်ဖက်အောင် ပြင်ဆင်ပါ

တရုတ်ခရီးသွားလုပ်ငန်းမဟာဗျူဟာတိုင်းတွင် ထိရောက် သော (ကုန်/ဝန်ဆောင်မှု) အမှတ်တံဆိပ် စီမံခန့်ခွဲရေး သည် အလွန်အရေးပါသည်။ ထိုစွမ်းရည်ကို ပိုင်ဆိုင်သည့်  ကုမ္ပဏီများအဖို့ 'Win' နိုင်ရန် အကောင်းဆုံးအနေအထား ရှိလိမ့်မည်။ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာကုန်အမှတ်တံဆိပ် အများအပြားကို တရုတ်နိုင်ငံ၌ ကောင်းစွာမသိရှိကြသေး ပါ။ ချမ်းသာသည့်လူငယ်တရုတ်ခရီးသွားများအဖို့ နိုင်ငံတကာဇိမ်ခံဟိုတယ်ဆိုလျင် အာရှက Shangri-La ကို အထောက်အကူပြုသိရှိမှု (Aided Awareness) သည် အခြားဟိုတယ်အမှတ်တံဆိပ်ထက် ပိုမို သည်။ ဒေသခံလေ ကြောင်းလိုင်းများနှင့် နိုင်ငံတကာလေကြောင်းလိုင်းများအတွက်လည်း ထို့အတူပင်ဖြစ်သည်။ အထောက်အကူပြု သိရှိမှုတွင် Air China  ၊  China Eastern Airlines  နှင့် China Southern Airlines တို့သည် အဆင့် ၇၀ ရာခိုင် နှုန်းအထက်ရှိကြပြီး အလားတူနိုင်ငံတကာလေကြောင်းလိုင်း တို့မှာ ၄၀ ရာခိုင်နှုန်းအောက်၌ ရှိနေကြသည်။ တရုတ် နိုင်ငံ၏ခရီးသွားလုပ်ငန်းဈေးကွက်မှာ ပေါ်ထွန်းတိုးတက် နေဆဲဖြစ်သော်လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအနေ ဖြင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစုစုကို ပြန်လည်သုံးသပ်ကာ ခိုင်မာတောင့်တင်းစေနိုင်မည့် အခွင့် အလမ်းများစွာရှိသည်။ သင့်ရောင်းချမှုဆိုင်ရာအကျိုးသက်ရောက်မှုကို ဆန်းသစ် တီ ထွင်မှုဖြင့် အကောင်းဆုံးမြှင့်တင်ပါ ။   ။ တရုတ်နိုင်ငံ၏ကျယ်ပြောခြင်း၊ ခရီးသွားအများစုမှာ အတွေ့အကြုံနည်း ခြင်းနှင့် နိုင်ငံခြားအမှတ် တံဆိပ် များကို ကောင်းစွာ မသိရှိ ကြသေးခြင်းတို့ကြောင့် ကုမ္ပဏီများအဖို့ သမားရိုးကျ ရောင်း ချမှုအမြဲတမ်းမထိရောက်နိုင်ဘဲ နည်းလမ်းသစ်များ ရှာကြံ ရပေမည်။ ဆိုရှယ်မီဒီယာကို လူကြိုက်များမှု၊ မိုဘိုင်းလ်ဖုန်း နည်းပညာနှင့် အကျော်အမော်ထောက်ခံသူများဖြင့် ခရီးသွား လုပ်ငန်းအချို့တို့သည် ထောက်ခံမှုဖြင့်ရောင်းချခြင်း (Adv- ocacy Marketing) အယူအဆကို အကျိုးရှိစွာ အသုံးချ လာကြသည်။ အဆိုပါရောင်းချနည်းအရ သြဇာညောင်းနိုင် သူများအနက် ၂ ရာခိုင်နှုန်းမျသာရှိသော အထူးအရေးပါ သူများကို တွေ့အောင်ရှာ၊ ဆက်ဆံရေး တည်ထောင်မှုပြု ကာ ကုမ္ပဏီကို ထောက် ခံသူများ ဖြစ်လာစေသည်။ ဥပမာ- Tourism New Zealand သည် လေဒီဂါဂါ၊ ဂျပ် စတင်ဘီဘာတို့အလား ထင်ရှားသူ တရုတ်သရုပ်ဆောင်မင်း သမီး Yao Chen  ၏ လက်ထပ်ပွဲကို Queenstown ၌ လက်ခံကျင်းပပေးခြင်းဖြင့် ထိုမြို့ကို စိတ်ကူးယဉ်အချစ်နှင့် ပျားရည်ဆမ်းခရီးအတွက် အကောင်းဆုံးခရီးပန်းတိုင်တစ်ခု အသွင် ပေါက်စေခဲ့သည်။  

သင် ဖြန့်ချိနိုင်မည့်ရွေးချယ်စရာများကို သိရှိပါစေ

တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်သည်အပြိုင်အဆိုင်ချန်နယ်မျိုးစုံဖြင့် ကွဲပြားနေပေသည်။ ထို့ပြင် တရုတ် ဖောက်သည်တို့သည် ကုမ္ပဏီ၏ရောင်းချမှုဆိုင်ရာ သတင်း စကားထက် သိကျွမ်းသူများ၏ထောက် ခံချက်၊    အွန်လိုင်း ပေါ်ကထင်မြင်ချက်တို့ကို ယုံကြည်ကြောင်းအလေးအနက် ပြောဆိုနေကြသည်။ တစ်ချိန်တည်းမှာပင် အွန်လိုင်းခရီးသွား လုပ်ငန်းအေဂျင်စီ OTAS တို့သည် သမားရိုးကျ ခရီးသွား လုပ်ငန်းများထံမှ ဈေးကွက်ရှယ်ယာ အလျင်အမြန်ရယူ နေရာ လေကြောင်းနှင့် ဟိုတယ်ဝက်ဘ်ဆိုက်တို့နှင့် ပူးတွဲ ပြီး ဟိုတယ်ခန်းနှင့် လေယာဉ်လက်မှတ်ဝယ်ယူရေးအ တွက် မကြာမီတွင် အဓိကချန် နယ်ဖြစ်လာတော့မည်။ ထိုချန် နယ်၏အရေးပါမှုကို ကမ္ဘာလုံးဆိုင်ရာ ဟိုတယ်စု (ချိန်း) များက အသိအမှတ်ပြုထားပြီးဖြစ်ရာ Ctrip အေဂျင်စီဆို လျင် ဈေးကွက်ရှယ်ယာ ၄၀ ရာခိုင်နှုန်းကျော်ဖြင့် အကြီးဆုံး အဖြစ် ရပ်တည်နေသည်။ ဥပမာ- ၂၀၁၃ ခုနှစ်၌  IHG (International Hotel Group) သည် ယင်း၏ကြိုတင်မှာကြားခြင်းစနစ်ကို Ctrip နှင့် ချိတ်ဆက်ခဲ့ရာ Ctrip အသုံး ပြုသူတို့အနေဖြင့် ကမ္ဘာတစ်ဝန်း  ဟိုတယ်နှင့် စခန်း များ၌ အခန်းများ အခြေအနေသိရှိရန်နှင့် ကြိုတင်မှာကြားမှု အတည်ပြုရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်လာ ကြသည်။  

အောင်နိုင်ရန် အခြားအင်အားစုများနှင့် ပူးပေါင်းပါ   သို့သော် သင့်ပါတနာများကို လိမ္မာကျွမ်းကျင်စွာ ရွေးချယ်ပါ

တရုတ်နိုင်ငံ၌ စကေးကြီးကြီးအရှိန်သြဇာမြင့်မြင့်လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံခြားခရီးသွားလုပ်ငန်း ကုမ္ပဏီအနည်းငယ်မျသာရှိ၍ အခြားလုပ်ငန်းရှင်များနှင့် ဆန်းသစ်တီထွင် ပူးတွဲဆောင်ရွက်ခြင်း၊ ခရီးပန်းတိုင် အဆင့် ၌ အတူတကွ ဆောင်ရွက်ခြင်းတို့ တန်ဖိုးရှိမည်ဖြစ်သည်။ အခြားအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ် ငန်းအမှတ်တံဆိပ်၊ ဝန်ဆောင်မှုပေးအပ်ခြင်းနှင့် ပြိုင်ဆိုင် အားအခြေအနေတို့ ခိုင်မာတောင့်တင်းလာနိုင်သည်။ [caption id="attachment_16146" align="alignnone" width="720"]Asia Traval 3 တရုတ်ပြည်ပမှ အပန်းဖြေထွက်သူများ မျှော်စင်ထိပ်မှနေ၍ ဟောင်ကောင်မိုးခြေမျဉ်းကို ရှုစားနေကြစဉ်[/caption] ဒေသခံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့တို့သည် အင် အားကောင်းသောမဟာမိတ်ဖြစ်လာနိုင်သည်။ ပူးတွဲပဏာမ ခြေလှမ်းများဖြင့် အပျော်ခရီးပန်းတိုင်တစ်စုံတစ်ခုကို အသိ အမှတ်ပြုလာစေနိုင်သည်။ သြစတြေးလျ၊ ဟာဝိုင်အီနှင့် ဂျပန်နိုင်ငံတို့တွင် အစိုးရ ကမကထပြုသည့် ခရီးသွားလုပ် ငန်းစီမံချက်များ အထူးအောင်မြင်သည်။ ထို့အတူ ခရီးသွား ဝန်ဆောင်မှုပေးအပ်သူတို့က ခရီးပန်းတိုင်တစ်ခုခုနှင့် ခိုင် မြဲစွာပူးပေါင်းဆောင်ရွက်လျင် ယင်းတို့၏ အမှတ်တံဆိပ်ကို လည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ Emirates လေ ကြောင်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ဒူဘိုင်းကို ခရီးပန်း တိုင်အဖြစ်ထားကာ ချိတ်ဆက်ထားခဲ့သောကြောင့် အောင်မြင် နေသည်။ နှစ်ဦးပူးပေါင်း၍ Do More in Dubai  စီမံချက် ကို အကောင်အထည်ဖော်ခဲ့ကြသည်။ ဒူဘိုင်းသည် ကမ္ဘာ့ အဆင့်မီဈေးဝယ်ခြမ်းရာနေရာ ဖြစ်သည်ကိုသိရှိသော ထို လေကြောင်းတိုင်းသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အပိုမက်လုံးအဖြစ် ဝန်စည်စလယ် ခွင့်ပြုအလေးချိန်တိုးမြှင့် ပေးခဲ့သည်။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သော်လည်း ရွေး ချယ်ဆောင်ရွက်နိုင်စရာများကို လမ်းဖွင့်ထားပါ ။  ။တစ်ဖက်တွင် အချိန်တိုအတွင်း ရောင်းချမှုနှင့်အတူ အမှတ် တံဆိပ်တည်ထောင်ရေး၊ တရုတ်ခရီးသည်များ စိတ်ဝင်စား လာနိုင်မည့်ဆက်သွယ်ရေးနည်းဗျူဟာများနှင့် သူတို့ အထင် အမြင်နှင့် ပိုမိုနှစ်သက်လိုလားမှုတို့ကို ပုံသွင်းရေးတို့ ရှိကြ သည်။ အခြားတစ်ဖက်၌ လေကြောင်းလိုင်းများနှင့် ဟိုတယ် တို့သည် ခရီးသွားလာရေးလုပ်ငန်းရှင်နှင့် အေဂျင်စီတို့ထက် အချိန်ကာလဘောင်ရှည်လျားသည့် စီမံကိန်းရေးဆွဲရေးရှိနေ သဖြင့် အရဲစွန့်ရသည့်ဝန်ပိုပိနေကြသည်။  တိုးတက်မှုမျဉ်း ကွေးတစ်လျောက်၌ ပြိုင်ဘက်ကို ခုန်ပျံကျော်တက်ကာ နေရာသစ်၊ ခရီးစဉ်သစ်များရယူရန် ရင်းနှီးမြှုပ်နှံခြင်းသည် တန်ဖိုးရှိနိုင်သော်လည်း မိမိရွေးချယ်နိုင်စရာများကို လမ်း ဖွင့်၊ ဖြစ်နိုင်လျင် ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းတစ်ခုကို ရယူထားခြင်းမှာလည်း အားသာချက်များ ရှိမည်ဖြစ် သည်။ အချုပ်အားဖြင့် အောင်မြင်ရေးသော့ချက်မှာ ဈေး ကွက်ရှိ အအောင်မြင်ဆုံးအစိတ်အပိုင်းများ ယင်းတို့၏ အထူး သီးသန့်လိုအပ်ချက်များ၊ထိုအစိတ်အပိုင်းများသို့ အကောင်း ဆုံးလက်လှမ်းမီရေးနှင့် ရင်းနှီးမြှုပ်နှံ မှုပြန်ပေါ်နှုန်း (Return on Investment)  ကို မည်သို့အမြင့်မားဆုံး ရောက်စေနိုင် မည်တို့ကို ရှာဖွေတွေ့ရှိရန်ဖြစ်ပေသည်။ သင်သည် ဤ ထိုးထွင်းသိမြင်ချက်များကို အောင်နိုင်ရန် သင့်လုပ်ငန်း အမှတ် အသားတံဆိပ်များ မည်မျအနေအထားကောင်းမွန်သည်၊  မည်သည့်ကုမ္ပဏီများနှင့် ပူးတွဲဆောင်ရွက်ရမည်နှင့် အောင် မြင်ရန် ဘာလုပ်ရမည်တို့ကို သုံးသပ်ဆုံးဖြတ်နိုင်တော့မည်။

 Ref: www.bcgperspectives.com

ခင်အောင် (အင်္ဂလိပ်စာ)