လူတိုင်းက လက်တွေ့လုပ်ငန်းခွင်ထဲမှာပဲ Operation နဲ့ သံသရာလည်နေကြတာပါ။ ဒီလိုအချိန်မှာ ကိုယ့်ပြိုင်ဘက်နဲ့ ကိုယ့်အိမ်နီးနားချင်းနိုင်ငံတွေက ကိုယ်လိုရွယ်တူတန်းတူ လူငယ်လူရွယ်တွေက ပညာရပ်အသစ်အသစ်တွေနဲ့ တစ်ဟုန်ထိုးပြောင်းလဲနေတာဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်က Operation ပိုင်းကို ကျွမ်းကျင်ပေမယ့် အပြင်ကပြောင်းလဲတိုးတက်နေတာတွေနဲ့ မျက်ခြည်ပြတ်သွားခဲ့ရင်လည်း အောင်မြင်တဲ့ Career တစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါရာ၊ ကိုယ်လေ့လာသင့်တာ စတဲ့ နှစ်ခုကိုချိန်ထိုးပြီး ကိုယ့် Career တစ်ဆင့် မြှင့်တင်ရာမှာ လိုအပ်တဲ့ ဘာသာရပ်တစ်ခုခု၊ အကြောင်းအရာတစ်ခုခုကို ရွေးချယ်လေ့လာသင်ယူနေဖို့ လိုပါတယ်။
ဘယ်လိုအချက်တွေကြောင့် အသစ်မလေ့လာနိုင်သလဲ . . .
ဒါပေမဲ့ ဒီလိုလေ့လာရာမှာလည်း အချိန်က အကန့်အသတ်ရှိနေပြန်ပါတယ်။ Demand တွေများလှတဲ့ ဒီကနေ့ခေတ်လုပ်ငန်းခွင်တွေထဲက သင်ယူလေ့လာစရာတွေကိုထားပြီး အပြင်ထွက် တစ်ခုခုကိုလေ့လာဖို့က လူတိုင်းအကြိမ်ကြိမ် ပြန်စဉ်းစားရတဲ့အကြောင်းအရာတစ်ခုပါ။ ဒီလိုစဉ်းစားတဲ့နေရာမှာ အချိန်နဲ့နေရာ၊ သွားရမယ့်ခရီးအကွာအဝေး၊ လမ်းခရီးမှာတင် ကုန်ခန်းမယ့်အားအင် စတဲ့ တချို့တချို့သောမလိုလားအပ်တဲ့ အပိုကုန်မယ့် Factor တွေကို ဖယ်ထုတ်ပြီးတော့ ရလာတဲ့အကောင်းဆုံးအဖြေကတော့ Online Course တွေပါပဲ။ ဟုတ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ Online Learning အတွက်လောက်ကိုတော့ အချိန်ရအောင် လုပ်တတ်ဖို့လိုနေပါပြီ။ ဒီအတွက် စဉ်းစားနိုင်စရာ Website တွေကို ဖော်ပြပေးသွားပါမယ်။
ဘာတွေလိုအပ်သလဲ . . .
တစ်ခုတည်းသော Limitation က Language ဖြစ်ပါ တယ်။ လက်ရှိရနေတဲ့ Online Course တွေအားလုံးက English ကိုပဲ အသုံးပြုထားတာဖြစ်လို့ အင်္ဂလိပ်စာ ပိုင်နိုင်ကျွမ်းကျင်ဖို့ကတော့ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ နောက်ပြီး တချို့ Website တွေရဲ့ တခြား Lesson တွေက ငွေသွင်းပြီး တက်ရတာမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် Credit ၊ Debit Card တွေတော့ လိုပါလိမ့်မယ်။ Online Learning အတွက် နောက်ထပ်အရေးအကြီးဆုံး Discipline ကတော့ Self-Discipline ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ထိန်းကျောင်းနိုင်သလဲဆိုတာနဲ့ပဲ ဘယ်လောက်အချိန်အတိုင်းအတာအတွင်းမှာ ကိုယ်ဘယ်လောက် အသစ်တွေ သင်ယူနိုင်ခဲ့သလဲဆိုတာကို လက်တွေ့သိနိုင်မှာဖြစ်ပါတယ်။
ဒီ Website တွေကနေ ဘာတွေလေ့လာနိုင်မလဲ . . .
ဘာသာရပ်၊ Topic ၊ အကြောင်းအရာ အများကြီးပါ။ Business ၊ Entrepreneurship ၊ Academics ၊ Design ၊ Markeing ၊ Coding ၊ Data ၊ Photography ၊ Science စတာတွေအပါအဝင် Language ၊ Social ၊ Lifestyle အမျိုးမျိုးသော မတူညီတဲ့ ဘာသာရပ်နဲ့ အကြောင်းအရာတွေကို ကြိုက်နှစ်သက်ရာ၊ နောက်ပြီး သင့်တော်ရာ ရွေးချယ်လေ့လာနိုင်ပါလိမ့်မယ်။
Online ကနေ စာသင်နိုင်မယ့် Website ၉ မျိုး
edX
http://ed.ted.com/
ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တော်တော်များများရဲ့ Online Course တော်တော်များများကို လေ့လာနိုင်ပါတယ်။
Coursera
ကမ္ဘာ့အကောင်းဆုံး Course တွေကို Online ကနေ အခမဲ့လေ့လာနိုင်ပါတယ်။
Coursmos
Micro-Course လေးတွေကို ကိုယ်အားရင် အားသလို အချိန်မရွေးကြိုက်တဲ့ Device ပေါ်မှာ လေ့လာနိုင်ပါတယ်။
Highborw
တစ်ထိုင်လေ့လာစာ Daily Course လေးတွေကို ကိုယ့် Mail Inbox ထဲအရောက် နည်းနည်းချင်း လေ့လာနိုင်ဖို့အတွက်ပါ။
Skillshare
ကိုယ်ဘယ်လောက်အထိ ဖန်တီးနိုင်စွမ်းကောင်းသလဲဆိုတာကို စိန်ခေါ်နိုင်ဖို့ Online Class တွေ၊ Project တွေ အမြောက်အမြားရှိပါတယ်။
Curious
Online Video Lesson တွေကနေပြီး ကိုယ့်အတွက်၊ အလုပ်အတွက် လိုအပ်တဲ့ Skill တွေတက်လာအောင် လေ့လာနိုင်ဖို့ပါ။
Lynda.com
နည်းပညာ၊ ဖန်တီးမှုပညာနဲ့ Business Skill တွေကို ဒီမှာလေ့လာသင်ယူနိုင်ပါတယ်။
CreativeLive
ကမ္ဘာ့အကျွမ်းကျင်ဆုံးပညာရှင်တွေဆီက Creative Class တွေကို အခမဲ့လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
Udemy
လက်တွေ့မှာလုပ်ငန်းခွင်မှာ လိုအပ်နေတဲ့ အရည်အချင်းတွေကို Online ကနေ သင်ယူဖို့နေရာ ဖြစ်ပါတယ်။
ဖြူလဲ့မွန်