BALANCING CORE AND THE CONTEXT : အဓိကလုပ်ငန်းနဲ့ အခြေအနေအရ ဆက်စပ်လုပ်ကိုင်ရတဲ့ အလုပ်နှစ်မျိုးကို ထိန်းညှိပေးဖို့လို
အဖွဲ့အစည်းတစ်ခုရဲ့ အဓိကလုပ်ငန်း (Core Activities) ဆို တာ ပြိုင်ဘက်တွေနဲ့မတူတဲ့ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလိုသူတွေနဲ့မတူတဲ့ ကျွမ်းကျင်မှုတွေကြောင့် ဖောက်သည်တွေဟာ ဒီအဖွဲ့အစည်းရဲ့အရည်အသွေးပိုကောင်း မှုကို သဘောပေါက်လက်ခံလာကြတာဖြစ်တယ်။ လုပ်ငန်းရဲ့ အခြေအနေအရ ဆက်စပ်မှုရှိတဲ့အလုပ်တွေကို လုပ်ရတတ် တယ်။ ဒီအလုပ်မျိုးတွေကို (Context Activities) လို့ခေါ်ရ မှာဖြစ်တယ်။ နှစ်မျိုးစလုံးကို ချိန်ဆရမှာဖြစ်တယ်။အယူအဆ
Core Activities ဆိုတာက စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့အယူအဆတွေ၊ အကြံဉာဏ်တွေမှာ ထည့်သွင်း စဉ်းစားရမယ့်အလုပ်တွေ ဖြစ်တယ်။ Context Activities ဆိုတာကတော့ စီးပွားရေးလုပ်ငန်းလှုပ်ရှားရှင်သန်နေဖို့ လုပ်ရတဲ့အလုပ်တွေပါပဲ။ ဥပမာ -Microsoft ရဲ့Core Activitiesဟာ ဆော့ဝဲအသစ် ဖန်တီးပြုလုပ်နိုင်တဲ့အစွမ်း အစလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ Context Activity ကတော့ ကုန်အမှာစာတွေကို စိစစ်တာ၊ ကုန်တွေကို ပို့ တာတွေ ဖြစ်နိုင်တယ်။ ဒီ Activity နှစ်မျိုးစလုံး အရေး ကြီးတာမှန်ပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အဓိကတန် ဖိုးဟာ Core Activity မှာပဲဖြစ်ပါတယ်။ ရှယ်ယာပိုင်ရှင် တွေဟာ Core Activities တွေကိုပဲ အဓိကအာရုံစိုက်ကြလေ့ ရှိတယ်။ ဒီအလုပ်တွေကမှ သူတို့ရဲ့ ရှယ်ယာတန်ဖိုးကိုမြှင့် ပေးနိုင်မှာဖြစ်လို့ပဲ စီးပွားရေးကုမ္ပဏီတွေဟာ Context Activities တွေမှာသာ သိပ်ပြီး အာရုံစိုက်လွန်းပြီး Core Activities တွေကို အာရုံသိပ်မစိုက်ကြဘဲ ဖြစ်နေနိုင်တယ်။ အထက်မှာပြောခဲ့တဲ့အတိုင်း Context Activities တွေက ကုမ္ပဏီအနေနဲ့ ဈေးကွက်ထဲမှာ ဆက်လက်ရှင်သန်နေဖို့ အရေးဟာ မှန်ပေမယ့် Core Activities တွေကို အာရုံစိုက် မှသာ စီးပွားရေး လုပ်ငန်းတွေတိုးတက်လာမှာဖြစ်ပြီး ပြိုင် ဘက်တွေနဲ့လည်း ပိုမိုယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းလမ်းညွှန်ပညာရှင်Geoffrey Moore က အထက်ပါ Core နဲ့ Context ကို ချိန်ညှိ လုပ်ကိုင်ကြဖို့ အကြံပြုထားတယ်။ Context Activities တွေကို အပြင်မှာအငှားချအလုပ်ခိုင်း၊ ဒါမှမဟုတ် စက်တွေ နဲ့လုပ်နိုင်အောင် ကြိုးစားပါတဲ့။ အဲဒီလိုလုပ်ရင် စရိတ်စက အရ တွက်ခြေကိုက်မယ့် ပစ္စည်းတစ်မယ်နှစ်မယ်လောက်သာ သီးသန့်အဓိကအာရုံစိုက်ပြီး အရေအတွက်တွေတွေ ထုတ် လုပ်ပြီး မြန်မြန်ရောင်းရင် အကျိုးအမြတ်တွေတွေရနိုင်သလို အကျိုးရှိလာနိုင်မှာ ဖြစ်တယ်။ နောက်အကျိုးတစ်ရပ်ကတော့ ငွေပိုရင်းနှီးလာနိုင်လာတာနဲ့အမျှ ဈေးကွက်မှာ အသာစီးရ လာနိုင်တယ်။ Cisco ၊ Dell ၊General Motors IBM၊ Kodak အစရှိတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ Context လုပ် ငန်းတွေကို ပြင်ပမှာ အလုပ်ခိုင်းကြတယ်။ ဒီတော့ကုမ္ပဏီ အတွင်း Core နဲ့ Context အလုပ်နှစ်မျိုးစလုံးလုပ်ရာမှာ သက်သာသွားတယ်။ Sabrix ကုမ္ပဏီဟာလည်း သူ့ရဲ့ Context လုပ်ငန်းတွေကို ပြင်ပမှာ အပ်နှံအလုပ်ခိုင်းတယ်။ “ဒီလိုလုပ်တော့ ကုမ္ပဏီအတွင်း လုပ်ရမယ့်အလုပ်တွေ Core Activities တွေကို လုပ်နိုင်တဲ့ဝန်ထမ်းတွေက ဇောက် ချလုပ်နိုင်သွားတယ်” လို့ အဲဒီကုမ္ပဏီရဲ့ CEO က ပြော တယ်။လက်တွေ့ဆောင်ရွက်ရန်
- Core ဆိုတာက၊ Context ဆိုတာက ဘာလဲလို့ ရှင်းရှင်းနားလည်အောင် လုပ်ပါ။ ဒီနှစ်မျိုးက တစ်ခုနဲ့ တစ်ခုရောထွေးခြင်း၊ တစ်ခုမှတစ်ခု ပြောင်းရွှေ့ခြင်း ဖြစ်တတ်တယ်။ - အလုပ်တွေကို ပြင်ပသူတွေဆီသွားအလုပ်ခိုင်းတာကို အဟန့်အတားဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတာ လည်း စဉ်းစားထားပါ။ မန်နေဂျာတာဝန် အပြောင်း အလဲလုပ်လိုက်လို့ အလားတူပြဿနာပေါ်လာရင် ရှင်း ဖို့လည်း အသင့်လုပ်ထားပါ။ - Core Activities တွေကို ထိပ်ပိုင်းမန်နေဂျာတွေမှ သည် အလယ်အဆင့်စီမံခန့်ခွဲရေးအပိုင်းဆီကို လွှဲ ပေးကြည့်ပါ။ သူတို့က ဈေးကွက်အလားအလာကို ပိုသိနိုင်တယ်။ ဒီလိုလွှဲပေးလိုက်တဲ့အတွက် တစ်နေရာ မှာ အလုပ်တာဝန်တွေပိနေတာမျိုး မရှိနိုင်တော့ပါ။ - အပြင်မှာ အလုပ်အပ်တာတွေနဲ့ ဃသညအနထအ ဗခအငလငအငနျ ကို စီမံလုပ်ကိုင်ပုံတွေနဲ့ပတ်သက်ပြီး ထိပ်ပိုင်းက လူ တွေရဲ့ထောက်ခံမှုကို အားပေးပါ။ညွန့်သောင်း