ကိုယ်ဟာ အချိန်ဆွဲတတ်ပါသလား။ ကိုယ်ဟာတစ်ခါတလေမှာ ကိုယ့်ရဲ့ဘဝ၊ ဒါမှမဟုတ် ကိုယ့်ရဲ့အလုပ်ကိုတိုးတက်စေလိမ့်မယ်လို့ ကိုယ်သိထားတဲ့အရာတွေကိုလုပ်ဖို့ နေ့ရွှေ့ ညရွှေ့ ရွှေ့နေပါသလား။
လူအများစုကို ဒီမေးခွန်းကိုမေးတဲ့အခါ ၈၀ ရာခိုင်နှုန်းက ‘ဟုတ်ပါတယ်’ ဆိုတဲ့ အဖြေကိုပေးကြပါ တယ်။
အခုအခါမှာ အချိန်ဆွဲခြင်းဟာကိုယ့်ကိုကိုယ့်ရဲ့ ပန်းတိုင်တွေနဲ့ ပိုပြီးနီးအောင်လုပ်မပေးရုံသာမကကိုယ့်ရဲ့ပန်းတိုင်တွေကိုရှေ့ဆုံးကရောက်မသွားအောင် လည်း မကြာခဏတားဆီးနေလိမ့်မယ်ဆိုတာကို လူအများစုက သဘောတူကြပါတယ်။
ဒါဆိုရင် ဒီနေရာမှာ ကျိုးကြောင်းဆီလျော်တဲ့ မေးခွန်းက “အချိန်ဆွဲခြင်းကို ဘယ်လိုတားဆီးကြမလဲ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့အတူ ပါလာတာ ကတော့ လူသားတွေဟာ ဆင်ခြင်တုံတရားမရှိကြဘူး ဆိုတဲ့ပြဿနာပါပဲ။
အဲဒါကြောင့် ဒီမေးခွန်းရဲ့ နောက်ကွယ်မှာရှိတဲ့ မေးခွန်းကဝသီဆိုတဲ့ အကျင့်တွေဟာ ဘာတွေဖြစ်ကြပြီး အဲဒီအကျင့်တွေကို ဘယ်လိုပြောင်းလဲနိုင် မလဲဆိုတာပါပဲ။
အကျင့်တွေဟာ ဦးနှောက်ထဲမှာ ဖွဲ့စည်းဖြစ်ပေါ် တယ်ဆိုတာကို ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ နောက်ပိုင်းမှာ MIT တက္ကသိုလ်က အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်အ ဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ ‘အကျင့်၏ တန်ခိုးစွမ်းအား’ စာအုပ်ကို ရေးသားသူချားစ်ဒူးဟစ်ဂ်က အဲဒီဖွဲ့စည်းတဲ့ ဖြစ်စဉ်ကို ‘အကျင့်စက်ကွင်း’ လို့ ခေါ်ပါတယ်။
ပထမ - အချက်ပေးမှု
အကျင့်စက်ကွင်းမှာ ပထမဆုံးပါဝင်တဲ့အစိတ်အပိုင်းဟာ အချက်ပေးမှုဖြစ်ပါတယ်။ အချက်ပေးမှုဆိုတာကတော့ အကျင့်တစ်ခုကို ဖြစ်ပွားစေတဲ့အရာဖြစ်ပါတယ်။ အဲဒါကို ‘စေ့ဆော်မှု’ လို့လည်း ခေါ်နိုင်ပါတယ်။
ဥပမာအားဖြင့် ကိုယ်ဟာ ကိုယ့်စားပွဲမှာထိုင်နေ ပြီး ကိုယ့်ရဲ့လုပ်ငန်းကို တိုးတက်အောင် ကိုယ့်ကိုကူညီမယ့် ‘အရာ’ ကိုလုပ်ဖို့ စဉ်းစားနေတယ်ဆိုကြပါစို့။ “ ဒီဆောင်း ပါးကို ငါရေးဖြစ်အောင်ရေးရမယ်၊ ဒါမှမဟုတ် ဖောက် သည်ဖြစ်ဖို့ အလားအလာရှိတဲ့ လူဆီကို ငါဖုန်းခေါ်ရမယ်၊ ဒါမှမဟုတ် လူတွေဝယ်ချင်အောင် မဲဆွယ်တဲ့စကားကို ငါပြောရမယ်၊ ဒါမှမဟုတ် လေ့ကျင့်သင်ကြားရေးဗီဒီယိုကို အပြီးသတ်အောင် ငါလုပ်ရမယ်” ဆိုတာမျိုးကို ကိုယ်တွေးကောင်းတွေးနေပါလိမ့်မယ်။
မှန်ပါတယ်။ ကိုယ်ဟာ ကိုယ့်ကိုငွေပိုရအောင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့လုပ်ငန်းကိုကြီးထွားလာအောင် ကိုယ့် ကို အမှန်တကယ်ကူညီပေးမယ့် လုပ်ရပ်ကိုလုပ်ဖို့နဲ့ပတ် သက်ပြီး တွေးပါတယ်။
ဒုတိယ - လုပ်ရိုးလုပ်စဉ်အလုပ်
အဲဒီနောက်မှာ လုပ်ရိုးလုပ်စဉ်အလုပ်လို့ခေါ်တဲ့ အကျင့်စက် ကွင်းရဲ့ နောက်အစိတ်အပိုင်းကို ရောက်လာပါပြီ။ အဲဒါ ဟာ အချက်ပေးမှုဖြစ်ပြီးတဲ့နောက်မှာ ကိုယ်လုပ်တဲ့အရာ ဖြစ်ပါတယ်။
ဒီဥပမာမှာ ကိုယ့်ကိုငွေပိုရအောင် ကူညီပေးတဲ့အ လုပ်ကို လုပ်ဖို့နဲ့ပတ်သက်ပြီး ကိုယ်စဉ်းစားနေပါတယ်။ အဲဒီတော့ အချက်ပေးမှုဖြစ်ပေါ်ပြီးတဲ့နောက်မှာ ကိုယ်တ ကယ်လုပ်တဲ့အရာစစ်စစ်ဟာဘာလဲ။
ဒီနေရာဟာ စိတ်ဝင်စားရာကောင်းလာတဲ့ နေ ရာဖြစ်ပါတယ်။ လူ့ဦးနှောက်ဟာ တော်တော့်ကို ထက် မြက်ပါတယ်။ အဲဒါဟာ ကောင်းတဲ့သတင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ သတင်းဆိုးလည်းဖြစ်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဦးနှောက်ဟာ ထက်မြက်လွန်း နေတဲ့အတွက် လုပ်စရာရှိတာတွေကိုလုပ်ဖို့ နည်းလမ်းတစ် ခုကိုရှာတွေ့တဲ့အခါ အဲဒီနည်းလမ်းကို ပြောင်းလဲမပစ်ချင် ကြတော့လို့ပဲဖြစ်ပါတယ်။
တစ်ခုခုကိုကိုယ်စပြီးလုပ်တဲ့အခါ (အကျင့်တစ် ခုဖွဲ့စည်းဖြစ်ပေါ်တဲ့အခါ) အဲဒီဦးနှောက်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်က မတူတဲ့တခြားဟာတစ်ခုကို လုပ်ချင် နေတဲ့တိုင်အောင် ကိုယ့်ရဲ့ဦးနှောက်က အဲဒီဟာကိုပဲ ဆက် ပြီး လုပ်ချင်နေလေ့ရှိပါတယ်။
ဥပမာအားဖြင့် အချိန်ဆွဲခြင်းဟာ ကောင်းတဲ့ အကျင့်တစ်ခုမဟုတ်ဘူးဆိုတာရယ် ဒီအကျင့်ကို လုပ်နေ ခြင်းဟာ တကယ်တော့ ကိုယ့်ကို အချိန်နဲ့ငွေတွေ ကုန်စေ တယ်ဆိုတာရယ်ကို ကိုယ့်ရဲ့အသိစိတ်ထဲက သိနေပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဦးနှောက်က ထက်မြက်လွန်းနေတဲ့အတွက် အခြေခံအားဖြင့် “အခုငါလုပ်နေတဲ့ဟာက ကောင်းနေတာ ပဲ။ ဒါကိုငါကဘာဖြစ်လို့ ပြောင်းလဲပစ်ရမှာလဲ” လို့ပဲ ပြောနေမှာဖြစ်ပါတယ်။
အဲဒါကြောင့် ကိုယ့်မှာအချက်ပေးမှုရှိပါတယ် (ကိုယ့်ကို ငွေပိုရအောင်လုပ်ပေးမယ့်အရာကို လုပ်ဖို့နဲ့ပတ် သက်ပြီး ကိုယ်စဉ်းစားပါတယ်)။ ဒါပေမဲ့ ကိုယ်ဟာ တခြား ဟာတစ်ခုခုကိုပဲ လုပ်ပါတယ်။ Youtube ပေါ်က ဗီဒီယို တွေကိုကြည့်တာ၊ Instagram ကိုကြည့်တာ၊ Netflix ကို ဖွင့်တာ၊ သရေစာနှိုက်စားဖို့ မီးဖိုထဲကိုသွားတာ၊ Instagram ကို နောက်တစ်ခါပြန်ကြည့်တာဆိုတဲ့ စိတ်အာရုံကို ပြောင်းလဲဖို့ဖြစ်နိုင်ခြေရှိတဲ့ လုပ်ရပ်တွေဟာ မဆုံးနိုင်အောင် ရှိနေပါတယ်။
တတိယ - ဆုလာဘ်
အကျင့်စက်ကွင်းရဲ့ တတိယအစိတ်အပိုင်းကို ‘ဆုလာဘ်’ လို့ ခေါ်ပါတယ်။ လုပ်ရိုးလုပ်စဉ်အလုပ်ကို ကိုယ်လုပ် ပြီးတဲ့အခါ ဦးနှောက်က ‘အင်ဒိုဖင်း’ အပါအဝင် ‘ပျော်ရွှင် မှုဟော်မုန်း’ တွေ ထုတ်ပေးတယ်ဆိုတာကို MIT သိုလ်အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ အင်ဒိုဖင်းတွေဟာ ကိုယ့်ရဲ့ဦးနှောက်ထဲကအာရုံခံပစ္စည်းတွေနဲ့ထိတွေ့ပြီး နာကျင်တဲ့ခံစားမှုကိုလျော့နည်းစေပါတယ်။အင်ဒိုဖင်းတွေဟာမော်ဖင်းလိုပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ကောင်းမွန်တဲ့ခံစားချက် တွေကိုလည်း စတင် ဖြစ်ပေါ်စေပါတယ်။ အဲဒါဟာ ကိုယ့်ရဲ့ဦးနှောက်က အ လွန်အကြိုက်တွေ့တဲ့ ပစ္စည်းဖြစ်ပါတယ်။
အဲဒီအကြောင်းကို ခဏလောက်စဉ်းစားကြည့် ပါ။ ကိုယ်သဘောကျတဲ့ အရာတစ်ခုခု၊ အကျင့်လို့လည်း ခေါ်တဲ့ ကိုယ်လုပ်ရိုးလုပ်စဉ်ဖြစ်နေတဲ့ အရာတစ်ခုခုကို ကိုယ်လုပ်နေတဲ့အခါ ကိုယ့်ရဲ့ဦးနှောက်ဟာ ပိုပြီးကောင်း မွန်တဲ့ ခံစားချက်ကို အမှန်ပဲခံစားရပါတယ်။ အဲဒါဟာ ပြဿနာအစစ်ပါပဲ။ ဘာကြောင့်လဲဆို တော့အချိန်ကြာလာတဲ့အထိ ဒီအကျင့်ကိုကိုယ်ဆက်ပြီး လုပ်နေခဲ့ရင် ဒီအကျင့်ဟာ ကိုယ်သွားချင်တဲ့နေရာကိုရောက်အောင် ပို့ပေးမှာမဟုတ်ဘူးဆိုတာကို ကိုယ့်ရဲ့သိစိတ်ထဲက သိနေရင် တောင် ကိုယ်ဟာ မသိစိတ်နဲ့ အဲဒါကိုပဲဆက်ပြီး လုပ်ချင် နေပါလိမ့်မယ်။
ဒါပေမဲ့ ဘာဖြစ်မလဲဆိုတာကိုမှန်းဆကြည့်ပါ။ အဲဒါကို ကိုယ့်ရဲ့ဦးနှောက်က ဂရုမစိုက်ပါဘူး။ ကောင်း တာကို ခံစားတဲ့အရာတွေကိုလုပ်ဖို့ ကိုယ့်ရဲ့ဦးနှောက်က ‘ဆုလာဘ်’ တစ်ခု (ဥပမာ-အင်ဒိုဖင်း) ကို ထုတ်ပေးတဲ့အ တွက်ကြောင့် သူ့ကိုမသက်မသာဖြစ်ကောင်းဖြစ်စေတဲ့ (နာကျင်မှုကို ဖြစ်ကောင်းဖြစ် စေနိုင်မယ့်) အရာတွေကို ကိုယ့်ရဲ့ဦးနှောက်ကစပြီး မလုပ်ချင်ပါဘူး။
အရေးအကြီးဆုံးအရာကတော့ ‘စိတ်စွမ်းအား’ ဆိုတဲ့နည်းလမ်းဟောင်းကိုအသုံးပြုပြီး ကိုယ့်ရဲ့အကျင့် တွေကိုပြောင်းလဲဖို့ကြိုးစားရင် အဲဒါဟာတကယ်တော့ ကိုယ်ဟာကိုယ့်ရဲ့ဦးနှောက်ကို ကိုယ်ပြန်ပြီးတိုက်ခိုက်ဖို့ အမှန်တကယ်ကြိုးစားနေတာသာ ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီလိုလုပ်ခြင်းဟာ ဘယ်တော့မှ အလုပ်မဖြစ်သလောက် နီးပါးဖြစ်နေတာဟာ ဘာကြောင့်လဲဆိုတာကို အခုကိုယ် နားလည်ပါသလား။
‘စိတ်စွမ်းအား’ နဲ့ လုံလောက်မှုမရှိတာ ဘာကြောင့်လဲ
ရှေးရိုးစဉ်လာအောင်မြင်ရေးဆရာတွေဟာ အောင်မြင်ရေး ‘နည်းနာနိဿယ’ တွေကို သူတို့ရဲ့မူပိုင်လောက်နီးပါး ဇောင်းပေးပြောဆိုကြပါတယ်။ တစ်နည်းအားဖြင့် မတူညီ တဲ့ ရလဒ်တွေကိုရဖို့ ကိုယ့်ရဲ့အပြုအမူတွေကို ဘယ်လို ပြောင်းလဲပစ်ရမယ်ဆိုတာကိုပဲ ဇောင်းပေးပြီး ပြောကြပါ တယ်။ ဒါဆိုရင် အဲဒါဟာ အပြည့်အဝကျိုးကြောင်း ဆီ လျော်မှုရှိပြီလားဆိုတာ စဉ်းစားစရာပါပဲ။
အဲဒီရှေးရိုးစဉ်လာ ‘နည်းနာနိဿယ’ အစီအစဉ် တွေကိုအသုံးပြုဖို့ လူတွေကကြိုးစားတဲ့အခါ သံကြိုးလွှ ကိုသုံးပြီး နံရံပေါ်မှာ သံတစ်ချောင်းရိုက်ဖို့ ကြိုးစားတာ နဲ့ တူနေတယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း မှာ ကမ္ဘာတစ်ဝန်းက ထောင်နဲ့ချီတဲ့ ကိုယ့်လိုစွန့်ဦးတီ ထွင်သူတွေကို နည်းပြလုပ်ပေးခဲ့တဲ့ (မူ ရင်းစာရေးသူရဲ့) အတွေ့အကြုံက ပြနေပါတယ်။
သံကြိုးလွှကိုသုံးပြီး သစ်ပင်တစ်ပင်ကို ဖြတ် တာဟာ ဘာမှအမှားအယွင်းမရှိတာအမှန်ပါပဲ။ ဒါပေမဲ့ အဲဒီသံကြိုးလွှကိုသုံးပြီး နံရံပေါ်မှာသံတစ်ချောင်းကိုရိုက် ချင်ရင်တော့ မှားနေပါပြီ။
ပြောချင်တဲ့အချက်က ကိုယ့်ရဲ့အကျင့်တွေကို ပြောင်းလဲဖို့ ‘စိတ်စွမ်းအား’ ကို အသုံးပြုဖို့ ကြိုးစားတာဟာ ပင်ကိုအားဖြင့် ဘာမှမမှားပေမယ့် ‘စိတ်စွမ်းအား’ ဆိုတာ ဟာ အကျင့်ကို ပြောင်းပေးတဲ့အလုပ်နဲ့ တခြားစီဖြစ်တဲ့အ တွက် မသင့်တော်တဲ့၊ အကန့်အသတ်ရှိတဲ့ အရင်းအမြစ် တစ်ခုဖြစ်တယ်ဆိုတာကို သိပ္ပံနည်းကျတဲ့ လေ့လာမှုတွေ ကပြခဲ့ပါတယ်။
အခုအချိန်ကစပြီး ကိုယ့်ရဲ့အကျင့်တွေကိုပြောင်း လဲဖို့အတွက် စိတ်စွမ်းအားကို အသုံးပြုဖို့ကြိုးစားတာကို ရပ်ပစ်လိုက်ပြီး ‘R.I.S.E.S ဆိုတဲ့နည်းလမ်း’ ကို အသုံး ပြုကြည့်လိုက်ပါ။
၁။ Recognize - ကိုယ့်ရဲ့အချက်ပြပေးမှုကို အသိ အမှတ်ပြုပါ။
ဒီအကျင့်ကို အစပျိုးပေးတဲ့ လှုံ့ဆော်မှုဟာ ဘာလဲ။ နောက်လာမယ့် ခုနစ်ရက်အတွင်းမှာ ကိုယ့် ဘဝထဲမှာ ကိုယ့်ကိုအချိန်ဆွဲအောင်လုပ်နေတဲ့ အရာ တွေဟာ ဘာတွေဖြစ်နေတယ်ဆိုတာကို အတိအကျ သတိထားပြီးကြည့်ပါ။ ဥပမာအားဖြင့် ကိုယ်ဟာ စိုးရိမ်ထိတ်လန့်တဲ့အတွက် အချိန်ဆွဲနေသလား။ တစ်ကိုယ်တည်းအထီးကျန်တယ်လို့ ခံစားရတဲ့အ တွက် အင်တာနက်ကို သုံးနေတာလား။
၂။ Isolate- ကိုယ်ရဲ့လုပ်ရိုးလုပ်စဉ်အလုပ်ကို အဆက်အသွယ်ဖြတ်လိုက်ပါ။
အချက်ပေးမှုဖြစ်လာပြီးတဲ့နောက်မှာ ကိုယ်အတိ အကျလုပ်တာဟာဘာလဲ။ ဥပမာအားဖြင့် လူတွေဟာ စိုးရိမ်ထိတ်လန့်တဲ့အခါ အဲဒီလိုခံစားအောင် လုပ်တဲ့ အရာဆီက ထွက်ပြေးလေ့ရှိပါတယ်။ အဲဒါကြောင့် ကိုယ်ဟာဖောက်သည်ဖြစ်ဖို့ အလားအလာရှိတဲ့သူ ဆီကို ဖုန်းခေါ်ရမှာကြောက်နေရင် ကိုယ်လုပ်ဖို့လွယ် ကူတဲ့အရာတစ်ခုက အင်တာနက်ကို အသုံးပြုလိုက် တာပဲဖြစ်ပါတယ်။ အဲဒီလိုသုံးလိုက်တဲ့အတွက် အဲဒီ စိုးရိမ်ထိတ်လန့်မှုကို ကိုယ်ရင်ဆိုင်စရာ မလိုတော့ပါ ဘူး။ အဲဒီလိုအင်တာနက်သုံးတဲ့ လုပ်ရိုးလုပ်စဉ်အ လုပ်ကို အဆက်ဖြတ်လိုက်ပါ။
၃။ Sense - ကိုယ့်ရဲ့ဆုလာဘ်ကို သိအောင်လုပ်ပါ။
ဥပမာအားဖြင့် ကိုယ်လုပ်ဖို့စဉ်းစားနေတဲ့အရာကို ကိုယ်အမှန်တကယ်လုပ်ခဲ့ရင် ဖြစ်ကောင်းဖြစ်လာ မယ့်အရာကို ကိုယ့်အနေနဲ့ ရင်ဆိုင်စရာမလိုတဲ့အတွက် အချိန်ဆွဲခြင်းဟာ ကိုယ့်ကိုလုံခြုံတယ်လို့ ခံစားအောင် လုပ်ကောင်းလုပ်ပေးနိုင်ပါတယ်။ ဒီ အကျင့်ကိုလုပ်တဲ့ဆီက ကိုယ်ရလာတဲ့ ဆုလာဘ်က ဘာလဲ။ အဲဒါကို သိအောင်လုပ်ပါ။
၄။ Expose - ကိုယ့်ရဲ့ယုံကြည်ချက်ကို ဖော်ထုတ်ပါ။
အကျင့်တိုင်းဟာ သူနဲ့လိုက်လျောညီထွေရှိတဲ့ ယုံ ကြည်ချက်တစ်ခုကို ထုတ်လုပ်ပေးပါတယ်။ ဥပမာ အားဖြင့် အချိန်ဆွဲတဲ့အကျင့်ကို အရိုးစွဲနေသူတစ် ယောက်ဟာ ]ငါဟာအလုပ်တစ်ခုကို ဖုတ်ပူမီးတိုက် လုပ်ရမှ လုပ်လို့ပိုပြီးကောင်းတယ်}} လို့ ယုံကြည် ကောင်းယုံကြည်နေနိုင်ပါတယ်။ ကိုယ်ဆုပ်ကိုင်ထား တဲ့ ဘယ်လိုယုံကြည်ချက်တွေက ကိုယ့်ရဲ့အကျင့်ကို ဖျောက်လို့မရအောင် တားဆီးနေတာလဲသိအောင် လုပ်ပါ။
၅။ Substitute - ပိုမိုကောင်းမွန်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု ကိုအစားထိုးပါ။
အင်တာနက်ကို အကြာင်းမဲ့သက်သက် အသုံးပြုနေမယ့်အစား ဖောက်သည်ဖြစ်ဖို့ အလားအလာရှိတဲ့သူကို အမှန်တကယ်ဖုန်းခေါ်လိုက်ရင်၊ ဒါမှမဟုတ် အစီရင်ခံစာကို ပြီးအောင်ရေးလိုက် ရင်ဘယ်လိုနေမ လဲ။ ကိုယ့်ကိုခြောက်လှန့်နေတဲ့အရာကို ကိုယ်အမှန် တကယ်လုပ်လိုက်ရင် ဘာဖြစ်သွားပါမလဲဆိုတာကို စဉ်းစားရင်းလုပ်ပါ။
ဒါတွေကိုကိုယ်လုပ်တဲ့အခါ ကိုယ့်ရဲ့စိုးရိမ်ထိတ် လန့်မှုတွေကို ရင်ဆိုင်ပြီး ကိုယ့်ရဲ့ယုံကြည်မှုတွေကို စိန် ခေါ်ရတော့မှာတော့ အမှန်ပါပဲ။ ဒါကြောင့် အဲဒီလိုလုပ်ခြင်းဟာ သက်သောင့်သက်သာမဖြစ်တာသေချာပါတယ်။ လူအများစုက အဲဒီလိုမလုပ်ကြတဲ့အကြောင်းရင်းဟာ အဲဒါပဲဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ့်အနေနဲ့ အချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖျက်ပစ်ခြင်းကရလာမယ့် အကျိုးကျေးဇူးတွေကို လိုချင်တယ်ဆိုရင်တော့ စာရေးဆရာနဲ့တွေးခေါ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဂျော့ဂျ်အဒ်ရ်ရဲ့စကားကို နားထောင် ကြည့်ရမှာဖြစ်ပါတယ်။ သူပြောခဲ့တာကတော့ ‘စိုးရိမ် ထိတ်လန့်မှုဆိုတာကြီးကို ဖြတ်ကျော်သွားမှသာ ကိုယ်လိုချင်ခဲ့တဲ့ အရာမှန်သမျှဆီကို ကိုယ်ရောက်သွားပါလိမ့် မယ်’ ဆိုတာပါပဲ။
ဇော်ဝင်းကြူ (ပျဉ်းမနား)