အကောင်းဆုံးခေါင်းဆောင်တွေ ဘာကြောင့် ထွက်ခွာသွားကြတာလဲ

လူတွေနှုတ်ဆက်ကျောခိုင်းသွားကြတဲ့အခါမှာ နာကျင်ရပါတယ်။ လူတွေက အဖွဲ့အစည်းကို စွန့်ခွာတာမဟုတ်ဘူး၊ လူတွေက လူတွေကို စွန့်ခွာသွားကြတာပါလို့ ဆိုလေ့ရှိပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အဖွဲ့အစည်းထဲက ခေါင်းဆောင်တွေ ကျောခိုင်းထွက်ခွာသွားတဲ့အခါမှာ နာကျင်ထိခိုက်ရပါတယ်။

ပါရမီထူးတွေကို ပိုင်ဆိုင်ထားတဲ့ ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေကို ဆုံးရှုံးရခြင်း အကြောင်းရင်းတွေ သိန်းသန်းမကရှိနေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ မတော်တဆအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို တချို့သောအချိန်မှာတော့ တိုးတက်ဖွံ့ဖြိုး မှုရဲ့ သဘာဝဖြစ်စဉ်တစ်ခုအဖြစ် ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖော့ဘ်မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတဲ့ ထူးချွန်ထက်မြက်တဲ့သူတွေက သူတို့ရဲ့လုပ်ငန်း (အဖွဲ့အစည်း) ကို စွန့်ခွာသွားရခြင်းအကြောင်းရင်းတွေကို လေ့လာသုံးသပ်ကြည့်လိုက်တဲ့အခါ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတချို့ကို ထင်ထင် ရှားရှားတွေ့လာရပါတယ်။

၁။ အမြော်အမြင်မရှိဘဲ ခေါင်းဆောင်ခြင်း

အမြော်အမြင်ရှိခြင်းက အရေးပါပါတယ်။ အမြော်အမြင်ရှိ ခြင်းက စိတ်လှုပ်ရှားစရာတွေနဲ့အတူ အဟုန်တစ်ခုကို ဖန်တီးပေးပါတယ်။ အမြော်အမြင်အပြည့်နဲ့ ကျွန်တော်တို့ ဦးဆောင်တဲ့အခါ ကျွန်တော်တို့တွေဟာ လူတွေကိုငှားရမ်းသူဘဝကနေ ပိုင်ဆိုင်သူဘဝရောက်အောင် ရှေ့ဘက်ရွေ့ဖို့ လုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ အမြော်အမြင်ရှိခြင်းက စိတ်ထက်သန်ပြင်းပြမှုကို မွေးဖွားပေး ပါတယ်။

၂။ ပြင်းပြထက်သန်တဲ့စိတ်တွေ ပွင့်ထွက်လာမှုကို ခွင့်မပြုခြင်း

အဖွဲ့အစည်းထဲမှာရှိနေတဲ့ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ အခွင့်အလမ်းတွေကို ချိန်ဆနိုင်ဖို့နဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ထားရှိပေးရပါမယ်။ လူတွေဟာ တစ်စုံတစ်ခုအပေါ် ပြင်းပြတဲ့စိတ်ခံစားမှုတွေ ရှိနေပြီဆိုရင် အဲဒီအလုပ်ကိုအကောင်းဆုံးလုပ်ဆောင်ဖို့ ဆန္ဒရှိလာရုံသာမက လုပ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်တွေရှိလာပါတယ်။ အဲဒီလိုလူတစ်ယောက်ရဲ့ ပြင်းပြတဲ့စိတ်နဲ့ သူ့ရဲ့ဘဝရှင်သန်ရခြင်းအကြောင်းရင်းကို ချိန်ညှိပေးဖို့ပျက်ကွက်ခဲ့ရင်တော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး သောသူတွေကို ဆုံးရှုံးရပါလိမ့်မယ်။

၃။ ယုံကြည်ခြင်းထက် ထိန်းချုပ်ခြင်း

ထက်မြက်သူတွေက သူတို့အပေါ်ယုံကြည်မှုရှိတာကို လိုလားကြပါတယ်။ အဲဒီလိုလူမျိုးတွေက ကိုယ့်အပေါ် အသေးစိတ်ကအစ အုပ်ချုပ်စီမံတာတွေကို သဘောမကျ တတ်ကြပါဘူး။ စဉ်းစားစရာရှိတာက၊ အဲဒီလိုလူတွေက မှားမှားယွင်းယွင်းတွေလုပ်နိုင်သလားဆိုရင် လုပ်မိတာမျိုး ရှိနိုင်ပါတယ်။ သူတို့လုပ်သင့်တယ်လို့ကိုယ်ထင်တာတွေ နဲ့ ခြားနားတဲ့အရာတွေကိုလည်း သူတို့လုပ်ကောင်း လုပ်နိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့အဖွဲ့အစည်း တိုးတက်ဖို့နဲ့ သူတို့ကိုယ်တိုင်လည်း တိုးပွားနိုင်ဖို့ သူတို့ကိုတာဝန်ပေးခြင်းအပြင် အခွင့်အာဏာတချို့လည်း ပေးရပါမယ်။ ဒီလိုလုပ်ဆောင်ခြင်းက သင့်နဲ့သင့်ရဲ့ စနစ်ကိုသင်ယူပြီး အခြားသော ခေါင်းဆောင်တွေကို ကူညီနိုင်မယ့် ခေါင်းဆောင်မျိုးကို မွေးထုတ်ပေးနိုင်ပါတယ်။

၄။ ဆန်းသစ်လုပ်ဆောင်မှု အားနည်းခြင်း

ဆန်းသစ်ဖန်တီးမှုအားကောင်းသူတွေက တစ်ခုခုကိုသာ မန်ထက်ပိုပြီးကောင်းအောင် လုပ်ချင်ကြတယ်။ ကျွန်တော် တို့ရဲ့အကောင်းဆုံးသော အဖွဲ့ဝင်တွေက အဖွဲ့အစည်း အတွက် ပေးဆပ်လုပ်ဆောင်ချင်ကြတယ်။ စိန်ခေါ်မှုတွေ၊ မေးခွန်းတွေကို သူတို့နှစ်သက်သဘောကျကြတယ်။ အခွင့်အလမ်းတွေကို ရှာဖွေပြီး အကောင်အထည်ဖော်ကြ တယ်။ ဆန်းသစ်တီထွင်ကြတယ်။ အဲဒီလိုလူမျိုးတွေကို အမြင့်ပျံသန်းခွင့်ပေးပြီး သူတို့ရဲ့အလုပ်တွေမှာ အကောင်း ဆုံး လုပ်ဆောင်နိုင်ဖို့ လွတ်လပ်ခွင့်တွေ ပေးရပါလိမ့်မယ်။

၅။ အလင်းပြခြင်း (Coaching)မလုပ်ဆောင်ပေးခြင်း

သင်ယူမှုပြုသူတွေဟာ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ်စီခရီးနှင်နေကြသူတွေဖြစ် ပြီး ပိုကောင်း၊ ပိုတော် ပိုပြီးတန်ဖိုးရှိတဲ့သူတွေဖြစ်ချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းအတွင်း မှာ ခေါင်းဆောင်တွေအတွက် အရည်အသွေးမြင့်ပြီး တန် ဖိုးကြီးလှတဲ့ အလင်းပြခြင်းအလေ့အထနဲ့အတူ သင်ယူမှုတွေပြုလုပ်နိုင်တဲ့ အခြေအနေကို ပြုပြင်ဖန်တီးပေး ထားရပါမယ်။

၆။ စိန်ခေါ်မှုများကို ရပ်တန့်ပစ်လိုက်ခြင်း

ကျွန်တော်တို့ရဲ့ အကောင်းဆုံးသော အဖွဲ့ဝင်တွေကို စိန်ခေါ်မှုတွေနဲ့ အမြဲတမ်းထားရှိပေးရမှာက ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ သူတို့အကောင်းဆုံးဖြစ်နေဖို့၊ အ ကောင်းဆုံးလုပ်ဆောင်ဖို့၊ သူတို့ရဲ့ကျွမ်းကျင်ထက်မြက် မှု၊ ပါးနပ်မှုတွေနဲ့ သူတို့မှာရှိတဲ့ အရည်အချင်းတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ သူတို့ကို အမြဲတမ်း စိန်ခေါ်မှုတွေနဲ့ ရှိနေစေရပါလိမ့်မယ်။ လူတွေက စိန်ခေါ် မှုမရှိတဲ့ အခြေအနေမှာ ပျင်းရိငြီးငွေ့လာပြီဆိုရင်တော့ သူတို့ကို ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုဆီ ပို့ ဆောင်ပေးနိုင်မယ့် စိန်ခေါ်မှုမျိုးရှိနေတဲ့နေရာကို ရှာဖွေ ထွက်ခွာသွားပါလိမ့်မယ်။

၇။ သူတို့ရဲ့ စကားသံတွေအတွက် အခွင့်အရေးမပေးခြင်း

ကျွန်တော်တို့ရဲ့ အကောင်းဆုံးအဖွဲ့ဝင်တွေအတွက် ပြော ရေးဆိုခွင့်ပေးဖို့ သတိပြုပါ။ ခေါင်းဆောင်တွေမှာ အ ချက်အလက်နဲ့ ရှုထောင့်အမြင်တစ်ခုတည်းရှိနေရင် အကောင်းဆုံးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့မဖြစ်နိုင်ပါ ဘူး။ ကျွန်တော်တို့ရဲ့လူတွေဆီမှာ တန်ဖိုးကြီးမားတဲ့ သတင်းအချက်အလက်နဲ့ အမြင်တွေ အများကြီးရှိပါ တယ်။ သူတို့ကလည်း ဝေမျပေးချင်ပါတယ်။ ကျွန်တော် တို့က နားမထောင်ရင်တော့ အရေးကြီးတဲ့ သတင်းအချက် အလက်တွေကို လက်လွှတ်သွားရနိုင်ပါတယ်။

၈။ လူထက် ရလဒ်ကိုပိုမိုဂရုစိုက်လွန်းခြင်း

လူကအရေးကြီးတယ်။ လူတစ်ယောက်က သူ့ရဲ့ကုန်ပစ္စည်း (စွမ်းဆောင်မှု) တွေကို သူ့ထက်ပိုပြီး အလေးထားနေ တယ်လို့ခံစားရပြီဆိုရင် ကျွန်တော်တို့သူကိုဆုံးရှုံးရဖို့ နီး လာပါပြီ။ လူတစ်ဦးချင်းစီကို ဂရုစိုက်ပေးဖို့က ရှုပ်ထွေး ပြီး တန်ဖိုးကြီးတဲ့အချိန်တွေ အများကြီးပေးရပါတယ်။ ဒါပေမဲ့ ဒါဟာကျွန်တော်တို့လုပ်နိုင်တဲ့ အကောင်းဆုံး ရင်း နှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ လူကိုတန်ဖိုးထားပါ။ ဒါဆိုရင် သူ့ရဲ့ထုတ်ကုန်တွေ (စွမ်းဆောင်ရည်တွေ) အတွက် ပူစရာမလိုတော့ပါဘူး။ သူ့ကိုယ်သူ တာဝန်ယူသွားပါလိမ့်မယ်။

၉။ ချစ်ခြင်းမေတ္တာ၊ မျဝေပေးမှုမရှိခြင်း

ချီးကျူး၊ ဂုဏ်ပြုမှုတွေကို မယူပါနဲ့၊ အမြဲတမ်းတာဝန် ကိုပဲ ယူပါ။ ချီးကျူး၊ ဂုဏ်ပြုခြင်းတွေကို ဝေမျပေးပြီး၊ သင့်အဖွဲ့အစည်းထဲမှာ ယုံကြည်မှုနဲ့ တန်ဖိုးတစ်ခုကို တည်ဆောက်ပါ။ ကျွန်တော်တို့ရဲ့အလုပ်၊ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေအတွက် လူတွေကို ကျွန်တော်တို့ အသုံးပြု မယ်ဆိုရင် အဲဒီလူတွေရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ဖျက် ဆီးနေတာပဲဖြစ်ပါတယ်။ အခြေအနေကောင်းရင် ကိုယ့် အဖွဲ့တစ်ခုလုံးကြောင့်ဖြစ်ပြီး၊ အခြေအနေမကောင်းရင် ခေါင်းဆောင်ကြောင့် ဖြစ်တယ်လို့ခံယူကျင့်သုံးပါ။

၁၀။ အလွန်အကျွံကတိပေးခြင်းနှင့် လက်တွေ့ဖော်ဆောင်မှုလျော့ နည်းခြင်း

အလွန်အကျွံကတိတွေပေးပြီး လက်တွေ့ဖော်ဆောင်မှု လျော့နည်းခြင်းတွေ အမြဲဖြစ်နေခြင်းက မကောင်းပါဘူး။ အဲဒီလိုဖြစ်နေရင် လူတွေက သူတို့အောင်မြင်နေတယ်လို့ ခံစားရတတ်ပြီး အဲဒီလိုအောင်မြင်မှုလမ်းကြောင်းပေါ်ရှိနေ တဲ့ အချိန်မျိုးမှာ ပိုပြီးရောင့်ရဲကျေနပ်နေတတ်ပါတယ်။

၁၁။ တာဝန်ယူစေပြီး၊ အခွင့်အာဏာပေးမထားခြင်း

ဒါကဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အရည်အ ချင်းရှိတဲ့လူတွေကို အတိုင်းအတာတစ်ခုထိ တာဝန်ယူမှု တွေပေးထားပြီး လိုအပ်တဲ့ အခွင့်အာဏာပေးမထားဘူး ဆိုရင်တော့ သူတို့တွေအားလုံး နှုတ်ဆက်ကျောခိုင်းသွားမှာ ပဲ။ လူဆိုတာမျိုးက သူတို့ကို ခေါင်းဆောင်ဖို့ အားပေး ကူညီနေတယ်လို့ ခံစားရရင် စိန်ခေါ်မှုတွေကို ကျေကျေ နပ်နပ်လက်ခံကြမှာပဲဖြစ်ပါတယ်။ ဒီအခွင့်အလမ်းတွေ၊ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေး ပေးနားထောင်နေဖို့မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့သာ ဒါတွေကို အလေးမထားဘူးဆိုရင်၊ တစ်နေ့နေ့ တစ်ချိန် ချိန် ကျွန်တော်တို့ရဲ့ ဘေးပတ်လည်ကိုကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အတော်ဆုံး၊ အထူးချွန်ဆုံးသော သူတွေ ဘာတွေဖြစ်ကုန်ပြီလဲ။ သူတို့တွေ ဘယ်နေရာဆီရောက် ပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ဘဝ၊ ကောင်းမွန်တဲ့ အရှိန်အ ဟုန်တွေနဲ့ စိတ်သဘောတူသူချင်းစုရုံးပြီး ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကိုယ်နဲ့မဟုတ်တဲ့အခြားနေရာမှာ ရှင်သန် နေကြတာကို အံသြတကြီး မြင်တွေ့ရပါလိမ့်မယ်။

Ref : Why your best leaders leave your church?by Stephen Brewster ကို ဆီလျော်အောင်ပြန်ဆိုသည်။

စောဒေးဗစ်