မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာက လူတိုင်းမွေးကတည်းကပါလာတယ်ဆိုတာမျိုး ရှားပါးပါတယ်။ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အသေးအမွှားအလေ့အကျင့်လေးတွေက သိပ်ကိုအရေးပါပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာထဲက သင့်ရဲ့အလေ့အကျင့်တစ်ခုခြင်းစီကနေစတင်ပြီး လိုအပ်သလိုပြောင်းလဲ ကျင့်သုံးသွားခြင်းဖြင့် သင့်ကိုယ်သင်ယုံကြည်မှုတိုးမြင့်အောင် ဆောင်ရွက်နိုင်ပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ရာမှာ လိုက်လုပ်ဖို့လည်းလွယ်ကူပြီး အကျိုးသက်ရောက်မှုလည်းကောင်းတဲ့ အသေးအမွှားအလေ့အကျင့် ၈ ခုကိုအောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်။
၁- သင့်တစ်နေ့တာကို အောင်မြင်မှုတစ်ခုနဲ့စတင်ပါ
မနက်နိုးနိုးခြင်း အလွယ်တကူပြီးမြောက်အောင်မြင်အောင်လုပ်နိုင်တဲ့ အဓိပ္ပလည်းရှိတဲ့ ကိစ္စရပ်သေးသေးလေးကို အရင်ပြီးအောင်လုပ်ပါ
ဥပမာ - အိပ်ရာသိမ်းတာ၊ တစ်နေ့တာလုပ်ရန်စာရင်းချရေးတာ၊ ပို့မှရမယ့် email တစ်စောင် တစ်ခါတည်း ရေးပို့လိုက်တာ
မနက်စောစော/အစောပိုင်းကတည်းက အရှိန်အဟုန်တည်ဆောက်ထားတာက တစ်နေ့တာလုံးအတွက်အကောင်း/အပေါင်းလက္ခဏာဆောင်ပါတယ်
သုတေသနတွေအရ: အသေးစားအောင်နိုင်မှု/အောင်မြင်မှုလေးတွေက ယုံကြည်မှုနဲ့ တက်ကြွမှုကို ၂၅ % တိုးစေပါတယ်။ (Source:Harvard Business Review)
၂ - အပေါင်းလက္ခဏာဆောင်တဲ့ကိုယ်နှုတ်အမူအရာကို မွေးမြူကျင့်သုံးခြင်း
ခပ်မတ်မတ်နဲ့ ပခုံးတွေကိုဖွင့် မေးကိုမြင့်ပြီး မတ်တပ်ရပ်ပါ
ဖွင့်ဟထားတဲ့ကိုယ်ဟန်အမူအရာထားပြီး မျက်လုံးအကြည့်တွေကလည်း တည်ငြိမ်မှုရှိပါစေ
ချဉ်းကပ်လွယ်စေဖို့နဲ့ ယုံကြည်မှုရှိကြောင်းပြသနိုင်ဖို့ အပြုံးတွေကိုအသုံးပြုပါ
သုတေသနတွေအရ: ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားရှိတာက မိမိကိုယ်ကိုယ်တန်ဖိုးထားမှုနဲ့ ယုံကြည်မှုကို ၃၀ % လောက်တက်လာစေပါတယ်တဲ့ (Source:Psychology Today)
၃ - နှိုင်းချိန်အေးဆေးစွာ စကားပြောဆိုပါ
သင့်စကားပြောနှုန်းကို နှေးချခြင်းဖြင့် သင်ပြောနေတဲ့အကြောင်းအရာကို သင်ယုံကြည်မှုရှိကြောင်းပြသပါ
“အင်း …” ၊ “အဲ” နဲ့ စကားလုံးတွေ စာကြောင်းတွေပြောရင်း ခဏခဏထည့်ပြောမယ့်အစား … အချိန်ခဏလောက် စကားကို ရပ်ထားလိုက်ပါ
ရှင်းရှင်းလင်းလင်းနဲ့ ထိထိရောက်ရောက် ပြောဆိုနိုင်ဖို့ကို လေ့ကျင့်ထားပါ
သုတေသနတွေအရ: နှိုင်းနှိုင်းချိန်ချိန်အေးအေးမှန်မှန် စကားပြောဆိုခြင်းက ယုံကြည်မှုကို ၂၀ % တက်စေပါတယ် (Source: Forbes)

၄ - သင့်ခရီးပေါက်တိုးတက်မှုအခြေအနေကို အောင်ပွဲခံတတ်ပါစေ
နေ့တစ်နေ့ကုန်ဆုံးတိုင်း သင်တစ်နေ့တာလုပ်သမျှထဲက ဂုဏ်အယူရဆုံးကိစ္စကို ချရေးပါ
ပြီးပြည့်စုံမှုဆိုတာထက် ခရီးပေါက်တိုးတက်မှုကို အာရုံထားပါ
တစ်ပတ်တာအတွင်း သင်အောင်မြင်ခဲ့သမျှကို/လုပ်နိုင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းဖြင့် သင့်ကိုယ်သင်ယုံကြည်မှုကို ပြန်လည်အသက်သွင်းပါ
သုတေသနတွေအရ: ခရီးပေါက်တိုးတက်မှုကို အောင်ပွဲခံခြင်းက ယုံကြည်မှုတိုးပွားစေနိုင်သလို၊ ရည်မှန်းချက်ပန်းတိုင်တွေကို ရယူဖို့လည်း ပိုမိုနီးစပ်စေပါတယ်။ (Source: HBR)
၅ - အောင်မြင်ဖို့အတွက် ဝတ်စားဆင်ယင်ပါ
သင့်အနေနဲ့ ဝတ်ဆင်ရတာ သက်သောင့်သက်သာဖြစ်သလို သင့်ကိုယုံကြည်မှုတိုးစေတဲ့ အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ပါ
နေ့စဉ်မနက်တိုင်းကို သင့်ကိုယ်သင် ဖြီးလိမ်းပြင်ဆင်ဖို့အတွက် အချိန်ယူပါ
သင့်တစ်ကိုယ်ရေစတိုင်လ်နဲ့ သင့်ရည်မှန်းထားတဲ့နေရာတို့နဲ့ကိုက်ညီအောင် ဝတ်စားပါ
သုတေသနတွေအရ: သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်တာကြောင့် ယုံကြည်မှုတိုးပွားစေနိုင်သလို လုပ်ပိုင်ခွင့်အာဏာလည်း ပိုမိုပေးအပ်ခံရနိုင်ပါတယ်။ (Source: Journal of Experimental Psychology)
၆ - အဆိုးမြင်အတွေးတွေကို ကန့်သတ်ထားလိုက်ပါ
“ငါမလုပ်နိုင်ဘူး”ဆိုတဲ့အစား “ငါအကောင်းဆုံးကြိုးစားကြည့်မယ်” ဆိုတာနဲ့ လဲလှယ်ပြောဆိုကြည့်ပါ
ကိုယ့်ကိုယ်ကိုယ်သံသယဝင်မိရင်လည်း ခပ်စောစောပဲ အဲဒါကို အသိအမှတ်ပြုပြီး ပိုမိုတွန်းအားပေးစေတဲ့အတွေးအခေါ်အဖြစ် ပြောင်းလဲလိုက်ပါ
သင့်ကိုယ်သင့် သင့်အစွမ်းအစနဲ့အားသာချက်တွေကို ပြန်လည်အတည်ပြုနိုင်ဖို့ ချက်နဲ့လက်နဲ့ စာရင်းနဲ့ကိုချရေးထားပါ
သုတေသနတွေအရ: အဆိုးမြင်အတွေးတွေကိုပြန်လည်စိစစ်ကန့်သတ်ခြင်းအားဖြင့် သင့်ကိုယ်သင်သံသယဝင်စိတ်ကို ၃၀ % လျှော့ချနိုင်ပါတယ်။ (Source: Cognitive Therapy Journal)
၇ - အသိုက်ထဲကထွက်ပါ
သင့်အတွက်စိန်ခေါ်မှုဆိုတဲ့ ကိစ္စရပ်သေးသေးလေးတွေထဲက အနည်းဆုံးတစ်ခုလောက်တော့ တစ်နေ့ကိုလုပ်ကြည့်ဖို့ကြိုးစားပါ
ဥပမာအားဖြင့် အစည်းအဝေးထဲမှာ မိမိအတွေးအမြင်တွေကို ထုတ်ဖော်ပြောကြားတာ၊ အပြန်အလှန် စကားပြောဖို့ကြိုးစားတာ၊ လေ့လာသင်ယူမှုအသစ်တစ်ခုလုပ်တာ/ တစ်ခုခုကို အသစ်သင်ယူကြည့်တာ
ယုံကြည်မှုဆိုတာက “အချိန်မှန်”ကိုစောင့်နေရတာမဟုတ်ဘဲ “စတင်လုပ်ဆောင်”ရင်းနဲ့သာ တိုးပွားလာတာဖြစ်ပါတယ်။ (Source: APA)
၈ - ပြင်ဆင်ပါ၊ လေ့ကျင့်ပါ
အစည်းအဝေးတစ်ခု၊ ပွဲတစ်ခုခုမတိုင်မီမှာတင်ပဲ မိမိကိုယ်ကိုယ် အောင်မြင်မှုရရှိတဲ့အခြေအနေကို စိတ်ထဲစွဲထင်ပြီး မြင်နေအောင် ပုံဖော်ကြည့်ပါ
ဟောပြောတင်ဆက်ဖို့၊ ဆွေးနွေးတင်ပြဖို့၊ ခက်ခဲတဲ့အပြန်အလှန်ပြောဆိုမှုတွေ မလုပ်ခင် အကြိမ်ကြိမ် ပြန်လှန်လေ့ကျင့်ထားပါ
ကြိုတင်ပြင်ဆင်မှုက စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်သလို သင့်စွမ်းဆောင်ရည်/လုပ်ကိုင်နိုင်စွမ်းကိုယ် သင်ယုံကြည်မှုရှိစေဖို့ အားပေးပါတယ်။
သုတေသနတွေအရ: ကြိုတင်လေ့ကျင့်ခြင်းက စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ယုံကြည်မှုကို ၃၂ % တိုးတက်စေပါတယ်။ (Source: McKinsey)
Ref: Sean McPhet, The Productive Leader