လူအမျိုးမျိုးရှိဖို့ လိုတယ်

article landscape wartermark final9  

DIVERSITY : လူအမျိုးမျိုးရှိဖို့ လိုတယ်

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တစ်နေ့တခြား ကူးလူးဆက်ဆံလုပ် ကိုင်ဆောင်ရွက်မှုတွေ ပိုမိုများပြားလာနေတဲ့ ခုလိုခေတ်ကြီး ထဲမှာ အများနဲ့အမြဲ ယှဉ်ပြိုင်နေနိုင်သွားဖို့ဆိုရင် မိမိတို့ရဲ့ လုပ်ငန်းတာဝန်အဆင့်ဆင့်မှာ ဝန်ထမ်းအမျိုးမျိုးရှိနေဖို့ လို ပါတယ်။ အမျိုးမျိုးဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူတာ၊ ကွဲပြားခြားနားနေတာပဲဖြစ်တယ်။ အဲဒီလို မတူကွဲ ပြားတဲ့အတွေ့အကြုံတွေနဲ့အမြင်တွေ၊ အယူအဆတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြသနိုင်တဲ့စီးပွားရေးလုပ် ငန်းတွေဟာ ကမ္ဘာအနှံ့ကျယ်ပြန့်လာနေတဲ့ ဈေးကွက်ကြီးထဲ မှာ သူတွေတွေထက် အောင်မြင်ဖို့အလားအလာ အတွေကြီး ပိုရှိတယ်။  

အယူအဆ

ဘယ်လူ့အဖွဲ့အစည်းမှာဖြစ်ဖြစ် လူတွေဟာ အား လုံး တစ်မျိုးတည်း၊ တစ်ပုံစံတည်း ရှိကြတာ မဟုတ်ဘူး။ ကမ္ဘာအနှံ့ကူးသန်းရောင်းဝယ်မှုတွေ တိုးပွားတွေပြားလာတာ နဲ့အမျှ ဒီအချက်ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးကွက်တွေ ထဲမှာလည်း မှန်ကန်လာတာကို တွေ့ရတယ်။ အမြင်အမျိုး မျိုး၊ လုပ်နည်းလုပ်ဟန်အမျိုးမျိုး စွဲကိုင်ထားကြတဲ့ကုမ္ပဏီ တွေဟာ အလုပ်ကျွမ်းကျင်ဆုံးလုပ်သားတွေကို ဆွဲဆောင် နိုင်သလို ဘယ်မှမပြောင်းရအောင်လည်း ထိန်းထားနိုင်တယ်။ ဒီဝန်ထမ်းတွေဆီက အယူအဆ၊ အကြံဉာဏ်အမျိုးမျိုး၊ အ တွေ့အကြုံအမျိုးမျိုးဟာ ကုမ္ပဏီကို အကျိုးပြုမှာဖြစ်တယ်။ ဖောက်သည်အမျိုးမျိုးနဲ့ ဆက်ဆံရာမှာလည်း အကျိုးပြုမှာ ပါပဲ။ အဲဒီလို ဝန်ထမ်းအမျိုးမျိုးရှိတဲ့အတွက် ကုန်ထုတ်စွမ်း အားလည်း မြင့်တက်လာနိုင်တယ်။ ဆန်းသစ်တဲ့အယူအဆ အတွေးအမြင်တွေ ပေါ်ထွက်လာနိုင်တယ်။   လုပ်ငန်းအန္တရာယ် ဖြစ်နိုင်ခြေလည်း နည်းသွားနိုင်တယ်။ လုပ်ငန်းခွင်နဲ့ ဈေးကွက်အဆက် အစပ်ပြေလည် ချောမွေ့စေရေးအတွက် IBM ဟာ “ကမ္ဘာ့လူပေါင်းစုံအဖွဲ့” (Global Diversity Council) ဆိုတဲ့အဖွဲ့ကို ဖန်တီးဖွဲ့စည်း လိုက်တယ်။ လူအမျိုးမျိုးရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှုဓလေ့ တွေကို သိရှိနားလည်ရေး၊ အချင်းချင်းသည်းခံရေး၊ အမျိုးသမီးတွေ အဆင့်အတန်းတိုးမြှင့်ရေး၊  စိတ် ဒါမှမဟုတ်၊ကိုယ်ခန္ဓာဆိုင်ရာ ချို့ယွင်း မှုရှိနေသူတွေကို အားပေးကူညီရေးနဲ့ မတူကွဲပြားတဲ့စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းရေးဆိုတဲ့ကိစ္စတွေ ကို ဆောင်ရွက်ဖို့ဖြစ်တယ်။ အခုတင်ပြခဲ့တဲ့အယူအဆကို ကိုင်စွဲထားမယ်ဆို ရင် သင့်ရဲ့စီးပွားရေးအဖွဲ့အစည်းဟာ သင်လှုပ်ရှားဆောင် ရွက်လုပ်ကိုင်နေတဲ့ ဈေးကွက်အမျိုးမျိုးနဲ့ လိုက်လျောညီထွေ ရှိသွားနိုင်တယ်။ သင်နဲ့ရေရှည်လက်တွဲဆက်ဆံနေမယ့် မတူ ကွဲပြားတဲ့ ဖောက်သည်အမျိုးမျိုးတွေကိုလည်း ဂရုတစိုက်    ဆောင်ရွက်လုပ်ကိုင်ပေးနိုင်မှာ ဖြစ်တယ်။  

လက်တွေ့ဆောင်ရွက်ရန်

-         ဝန်ထမ်းတွေကတော့ အမျိုးမျိုးရှိကြပါရဲ့။ အထက်ပိုင်း မှာ ဆုံးဖြတ်ချက်ချတဲ့လူတွေက အားလုံးအတူတူ၊ ဒီပုတ်ထဲက ဒီပဲတွေချည်းဖြစ်နေမယ်ဆိုရင်တော့ သင့် အဖွဲ့အစည်းဟာ အကျိုးရှိသင့်သလောက် ရှိမှာမဟုတ် ဘူး။ အထက်ပိုင်းမှာ တာဝန်သိသိကြိုးကြိုးစားစား စံနမူနာပြ လုပ်ကြတာဟာ အင်မတန်အရေးကြီး တယ်။ -         ဝန်ထမ်းတွေကို မခွဲခြားဘဲ ပါဝင်ခွင့်ပြုရေး၊ အချင်း ချင်း လေးစားရေး၊ ဆက်သွယ်ပြောဆိုညှိနှိုင်းရေး စတဲ့ အလုပ်တွေကို အလေ့အထဖြစ်အောင် လုပ်ပေးပါ။ -         သင်ကိုယ်တိုင်ကလည်း လုပ်ငန်းခွင်မှာ လူအမျိုးမျိုးနဲ့ ဆက်ဆံရေးမှာ စံပြရမယ့်သူတစ်ဦးဖြစ်အောင် လုပ်ပါ။ -         အပေါ်ယံမတူကွဲပြားမှု (ဥပမာ- ကျား-မ ကွဲပြားမှု) နဲ့ နက်နက်ရှိုင်းရှိုင်းကွဲပြားမှု (ဥပမာ- အသိပညာနဲ့ တန်ဖိုးထားမှု) တို့ မတူဘူးဆိုတာ သိဖို့လိုတယ်။ အဲ ဒီမတူကွဲပြားပုံနှစ်မျိုးစလုံးကို အဖွဲ့အစည်းအနေနဲ့ သိထားသင့်တယ်။

ညွန့်သောင်း