လုပ်ငန်းခွင်မှာ လုပ်ဆောင်သင့်တဲ့ Social Media ကျင့်ဝတ်အချက် ၁၂ ချက်

socialmedia1

Facebook နဲ့ Twitter တို့လို Social Network တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Customer တွေအပေါ်မှာ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေပါတယ်။ လူတော်တော်များများက အွန်လိုင်းကနေ လေ့လာသင်ယူမှု၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှု ပြုလုပ်လာတာတွေက အံ့သြဖွယ်ကောင်းအောင် တိုးတက်လာခဲ့ပါတယ်။

တချို့လူတွေက သူတို့ရဲ့ ဓာတ်ပုံတွေ၊ သူတို့အကြောင်းတွေကို သူ့သူငယ်ချင်း၊ မိသားစုတွေသိဖို့ Sharing လုပ်ပြီး ပုဂ္ဂိုလ်ရေးအရအသုံးပြုကြပြီး စီးပွားရေးသမားတွေက သူတို့လုပ်ငန်းကြော်ငြာဖို့နဲ့ သတင်းကောင်းတွေ ဝေမျှဖို့အတွက် Social Network တွေ အသုံးပြုလာကြပါတယ်။

Social Media တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ ကျင့်ဝတ် ၁၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

socialmedia2

၁။ သင်နဲ့ သင့်ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းကို သင့်ရဲ့ Profile မှာ အချက်အလက် ပြည့်စုံစွာဖြည့်ပါ။ သင့်ရဲ့ အမည်မှန်နဲ့ ဓာတ်ပုံကို အသုံးပြုပါ။

၂။ သင့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုတွေအတွက် သီးခြား Account ကို အသုံးပြုပါ။

၃။ သင့်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အဓိက Profile ကို အချက်အလက်တွေ သေချာအောင် ပြင်ဆင်ထားပါ။ ဒါမှသာ သင့်ရဲ့မိတ်ဆွေတွေက သတင်းအချက်အလက်ပြည့်စုံစွာနဲ့ သင့်ရဲ့လုပ်ငန်းကို ရှာဖွေနိုင်မှာပါ။

၄။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို မျှဝေပါ။ သင့်အကြောင်းတွေနဲ့ သင့်ရဲ့ကုမ္ပဏီအကြောင်းတွေကို မတင်ပါနဲ့။

၅။ တခြားမသိတဲ့ သူစိမ်းတွေကို လက်ခံမယ်ဆိုရင် သင်နဲ့ မိတ်ဆွေဖွဲ့နိုင်မလားဆိုပြီး အရင်မေးထားပါ။ ဒါမှသာ သင့်ရဲ့ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုကိုရောင်းချနိုင်မှာပါ။

၆။ သင်နဲ့သင့်ကုမ္ပဏီကို ကိုယ်စားပြုတဲ့ နာမည်ကိုသာထည့်ပါ။

၇။ မွေးနေ့တွေ၊ ဂိမ်းဆော့တဲ့ ဖိတ်ခေါ်မှုတွေ၊ တခြားအချိန်ဖြုန်းစေတဲ့အရာတွေကို မေးလ်ပို့တာမျိုးတွေ မပြုလုပ်ပါနဲ့။

၈။ သင့်ရဲ့ Customer တွေနဲ့ သင့်ရဲ့သူဌေးမမြင်သင့်တဲ့ အကြောင်းအရာတွေကို အင်တာနက်ပေါ် မတင်ပါနဲ့။

၉။ သင့်နဲ့ မိတ်ဆွေဖြစ်ချင်သူနဲ့ Follow လုပ်ချင်သူတွေ အမြဲစစ်ဆေးပါ။

၁၀။ တကယ်လို့ တစ်စုံတစ်ဦးက သင်နဲ့မိတ်ဆွေမဖွဲ့ချင်ဘူးဆိုရင် သူတို့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံလိုက်ပါ။

၁၁။ သင့်ရဲ့ ပင်ပန်းမှုတွေ၊ စိတ်ဆိုးဒေါသဖြစ်မှုတွေကို သင့်ရဲ့ Social Media ပေါ်မှာ လုံးဝမရေးပါနဲ့။

၁၂။ သင့်ရဲ့စာတွေ၊ သတင်းတွေကို စာလုံးပေါင်းမှန်ကန်အောင် စစ်ဆေးပြီးမှ မေးလ်ပို့ပါ။