စီးပွားရေးသမားတိုင်းအတွက် အသုံးတည့်မယ့် App လေးတွေပါ။ iOS ရော Android သမားတွေပါ အသုံးပြုလို့ရတာရယ်၊ တချို့သော Manual လုပ်ရမယ့်ကိစ္စတွေကို နည်းပညာ အကူအညီယူပြီး Smart ကျကျ သုံးနိုင်မှာရယ်ကြောင့် ဖော်ပြပေးလိုက်တယ်ဆိုပေမဲ့ နည်းပညာနဲ့ အကျွမ်းဝင်ပြီးသား လုပ်ငန်းရှင်တွေအတွက်ကတော့ သိကောင်းသိပြီးသားတွေ ဖြစ်နေနိုင်ပါတယ်။
Speak & Translate
ဘာသာစကားလေးမျိုးလောက်အထိ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ လုပ်ငန်းရှင်တော်တော်များများ ရှိပါတယ်။ မဟုတ်ရင်လည်း အနည်းဆုံး အင်္ဂလိပ်လိုတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်တဲ့အခါ အင်္ဂလိပ်စကားပြောနိုင်ငံတွေချည်းပဲ လှည့်လည်သွားလာနေရတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့အကျွမ်းမဝင်တဲ့ နိုင်ငံတွေကိုသွားတဲ့အခါ ထမင်းစားရေသောက်၊ လမ်းခရီးသွားလာမှုတွေ အဆင်ပြေအောင် Speak & Translate လို Software မျိုးကကူညီနိုင်ပါတယ်။ သူက Text to Text Translation ကို ဘာသာစကား အမျိုးပေါင်းတစ်ရာ လုပ်ပေးနိုင်ပြီး Text to Speech ကိုတော့ ဘာသာစကား ၄၁ မျိုး၊ Voice to Voice ကိုတော့ ဘာသာစကား ၄၂ မျိုးလောက် လုပ်ပေးနိုင်ပါတယ်။
Yelp
ဒီ App က ထွက်တာတော့ ကြာပါပြီ။ ဒါပေမဲ့ နိုင်ငံခြားမှာရောက်နေတဲ့အချိန်မှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိစ္စအတွက်ပဲဖြစ်ဖြစ် အပြင်ထွက်ဖို့လိုတယ်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဈေးဆိုင်၊ ဝန်ဆောင်မှု၊ လုပ်ငန်းစတာတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ ဒီ App က အသုံးဝင်ပါတယ်။ Review တွေဖတ်နိုင်သလို Offer ကောင်းကောင်းတွေ အများကြီးလည်းရှိတတ်တာကြောင့် Budget Travel အတွက်လည်း အသုံးဝင်ပါလိမ့်မယ်။
Office Lens
Receipt တွေ၊ Document တွေ၊ Whiteboard မှာ Meeting လုပ်ရင်းရေးခဲ့တာတွေအကုန်လုံးကို ဓာတ်ပုံရိုက်ပြီး PDF ၊ Word ၊ Powerpoint နဲ့ ဓာတ်ပုံတွေအဖြစ် သိမ်းလို့ရမှာပါ။ သူ့မှာပါတဲ့ Business Card Mode ကဆိုရင် လိပ်စာကတ်အသစ်ရလာလို့ Digitize လုပ်ပြီး သိမ်းချင်သူတွေအတွက် အဆင်ပြေပါတယ်။ သူကအထဲက Info တွေကို ကိုယ့် Address Book မှာပြောင်းပြီး Save လုပ်ပေးနိုင်တာကြောင့်ပါ။ Whiteboard Mode ဆိုရင်လည်း ကိုယ်ရိုက်ထားတဲ့ပုံကို ဖြတ်ပြီး အရိပ်တွေရှင်းလင်းပေးတာကြောင့် သန့်ပြီးသား ဓာတ်ပုံကို ရမှာဖြစ်ပါတယ်။
Google My Business
ဒါကတော့ ကိုယ့်လုပ်ငန်းအကြောင်းကို Google မှာရှာဖွေတဲ့သူရှိရင် အလွယ်တကူသိရအောင်လို့ ပြင်ဆင်ရေးသားထားတာဖြစ်ပါတယ်။ တကယ်တော့ ဒါက လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လုပ်ထားရမယ့်အရာဖြစ်ပါတယ်။ လုပ်ငန်းနာမည်၊ လိပ်စာ၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဖွင့်တယ်ဆိုတာတွေကို ပြည့်ပြည့်စုံစုံ ရေးထားရမှာပါ။ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်လို့ Review တွေရေးပေးတဲ့ လူတွေလည်းရှိပါလိမ့်မယ်။ ဒါတွေကိုလည်း အချိန်မီ တုံ့ပြန်နိုင်ပါလိမ့်မယ်။ ပြီးတော့ လူဘယ်လောက်ကတော့ ကိုယ့်အကြောင်း ရှာတယ်၊ ဘယ်လိုနေရာတွေမှာ ရှာကြတယ်စတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်မှာပါ။