လုပ်ငန်းခွင်မှာ မကြာခဏပြောသင့်တဲ့ စကားစု ၂၄ ခု

51730833_1991771514211250_8988741555477020672_nလုပ်ငန်းခွင်မှာ ကိုယ့်အပေါ်လုပ်ဖော်ကိုင်ဖက်တွေ စိတ်ဝင်စားဖို့၊ ကိုယ်ဟာ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်စေဖို့ ဘာတွေပြောမလဲ။ ဘယ်လိုစကားတွေက ဝန်ထမ်းတစ်ယောက်ကို အပြုံးနဲ့အတူတောက်ပစေမလဲ။ မကြာသေးမီကမှ ထုတ်ပြန်ခဲ့တဲ့ CareerBuilder စစ်တမ်းအရ ဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ သူတို့ကိုကြိမ်ဖန်များစွာ မှတ်မိနေမယ်ဆိုရင် အလုပ်ခွင်မှာအချိန်အကြာကြီး နေတတ်ကြတယ်လို့ဆိုပါတယ်။ တခြားတစ်ယောက်ယောက်က ကိုယ့်ကိုကြည့်လိုက်တဲ့အချိန်မှာ 'သူကတော့ ငါယုံကြည်လို့ရနိုင်မယ့်သူတစ်ယောက်ပဲ' ဆိုတဲ့ အတွေးမျိုးဖြစ်သွားစေမယ့် ဘယ်လိုမေးခွန်းတွေမေးမလဲ။ အခုဖော်ပြမှာကတော့ ကိုယ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာကို တခြားသူတွေဆီပြသနိုင်ဖို့နဲ့ အသိအမှတ်ပြုတာ၊ အားပေးတာ၊ ယုံကြည်မှုပေးတာတွေကို ဖော်ပြနိုင်မယ့်နည်းလမ်း ၂၄ ခုပဲ ဖြစ်ပါတယ်။

နွေးထွေးမှုနဲ့ အသိအမှတ်ပြုမှုကိုဖော်ပြမယ့် စကားစုငါးခု
-    ဒီအဖွဲ့မှာ မင်းရှိနေတာဟာ ကြီးမားတဲ့ မတူခြားနားမှုကို ဖြစ်စေပါတယ်။
-    မင်းနဲ့အတူအလုပ်လုပ်ရတာက အရမ်းကိုတက်ကြွမှုဖြစ်စေတယ်။
-    ဒီအခြေအနေ၊ ဒီအခက်အခဲနဲ့ ဒီတာဝန်ကို မင်းကိုင်တွယ်ဖြေရှင်းသွားပုံကို တကယ်သဘောကျမိတယ်။
-    ငါတို့တွေရဲ့ အောင်မြင်မှုအတွက် မင်းရဲ့ပါဝင်မှုအခန်းကဏ္ဍဟာ တကယ်ကိုအရေးကြီးပါတယ်။
-    မင်းသာမရှိဘူးဆိုရင် ငါဒါကို ပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။ 

အားပေးမှုနဲ့ စိတ်ခံစားမှုအကူအညီဖြစ်စေမယ့် စကားစုငါးခု
-    ဒီဆုံးဖြတ်ချက်အပေါ် မင်းရဲ့အကဲဖြတ်မှုကို ငါယုံကြည်တယ်။ 
-    ဒီအလုပ်ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့လည်း မင်းမရှိဘဲ အလုပ်လုပ်နိုင်ဖို့ဆိုတာ စဉ်းစားပုံဖော်ကြည့်လို့မရဘူး။ 
-    မင်းနဲ့ မင်းရဲ့စွမ်းဆောင်နိုင်မှုတွေအပေါ် ငါ့အနေနဲ့ ယုံကြည်မှုအပြည့်အဝရှိတယ်။
-    ငါ့မှာရှိတဲ့၊ ရှိခဲ့ဖူးတဲ့ အားအကိုးရဆုံး ဝန်ထမ်းတွေထဲမှာ မင်းက တစ်ယောက်အပါအဝင်ပါ။ ငါ မင်းကိုယုံကြည်တယ်။
-    မင်းကိုတွေ့မြင်ရတာ ဝမ်းသာတယ်။ 

ပုံမှန်မဟုတ်တဲ့ ခေါင်းဆောင်မှုပုံစံကိုဖော်ပြဖို့ စကားစုခြောက်ခု (မေးခွန်းလေးခုအပါအဝင်) 
-    မင်းကို ပိုကောင်းလာအောင်ကူညီနိုင်ဖို့ ငါဘာလုပ် ပေးနိုင်မလဲ။
-    မင်းအတွက် ငါဒီမှာရှိနေတယ်ဆိုတာနဲ့ ငါ့ရဲ့တံခါးက အမြဲဖွင့်ထားတယ်ဆိုတာသိပါ။ ဘာပဲဖြစ်ဖြစ် ငါ့ကိုမေးနိုင်ပါတယ်။ 
-    မင်းရဲ့အားသာချက်နဲ့ စိတ်ပါဝင်စားမှုတွေအပေါ်မူတည်ပြီး အလုပ်တွေလုပ်နိုင်ဖို့ မင်းမှာရှိတဲ့ကျွမ်းကျင်မှုတွေနဲ့ပတ်သက်ပြီး ငါဒီထက်ပိုသင်ယူချင်ပါတယ်။  
-    မင်းရဲ့ဖွံ့ဖြိုးမှုအစီအစဉ်တွေ၊ သက်မွေးမှုလမ်းကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အချိန်တချို့ ဘယ်လိုယူနိုင်မလဲ။
-    အောင်မြင်ဖို့အတွက် လိုအပ်တဲ့အရာရာ မင်းဆီမှာရှိတယ်လို့ ငါ့အနေနဲ့ သေချာချင်ပါတယ်။ ဒီအောင်မြင်မှုလမ်းကြောင်းအတွက် အတားအဆီးတွေများ ရှိနေပါသလား။ 
-    မင်းရဲ့မန်နေဂျာတစ်ယောက်အနေနဲ့ ငါဘယ်လိုပိုပြီးကောင်းအောင် ကူညီပေးရမလဲ။ 

ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ဖော်ပြတဲ့ စကားစုလေးခု
-    အဲဒါငါ့အမှားပဲ။ မင်းပိုကောင်းအောင် လုပ်နိုင်ခဲ့ပါ တယ်။
-    နောက်တစ်ကြိမ်ပိုကောင်းအောင် ငါတို့ဘာလုပ်နိုင်မလဲ။
-    ဒီအလုပ်တာဝန် (ဒီဆုံးဖြတ်ချက်၊ ဒီနည်းဗျူဟာ) အပေါ် မင်းရဲ့အမြင်ဘယ်လိုရှိလဲ။
-    မင်းမှာ မေးစရာမေးခွန်းတွေ၊ အကြံပြုချက်တွေရှိနေရင် ငါသိပါရစေ။ 

တခြားသူတွေကိုတက်ကြွပြီး ခံစားမှုပေးနိုင်မယ့် စကားစုလေးခု
-    တင်ပြမှုမလုပ်ရသေးခင် ငါလုပ်ဖို့လိုအပ်တဲ့ အပြောင်းအလဲတွေအပေါ် မင်းရဲ့သတင်းအချက်အလက်အကြောင်းပြန်မှု (Feedback) ကို ငါသဘောကျတယ်။
-    ဒါက ငါတို့အတွက် ရှေရှည်အတူတူ အောင်မြင်စေဖို့ ငါလိုချင်တဲ့အရာပါပဲ။
-    မင်းရဲ့အားသာချက်တွေနဲ့ ငါပါဝင်လုပ်ကိုင်ချင်တယ်။
-    ဒီအလုပ်က ဘယ်လိုဆိုတာ ငါ့ကိုပြောပြပါ။ ငါမင်းဆီက သင်ယူချင်ပါတယ်။ 

 

 

ထွတ်မြတ် 

Ref : 24 Phrases You Should Start Saying

More Often in the Workplace