စီအီးအိုလစာတိုးပြီး သင့်လစာဘာကြောင့် မတိုးတာလဲ

article landscape wartermark final2 ကမ္ဘာပတ်လုပ်ကိုင်နေကြသည့် အမှုဆောင်အရာရှိချုပ် (စီအီးအို) များ၏လစာ မကြုံစဖူး မြင့်မားနေသော်လည်း အလုပ်သမားအများစု၏လစာကတော့ မပြောင်းလဲသလောက် ပဲဖြစ်ပါသည်။ Standard & Poor's 500 ၅၀၀ စတော့အñွှန်းဝင် ကုမ္ပဏီတစ်ခု၏ စီအီးအိုလစာသည် ယမန်နှစ်က ၈.၈ ရာ ခိုင်နှုန်းတက်ကာ (တစ်နှစ်လစာ) ဒေါ်လာ ၁၀.၅ သန်းသို့ရောက် ရှိခဲ့သော်လည်း အမေရိကန်လုပ်သားထု တစ်ရပ်လုံးအတွက် ဆိုလျင် ၁.၃ ရာခိုင်နှုန်းသာ တက်ခဲ့ပါသည်။ စီအီးအို၏လစာ သည် ၂၀၀၉ ခုနှစ်မှာ အမျိုးသားပျမ်းမျလစာ၏ ၁၈၁ ဆ ရှိခဲ့သော်လည်း ယခုအခါ ၂၅၇ ဆ ဖြစ်နေပါသည်။ ကမ္ဘာ တစ်လွှား၌ အလွန်အကျွံချမ်းသာသူများနှင့် သာမန်အလုပ် သမားများအကြား ကွာဟချက် ပိုမိုကျယ်ပြောလာခြင်းက ငှားရမ်းခများ ကြီးမြင့်သောမြို့ကြီးများမှသည် အလုပ်ရှားပါးသည့် မြို့ငယ်ကလေးများအထိ ကမ္ဘာတစ်လွှား၌ စီးပွားရေး မလုံ ခြုံမှု ပူပန်စရာကို ကြီးထွားစေလျက်ရှိပါသည်။ စီအီးအိုများ အလျံပယ်လစာတိုးမြင့်ခံစားနေရသည့် အကြောင်း ငါးချက်နှင့် ပြည်သူများစွာ ဝင်ငွေမတိုးတက် ဖြစ်နေရခြင်းအကြောင်း ငါးချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။  

၁။     သူတို့လစာမှာ ကုမ္ပဏီစတော့များစွာ ပါဝင်နေပါသည်

အလုပ်သမားအများစုနှင့်မတူဘဲ စီအီးအိုလစာမှာ ကုမ္ပဏီ စတော့အများအပြား ပါဝင်နေလေ့ရှိသည်။ ထိုသို့လုပ်ထား သည့် သီအိုရီအယူအဆမှာ စီမံအုပ်ချုပ်သူများ၏အကျိုးစီး ပွားနှင့် အစုရှင်အကျိုးစီးပွားတို့ကို တန်းညှိပေးခြင်းဖြစ်သည် ဟုဆိုသည်။ ၂၀၀၀ ပြည့်နှစ်စောစောပိုင်း၌ Tyco ၊ Enron စသည့်ကုမ္ပဏီကြီးများတွင် ကုမ္ပဏီဝင်ငွေ၊ ရှယ်ယာတန်ဖိုး များ၊ အတွင်းလူများနှင့် အထက်တန်းမန်နေဂျာများ၏ ကြွယ် ဝမှုများကို တိုးမြှင့်နိုင်ရန် အမှုဆောင်အရာရှိများက စာရင်း စာအုပ်များတွင် လိုတိုး၊ ပိုလျော့ ရေးသွင်းခဲ့သောကြောင့် နောက် ဆုံး၌ နစ်နာသွားသူတွေမှာ အစုရှင်တွေသာဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ စီအီးအိုများ ရတနာပုံဆိုက်မှု ဆက်လက်ဖြစ်ပေါ်နေရာ ယင်းတို့အား ယမန်နှစ်က ဆုချ သည့်စတော့၏ပျမ်းမျတန်ဖိုးသည် ၁၇ ရာခိုင်နှုန်းတက်ကာ ဒေါ်လာ ၄.၅ သန်းဖြစ်ပြီး အေပီသတင်းဌာန မှတ်တမ်းများအရ အမြင့်မားဆုံးတိုးတက်မှုဖြစ်တော့သည်။ ထို့ပြင် ရေရှည် ကာလ စတော့ဆိုင်ရာမြတ်စွန်းမှုများကို သာမန်လစာအခွန်နှုန်း အောက် နှုန်းဖြင့် ကောက်ခံသည်။ စတော့တန်ဖိုးများ တက်လာခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် အမေရိကန် ဗဟိုဘဏ် Federal Reserve  က အကြံအဖန်လုပ် သတ် မှတ်ထားသည့်အတိုးနှုန်း နိမ့်ကျမှုများက မီးထိုးပေးခဲ့သည်။ သို့နှင့် ရင်းနှီးမြှုပ်နှံသူများစွာသည် အမြတ်အစွန်း နည်းသည့် ငွေချေးစာချုပ်များမှထွက်ကာ စတော့များကို ဝယ်ယူခဲ့ကြသည်။  

၂။      တန်းတူရည်တူများ၏ဖိအား

ကုမ္ပဏီဘုတ်အဖွဲ့များသည် 'သာမန်ပျမ်းမျ' စီအီးအိုမျိုးကို အလိုမရှိသောကြောင့် စီအီးအိုလစာနှင့် ခံစားခွင့်များအတွက် စံထားသည့် ပြိုင်ဘက်စီအီးအိုများထက်သာအောင် မိမိတို့ စီအီးအိုအား လစာနှင့် ခံစားခွင့်များပေးလိုကြသည်။ သို့နှင့် ဒီလာဝဲတက္ကသိုလ်က သုတေသနစာတမ်းတစ်ခုအဆိုအရ စီအီးအိုလစာနှင့် စပ်လျဉ်း၍ အထက်ယိမ်းအစွဲဖြစ်ပေါ်နေ ပြီး လွှမ်းခြုံအကျိုးသက်ရောက်မှုမှာ အမှုဆောင်အရာရှိများ ၏လစာနှင့် ကုမ္ပဏီက ပေးသင့်ပေးထိုက်သော ယင်းလစာတို့ မှာ သိသိသာသာ ကွာခြားနေတော့သည်ဟု ဆိုပါသည်။  

၃။     စူပါစတားအကျိုးသက်ရောက်မှု

ကုမ္ပဏီများသည် ယင်းတို့၏စီအီးအိုများကို စွမ်းဆောင်ရည် နှင့် ပရိသတ်ဆွဲဆောင်မှုအားကောင်းသဖြင့် လစာများစွာ ရရှိသည့် အားကစားအကျော်အမော်များနှင့် နှိုင်းယှဉ်ဖော်ပြ တတ်ကြသည်။ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနှင့် ကိုယ်ပိုင် ဂျက်လေယာဉ်သုံး ဤခေတ်တွင် ထိပ်တန်းအားကစားသမား၊ ဖျော်ဖြေသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကမ္ဘာအနှံ့ခြေဆန့် ကာ အမြတ်အစွန်းများကို အကြီးအကျယ်တိုး ပွားစေလျက် ရှိသည်။ ကမ္ဘာတစ်လွှား၌ ကော်ပိုရေးရှင်းကြီးများ ယှဉ်ပြိုင် နေကြရာ၌ ကော်ပိုရိတ်စူပါစတားများ ရရှိရေးစေ့ဆော်ချက် သည် စီအီးအိုလစာကို ပံ့ပိုးဖောင်းပွစေသည်ဟု ဆိုပါ သည်။  

၄။     ခင်မင်သဘောကောင်းသည့် ဒါရိုက်တာဘုတ်အဖွဲ့များ

အချို့သောဘုတ်အဖွဲ့ဝင်များသည် စီအီးအိုက သူ၏လစာ မည်မျဖြစ်သင့်ကြောင်း သုံးသပ်သည်ကို လိုက်လျောကြသည်။ အကြောင်းမှာ ဘုတ်အဖွဲ့များ စွာမှာ အခြားကုမ္ပဏီများက လက်ရှိနှင့် ယခင်စီအီးအိုများဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်သည်။ တစ်ဖန် အချို့သောကုမ္ပဏီများ၌ ဘုတ်အဖွဲ့ ဝင်များမှာ စီအီးအိုကိုယ်တိုင်ရွေးချယ်၊ သို့မဟုတ် စိစစ်ထား သူများဖြစ်သည်။ ထို့ကြောင့် ဘုတ်အဖွဲ့၏လစာနှင့်ခံစား ခွင့်များကော်မတီက ဆုကြေး ရက်ရက်ရောရော ပေးတတ်ခြင်း မှာ မထူးဆန်းလှပေ။  

၅။     တင်းတင်းကျပ်ကျပ် စိစစ်မှု

ဘာကလေရှိ ကာလီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခဘင်ဂျ မင်ဟာမလင်၏ ၂၀၀၅ ခုနှစ် ဆောင်းပါးတစ်ခုအရဆိုသော် ဘုတ်အဖွဲ့ဖြင့် နိုးနိုးကြားကြားစောင့်ကြည့်သော စီအီးအိုကို ဓမ္မဓိဋ္ဌာန်ကျစွာ အကဲဖြတ်သောကုမ္ပဏီသည်ပင်လျင် ယင်း အားငွေကြေးအများအပြား ချီးမြှင့်ဖွယ်ရှိသေးသည်။ အကြောင်း မှာ ပိုမိုစိစစ်ခံရသောစီအီးအိုသည် အလုပ်ဖြုတ်ခံရရန် ပိုမို အလားအလာရှိခြင်းကြောင့်ဖြစ်ပြီး ထိုစွန့်စားရချက်ကို ကာမိစေရေးဖြစ်သည်ဟု ဆိုပါသည်။ article portrait watermark final

သာမန်ပြည်သူများ အဘယ်ကြောင့် လစာမတိုးသလဲ

၁။      စက်ရုပ်များကို အပြစ်တင်ပါတော့

စက်ရုံအလုပ်သမား သန်းပေါင်းများစွာ၏ စက်ရုံတွင်းတပ်ဆင် ရေးလမ်းကြောင်းပေါ်က အလုပ်နေရာများတွင် စက်ရုပ် (Robots) များက အစားထိုးဝင်ရောက်ခဲ့သည်။ ဒစ်ဂျစ်တယ် ခေတ်တွင် ရုံးများ၌လည်း စာရေးနှင့်စာရင်းကိုင်များစွာ မလိုအပ် တော့ပေ။ မက်ဆာချူးဆက်စ်စက်မှုတက္ကသိုလ်က စီးပွားရေး ပညာရှင် David Autor  အဆိုအရ လုပ်ရိုးလုပ်စဉ်လုပ်ငန်း တာဝန်များ ပါရှိသည့်အလုပ်များတွင် စက်ရုပ်များနှင့် ကွန်ပျူ တာများက အစားဝင်၍ နေရာယူလျက်ရှိသည်။ ဤအလယ် အလတ်အလုပ်နေရာများ ပျောက်ကွယ်သွားသောအခါ အလုပ် သမားများက လစာတန်းတူအလုပ်သစ်များကို အထူးကြိုးစား ရှာဖွေရကာ အချို့ဆိုလျင် လစာနိမ့်သည့် လက်လီအရောင်း၊ သို့မဟုတ် အစားအသောက်ဝန်ဆောင်မှုအလုပ်များဖြင့် ကျေ နပ်ရတော့သည်။ အလယ်အလတ်ဝင်ငွေအလုပ်များ ဆုံးရှုံး သွားခြင်းကို ကောလိပ်ထွက် အလုပ်သမားများပင် ဒဏ်ခံ ကြရ သည်။ စီးပွားရေးနှင့် ပေါ်လစီသုတေ သနစင်တာ က စီးပွားရေးပညာရှင် John Schmitt  က ၂၀၁၃ ခုနှစ်တွင် တစ် နာရီလျင် လုပ်ခ ဒေါ်လာ ၁၀.၁၀ အောက်ရရှိခဲ့သော အမေရိကန်ကန်အလုပ်သမားများ၏ ၄၅ ရာခိုင်နှုန်းနီးပါးမှာ ကောလိပ်တက်ဖူးသူ၊ သို့မဟုတ် ဘွဲ့ရများဖြစ်ကြောင်း စိစစ် တွေ့ရှိခဲ့သည်။  

၂။      အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း

စီးပွားရေးကျဆင်းမှုကြီး (Great Recession) ၏ နောက် ဆက်တွဲအခြေအနေအရ ငှားရမ်းနိုင်သောအလုပ်သမားများ အလျံပယ်များပြားနေသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ အဖို့ ဖိအားပေးခံရခြင်း မရှိတော့သည့်အပြင် တော်သည့် အလုပ်သမားများ စွန့်ခွာအလုပ်ပြောင်းသွားမည်ကိုလည်း အထူးမစိုးရိမ်ရတော့ပေ။ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင် အလုပ်လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းသို့ ကျဆင်းကာ လုပ်ခများ တိုးမြှင့်ခဲ့ကြောင်းတွေ့ရှိရသည်။ ထိုအဆင့်တွင် အရည်အချင်း ရှိ အလုပ်သမားများ ရှားပါးခဲ့သည့်အလျောက် စီးပွားရေး လုပ်ငန်းများအနေဖြင့် မတတ်သာဘဲ အလုပ်သမား လစာများကို မြှင့်တင်ခဲ့ရပေသည်။  

၃။      ကမ္ဘာအသွင်ပြောင်းလဲမှု (Globalization)

ကုမ္ပဏီများသည် အလုပ်များကို ဆင်းရဲသောနိုင်ငံများသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းအားဖြင့် လုပ်အားခများကို ကန့် သတ်ထိန်းချုပ်နိုင်ကြသည်။ အထူးသဖြင့် ပျမ်းမျလုပ်အားခ သည် အဆင်းရဲဆုံး၊ အမေရိကန်များ ၏ဝင်ငွေအောက် နိမ့် ကျသောနိုင်ငံများ ဖြစ်ကြသည်။ ဥပမာ- ၂၀၀၉ ခုနှစ်၌ မှန်တမ်းတရုတ်စက်ရုံတစ်ခုတွင် အလုပ်သမားတစ်ဦးသည် တစ်နာရီလျင် ၁.၇၄ ဒေါ်လာ ရရှိသည်ဟု အမေရိကန် အလုပ်သမားစာ ရင်းအင်းဗျူရိုက ဆိုသည်။ ထိုဝင်ငွေမှာ အကြမ်းအားဖြင့် အမေရိကန်အလုပ်သမားနှင့် နှိုင်းယှဉ်လျင် ဆယ်ပုံတစ်ပုံမျသာဖြစ်သည်။ စီးပွားရေးပညာရှင် အများ အပြားအဆိုအရ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာတစ်လွှား က လုပ်အားခချိုသာမှုနှင့် ယှဉ်ပြိုင်နေရခြင်းမှာ အမေရိကန် လုပ်ခလစာများမတိုးတက်အောင် ဖိအားပေး အကျိုးသက် ရောက်နေသည်။  

၄။     အလုပ်သမားသမဂ္ဂများ  အားနည်းလာခြင်း

အလုပ်သမားအဖွဲ့အစည်းများသည် ယခင်ကဲ့သို့ အရေးပါ မှုသြဇာမရှိတော့ပေ။ အလုပ်သမားစာရင်းအင်းဗျူရိုကိန်း ဂဏန်းများအရ ၁၉၈၃ ခုနှစ်၌ အမေရိကန်အလုပ်သမား များအနက် ၂၀ ရာခိုင်နှုန်းကျော်မှာ အလုပ်သမားသမဂ္ဂဝင် များဖြစ်ခဲ့ကြသော်လည်း ၂၀၁၃ ခုနှစ်၌ ၁၁.၃ ရာခိုင်နှုန်းသာ သမဂ္ဂဝင်များဖြစ်ကြသည်။ သို့ဖြင့် သမဂ္ဂများ၏ သြဇာနယ် ပယ်များစွာ ကျဆင်းခဲ့ရာ ရလဒ်မှာ လုပ်ခတိုးပေးရန်     စုပေါင်းအရေးဆိုညှိနှိုင်းနိုင်သည့်အလုပ်သမားဦးရေကျဆင်း သွားတော့သည်။  

၅။      ငွေဖောင်းပွမှုနိမ့်ခြင်း

လွန်ခဲ့သောငါးနှစ်တစ်လျောက် အမေရိကန်အစိုးရ၏ ငွေ ဖောင်းပွမှုတိုင်းတာသည့်စံဖြစ်သော စားသုံးကုန်ဈေးနှုန်း (Consumer Price Index) သည် ပျမ်းမျ ၁.၆ ရာခိုင်နှုန်း မျသာ တိုးသည်။ ငွေဖောင်းပွမှုနှုန်း မြင့်မားသည့်ကာလ တွင် ယင်းကို လုပ်ခလစာ တိုးမြှင့်တောင်းခံမှုတွင် ထည့်သွင်း အကြောင်းပြလေ့ရှိကြသော်လည်း မကြာသေးမီ ကာလတစ် လျောက်၌ ငွေဖောင်းပွမှုကျဆင်းနေခဲ့သည့်အတွက် ထောက်ပြ အကြောင်းပြရန် မဖြစ်နိုင်သလောက်ရှိသည်။ သို့ဖြင့်အလုပ် သမားများသည် ငွေဖောင်းပွမှုမြင့်ခဲ့လျင် ရရှိနိုင်မည့် လုပ်ခ လစာအောက်နိမ့်သောအခြေအနေဖြင့် ကျေနပ်လိုက်ရလေ့ ရှိတော့သည်။

ခင်အောင် (အင်္ဂလိပ်စာ)

                                                    Ref : AP