ရာသီဥတုအခြေအနေကို စောင့်ကြည့်နိုင်ပြီး ပြင်းထန်သော ရာသီဥတုများကို ကြိုတင် သတိပေးနိုင်သော အဆင့်မြင့်နည်းပညာများ မြန်မာနိုင်ငံသို့ ရောက်ရှိ

အမေရိကန်ပြည်ထောင်စုမှ နည်းပညာကုမ္ပဏီဖြစ်တဲ့ Earth Networks နှင့် မြန်မာနိုင်ငံမှ IT Solutions Provider ဖြစ်သူ Lucky Bird တို့ ပူးပေါင်းပြီး ရာသီဥတုအခြေအနေအား စောင့်ကြည့်ခြင်း၊ ခန့်မှန်းခြင်း၊ ရာသီဥတုနှုင့်ပတ်သက်ပြီး သတိပေးနိုင်သော အဆင့်မြင့်နည်းပညာသုံးစနစ်များအား မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်သွားရန် အသိပေးကြေငြာခြင်း အခမ်းအနားကို သြဂုတ်လ ၄ ရက်နေ့က Novotel Yangon Max မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  မြန်မာနိုင်ငံတဝန်းမှာ အဆိုပါအဆင့်မြင့် နည်းပညာသုံး Sensor ပေါင်း ၃၂ ခု တပ်ဆင်သွားမှာဖြစ်ပြီး ဒီ Sensor Network များမှ လက်ရှိဖြစ်ပေါ်နေသောရာသီဥတုအြေခအနေနှင့် လျှပ်စီးလက်ပြီးမိုးကြိုးပစ်နိုင်သောအခြေအနေများအား ထောက်လှမ်းခြင်းဆိုင်ရာအချက်အလက်တွေကို ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။   Earth Network 3 Earth Network 2 Earth Network 1