ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားတွေ စီစဉ်တဲ့ UCSY Product Show 2015

UCSY 9 ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ CS Club က ဦးစီးစီစဉ်တဲ့ UCSY Product Show 2015 ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(လှော်ကား)မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ CS Club အဖွဲ့ဝင်တွေ ဖွဲ့စည်းထားတဲ့ Team ၁၀ ခုမှ Product တွေကို ရှင်းလင်းပြသခဲ့ကြပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်မြင့်မြင့်စိန်အပါအဝင် ကျောင်းမှ ဆရာဆရာမတွေနဲ့အတူ Professional များဖြစ်ကြတဲ့ Total Game Play Studio မှ ကိုမြင့်ကျော်သူ၊ Myanmar Links မှ ကိုစိုးသီဟနောင်၊ Technomation Studio မှ ကိုထူးမြင့်နောင်တို့မှ Judge များအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲမှာ ကျောင်းသားများက 2D Game ၊ 3D Game နဲ့ WebDesign ၊ Mobile App စတာတွေကို အချိန် ၂ လယူပြင်ဆင်ပါဝင်ပြသခဲ့ကြတာဖြစ်ပါတယ်။ ပွဲမှာ Save in your Brain အဖွဲ့မှ Pyaungtalinn's Seven Orbs ၊ Android Core မှ University Guide ၊ Developer မှ Memora ၊ Biz Web မှ Entertainment ၊Alien Web Developer မှ Tourism Guide  ၊ Exception မှ The Blackwoods၊ Genius Developer မှ Yangon General Hospital Guide ၊  Third Generation မှ UCSYPEDIA ၊ Cyber App မှ IT Shop ၊ Cyber Phantom မှ Hotels in Yangon စသဖြင့် web, app, game product အသီးသီးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲမှာ Best Presentation Award ၊ Best Innovation Award ၊ Student Choice Award ၊ Best Market Award လေးဆု ရွေးချယ်ချီးမြှင့်ခံတာဖြစ်ပြီး ဆုငွေအဖြစ် ငွေကျပ် နှစ်သိန်းစီထည့်သွင်းချီးမြှင့်တာဖြစ်ပါတယ်။ Student Choice Award ကို Exception အဖွဲ့မှလည်းကောင်း ၊ Best Presentation Award ကို Save in your Brain အဖွဲ့မှလည်းကောင်း၊  Best Innovation Award ကို Genius Developer အဖွဲ့မှလည်းကောင်း၊ Best Market Award ကို Cyber App မှလည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။ ပွဲကို MyChat မှ Main sponsor အဖြစ်၊ Dinga AppStore မှ Co-sponsor အဖြစ် ပံ့ပိုးပေးခဲ့ကြတာဖြစ်ပါတယ်။ အခုကပထမဦးဆုံးအကြိမ်ပြိုင်ပွဲဖြစ်တဲ့အတွက် လိုအပ်ချက်အနည်းငယ်ရှိခဲ့ပေမယ့် တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့ Product တွေက အဆင့်မီလာမယ်၊ ပိုပြီးအသုံးဝင်လာမှာပါ။ ပွဲနဲ့ပတ်သက်လို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်မြင့်မြင့်စိန်က ပွဲနဲ့ပတ်သက်လို့ ''CS Club ကျောင်းသားတွေရဲ့ Development တွေ ၊ Product တွေကို ဒီမှာ ရှိတဲ့ေ ကျာင်းသူကျောင်းသားတွေကို တင်ပြတာပါ၊ ပြီးတော့  သူတို့လုပ်ထားတဲ့ Product တွေကို ချပြတဲ့အတွက်ကြောင့် CS Club ကို စိတ်ဝင်စားတဲ့ကျောင်းသားတွေလည်း ပိုများလာမှာပါ။ အခုလည်း သူတို့တွေလုပ်ရတဲ့အချိန်အားနည်းတာရယ်၊ တကယ့်Expert တွေနဲ့ Discuss လုပ်တဲ့အပိုင်းမှာလည်း နည်းနည်းအားနေတာကြောင့် ပြနိုင်တာထက် နည်းနည်းလိုသွားတာတွေရှိပါတယ်။ အခုကပထမဦးဆုံးအကြိမ်ပြိုင်ပွဲဖြစ်တဲ့အတွက် လိုအပ်ချက်အနည်းငယ်ရှိခဲ့ပေမယ့် တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့ Product တွေက အဆင့်မီလာမယ်၊ ပိုပြီးအသုံးဝင်လာမှာပါ။ UCSY အနေနဲ့လည်း နောက်ပိုင်း ဒီလိုမျိုးပွဲတွေကို ဆက်ပြီး Support လုပ်ပေးသွားဖို့ရှိပါတယ်။ လုပ်ငန်းခွင်တွေထဲရောက်နေတဲ့ ကွန်ပျူတာကျောင်းထွက်တွေအနေနဲ့ ရောက်တဲ့နေရာမှာ သင်ခဲ့တဲ့သီအိုရီပိုင်းတွေကိုအသုံးချပြီး ကိုယ့်ဘဝအတွက်၊ ကိုယ့်နိုင်ငံအတွက် ပိုမိုစွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ပွဲမှာ Judge တစ်ဦးအဖြစ်ပါဝင် ဆောင်ရွက်ပေးခဲ့တဲ့ Total Gameplay Studio မှ ကိုမြင့်ကျော်သူက ကျောင်းသားတွေရဲ့ Product တွေနဲ့ပတ်သက်လို့ ``အများစု တော်တော်လေးကောင်းပါတယ်။ Idea ပိုင်းကအစ  အားရစရာကောင်းပါတယ်၊ အဓိကသူတို့လိုနေတာက Presentation အပိုင်းလေးပါ။ တကယ်တော့ ကိုယ့် product ကောင်းရုံတင်မက presentation ပါကောင်းမှ အဆင်ပြေနိုင်မှာပါ´´ လို့ အကြံပြုပြောဆိုခဲ့ပါတယ်။ အခုကပထမဦးဆုံးအကြိမ်ပြိုင်ပွဲဖြစ်တဲ့အတွက် လိုအပ်ချက်အနည်းငယ်ရှိခဲ့ပေမယ့် တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့ Product တွေက အဆင့်မီလာမယ်၊ ပိုပြီးအသုံးဝင်လာမှာပါ။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ CS   Club ကို  ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကနေ စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားတွေအနေနဲ့ နည်းပညာကို ပိုမိုစိတ်ပါဝင်စားလာအောင်၊ အချင်းချင်း ဝေမျှဆွေးနွေးမှုတွေ ပိုမိုလုပ်လာနိုင်အောင်နဲ့ တီထွင်ဖန်တီးမှုတွေ ပြုလုပ်လာနိုင်အောင်ရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ CS Club ရဲ့ Structure အရ Localization Team ၊ Product Team ၊ Research Team ၊ Debate Team နဲ့ အောက်ဆုံးမှာ Study Group ဆိုတာကြောင်း၊ ဒီနှစ်မှာတော့ Study Group ကိုပဲ ပြုလုပ်နိုင်ခဲ့ကြောင်းနဲ့ Study Group ကနေ ယခုလို Product တွေထွက်ရှိလာအောင် ဖန်တီးထားကြောင်းသိရပါတယ်။ CS Club ရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/ucsycsclub မှာလည်း သူတို့ရဲ့ Activity တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ UCSY 8 UCSY 7 UCSY 6 UCSY 5 UCSY 3 UCSY 10 UCSY 2 UCSY 1