ရန်ကုန်တက္ကသိုလ်ရှိ ICoE တွင် E-book ပေါင်း လေးသန်းကျော်ပါဝင်သော Resource Center စတင်ဆောင်ရွက်

[caption id="attachment_9721" align="alignnone" width="720"]article landscape wartermark final6 လှူဒါန်းထားသည့် E-Book လေးသန်းကျော်နှင့် ပတ်သက်ပြီး ဝိုင်းဝန်းအကြံပေးဆွေးနွေးနေကြစဉ်[/caption] မြန်မာနိုင်ငံ၏ပညာမြင့်တင်လိုမှုအတွက် Johns Hopkins တက္ကသိုလ်က Professor များ၏ကြိုးစားမှုဖြင့် ရန်ကုန်တက္ကသိုလ် ICoE ဌာနတွင် သုတေသနအတွက်လို အပ်သော Database များဖြစ်သည့် EBook စာအုပ်ပေါင်း လေးသန်းကျော်ကို လှူဒါန်းခဲ့ပါသည်။ ပညာရေးသုတေသနအတွက်လိုအပ်သော Ebook များကို ရန်ကုန်တက္ကသိုလ်မှသည် မြန်မာနိုင်ငံတဝန်းလုံး သုံးစွဲနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်သွားရင်းဖြင့် မြန်မာနိုင်ငံ၏ပညာရေးကို မြှင့်တင်ပေးမှာဖြစ်ကြောင်း တစေ့တစောင်း သိရှိခဲ့ရပါသည်။ article people portrait water mark final7 Mr Karl Jackson Director of Asian Studies Program Chairman of IcoE အခုလိုလိုအပ်နေတဲ့အချက်အလက်တွေကိုMr Pote Lee   လှူဒါန်းလိုက်တာက တက္ကသိုလ်က ဆရာ ဆရာမတွေအ တွက်သာမက ကျောင်းသားကျောင်းသူတွေအတွက် အထူး အခွင့်အရေးပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆို ရင် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ရာစုနှစ်တစ်ခုထိ ထောက် ပံ့မှု ကင်းကွာနေတယ်။ ပညာရေးစ နစ်ကို တိုးတက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ အကန့်အသတ်မရှိဘူး။ ကျွန်တော် တို့ အမေရိကန်မှာဆိုရင် ပညာရေးစနစ်တွေ တိုးတက်ဖွံ့ဖြိုး အောင် အမြဲ လုပ်ဆောင်တယ်။ ဘယ်တော့မှ ရောင့်ရဲကျေ နပ်နေတယ်ဆိုတာ မရှိဘူး။ တိုးတက်နေအောင် လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်။ ငွေအား၊ လူအားနဲ့ အချိန်အား အ သုံးပြုရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမျိုး အခြေအနေ မျိုးတွေ လိုအပ်တယ်။ ICoE ရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူမှုအပိုင်း လာရောက် သင်ကြား ပေးဖို့အတွက် နိုင်ငံခြား က ဆရာတွေကို အ ချိန်ပေးရှာဖွေတယ်။ ရန်ပုံငွေ ကောက်ခံ တယ်။ မြန်မာနိုင်ငံက အကြီးအကဲတွေနဲ့ ညှိ နှိုင်းဆောင် ရွက်တယ်။ သူတို့တွေကလည်း တက်တက်ကြ ကြကို ကူညီဆောင်ရွက်ပေးတယ်။ ှုဃသန နဲ့ပတ်သက်လို့ ပညာရေးဆိုင်ရာလွတ်လပ် ခွင့်တွေပေးထားတယ်။ ICoE Fellows တွေဟာ ဘာကိုမဆို သင်ကြားနိုင်တယ်။ ကျွန် တော်လည်း ဘာမဆို သင်ကြားပေးနိုင်တယ်။ တကယ်ကို ပွင့်လင်းတဲ့စနစ်ပါ။     article people portrait water mark final4 ဒေါ်ယူဇာမော်ထွန်း တွဲဖက်ဥက္ကဋ္ဌ ICoE ICoEကို ၂၀၁၃ ခုနှစ်မှာစပြီး တည်ထောင်ခဲ့တယ်။ကျွန်မ ICoE မှာ ဖြစ်မြောက်ရေးပိုင်းကို တာဝန်ယူပေးတယ်။ သင်ကြားရေးအပိုင်းမှာတော့ နိုင်ငံခြားကဆရာတွေ လာသင် ပေးတယ်။Johns Hopkins ရဲ့ နာမည်ကြီး Public policy school က ဆရာကြီး  Professor Karl Jackson က Public Policy နဲ့ ဆက်နွှယ်တဲ့Social Science Subject ကို သင်ပေးချင်တယ်။ နိုင်ငံတော်သမ္ဓတနဲ့ ပညာရေးဝန် ကြီးတို့ကလည်း ဖိတ်ခေါ်တယ်ဆိုတော့ လာသင်ပေးဖြစ်တာ ပါ။ အရင်ဆုံးဦးစားပေးက တက္ကသိုလ် ဆရာ၊ ဆရာမတွေပါ။ ကျောင်းသားတွေအတွက် လုပ်ပေးဖို့လည်းရှိတယ်။ ကျွန်မ တို့က ဌာနတစ်ခုအနေနဲ့ရှိတာ မဟုတ်ဘဲ ဘာသာရပ်ဆိုင် ရာ ဌာနတွေကို ပံ့ပိုးတဲ့ သဘောပါ။ ဥပမာ- IR ဌာနက ဆရာတွေက လာတက်တယ်။ သူတို့တွေက သူတို့ဌာနမှာ ပြန်သင်မှာပါ။ အောက်မြန်မာပြည်ကစပြီး မြန်မာတစ်နိုင်ငံ လုံးက ဆရာ ဆရာမတွေ ပါဝင်ပါတယ်။ သင်တန်းရဲ့ သဘောသဘာဝ အဆင့်မြင့်ပညာရေးမှာ ရေရှည်စီမံကိန်းအနေနဲ့Master level ကို နိုင်ငံခြားကအတိုင်း နိုင်ငံခြားကဆရာတွေကို ဖိတ်ခေါ်ပြီး သင်ပေးတယ်။ တစ်နှစ်သင်တန်းလိုမျိုးပါ။ ရေ တိုအနေနဲ့က Advanced study လိုမျိုး ပိုပြီးတိုးတက်သွား အောင် ရေတိုသင်တန်းတွေ လုပ်ဖို့ရှိပါတယ်။ အလုပ်ရုံဆွေး နွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် ပွဲတွေ ရှိတယ်။ ကျွန်မတို့တွေက ဒီလိုမျိုးအလုပ်ရုံဆွေးနွေးပွဲတွေ ဖြစ်မြောက် ရေးကို လုပ်ဆောင်ပေးတာပါ။ အခုလိုE Book တွေ ဖတ်လို့ ရနိုင်အောင် ပြင်ဆင်ရမှု ကွန်ပျူတာ ၂၅ လုံးကို ကိုရီးယားအစိုးရက ထောက်ပံ့တယ်။ စာရွက် စာတမ်းတွေအတွက် ကြိုးစားရာမှာMr Pote Lee က စာအုပ်စာတမ်း ဖတ်နိုင်တဲ့စနစ် သူပိုင်တာရှိ တယ်။ အဲဒါကို  ကွန်ပျူတာ ၂၅ လုံးမှာ ချိတ်ဆက်ပေးပြီး Ebook တွ ဖတ်လို့ရအောင် စီစဉ်ပေးပါတယ်။  ကွန်ပျူတာ အလုံးရေ တိုးချဲ့ဖို့ရှိတယ်။ လူတော်တော်များများ လာပြီး ဖတ်နိုင်အောင် စီစဉ်ပေးမှာပါ။ အခုဦးစားပေးက သင်တန်းကသူတွေပါ။ တက္ကသိုလ်ပညာ ရေး၊ သုတေသနအသိုင်းအဝိုင်းက သူတွေကို ဦးစားပေးပါ တယ်။ သင်တန်းသားလက်ခံပုံ ဒီနှစ်နှစ်မှာ ကျောင်းအသိုင်းအဝိုင်းနဲ့ အစိုးရဌာနတွေကို ဖိတ်ခေါ်စာတွေ ပို့တယ်။ အင်္ဂလိပ်စာကျွမ်းကျင်သူကို ရွေး ချယ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုး စားနေချိန် မှာ အဆင့်မြင့်ပညာရေးကနေပြီး ကြိုးစားရင်လည်း တိုး တက်ရေးမှာ အမြန်ဆုံးနဲ့ ထိထိရောက်ရောက်ဖြစ်စေနိုင် တယ်လို့ ယုံကြည်တယ်။ ကျောင်း သူကျောင်းသားတွေကို တိုးတက်စေချင်တဲ့နေရာမှာ သင်ပေးတဲ့ဆရာ၊ ဆရာမတွေက အတွေ့အကြုံရှိဖို့၊ တတ်သိနေဖို့လိုအပ်တယ်။ ဒါကြောင့် သင်ပေးနိုင်တဲ့သူနဲ့ သင်နိုင်သူတွေနဲ့ အများကြီးတိုးတက် အောင် လုပ်ဆောင်ပေးနေတာပါ။   article people portrait water mark fina1l   Mr Pote N Lee ပညာရေးနဲ့ပတ်သက်ရင် စာကြည့်တိုက်က အခြေခံပဲ။ စာ ကြည့်တိုက်ကနေ Resource ၊ Knowledge အားလုံးရနိုင် တယ်။ စာကြည့်တိုက်သုံးမှ သုတေသနတွေလုပ် လို့ အဆင် ပြေမယ်။ အခုနောက်ပိုင်း စာကြည့်တိုက်တွေက Print မဟုတ်တော့ဘူး၊ Online ၊ Digital ဖြစ်နေပြီ။ ဒါကြောင့် ဒါတွေကို Support လုပ်မယ့် စနစ်ကလို လာပြီ။ အဲဒီအတွက်Internet Access တို့၊ Sever တို့၊ Network တို့ ပြင်ဆင် ရတယ်။ ရန်ကုန်တက္ကသိုလ်မှာ စလုပ်ပေမယ့် တဖြည်းဖြည်း ချင်းနဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ကျောင်းတွေကို ဖြည့်ဆည်းပေး သွားဖို့ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ပ ညာရေးက အရေးသိပ် ကြီးတယ်။ ဒါတွေကို ဘယ်လို Implement လုပ်မလဲဆိုတာ အရေး ကြီးတယ်။ အားလုံး ဝိုင်းဝန်းကူညီမှ ဖြစ်မှာ ပါ။     article people portrait water mark final3 ဒေါက်တာအောင်မော် Chief Technology Officer iG Publishing Professor Karl Jackson က အမေရိကန်မှာသမ္မတတွေ ကိုတောင် စာသင်ပေးခဲ့တဲ့သူ။ သူက ဒီမှာစာလာသင်ဖို့ပညာ ရေးဝန်ကြီးဌာနနဲ့ သမ္မတကြီးကို ခွင့်တောင်း တယ်။ အစိုးရ ကလည်း ခွင့်ပြုတယ်။ ဒါပေမဲ့Research Database တွေကKey Resource Center မှာ မရှိဘူး ဖြစ်နေတယ်။ ဒါတွေက Subscription အနေနဲ့ တစ်နှစ်ကို ဘယ်လောက် ဆိုပြီး ပေးရတာမျိုး။ အကုန်လုံးဆိုရင် ဒေါ်လာနှစ်သိန်း၊ သုံးသိန်းလောက်ရှိတယ်။ Mr Pote Leeက မြန်မာလူမျိုး ဆိုတော့ လိုအပ်တဲ့ Database တွကို လှူတယ်။ အခု လောလောဆယ်က ICoE မှာတက်နေတဲ့ Master ကျောင်း သားအယောက် ၄၀ အတွက် အဓိကထားပေးချင်တာပါ။ Research လုပ်တဲ့အခါ Reference တွရှိနေဖို့အတွက်ပါ။ ကျွန်တော်က ဒီမှာအစအဆုံး လာတပ်ဆင်ပေးတယ်။ တချို့ ဟာတွေက အင်တာနက်ကနေ Access လုပ်ရတယ်။ အဲဒိ မှာ ကျွန်တော်တို့ဆီမှာ ရှိတဲ့ Content ကိုလည်း သူတို့တွေ သုံးလို့ရ အောင် လုပ်ပေးတယ်။ တချို့ Ebook တွကို ဖတ်လို့လွယ်အောင် ဒီ ထဲမှာ ထည့်ထားပေး တယ်။ အုပ်ရေ လေး သန်းလောက်ရှိတယ်။Ebook Libeary ဆိုတော့ Ebook  နှစ်သန်းလောက်ရှိမယ်။ ကျန်တဲ့ဟာတွေကတော့ Reference Journal တွေပေါ့။ ပညာ ရပ်အစုံပါတယ်။ ဆေးပညာ၊International Relations တို့ Economy တို့ပါပါတယ်။ သူတို့ဆီမှာက Journal ထဲက ကောင်းတာတွေကို Editor တွက ယူပြီးတော့ Database လုပ်ထားတယ်။ ကျွန်တော်တို့အလုပ်က ဒီလိုမျိုး စာကြည့် တိုက်တွေမှာလိုတဲ့ အချက်အလက်တွေ (Information Provider) ကို ဒီမှာ ထည့်ပေးထားတာပါ။     article people portrait water mark final2     ဒေါ်မေပုလဲသွယ် Instructor of International Relations ICoE အခုလိုမျိုး E Library အတွက် Resource တွကို ပေးတာ က သုတေသနလုပ်ရာမှာ အင်မ တန်အထောက်အပံ့ဖြစ်ပါ တယ်။ ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ ကမ္ဘာ့နိုင်ငံတွေ နဲ့အညီ ရင်ပေါင်တန်းနိုင်ဖို့ ဒီပရောဂျက်က အများကြီးအထောက် အကူပြုတယ်။ အခုလှူဒါန်းတဲ့ စာအုပ်တွေမှာ နာမည်ကြီး စာရေးဆရာတွေရဲ့ စာအုပ်တွေ၊ မှတ် တမ်းပြုစုထားတဲ့ သု တေသနစာတမ်းတွေ ပါဝင်ပါတယ်။ ရန်ကုန်တက္ကသိုလ်လို နေရာမျိုးမှာ ဒီ Progamme ကိုလာပြီး Run  တဲ့အတွက် ဂုဏ်ယူတယ်။ နောက်ထပ်ပြီး ကမ္ဘာစံချိန်မီ ပညာရှင်တွေ ပေါ်ထွက်လာစေဖို့ မျှော်လင့်မိပါတယ်။ ဒီသင်တန်းမှာ သင် တန်းသားတွေက SouthEast Asia ကို လေ့လာရတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့  Current Issue  ၊ Economics ၊Social Development စတာ တွေကိုလည်း လေ့လာရ တယ်။ ပြီးရင် Research တွလုပ်ရတဲ့အတွက် စာများများဖတ်ဖို့ လို တယ်။         article people portrait water mark final10 ဖိလစ်ပြည့် CSIS တစ်ကမ္ဘာလုံးကWell-Known Professor တွေ လာသင် ပေးတာဆိုတော့ တကယ်ကိုကောင်းပါတယ်။ ကျွန်တော် ဆိုရင် သင်ထားတာတွေကို Online ကနေ ပြန်ပြီး Share လုပ်ပေးနေတယ်။     article people portrait water mark final5 ကိုဟန်ဇော်ထွန်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အင်္ဂလိပ်စာဌာန၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ် လှိုင်သာယာ။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် စီးပွားရေးနဲ့ နိုင်ငံရေး ဆက်နွှယ်နေတယ်။ ဒီမှာလာတက်တော့ နိုင်ငံရေးအကြောင်း တော်တော်မျက်စိပွင့်လာတယ်။ IR  ပိုင်းဖြစ်တဲ့ အတွက် နိုင်ငံ တကာနဲ့ပတ်သက်ပြီး သိလာတယ်။ Economics လည်း သင်ရတဲ့အခါကျတော့ တွက်ကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်မယ်။ ကိုယ့်အတွက် ဆိုရင်လည်း အင်မတန်အ ကျိုးရှိစေတယ်။ နောက် ပိုင်းမှာ နိုင်ငံခြားကျောင်း တွေမှာသွားရောက်သင် ကြားနိုင်မယ့် Scholar - ship တွေလည်း ရှိနေပြီ။ ဒီနေရာဟာ နောက်ပိုင်း မှာ တိုင်းပြည်အတွက်အ ကျိုးပြုစေမယ့်နေရာ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။   article people portrait water mark final9 ဒေါ်ဇာခြည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အင်္ဂလိပ်စာဌာန၊ ကွန်ပျူတာတက္ကသိုလ်၊ မြိတ်မြို့ အတွေ့အကြုံလေးတွေ ဝေမျှပေးပါ။ မျက်စိပွင့်သွားသလိုပါပဲ။ နိုင်ငံခြားက Professor တွနဲ့ သင်ရတဲ့အခါမှာ Barrier မရှိဘူး။ အဖြစ်အပျက်ကို အမှန် အတိုင်း ပြောနိုင်တယ်။ မြင်နိုင်တယ်။ ဘက်စုံတောင့်စုံက မြင်ကြည့်လို့ရတယ်။ Democracy ဆိုတာဘာလဲ စသည်ဖြင့် စနစ်တွေ အများကြီးကြည့်ရတယ်။ ခေတ်ပြိုင် နိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေတွေကိုလည်း သိနိုင်တယ်။ သီအိုရီတွေနဲ့ ကြည့်တတ်လာတယ်။ အဖြစ်အပျက်တွေရဲ့ အဓိကအကြောင်း ရင်းကို ရှာဖွေသိရှိလာ တယ်။ Reality နဲ့ Imagination ကိုသိ လာပြီး လက်တွေ့မှာ လည်း အသုံးချလို့ရ တယ်။ ပြီးတော့ ဒီက  Learning  ကို ကြိုက်တယ်။ သီအိုရီ လေးနည်းနည်းပြောပြီး Research လုပ်ရတာဆိုတော့ စာ တွေ အတော်ဖတ်ရသလို ကိုယ်ကိုယ်တိုင် Learning ပန် လုပ်ရတဲ့ Style ကို ရသွားတယ်။  

သက်ဝါဟန်