ဘန်ကောက်ဘဏ်ရဲ့ မြန်မာပြည်ရုံးခွဲဖွင့်ပွဲ

Bangkok ထိုင်းနိုင်ငံမှာ ဘဏ်ခွဲပေါင်း ၁,၂၀၀ ရှိပြီး တခြားနိုင်ငံ ပေါင်း ၁၄ နိုင်ငံမှာ ဘဏ်ခွဲ ပေါင်း ၃၀ ဖွင့်လှစ်ထားတဲ့ ဘန်ကောက်ဘဏ်ရဲ့ မြန်မာ ပြည် ရုံးခွဲဖွင့်လှစ်ပွဲအခမ်းအ နားကို၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်က မြန်မာပြည် ဘန် ကောက် ဘဏ်ရုံးခွဲတည်ရှိရာ အမှတ် (၅)၊ ကမ္ဘာအေးဘုရား လမ်း၊ ရန်ကင်းမြို့နယ်မှာ ကျင်းပ ခဲ့ပါတယ်။ ပွဲမှာ ဘန်ကောက်ဘဏ် ရဲ့ Director and Former Chairman of the Board of Executive Director ဖြစ်သူ Mr Piti Sithi-Amnuai က ကြိုဆိုနှုတ် ခွန်းဆက်စ ကားပြောခဲ့ပြီး မြန်မာ ပြည် ဘန်ကောက်ဘဏ်ရုံးခွဲဖွင့် လှစ်ရခြင်းနဲ့ ပတ်သက်ပြီး ရှင်း လင်းပြောကြားခဲ့ပါတယ်။ ဘဏ်ခွဲမှာ ငွေစု၊ ငွေချေး ခြင်း၊ ကုန်သွယ်မှုဘဏ္ဍာရေး၊ နိုင် ငံခြားငွေလဲလှယ်ခြင်း၊ ပြည်တွင်း၊ ပြည်ပငွေလွှဲခြင်းနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီများ၊ ပြည်တွင်း ဘဏ်တွေကို အခြေခံ စီးပွားရေးဘဏ်ဝန်ဆောင်မှုတွေ ပါဝင်တဲ့ ဝန်ဆောင်မှုအားလုံးကို ပံ့ပိုးမှု ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Bangkok 2 Bangkok 5Bangkok 4Bangkok 3