ဘတ်ငွေ ၃.၀၆ ထရီလီယံတန်ဖိုးအထိရောက်ရှိလာတော့မယ့် ထိုင်းနိုင်ငံရဲ့ E-commerce ဈေးကွက်

DdTI4_cWsAA-M0Wထိုင်းနိုင်ငံရဲ့ E-commerce  ဈေးကွက်တန်ဖိုးဟာ ဒီနှစ်ထဲ မှာ ဘတ်ငွေ ၃.၀၆ ထရီလီယံ အထိရောက်ရှိလာဖို့ မျော်မှန်းထားပါတယ်။ Social Commerce စဉ်ဆက်မပြတ်ကြီးထွားလာမှုရဲ့ တွန်းအားကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ၈.၅ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ Electronic Transactions Development Agency (ETDA)  က နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ B2C (Business-to-Consumer) E-commerce  ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၃.၃၃ ဘီလီယံ (ထိုင်းဘတ်ငွေ ၇၇၈.၃ ဘီလီယံ) နဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။  E-commerce Ecosystem လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာအောင် ရင်းနှီးမတည်ပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေ ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ရောက်ရာမှာ အကူအညီ ပေးဖို့နဲ့ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာစေဖို့ ETDA  က အဓိကစီမံချက်ကြီး နှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

ထိုင်း E-commerce လုပ်ငန်းရှင်တွေအနေနဲ့ Tmall Platform (တရုတ်နိုင်ငံမှာ Alibaba လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ B2C Online Retail Website) က တစ်ဆင့် ကုန်သွယ်မှုပြုလုပ်တဲ့နေရာမှာ အကူအညီပေးဖို့ လွန်ခဲ့တဲ့လအနည်းငယ်ကစပြီး  ETDA ဟာ Alibaba Group  ကို ချဉ်းကပ်ခဲ့တယ်လို ETDA ရဲ့ အမှုဆောင်အရာရှိ ချုပ်ဖြစ်တဲ့ Surangkana Wayuparb က ဆိုပါတယ်။

          ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ပထမအဆင့်အတွင်း ETDA အနေနဲ့ အားကောင်းတဲ့ ထိုင်း E-commerce Brand  ၁၅ ခုကို ဈေးကွက်ထဲက ထိပ်တန်း E-commerce  တစ်ရာစာရင်းအတွင်းဝင်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ ဒါ့အပြင် နှစ်ကုန်ပိုင်းမှာ ပထမသုတ်အနေနဲ့ ငါးနှစ်သက်တမ်းရှိတဲ့ SME တွေကို Tmall Platform ပေါ် ရောက်ရှိအောင် အထောက်အကူပြုပေးဖို့ စီစဉ်ထားပါသေးတယ်။

2857478

          Tmall က သူ့ကိုယ်သူ ကမ္ဘာ့အကြီးဆုံး E-commerce Platform အဖြစ် အမွှမ်းတင်ထား ပါတယ်။ တရုတ်နိုင်ငံကစားသုံးသူဖောက်သည်တွေအတွက် ရေပန်းအစားဆုံးပစ္စည်းအမျိုးအစား တွေကတော့ အလှကုန်၊ ကျန်းမားရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးနဲ့ SPA လုပ်ငန်းသုံး ကုန် ပစ္စည်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ETDA က ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက် မှာ E-transaction  လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးဖို့ E-commerce Park တစ်ခုတည် ထောင်ဖို့ Srinakarinwirot University  နဲ့ နားလည်မှုစာ ချွန်လွှာရေးထိုးခဲ့ပါတယ်။ အဲဒီ Park ဟာ E-commerce Ecosystem  အားကောင်းလာစေဖို့နဲ့ ပြည်တွင်းဈေးကွက်နဲ့  နိုင်ငံတကာဈေးကွက်ထဲက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ၊ SME လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်သူတွေ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေကို ကူညီထောက်ပံ့ပေးတဲ့နေရာ မှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ E-commerce Park  ဟာ ကျောင်းသူကျောင်းသားတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ SME  လုပ်ငန်းရှင် တွေအတွက် Workshop  တွေ ကျင်းပရာ၊ E-commerce  လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများနှီးနှောဖလှယ်ရာ Traning Centre  ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။

ETDA ဟာ အရင်တုန်းက Dongguan China Council for the Promotion of Internation Trade (Dong-guan CCPIT)  နဲ့ MoU လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါ တယ်။

          လုပ်ငန်းစတင်လည်ပတ်လုပ်ကိုင်တဲ့ ပထမတစ်နှစ်အတွင်း ထိုင်း E-commerce Park အနေနဲ့ ထိုင်း Ecommerce Brand  ၁၅ ခုကို ကမ္ဘာလုံးဆိုင်ရာ Platform ပေါ်ကို တွန်းတင်နိုင်ဖို့နဲ့ လူပေါင်းတစ်သောင်းက Micro SME  ပေါင်းတစ်ထောင်ကို ငါးနှစ်အတွင်း ဖန်တီးလုပ်ကိုင် နိုင်အောင်ကူညီပေးဖို့ ETDA က မျော်မှန်းထားကြောင်း Ms Surangkana  က ဆိုပါတယ်။

          ထိုင်းနိုင်ငံရဲ့ E-commerce  ဈေးကွက်တန်ဖိုးက ပြီးခဲ့တဲ့နှစ်က ထိုင်းဘတ် ၂.၈၁ ထရီလီယံရှိခဲ့ပြီး ဒီနှစ်မှာ မနှစ်ကထက် ၈.၆ ရာခိုင်နှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။  B2B            E-commerce  ဈေးကွက်တန်ဖိုးက ထိုင်းဘတ် ၁.၆ ထရီလီယံ၊ B2G က ၈၁၂.၆ ဘီလီယံနဲ့ B2Gက ၃၂၄.၇ ဘီလီယံရှိပါ တယ်။

          ထိုင်း E-commerce  ဈေးကွက်ကို ကမ္ဘာအနှံ့မှာ မြှင့်တင်နေပါတယ်။ အထူးသဖြင့် တရုတ် နိုင်ငံမှာဖြစ်ပြီး အမေရိကနဲ့ဥရောပတို့ကို ထိုးဖောက်ဝင်ရောက် ရာမှာတော့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်လို့ Ms Surangkana  က ဆိုပါတယ်။

 

ကြည်ပြာနွဲ့ဦး