ဗီယက်နမ်ကုမ္ပဏီများစွာဟာ နိုင်ငံ တကာဈေးကွက်ကို မြန်မြန်ဆန်ဆန်နဲ့ ထိုးဖောက်လာနေပါတယ်။Hoang Anh Gia Lai အုပ်စုဟာ အိမ်နီးချင်း နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ အအောင် မြင်ဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ် ပြီး ရော်ဘာ၊ သကြား၊ ကြံ၊ သတ္တုတူး ဖော်ရေးနဲ့ ရေအားလျပ်စစ်လုပ်ငန်းတွေ မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရှိ နေပါတယ်။ Hoang Anh Gia Lai ဟာစီမံကိန်းအကြီးစားလေးခုအတွက် လာအိုအစိုးရနဲ့ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၀ ရက်နေ့မှာ နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Viettel နဲ့Lao Asia Telecom တို့ဖက်စပ်လုပ်ကိုင်နေတဲ့ Unitel ဟာ လာအိုမှာ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံနဲ့မိုဘိုင်းဖုန်းသုံးစွဲသူ အပိုင်းမှာ နံပါတ်တစ်နေရာမှာရပ်တည် နေပါတယ်။ ဗီယက်နမ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ဖော်ပြချက်အရ ဗီယက်နမ်ကုမ္ပဏီတွေရဲ့ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းခြောက်ရာရဲ့ မှတ်ပုံတင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာဆယ် ဘီလီယံကျော်ရှိနေပြီး အကောင်ထည် ဖော်ပြီးသား ရင်းနှီးမြှုပ် နှံမှုပမာဏက အမေရိကန်ဒေါ်လာနှစ်ဘီလီယံထိ ရှိနေပါတယ်။