ဗိတိန်နှင့် ဂျာမနီတို့ ပူးပေါင်းပြီး 5G Mobile Network အတွက် ဆောင်ရွက်မယ်

feature image watermark final13 အနာဂတ်ကာလတွင် အမြန်နှုန်းမြင့် Mobile Network  အတွက် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron  က ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားရာမှာ သူတို့နှစ်နိုင်ငံဟာ နယ်ပယ်သုံးခုမှာ ပူးပေါင်းပြီး မြန်နှုန်းမြင့်ကမ္ဘာကြီးဆီသို့ ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ 5G Network ဟာ ရုပ်ရှင်ကားတစ်ကားစာက Download   လုပ်ချိန် တစ်စက္ကန့်ပဲ ကြာမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိ တဲ့သုတေသီတွေအတွက်တော့ တကယ့်ဆုလဒ်ကြီးတစ်ပါး ဖြစ်တယ် လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကပြောပါတယ်။ သူတို့ ပူးတွဲဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်ကို Datability လို့အမည် ပေးထားပါတယ်။ ဆိုလိုတာကတော့ အချက်အလက်ကိန်းဂဏန်းတွေ ဘယ်လောက် ပဲများများ လျင်မြန်စွာနဲ့ အမှားအယွင်းမရှိ မှန်ကန်အောင် အသုံးချနိုင်မယ့် စွမ်းရည်ရရှိစေမယ်လို့ အာမခံ တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Data တွေရဲ့လုံခြုံမှုကို အပြည့်အဝကာကွယ် ပေးနိုင်မယ်လို့လည်းဆိုပါတယ်။ 5G Mobile Network  အပြောင်းအလဲဟာ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ များစွာအကျိုးသက်ရောက်မှုရှိပြီး စက်မှု လုပ်ငန်းအတွက်သာမက ကျန်းမာရေး၊ လူမှုရေးစတဲ့ နယ်ပယ်တွေမှာပါ မမျော်မှန်းနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေ မျက်လှည့်ပြသလို ရောက်ရှိလာမှာဖြစ် ပါတယ်။

Ref : CNA