အမျိုးသားပညာရေး စီမံကိန်းနှင့် မြန်မာနိုင်ငံ

8 ကျွန်တော်တို့နိုင်ငံတွင် ပညာရေး စနစ်မှာ ဆိုရှယ်လစ်ခေတ်မှသည် ယခုချိန်ထိတိုင်အောင် စနစ်ဟောင်း မှသည် စနစ်သစ်၊ စနစ်သစ်မှ စနစ် မှန်စသဖြင့် မြေစမ်းခရမ်းပျိုးဆဲဖြစ်ပါ သည်။ အရည်အချင်းထက် အရေအ တွက်ကို ဦးစားပေးရန် တက္ကသိုလ်မျိုးစုံ ကို နိုင်ငံအနှံ့ဖွင့်လှစ်ထားပြီး ဆရာအင်အားမပြည့်မစုံ၊ သင်ပြုထောက်ကူများ အားနည်းစွာဖြင့် အရည်အသွေး အားနည်းသော ဘွဲ့ရပညာတတ်များကို မွေးထုတ်နေ ကြပါသည်။ နိုင်ငံတကာတွင်မူ အထူးသဖြင့် တက္ကသိုလ်ပညာ ရပ်များ သင်ကြားမှုပုံစံနှင့် အခြေအနေများ ပြောင်းလဲနေ သည်ကို သတိပြုရမည်ဖြစ်ပါသည်။ ပညာရေးစရိတ်များ မြင့်တက်မှု၊ လူငယ်လူရွယ်တို့၏လိုလားချက်ပုံစံများ ပြောင်းလဲလာခြင်းနှင့် အိုင်တီနည်းပညာဆိုင်ရာများ ပြောင်း လဲလာခြင်း သုံးချက်ကြောင့် တက္ကသိုလ်များ၏ ဖွဲ့စည်း ပုံမှာ ပြောင်းလဲလာပါသည်။ စစ်တမ်းတစ်ခုတွင် ပညာရေး စရိတ်များ မြင့်မားလာခြင်းကြောင့် အမေရိကန် ၄၇ ရာခိုင် နှုန်းနှင့် ဗြိတိန် ၂၈ ရာခိုင်နှုန်းတို့သည် ဘွဲ့ရသည်ထိ ကျောင်းတက်ရောက်နိုင်ခြင်းမရှိပေ။ အင်တာနက်၏ကျေးဇူးကြောင့် MOOC ဟုခေါ်သည့် အများပြည်သူ လွတ်လပ်စွာ အွန်လိုင်း ပေါ်တွင် သင်ယူလေ့လာခြင်း (Massive Open Online Courses)  စနစ်တွင် ကမ္ဘာတစ်လွှား ထင်ရှားကျော်ကြားသော ပညာရှင် များတို့၏သင်ခန်းစာများကို သက်သက်သာသာဈေးနှုန်းဖြင့် သင်ယူလေ့လာနိုင်ပြီဖြစ်ပါသည်။ ယနေ့လက်ရှိအနေအထားတွင် အားနည်းသော ပညာရေးစနစ်ကြောင့် မိမိသင်ကြားခဲ့သောပညာရပ်နှင့် လက်တွေ့လုပ်ခွင်တွင် အံမဝင်ခွင်မကျဘဲဖြစ်နေသည်ကို လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကြုံတွေ့နေရပါသည်။ မိ မိတို့နိုင်ငံ တိုးတက်မှုအနေအထားတွင် လူ့အရင်းအမြစ် (Human Capacity)  မှာ လွန်စွာအရေးပါလှပါသည်။ အချိန်ယူစနစ်တကျတည်ဆောက်နိုင်မှသာ လုပ်ငန်းခွင်ဈေး ကွက်အတွက် အံဝင်ခွင်ကျရှိမည့်မန်နေဂျာများ၊ ပညာရှင် များ မွေးထုတ်နိုင်မည်ဖြစ်ပြီး ဦးဆောင်နေရာများကို ရရှိမည် ဖြစ်ပါသည်။ ပညာရေးစနစ်ကောင်း၏ အမွေကောင်းကို အနည်းဆုံး လာမည့် ၁၅-၂၀ နှစ်တွင်မှသာ ခံစားရမည်ဖြစ် ရာ ယနေ့ခေတ်အချိန်တွင် နောင်နိုင်ငံတည်ဆောက်ရေး အထူးသဖြင့် နိုင်ငံတကာအဆင့်တွင် ခေါင်းမော့နိုင်ရေး အတွက်မှာ အခြေခံအုတ်မြစ်ကောင်းများချမှတ်ရန် လွန်စွာ အရေးကြီးနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

မောင်သာဇုံ