လက်ရှိအခြေအနေတွင် ကမ္ဘာကြီးသည် ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်မကြုံစဖူး ရင်ဆိုင်နေရမှု ဆင်းရဲချမ်းသာကွာဟမှု၊ ကိုယ်ကျိုးကြည့်အမျိုးသားဝါဒီပြန်လည်ခေါင်းထောင်လာမှု၊ တရုတ်နှင့် အမေရိကန်တို့၏ ကုန်သွယ်မှုတိုက်ပွဲ၏ ရလဒ်နှင့် နောက်ဆက်တွဲအကျိုးဆက်၊ Artificial Intelligence ၏ ဖြစ်နိုင်ခြေနှင့် အကျိုးဆက်များ စသည်တို့ကြောင့် လုံးဝရှုပ်ထွေးနေသကဲ့သို့ ခံစားရပါသည်။ လတ်တလော ကွယ်လွန်သွားသော Stephen Hawkin က တစ်ချိန်တွင် ကမ္ဘာကြီးကို Artificial Intelligence က အနိုင်ယူ သွားနိုင်သည်ဟု ဟောကိန်းထုတ်ထားပြန်ရာ အနာဂတ်အတွက် မေးခွန်းများစွာရှိနေပါသည်။ တချို့ပညာရှင်များကလည်း ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားမည့် ကလေးငယ်တစ်ဦးအတွက် ကြီးလာလျှင်မည်သည့် အလုပ်မျိုးလုပ်ချင်သနည်းဆိုသည့် မေးခွန်းမှာ အဓိပ္ပာယ်မဲ့သည့် မေးခွန်းသာဖြစ်ကြောင်း ထောက်ပြကြပါ သည်။ သို့သော် Han Rosling ၏ Factfulness စာအုပ်တွင် ပါဝင်သည့် အောက်ပါမေးခွန်းနှင့် အဖြေကို လေ့လာကြည့်လျှင် အပြုသဘောဆောင်သည့် ပြောင်းလဲတိုးတက်မှုများစွာရှိကြောင်းလည်း သိရှိနိုင်ပါသည်။
၁။ ယနေ့ကမ္ဘာတွင် ဝင်ငွေနိမ့်ပါးသောနိုင်ငံများတွင် မိန်းကလေးများအနေဖြင့် မူလတန်းအောင်သည့် အနေအထားမှာ ၆၀ ရာခိုင်နှုန်းဟုဆိုလျှင်
၂။ ယနေ့ကမ္ဘာတွင် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသများမှာ အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများတွင်ဟုဆိုလျှင်
၃။ လွန်ခဲ့သော နှစ်နှစ်ဆယ်မှစတင်၍ အဆင်းရဲဆုံးအဆင့်တွင်နေထိုင်သည့် ကမ္ဘာ့လူဦးရေအမျိုးအစားမှာ ရပ်တန့်နေသည်ဟုဆိုလျှင်
၄။ လက်ရှိတွင် ယေဘုယျလူ့သက်တမ်းမှာ နှစ် ၇၀ ဟုဆိုလျှင်
၅။ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၁၀ဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ နောက်ထပ်လေးဘီလီယံ တိုးလာမည်ဖြစ်ရာ အဓိကအသက် ၁၅ မှ ၇၄ နှစ်ထိ သက်တမ်းရှိသူများဟုဆိုလျှင်
၆။ လွန်ခဲ့သည်နှစ် ၁၀ဝ နှင့်စာလျှင် သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူဦးရေမှာနှစ်စဉ် ၅၀ ရာခိုင်နှုန်း လျော့ကျလာသည်ဟုဆိုလျှင်
၇။ တစ်နှစ်သားကလေးငယ်တို့အနေဖြင့် ကာကွယ်ဆေးထိုးနိုင်သည့်အနေအထားမှာ တစ်ကမ္ဘာလုံးတွင် ၈၀ ရာခိုင်နှုန်းဟုဆိုလျှင်
၈။ ၁၉၉၀ ပြည့်နှစ်များတွင် ကျား၊ ပန်ဒါနှင့် ကြံ့အနက်တို့ကို ရှားပါးတိရစ္ဆာန်မျိုးဟု သတ်မှတ်ခဲ့သော်လည်း ယခုအခါတွင် ထိုသုံးမျိုးစလုံးသည် ရှားပါးတိရစ္ဆာန်စာရင်းတွင် မပါဝင်တော့ဆိုလျှင်
၉။ တစ်ကမ္ဘာလုံးအနေထားနှင့်ကြည့်လျှင် လူဦးရေ ၈၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရသည်ဟုဆိုလျှင်
ကမ္ဘာကြီးသည် ကျွန်တော်တို့အများစု ထင်ထားသကဲ့သို့ မဆိုးဝါးသေးပါကြောင်း...
မောင်သာ