တရုတ်နိုင်ငံကနေ ဘီလီယံနာများစွာ ထွက်ပေါ်လာ

  [caption id="attachment_9000" align="alignnone" width="720"]Dalin Wanda Group ၏ Chairman Wang Jianlin Dalin Wanda Group ၏
Chairman Wang Jianlin[/caption] Forbes မဂ္ဂဇင်းရဲ့ စိတ်ဝင်စားမှုခံရတဲ့ နှစ်စဉ်ချမ်းသာသူစာရင်းက ဒီနှစ်မှာ တရုတ်ဘီလီယံနာများစွာတယ်လို့ CNBC ကြေညာခဲ့ပါတယ် တရားဝင်စာရင်းအရ ဒီနှစ်မှာ တရုတ်ဘီလီယံနာ ၁၅၂ ဦး ပါဝင်ပြီး မနှစ်က ၁၂၂ ဦးနဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင် နှုန်းနီးပါး တိုးလာတာဖြစ်ပါတယ်။ ဟောင်ကောင်က ၄၅ ဦးတိုးလာခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နဲ့နှိုင်းယှဉ်ရင် တရုတ်ပြည်ရဲ့ စီးပွားရေးဟာ ပိုမိုနှေးကွေးခဲ့ပေမယ့် အမေရိကန် စီးပွားရေးထက်တော့ ပိုပြီးမြန်ဆန်နေပါတယ်။ တရုတ်ရဲ့ စီးပွားရေးက ၂၀၁၃ ခုနှစ်မှာ ၇.၇ ရာခိုင်နှုန်းတိုးပွား ခဲ့ပြီး အမေရိကန်ရဲ့ သုံးဆကျော် ရှိပါတယ်။တရုတ်ပြည်ရဲ့ အချမ်း သာဆုံးပုဂ္ဂိုလ် Wang Jianlin က Forbes  ရဲ့ကမ္ဘာ့အချမ်းသာ ဆုံးစာရင်းမှာ အဆင့် ၆၄ နေရာသို့ ဒေါ်လာ ၁၅.၁ ဘီလီယံနဲ့ ရောက်ရှိခဲ့ပါတယ်။ သူက ကုန်ပဒေသာစတိုး ၇၅ ဆိုင်၊ Shopping Plaza  ၈၅ ဆိုင်နဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ် ၅၁ ခု ပိုင်ဆိုင်ပါတယ်။ သူက AMC အမည်ရှိတဲ့ အမေရိကန်ရုပ်ရှင် ပြဇာတ်ရုံကိုလည်း ၂၀၁၃ ခုနှစ်မှာဝယ်ခဲ့ပြီး ဒီဇင်ဘာလမှာ ပြဇာတ်ရုံကို New York  Stock Exchange   မှာစာရင်းသွင်းခဲ့တယ်။Tencent Holdings အင်တာနက် ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Ma Huatent  က တရုတ်ရဲ့ ဒုတိယအချမ်းသာဆုံးဖြစ်ပြီး အဆင့် ၈၀ နေရာကို ဒေါ်လာ ၁၃.၄ ဘီလီယံနဲ့ ရောက်ရှိခဲ့ပါတယ်။ ဟောင်ကောင်က Peren-na Kei   က အသက်အငယ်ဆုံး ဘီလီယံနာဖြစ်ပြီး ၂၄ နှစ်ပဲရှိပါသေးတယ်။  တရုတ်ကနေ ဘီလီယံနာတွေ အများကြီးပေါ်ထွက်လာပေမဲ့ အမေရိကန်က ဘီလီယံနာ အများဆုံးနေရာကို ၄၉၂ ဦးဖြင့် ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုဦးဆောင်နိုင်တာက သူတို့ရဲ့နည်း ပညာတိုးတက်မှုတွေနဲ့ အောင်မြင်ခိုင်ခံ့တဲ့ စတော့ဈေးကွက်တွေကြောင့်ဖြစ်တယ်။ ဒါ့အပြင် ရုရှားက တတိယ ဘီလီယံနာ အများဆုံးနေရာကို ၁၁၁ ဦးနဲ့ရောက်ရှိခဲ့ပါတယ်။  ဥရောပက ဘီလီယံနာအများဆုံးနေရာကို အမေရိကန်ပြီးရင် ၄၆၈ ဦးဖြင့် နောက်မှလိုက်ခဲ့ပါတယ်။ ဥရောပရဲ့နောက်မှာ  အာရှပစိဖိတ်ဒေသက ၄၄၄ ဦးနဲ့ ရပ်တည်ခဲ့ပါတယ်။ Ref : CNA