[caption id="attachment_9569" align="alignleft" width="370"]
ဒေါ်ယဉ်မျိုးစု
Managing Director
Inle Princess Resort[/caption]
စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့အရေးပါပုံ
Ethicsကို အမျိုးအစားခွဲမယ်ဆိုရင် ကိုယ့်လူအချင်းချင်း ပေါင်းသင်းဆက်ဆံတာ၊ ကိုယ့်ရဲ့ အလုပ်သမားတွေကို ဆက်ဆံတာတစ်ပိုင်း၊ ကိုယ်ရဲ့ဖောက်သည်တွေကို ဆက်ဆံတာ တစ်ပိုင်း၊ နောက်ပြီး ပတ်ဝန်းကျင်လည်းပါမယ်။ Ethics လို့ပြောလိုက်ရင် နီတိနဲ့ ဆောင် ရန်၊ ရှောင်ရန်လို့ သဘော ပေါက်ပါတယ်။ Ethics ရှိတယ်၊ မရှိဘူးဆိုတာက ရိုးရိုး ရှင်းရှင်းပြောရရင် သူများတွေအပေါ်မှာ ကိုယ်ချင်း စာစိတ် ရှိလား၊ မရှိလားဆို တာကို ပြော တာပါ။ စီးပွားရေးလုပ်ငန်း တစ်ခုမှာ Ethics က အများကြီး အရေးပါပါတယ်။ စီး ပွားရေးလုပ်ငန်းတစ်ခုက ထမင်းအိုးတစ်အိုးနဲ့ တူတယ်ဆိုရင် ထမင်းအိုး တစ်အိုးတည် ရင် အနည်းဆုံး ဖိုခုံလောက်လိုမျိုး တစ်ခုခုကို ထိန်းထားချင်တယ်ဆိုရင် အနည်းဆုံးခြေထောက်သုံးခုပါရမယ်လေ။ အနည်းဆုံးဆိုတဲ့သုံးခုကို ပြောရရင် နံပါတ်တစ်က ကိုယ်တကယ်ပဲ နှစ်သက်တဲ့အလုပ်ဖြစ်ရ မယ်။ နံပါတ်နှစ်က ပိုက်ဆံရရမယ်။ နံပါတ်သုံးက ကိုယ် လုပ်တဲ့ အလုပ်ရဲ့ပတ်ဝန်းကျင် အဖွဲ့အစည်း နဲ့ ပျော်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ချည်းပဲ တော်နေတတ်နေလို့ မရဘူး။ အားလုံးကTeam Work အလုပ်တွေဆိုတော့ ဒီသုံးခုလုံးညီမျှနေမှ လုပ်တာကောင်းပါ တယ်။ မညီမျှနိုင် ဘူးဆိုရင် အဲဒီအလုပ်မလုပ်တာ ပိုကောင်းပါတယ်။ တစ်ခါ တစ်ခါကျတော့ လူတွေက ပြီးစလွယ်ပြောတတ်ကြတယ်။ ပိုက်ဆံမက်လို့ မဟုတ်ပါဘူးဆိုပြီးတော့ပေါ့။ သမာအာဇီ ဝနဲ့လုပ်ရင် ပိုက်ဆံရရမှာပဲ။ ပိုက်ဆံမလိုဘဲနဲ့ လုပ်လို့မှမရ တာ။ ပိုက်ဆံချည်းပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ ခုနက ပြောတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်တို့ လုပ်ဖော်ကိုင်ဖက်၊ ဖောက် သည်စတဲ့သူတွေအပေါ်မှာ လည်း စေတနာရှိဦးမှ၊ သူတို့နဲ့ ပျော်ဦးမှ၊ အပေးအယူမျှမှ ဆိုတာတွေကလည်း Ethics တွပါပဲ။ အခွန်ဆောင်ပြီး သန့်သန့်ရှင်းရှင်း သမာအာဇီ၀ နည်းနဲ့ရလာတဲ့ ပိုက်ဆံကိုတော့ ယူသင့်တာပေါ့။ အဲဒါက Ethics ရှိတဲ့လုပ်ငန်းက နေရလာတဲ့ ပိုက်ဆံပါ။ သူများ တွေကို အမြတ်ကြီးစား ပြီးရောင်းတာ၊ လိမ်ပြီးရောင်းတာမျိုး ကျန်းမာရေးထိခိုက်စေတဲ့ အ ရာတွေ ရောင်းတာမျိုးတွေက Ethics အနေနဲ့ပြောမယ်ဆိုရင် မဖြစ်သင့်ဘူး။ နောက် တစ်ခုက Passion ဖြစ်ရမယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ Mutually Respect ရှိရပါမယ်။ အထူးသဖြင့် ကျွန်မတို့ဟိုတယ်ဆို တာကTeamwork နဲ့ လုပ်ရတာHuman to Human Service ပေးရတဲ့အလုပ်ဆိုတော့ ဒီအလုပ်က စိတ်ထဲကမ ပါဘဲ တမင်သက်သက် လုပ်ယူလို့ရတာမဟုတ်ဘူး။အထူး သဖြင့် လူတော်တော်များများက ကိုယ့်ကို ကောင်းကောင်း မွန်မွန်မဆက်ဆံရင်၊ မလေးမစား ဆက်ဆံရင် မကြိုက်ကြ ဘူး။ ဒါကြောင့် ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့ဧည့်သည် တွေ အပေါ်မှာလည်း Ethics ဖြစ်မှရမှာပါပဲ။ Ethics မပါဘဲနဲ့ဆိုရင် ထမင်းအိုးကွဲတဲ့အထိ အရေးကြီးတယ်လို့ ပြောပါရစေ။
စီးပွားရေးလုပ်ငန်း လုပ်ရာမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်
စီးပွားရေးလုပ်ငန်းမှာ Ethics မရှိရင် ဘယ်လိုမှအဆင်ပြေနိုင် မှာ မဟုတ်ပါဘူး။ လိမ်ညာစားတယ်ဆိုတာ လူမသိနတ်သိ ဆိုသလို ကြာလာရင် ပျက်စီးတာပဲ။ ဒါကြောင့် Ethics မရှိပဲနဲ့ လိမ်ညာပြီး သူများစိတ်ဆင်းရဲအောင်လုပ်ပြီးမှ စားလို့ရတဲ့ထမင်းကို ဘယ်လိုလုပ်ပြီး မျိုကျပါ့မလဲ။ လူ တစ်ယောက်က သူဘာမှနစ်နာမှုမရှိဘဲ ပေးတဲ့ ပိုက်ဆံက ကုသိုလ်လည်းရ ဝမ်းလည်းဝတယ်လို့ ထင်ပါတယ်။ Ethics မရှိဘဲနဲ့ လုပ်ကိုင်စားသောက်မယ်ဆိုရင် သံသရာမှာလည်း ဝဋ်မကင်းပါဘူး။ ပိုက်ဆံရှိရင် ဘာမဆိုဝယ်လို့ရပေမဲ့ သိက္ခာ၊ Reputation တို့က တစ်ခါပျောက်သွားရင် ပြန်ဆယ်ဖို့က အချိန်အများကြီးယူရပါတယ်။ ချက်ချင်း ပြန်မရနိုင်ဘူး လေ။ ဒါကြောင့် Ethical မရှိတဲ့လုပ်ငန်းတစ်ခုဆိုရင် ကြာရှည် မရပ်တည်နိုင်ဘူးလို့ ထင်ပါတယ်။ Ethics ရှိ တယ်ဆိုရင် အဲဒါက Win-Win Situation ပါ။ Ethics မရှိဘူးဆိုရင်တော့ Lose- Lose ဖြစ်မှာပေါ့။
Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်
Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံးပြရမှာပါ။ သူက နံ ပါတ်တစ်ပေါ့။ ဒါကတော့Business Role Model အနေ နဲ့ပြောတာမဟုတ်ပါဘူး။ နောက်ပြီး မာသာထရီဇာပြီးရင် ကျွန်မအဘွားပါမယ်။ အမေလည်းပါမယ်။ အထူးသဖြင့် မြန်မာအမျိုးသမီး တော်တော် များများပါပါ တယ်။ ကျောင်းက ဆရာမတွေလည်းရှိခဲ့တာပဲ။ ကျွန်မရဲ့လုပ်ဖော် ကိုင်ဖက်တွေ ထဲမှာလည်း အများကြီးရှိပါတယ်။ ကျွန်မရဲ့ ဝန်ထမ်းတွေ ထဲမှာလည်းရှိတယ်။ ဝန်ထမ်းတွေထဲမှာဆိုရင် ကိုယ့်ထက် တော်တဲ့သူတွေ အများကြီးရှိပါတယ်။ ကိုယ့်အလုပ်ကို သူတို့အလုပ်လိုသဘောထားပြီး လုပ်တယ်။ ဒါကအမျိုးသမီး တွေပါ။ အမျိုးသားတွေထဲမှာလည်းWarren Buffet ရယ်Mr Jack DeBoer ပါ။ သူရေးတဲ့Risk Only Money စာအုပ်က သိပ်ကိုဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ မြန်မာလိုဘာသာပြန်လည်း ရှိပါတယ်။
Ethics ရှိ၊ မရှိဆိုတာ ကိုယ့်ရဲRole Model နဲ့ဆိုင်၊ မဆိုင်
ဒါကြောင့် Ethics ရှိ၊ မရှိ ဆိုတာ Role Model တွေနဲ့ အများကြီးဆိုင်ပါတယ်။ သူတို့ရဲ့ Story တွကိုဖတ်ရတာပဲ ဖြစ်ဖြစ်၊ သူတို့ပြောတာတွေ နားထောင်တာပဲဖြစ်ဖြစ် စိတ် ချမ်းသာတယ်။ ကိုယ်လည်း သူတို့လုပ်သလို လိုက်ပြီး လုပ်ချင်တာတွေကြောင့်Role Model က အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ပြောတဲ့စကား အ တိုင်း ဖြစ်အောင်လုပ်တဲ့ သူကို လေးစားတယ်။ ဒါပေမဲ့ တစ်ခါတလေ မှားဖူးတဲ့သူကို လည်း လေးစားတယ်။ လူဆိုတာ ခြောက်ပြစ်ကင်းမှ မ ဟုတ်တာ။ မှားသွားတဲ့ လူတွေဆိုရင်လည်း သူမှားသွား တာတောင် အရှုံးမပေးဘဲ ပြန်လုပ်ခဲ့တယ် ဆိုတာတွေကို လည်း လေးစားတယ်။ ဒီတစ်ယောက် မကောင်းဘူးဆိုပြီး ဘေးဖယ် ထားတာတွေကိုလည်း Ethics မဟုတ်ဘူးလို့ မြင်ပါတယ်။ မှားတဲ့လူကို ပြန်လည်ဖေးမပြီး လက်တွဲ ခေါ်ရဲတာကိုလည်း ကြိုက်ပါတယ်။ ပြဿနာက ကိုယ် မှားမှန်းသိရင် မှားတယ်လို့ ဝန်ခံရဲရမယ်။ အဲဒါမှ ပြည့်စုံတယ်လို့ ခံစားမိတယ်။ အမြဲတမ်း မှန်နေတဲ့သူဆိုတာ မရှိပါဘူး။Role Model မှာဆိုရင်လည်း အရှုံးတွေနဲ့ ရင်ဆိုင်ဖူးတဲ့သူကို ပိုပြီးစိတ်ဝင်စားတယ်။ သူတို့တွေရဲ့ လဲကျတဲ့နေရာကနေ ဘယ်လိုပြန်လည်ထလာနိုင်တယ် ဆိုတာကိုလည်း သိချင်တယ်။ သူတို့တွေက ကိုယ့်ကိုပိုပြီး ခွန်အားရှိစေ တယ်လို့ ထင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics တွေ
ကိုယ်ချင်းစာတဲ့စိတ်၊ ကိုယ်ချင်းစာတရားရှိရင် နအ့ငချ က အလိုအလျောက် ပါလာမယ်လို့ ထင်တယ်။ ကိုယ်ချင်း စာတယ်ဆိုတာ ကိုယ်ကပူနေရင် သူများလည်းပူမှာပဲ၊ ကိုယ်ကစိတ်ချမ်းသာနေရင် သူများလည်း စိတ်ချမ်းသာမှာပဲ ကိုယ်မဖြစ်ချင်တာကို သူများကိုလည်း မလုပ်စေချင်ဘူး။ သူများဆိုတာ ကိုယ့်ဝန်ထမ်းလည်းပါတယ်။ Client လည်းပါတယ်။ ပတ်ဝန်းကျင်လည်း ပါပါတယ်။ ထားရှိ သင့်တဲ့ Ethics အနေနဲ့ပြောရင်တော့ ကိုယ်ချင်းစာတရား ထားရှိဖို့၊ ကိုယ်ကိုယ်တိုင် မဖြစ်ချင်တာကို သူများကို သွား မလုပ်စေချင်ဘူး။ ဒါကြောင့် စီးပွားရေးမှာ ကိုယ်ချင်းစာ တရားထားရင် အကုန်လုံး Ethics ဖြစ်မယ်လို့ ထင်ပါတယ်။
Ethics မဖြစ်တဲ့သူနဲ့တွေ့ရင် ကြိုတင်ပြင်ဆင်ထားသင့်ပုံ
အခုဆိုရင် နိုင်ငံတကာကဝင်လာတော့ Ethics နဲ့ပတ်သက် ပြီး ချိုးဖောက်တာတွေ ပိုများလာနိုင်တယ် ဆိုတာကလည်း တစ်သမတ်ကြီးတော့ မပြောနိုင်ဘူး။ ပိုလည်း Ethics ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် Brand အကြီးကြီးတွေ ဆိုရင် သူတို့က ဒီနိုင်ငံမှာတင် အလုပ်လုပ်နေတာ မဟုတ် ဘူး။ တိုင်းပြည်အသီးသီးမှာ အလုပ် လုပ်နေတာ ဖြစ်တယ်။ ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါမှာ Attention ပိုလို့တောင်ထားပါသေးတယ်။ ဒါပေမဲ့ ဝင်လာ တဲ့ကုမ္ပဏီတိုင်း Ethics ဖြစ်တယ်လို့တော့ ပြောလို့မရ ဘူး။ ကုမ္ပဏီတိုင်းက ကျွန်တော်၊ ကျွန်မကောင်းပါ့မယ် လို့ပြောပြီးဝင်လာတာ မရှိဘူး။ ရရင်ရသလိုလုပ်သွားမယ့် ကုမ္ပဏီလည်း ရှိမှာပါပဲ။ နိုင်ငံတကာမှာ အတုယူသင့်တဲ့ ကုမ္ပဏီကြီးတွေရှိသလို၊ အတုမယူသင့်တဲ့ ကုမ္ပဏီကြီးတွေ လည်းရှိပါတယ်။ ဘာတွေပြင်ဆင်သင့်လဲဆိုတဲ့ Laws & Regulationsကတော့ အစိုးရအပိုင်းပေါ့။ ဒါပေမဲ့အဓိက က ကျောင်းကနေစပြီး ပြောရမယ်။ ကလေးတွေအတွက် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကနေစရမယ် ထင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း တလွဲမာနတွေကြီး မနေဘဲ ကိုယ့်ကိုယ် ကိုယ်လည်း ပြင်သင့်တယ်လို့ ထင်ပါတယ်။ တစ်ခါတလေကျတော့ ကလေးတင်မ ဟုတ်ဘဲ လူကြီးတွေလည်း ပါပါတယ်။ လုပ်ငန်းရှင်တွေမှာလည်း ထိုနည်းလည်းကောင်းပါ ပဲ။ လုပ်ငန်းရှင်တွေမှာတော့ အများကြီးလိုအပ်မယ် ထင်ပါ တယ်။
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြုချင်တာရှိရင်
အဲဒါမျိုး ပြောရမယ်ဆိုရင် ဖိုခုံလောက်နဲ့ပဲပြန်စရမှာပါ။ ထမင်းအိုးမကွဲချင်ရင် ဒီဖိုခုံလောက်သုံးခုကို ခိုင်အောင် လုပ်ရမှာပေါ့။ လုပ်ငန်းစလုပ်မယ်ဆိုရင်တော့ Ethics က အရေးကြီးပါတယ်။ ခန္ဓာကိုယ်နဲ့ပြောရရင် Ethics မရှိရင် အသည်းနှလုံးမပါတဲ့သူလိုဖြစ်နေမှာပေါ့။ Body က Organization ဆိုရင် Business Plan ကတော့ ဦးနှောက် နဲ့တူပြီး Ethics မရှိရင်တော့ နှလုံးသားမပါဘဲ သွားနေ တဲ့သူလိုပါပဲ။ စီးပွားရေးလုပ်မယ်ဆိုရင် ကတိတစ်လုံးက အရေးကြီးပါတယ်။ ကိုယ်ကပဲစပြီးဝယ်ဝယ် သူကပဲဝယ် ဝယ် ကတိတည်ရမယ်။ ပြောပြီးသွားရင် ပြောတဲ့အတိုင်း ရအောင်လုပ်ပါ။ မရခဲ့ရင်တောင်မှ အဆင်ပြေအောင်ပြောပြီး ရတဲ့နေ့ကျရင် ပြန်လာလုပ်ပေးပါ့မယ်ဆိုတာမျိုးနဲ့ အတတ် နိုင်ဆုံး ကတိတည်အောင် ကြိုးစားပေးပါ။ လူတွေက ခုမရရင်တောင်မှ နောက်ထပ် လေး၊ ငါး၊ ခြောက်လကြာမှ ရလို့သွားပြောပေးတာကိုလည်း သဘောကျတယ်။ သူတို့ကို ဂရုစိုက်တယ်ပေါ့နော်။ ကတိတည်မယ်၊ ကိုယ်ချင်းစာစိတ် ရှိမယ်ဆိုရင် ပိုပြီးတောင် ကောင်းပါတယ်။