စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ ၉၉ ချက်

drkhinsanmaw အခန်း ၉၅။ အိုင်တီနည်းပညာများအတွက် ငွေကြေးသုံးစွဲခြင်း မိရိုးဖလာအစဉ်အလာအတိုင်း အလုပ်လုပ်ရင် စရိတ်စက အကုန်အကျများတယ်။ လက်ချောင်းထိပ်ဖျားလေးတွေကို မရပ်မနားသုံးရတယ်။ အိုင်တီနည်းပညာတွေကိုသာ မသုံးရင် အလုပ်လုပ်ဖို့ ခက်လိမ့်မယ်။ စရိတ်စကများမယ်ဆိုရင် အစကတည်းက မှန်မှန်ကန်ကန် နေရာချဖို့လိုအတယ်။ ငွေကုန်မှာစိုးပြီး ချွေတာခဲ့ရင် စရိတ်ပိုထောင်းတတ်ပါတယ်။ အခန်း ၉၆။ ကိုယ်စားဆောင်ရွက်စေခြင်း ကိုယ့်ရဲ့ဝန်ထမ်းတစ်ယောက်ကို ကိုယ့်ရဲ့သြဇာအာဏာနဲ့ လုပ်ပိုင်ခွင့်ပေးဖို့ကိစ္စဟာ အခက်ခဲဆုံးအလုပ်ပါ။ ဒီအဓိပ္ပာယ်က သင်ယူခွင့်ပြုခြင်းနဲ့ ယုံကြည်မှုအပ်နှင်းခြင်းဖြစ်တယ်။ ဒေါက်တာခင်စန်းမော်