စီအီးအို မဂ္ဂဇင်းမှ ကြီးမှူး စီစဉ်တဲ့ SHOULD I GROW MY BUSINESS THROUGH FRANCHISING : MYANMAR EXECUTIVE FROUM

2
5
9
6
4
3
1

ရန်ကုန်, သြဂုတ် ၁၉, ၂၀၁၄ ခုနှစ် - တူဒေးစာအုပ်တိုက်မှ ထုတ်ဝေလျက်ရှိတဲ့ စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးစီစဉ်တဲ့ ''Should I Group My Business through Franchising'' Myanmar Executive Forum ကို သြဂုတ်လ ၁၉ ရက်နေ့က Sedona Hotel, Mindon ခန်းမမှာ နံနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ပါတယ်။ Mr. John Ong (Senior Practising Management Consultant & CEO, Principal Consultant of Certified Franchise Executive) မှ ဆွေးနွေးဟောပြောပေးခဲ့ပြီး မြန်မာ့စီးပွားရေးနယ်ပယ်အသီးသီးမှာရှိတဲ့ Top Executive များ တက်ရောက်ခဲ့ကြပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံတကာလုပ်ငန်းကြီးတွေ Franchise လုပ်လာတာနဲ့အမျှ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေအနေနဲ့လည်း Franchise လုပ်နိုင်ဖို့ အသင့်ပြင်ထားဖို့လိုပါတယ်။ ဒီအတွက် ဘယ်လိုမျိုး Franchising တွေရှိလဲ၊ Franchise Agreement မှာ ဘာတွေပါရမလဲ၊ Franchise နဲ့ပတ်သက်ပြီး Industry အလိုက် ဘာတွေလုပ်မလဲ၊ ဘယ်လို Strategic Plan တွေ ဆွဲရမလဲ၊ Franchisor ရော၊ Franchisee အနေနဲ့ပါ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာတွေနဲ့ပတ်သက်ပြီး ကျေကျေလည်လည်သိရှိဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ ပွဲကို စီအီးအို မဂ္ဂဇင်းနှင့်အတူ YKKO နှင့် Junction Center မှ ပါဝင် ကူညီပံ့ပိုးပေးခဲ့ပါတယ်။