မြန်မာနိုင်ငံသားများဘဏ်နှင့် 2C2P တို့ စီတီဇင် Prepaid Mastercard ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနား

2C2P 11 2C2P 10 မြန်မာနိုင်ငံသားများဘဏ်နှင့် 2C2P တို့မှ ပူးပေါင်းပြုလုပ်တဲ့ စီတီဇင် Prepaid Mastercard ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်နေ့က Chatrium ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank - MCB) မှ Managing Director ဦးမြင့်ဝင်းနှင့် 2C2P ရဲ့ Founder နဲ့ CEO ဖြစ်သူ ဦးအောင်ကျော်မိုးတို့မှ အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပြီး စီတီဇင် Prepaid Mastercard နှင့် Mobile App အကြောင်းကို 2C2P မှ Head of Myanmar Operations ကိုငြိမ်းချမ်းစိုးဝင်းမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။ စီတီဇင်ကတ်ဟာ ငွေပြန်လည်ဖြည့်သွင်းနိုင်တဲ့ ကြိုတင်ငွေဖြည့် (Prepaid) ကတ်အမျိုးအစားဖြစ်ပြီး နိုင်ငံတကာမှ MasterCard လက်ခံတဲ့နေရာတိုင်းမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲတဲ့ စီတီဇင်ကတ်ကိုင်ဆောင်တွေအနေနဲ့ မိမိတို့ သုံးစွဲခဲ့မှတ်တမ်းတွေကို Mobile App မှတစ်ဆင့် ကြည့်ရှုနိုင်ကာ Online Support ကို Chat မှတဆင့် အင်္ဂလိပ်မြန်မာနှစ်ဘာသာအသုံးပြု ပြီး အပြန်အလှန်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ စီတီဇင်ကတ်ကို ကတ်အရေအတွက် ၅၀၀၀ သာကန့်သတ်ထုတ်ဝေထားပြီး MCB ဘဏ်ခွဲများတွင် ရယူနိုင်ကြောင်း၊  စီတီဇင်ကတ် သုံးစွဲသူများအတွက် မိတ်ဆက်ကာလအတွင်း ကတ်ဖိုးမယူပဲ ဆောင်ရွက်ပေးနေကြောင်း၊  ကတ်သုံးစွဲသူများအနေနဲ့ MCB ဘဏ်ခွဲတိုင်းမှာ ငွေဖြည့်သွင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ 2C2P ကုမ္ပဏီသည် တည်ထောင်သူနှင့် လုပ်ငန်းစု အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုးက “စီတီဇင်ကတ်ကို လက်လီအရောင်းဆိုင် စူပါမားကတ်များ၊ ခရီးသွားလုပ်ငန်းများ လေကြောင်းလိုင်း တို့ကို ဦးတည်ပြီး ဆိုင်တွင် လက်ရောက်သုံးစွဲခြင်းသာမက Online ပေါ်မှာပါ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာခရီးသွားမည့် မြန်မာနိုင်ငံသားများအတွက် စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်သည့်အခါ လေကြောင်းလိုင်း၊ စားသောက်ဆိုင်နှင့် Shopping Center များတွင် အထူးအခွင့်အရေးများရရှိစေမှာ ဖြစ်ပါတယ်” ဟု ပြောကြားပါသည်။ မြန်မာနိုင်ငံသားများဘဏ်မှ Managing Director ဦးမြင့်ဝင်းက “မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက တိုးတက်မှု လမ်းကြောင်းပေါ်ရောက်ရှိလာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာမှ ပထမဆုံး ATM၊ ပထမဆုံး ငွေစုကတ်၊ ပထမဆုံး နိုင်ငံတကာငွေပေးချေကတ်တွေကိုု မြန်မာနိုင်ငံမှာ စတွေ့ခဲ့ရတာပါ။ အခုတော့ အရှိန်အဟုန်လှိုင်းမှာ 2C2P နဲ့ လက်တွဲပြီး MCB ရဲ့ ပထမဆုံး ကြိုတင်ငွေဖြည့်ကတ်များကို ထုတ်ဝေနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ E-Commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ ''မြန်မာနိုင်ငံဟာ ငွေသားပေးချေမှုကို အစားထိုးမယ့်နည်းပညာများကို တဖြည်းဖြည်းလက်ခံအသုံးပြုလာကြပါပြီ။ တိုင်းပြည်အနေနဲ့ ငွေပေးချေမှု စနစ်အမျိုးမျိုးကို လိုအပ်နေတဲ့အတွက် ငွေပေးချေမှုစနစ်များမှာ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ 2C2P အတွက် အခွင့်အလမ်းတွေ အများကြီးရနိုင်မယ်လို့ 2C2P အနေနဲ့ ယုံကြည်ပါတယ်” ဟု ဦးအောင်ကျော်မိုးက ပြောကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း 2C2P အနေနှင့် မြန်မာပြည်ရဲ့ ပထမဆုံး Mobile POS စနစ်ဖြစ်တဲ့ iACCEPT ကို Visa, MasterCard မြန်မာနိုင်ငံသားများဘဏ်နှင့် မြန်မာဟိုတယ်အင်တာနေရှင်နယ်တို့ ပူးပေါင်းကာ မိတ်ဆက်ခဲ့ကြောင်း၊ ကုမ္ပဏီဟာ ပြည်တွင်းလေကြောင်းလိုင်းတွေအတွက် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်ပေးလျက်ရှိပြီး  မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Asian Wings နှင့် AirKBZ တို့ကို ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်အခြေစိုက် Creative Web Studio နှင့် 2C2P တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။ 2C2P ဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေး၊ မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဟောင်ကောင်တို့မှာ ရုံးခန်းများဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သိရပါတယ်။ 2C2P 6 2C2P 7 2C2P 8 2C2P 12 2C2P 5 2C2P 4 2C2P 2 2C2P 1 2C2P 3