စာအုပ်ကွက်တွေ ကျေရုံနဲ့ လုံလောက်ပြီလား

1

စစ်တုရင်မှာ ခွေသေပုံစံ (Mating Pattern) ဆိုတာ ရှိပါ တယ်။ သေနည်းသေပုံအဖုံဖုံကို ပုံစံအမျိုးမျိုးနဲ့ ပြထားတာ ပါ။ သေတဲ့ပုံစံတွေကို ကျေညက်ဖို့ အရေးကြီးပါတယ်။ ကမ္ဘာကျော်စစ်တုရင် ဂရင်းမာစတာကြီးတစ်ဦးလည်းဖြစ်၊ နည်းပြဆရာကြီးတစ်ဦးလည်းဖြစ်ပြီး  စစ်တုရင်စာအုပ်ပေါင်း များစွာရေးခဲ့တဲ့ အမေရိကန်နိုင်ငံသား ယာဆာဆေရဝမ်က စစ်တုရင်သင်ကာစ ကစားသမားတွေကို သတ်ကွက်တွေ ကျေညက်စေဖို့နဲ့ သေကွက်ပုံစံတွေ အလွတ်ရနေဖို့ လေ့ ကျင့်သင်ကြားပေးရမယ်လို့ ပြောခဲ့တယ်။ စာအုပ်တွေထဲမှာ ပါသမျခွေသေပုံစံတွေ ကျေ ညက်နေရုံ၊ အလွတ်ရနေရုံနဲ့ ကျေနပ်ရမှာလား။ လုံလောက် ပါပြီလား။ အပြည်ပြည်ဆိုင်ရာစစ်တုရင်သာမက ရိုးရာ စစ်တုရင်မှာလည်း ခွေသေပုံစံတွေ ရှိပါတယ်။ ၁၉၂၄ ခုနှစ်က ''ရွှေကျင်ဦးဘ'' ရေးသားပြုစုထုတ်ဝေခဲ့တဲ့ မြန် မာစစ်ဘုရင်လမ်းñွှန်စာအုပ်ကြီး အတွဲ (၁) မှာ အများကြီး ဖော်ပြထားပါတယ်။ ပြိုင်ပွဲဝင်မယ့် စစ်တုရင်ကစားသမားတွေအဖို့ များများပြင်ဆင်ရပါတယ်။ လေ့လာရပါတယ်။ လေ့ကျင့် ရပါတယ်။ ပြိုင်ပွဲကြီးရင်ကြီးသလို ပိုလုပ်ရပါတယ်။ မကြာမတင်က ပြီးသွားခဲ့တဲ့ အားကစားပြိုင်ပွဲ ကြီးရဲ့ ရိုးရာစစ်တုရင်ပွဲတစ်ပွဲမှာပါ။ တစ်ဖက်က ရထား၊ ဆင်နဲ့ နယ်တွေ၊ နောက်တစ်ဖက်က ရထား၊ မြင်းနဲ့ နယ် တွေ။ အင်အားအရဆိုရင် မြင်းသမားကတောင် သာနေရဲ့။ သရေဆိုရင်တောင် မြင်းသမားအနေနဲ့ ရွှေရမှာ။ နောက်က နေ ခွေနေရင်တောင် သရေက လက်ထဲမှာ။ အဲဒီအချိန်မှာ ရထားကို တစ်ကွက်တွန့်လိုက်တယ်။ ပြောရရင် အချိန်ဖြုန်း တဲ့ရွှေ့ကွက်။ ပြိုင်ဘက်ကို အခွင့်အရေးပေးလိုက်တဲ့ ရွှေ့ ကွက်။ အဲဒီမှာတင် ပြိုင်ဘက်ရထားက ကိုယ့်မင်းကြီးကို ခွေတယ်။ ပြေးစရာမရှိတော့ ကာစရာရှိတဲ့ရထားနဲ့ ကာ တယ်။ တစ်ဖက်က ဆင်တက်လာပြီး ဆင်ဦးတစောင်းကွက် နဲ့အသားလွှတ်ချခွေတယ်။ ဆင်ကိုစားရင် ကိုယ့်ရထားပါ ပြီ။ ဒါနဲ့ရှေ့တည့်တည့်ဆက်ပြီး ဆင်နံဘေးမှာ ကပ်တယ်။ ရထားနဲ့ ထပ်ခွေတယ်။ ဆင်ပင် ပြေးကွက်ကို နယ်နဲ့ ထောက် ထားတယ်။ သေပါရော။ စာအုပ်တွေထဲမှာ အဲဒီခွေသေပုံစံ လုံး၀ မပါဘူး။ မရှိဘူးတဲ့။ ''ပုဂံဈေး'' စကားပြေထဲက ပညာရှိတွေ ကျမ်း ဂန်အဆူဆူလှန်လှောပြီး အဖြေရှာကြတာ သတိရမိတယ်။ တရုတ်ပညာရှိတွေ မေးသမျဖြေနိုင်ခဲ့တဲ့လုလင်ပျိုကို သူ လေ့လာတဲ့စာအုပ်မေးတော့ ပုဂံဈေးတဲ့။ ကမ္ဘာကျော်စစ်သူကြီးရွမ်းမဲက သူ့ရဲ့စစ်အကယ် ဒမီဟာ စစ်မြေပြင်တဲ့။

မောင်မောင်လွင် (စစ်တုရင်)