တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ စဉ်းစားကြသည့်အခါ ဆုံးဖြတ်ချက်များမှာ ပေါ်လွင်ထင်ရှားခြင်းမရှိဘဲ နားလည်ရန်လည်း ခက်ခဲတတ်သည်။ ပညာရှင်ကြီးများက ဤသို့ဖြစ်ရခြင်းကို နက်နဲစွာအကြောင်းရှာကြသည်။
စဉ်းစားခြင်းအမှားကြောင့် လွဲချော်ချွတ်ယွင်းမှုများ၊ ပြဿနာများရှိနိုင်သည်။ မိမိ၏အမှားများကိုသုံးသပ်၍ ဖြစ်နိုင်ခြေအမှားတိုင်းအတွက် တားဆီးမှုကို ရှာသင့်ပေသည်။
Traps of Thinking Flaws
စဉ်းစားခြင်းလှည့်ကွက်ဆင်ကွက်တွင် ချုပ်မိသွားတတ်ခြင်းမှာ ပထမဦးစွာသိရှိသောသတင်းကို အလေးအနက်ယူဆမိ၍ ဖြစ်သည်။
အဖြေ - လက်တွေ့အခြေအနေကို သုံးသပ်၍ သတင်းပြည့်စုံစွာရယူပါ။
The Status Quo Trap
လက်ရှိအခြေအနေကို အလေးထားခြင်း၏ အခက်အခဲတွင် ပို၍ကောင်းသည့် အခြေအနေကို အရေးမမူခြင်း (မျက်နှာပျက်မည်ကို အားနာမှု) ။
အဖြေ - ပွင့်လင်းပါ။ ရိုးသား၍ ရဲရဲလုပ်ကိုင်ပါ။
The Sunk - Cost Trap
ကုန်ကျထားပြီး စရိတ်များရှိ၍ အကျဉ်းအကြပ်ဖြစ်နေပြီး အမှားကိုဆက်လုပ်နေခြင်း။
အဖြေ - ကုန်ကျပြီးကိစ္စမှာ ကုန်ပြီးနေပြီဖြစ်သည်။ ပြန်ပြင်၍မရနိုင်ပေ။ ပြီးနေပြီးကိစ္စမှာ ပြီးပြီးသားဖြစ်၍ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ရန်သာစဉ်းစားပါ။
Confirming-Evidence Trap
အတည်ပြုချက်အခိုင်အမာရရှိထားပြီးနေခြင်းကြောင့် သဘောတူညီမှုကို လက်ခံရပြီး ခြားနားသောအချက်များကို ဂရုမမူခြင်း။
အဖြေ - ထိုသို့ဖြစ်ခြင်းကို ရှောင်ရှားပါ။
The Framing Trap
ပြဿနာကို အမှန်အတိုင်း တင်ပြခြင်းမရှိပါက အဆုံးအဖြတ်မှားမည်ဖြစ်သည်။
အဖြေ - ပြဿနာကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်ပါ။
Over-Confidence Trap
လွန်ကဲစွာ ယုံကြည်နေပါက အလားအလာ အမှားအမှန်သုံးသပ်မှုမရှိဖြစ်မည်။
အဖြေ - မိမိကိုယ်ကို ဝေဖန်ပါ။
The Prudence Trap
ဆင်ခြင်တွေးတောမှု အခက်အခဲကြောင့် လွန်ကဲစွာသတိကြီးသဖြင့် သေချာမှုကို ယုံမှားခြင်း ဖြစ်တတ်သည်။
အဖြေ - လက်တွေ့ကျကျစဉ်းစားပါ။
The recent-Event Trap
လတ်တလောဖြစ်ရပ်ကြောင့် လက်ရှိအခြေအနေကို လိုသည်ထက်ပိုအလေးပေးတတ်သည်။
အဖြေ -ဖြစ်တတ်သည့်သဘောကို သတိထားကာကွယ်ပါ။
Fragmentation and Groupthink
စဉ်းစားရာတွင် အလွဲအချော်များဖြစ်တတ်သလို အဖွဲ့အစည်းအတွင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော လွဲချော်မှုနှစ်မျိုး ရှိတတ်သည်။ အဖွဲ့အစည်း၏ ယဉ်ကျေးမှုဓလေ့နှင့် အဖွဲ့သဘောစဉ်းစားခြင်းတို့ ဖြစ်သည်။
Fragmentation
အချင်းချင်းဖြစ်စေ ခေါင်းဆောင်သူနှင့်ဖြစ်စေ စဉ်းစားမှုကွဲပြားခြင်း။
Groupthink
မိမိပြောလိုသည်ကို မပြောဘဲ အများသဘောအတိုင်း လိုက်လျောခြင်း။
Overcoming Thinking Flaws
(အတွေးအခေါ်လွဲချော်မှုများကို ကျော်လွှားခြင်း)
ရဲရဲတင်းတင်း စိုးရိမ်စိတ်မရှိဘဲ ပြောစရာရှိသည်ကို ပြောရန်လိုသည်။ ဖြစ်လာနိုင်မှုကို အစိုးရိမ်ကြီးကာ မိမိ၏မှန်ကန်စွာ ဆုံးဖြတ်နိုင်မှုကို အယုံအကြည်နည်းပြီး မှားမည်ကို စိုးရိမ်ခြင်းဖြစ်တတ်သည်။ သတိရှိရမည်။
- မိမိအနေဖြင့် မှန်ကန်သော ဆုံးဖြတ်မှုများချမှတ် ဆောင်ရွက်ခဲ့သည်ဖြစ်၍ မိမိ၏ စိတ်ကူးနှင့်ခံစားမှုကို ယုံကြည်ပါ။
- အမှားများရှာတတ်သည့်လူတစ်ဦးအဖြစ် နေရာယူပါ။ လွဲချော်မှုများ၊ အမှားများကို ရှာတတ်ခြင်းဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များချကာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
- ဆီလျော်မှုမရှိသည်တို့ကို ရှောင်နိုင်ရမည်။ ရရှိသောသတင်း၏ အမှားအမှန်နှင့် ဆီလျော်မှုကို သုံးသပ်နိုင်ရမည်။
- ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပါ။ အကြောင်းအရာများကို ရှုထောင့်အသစ်မှ ပြန်ကြည့်ပါ။
- ပြီးခဲ့သောကိစ္စများ၏ ချုပ်ကိုင်မှုခံရခြင်းမဖြစ်စေသင့်ပါ။ ပေးဆပ်ခဲ့ရသော ရင်းနှီးမြှုပ်နှံမှုများရှိခဲ့သော်လည်း ပို၍ကောင်းမွန်သော အလားအလာများကို ရှာပါ။
- အများ၏စဉ်းစားမှုကို စိန်ခေါ်ပါ။ အများစဉ်းစားမှုကို မေးခွန်းထုတ်ရန်အားနာကြသော်လည်း လူများစဉ်းစားပုံအမှန်တကယ်ကို သိရန်လိုသည်။ မိမိ၏လုပ်ပိုင်ခွင့်များကို ကန့်သတ်ပါ။ များလွန်းပါက ဆုံးဖြတ်ရန်ပို၍ခက်ခဲသည်။ ဖြစ်နိုင်ခြေတို့ကို သုံးသပ်ပယ်ချ၍ အဖြစ်နိုင်ဆုံးကိုရွေးပါ။
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)