၂၀၁၄ ခုနှစ်မှာလည်း စင်ကာပူမှာ ဆောက်လုပ်ရေးကဏ္ဍလိုအပ်ချက်တွေ ဆက်လက် မြင့်တက်ဖွယ်ရှိ

Singapore construction အစိုးရစီမံကိန်းတွေကြောင့် ဒီနှစ်မှာ လည်း စင်ကာပူရဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ လိုအပ်ချက်တွေ ဆက်လက် မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထား ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ ဆောက်လုပ်ရေးကဏ္ဍလိုအပ်ချက် စင် ကာပူဒေါ်လာ ၃၁ ဘီလီယံနဲ့ ၃၈ ဘီလီယံကြားရှိလိမ့်မယ်လို့ စင်ကာပူ ဆောက်လုပ်ရေးအာဏာအဖွဲ့ (BCA)  ကဖော်ပြခဲ့ပါတယ်။ ဒီလိုခန့်မှန်းချက် ထွက်ပေါ်လာတာဟာ ၂၀၁၃ ခုနှစ်မှာ ဆောက်လုပ်ရေးကဏ္ဍရဲ့ စွမ်းဆောင် မှုမြင့်မားခဲ့တာကြောင့်ဖြစ်ပြီး စုစု ပေါင်း ဆောက်လုပ် ရေး ကဏ္ဍလိုအပ် ချက်ဟာ စင်ကာပူ ဒေါ်လာ ၃၅.၈ ဘီ လီယံအထိ စံချိန် တင် မြင့်တက်ခဲ့ပါ တယ်။ အစိုးရ စီမံ ကိန်းတွေဟာ စုစု ပေါင်း ဆောက်လုပ်ရေးကဏ္ဍလိုအပ် ချက်ရဲ့ ၆၀ ရာခိုင်နှုန်း၊ စင်ကာပူ ဒေါ်လာ ၁၉ ဘီလီယံနဲ့ ၂၂ ဘီလီယံ အကြား ရှိလိမ့်မယ်လို့ BACက ဆိုပါတယ်။ ၂၀၁၄ ခုနှစ်အတွက် ပုဂ္ဂလိကကဏ္ဍရဲ့ လိုအပ်ချက်ကိုတော့ စင်ကာပူ ဒေါ်လာ ၁၂ ဘီလီယံကနေ ၁၆ ဘီလီ ယံအကြားရှိမယ်လို့ ခန့် မှန်းထားပါတယ်။