ဂျပန်ပုံစံ စီမံခန့်ခွဲမှု

လူတွေကို တန်ဖိုးထားပြီး မဟာဗျူဟာကို ဖြစ်ပေါ်လာပါစေ Japanese Management 1 စီးပွားရေးယှဉ်ပြိုင်မှုတွင် ဂျပန်က အမေရိကန်ကို အနိုင်ပိုင်း နိုင်နေကြောင်း ၁၉၈၁ ခုနှစ်ပိုင်းက Richard Pascale   နှင့် Anthony Athos    တို့ ရေးသားသော The Art of Japanese Management    တွင် ဖော်ပြရာ၌ အကြောင်းတစ်ရပ်မှာ  လူမှုရေးတန်ဖိုးထားမှုအပြောင်းအလဲကြောင့် အလုပ်အဖွဲ့ အစည်းက လုပ်သားများ၏ မျော်လင့်ချက်များပါပြောင်းလဲ လာခဲ့သည်ဟု အလေးအနက်ဖော်ပြသည်။ ဂျပန်စီမံခန့် ခွဲမှုနှင့် အမေရိကန်စီမံခန့််ခွဲမှုမှာ ၉၅ ရာခိုင်နှုန်း တူညီသော် လည်း အရေးပါသော ၅ ရာခိုင်နှုန်းတွင် ကွာခြားသည်ဟု Honda Motor Co    ကို တွဲဖက်တည်ထောင်သူ Takeo Fujisawa    က ဆိုသည်။ အမှန်မှာ ဂျပန်ကုမ္ပဏီများသည် အမေရိကန်စီမံ ခန့်ခွဲမှုပညာရှင်များထံမှ ကုန်ထုတ်လုပ်မှုနည်းဗျူဟာများ    အတုယူလေ့လာကြပြီး မိမိတို့၏လုပ်ငန်းခွင်နှင့်ကိုက်ညီ အောင် ပြုပြင်ပြောင်းလဲ၍ ကိုက်ညီပြီး ထူးခြားသည့်ပုံစံကို လုပ်ယူသည်။ ဂျပန်စီမံခန့်ခွဲမှုနည်းများမှ အချို့ သော သဘောတရားများ အခြားနိုင်ငံများ သို့ ပျံ့နှံ့ကျော်ကြားလာသည်။ ထိုနည်း များမှာ Total Quality Management   ၊Six Sigma   နှင့်  Lean Manufacturing   တို့ဖြစ်သည်။ မအောင်မြင်မှုများ ကြုံတွေ့ ရခဲ့လျင် ဂျပန်လုပ်ကိုင်ဟန်နှင့် အဖွဲ့အစည်း အပေါ် သဘောထားသည့်အမြင် မှန်ကန်စွာ ရရှိအောင် မလုပ်နိုင်၍ ဖြစ်မည်။ လူဦးရေ သိပ်သည်းထူထပ်စွာနေ ကြသော ဂျပန်လူမျိုးတို့၏ ထူးခြားသော စိတ်နေသဘောထားမှာ ပြဿနာမပေါ်ရန်၊ သို့မဟုတ် ပြဿနာကို ရင်ဆိုင်တိုက်ခြင်း ရှောင်ရှား၍ ပြေပြေလည်လည် ညီညွတ်စွာ နေထိုင်သော ဓလေ့ရှိသည်။ ဂျပန်အဖွဲ့အ စည်းများနှင့် လုပ်သားများမှာ အေးအတူပူအမျသဘောဖြင့် အလုပ်ခွင်တွင် သက်ဆုံးတိုင်လုပ်ရန်သဘောကို လက်ခံလုပ် ကိုင်ကြသည်။ လုပ်သားများ၏ ဉာဏ်ရည်၊ ခံစားမှု၊ အ တွေးအခေါ်ကိုပါအလေးထား၍ သူတို့၏ပြဿနာအဖြေ ရှာရာတွင် ပါဝင်မှုကို အားပေးသည်။ ယခုအနောက် နိုင်ငံများ၏စီမံခန့်ခွဲမှုတွင် လူသားဆက်ဆံရေးကို အလေး ပေးလာခဲ့သော်လည်း အမိန့်ပေးခြင်း၊ ထိန်းချုပ်ခြင်းတို့ကို အလေးထားဦးစားပေးသည့် စီမံခန့်ခွဲမှုက စခဲ့သည်။ [caption id="attachment_16013" align="alignnone" width="720"]ဂျပန်နိုင်ငံတိုကျိုမြို့ထဲရှိ လူဦးရေအများဆုံးနေရာတစ်ခုဖြစ်တဲ့ Nakano Ward ဂျပန်နိုင်ငံတိုကျိုမြို့ထဲရှိ လူဦးရေအများဆုံးနေရာတစ်ခုဖြစ်တဲ့ Nakano Ward[/caption] ဂျပန်စီမံခန့်ခွဲမှုတွင် ဆုံးဖြတ်ချက်ချခြင်းမှာ အ လယ်ပိုင်းမှစ၍ အထက်သို့တက်ရင်း အများသဘောတူညီမှု ရရှိပြီး အပေါ်ဆုံးရောက်သည့်အခါ သဘောတူညီမှု ရရှိ သည်။ အတည်ပြုသဘောတူညီမှုရရှိသည်အထိ အချိန်ကြာ သော်လည်း အများ၏ နားလည်လက်ခံသော အဆုံးအဖြတ်ရရှိ သည်။ သို့ရာတွင် ကမ္ဘာနှင့်ချီ၍ စီးပွားရေးလုပ်လာရ သော ဂျပန်ကုမ္ပဏီများသည် ယခုအခါတွင် ပြောင်းလဲလာရ သည်များလည်း ရှိသည်။ စီးပွားရေးလုပ်ငန်းအတွက် အ မြတ်အစွန်း ရရှိရန်လိုအပ်ချက်ကြောင့် ကုန်ကျစရိတ်ကို ထိန်းချုပ်ရန်ကိုပါ အလေးထားလာရတော့သည်။ အချိန်ပိုင်း လုပ်သား၊ ယာယီလုပ်သားများ သုံးခြင်းကို လိုအပ်သလိုလုပ် လာကြရသည်။  

ဒေါ် ရီရီမြင့် (ပါမောက္ခ (ငြိမ်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)