ကုမ္ပဏီဆိုသည်မှာ

febynn2

သူငယ်ချင်းအချင်းချင်းဆုံတွေ့ကြသည့်အခါ တစ်ယောက်အကြောင်း တစ်ယောက်မေးကြရင်း မင်းကကုမ္ပဏီမှာ အလုပ်လုပ်တာကြာပြီလားဆိုတော့ ဟိုတစ်ယောက်က ဆယ်စုနှစ်တစ်စုကျော် ရှိပြီဖြစ်ကြောင်း ပြောသည်။ ဒီတော့ ပထမလူက ''ဒါဆို မင်းရဲ့အတွေ့အကြုံအရကုမ္ပဏီဆိုတာ ဘာနဲ့တူသလဲကွ'' ဟု မေးရာ ဒုတိယလူက ''ငါအမြင်အရတော့ ကုမ္ပဏီဆိုတာဟာ ခရစ္စမတ်ပွဲတော်လိုပါပဲကွာ'' ဟု ဖြေသည်။ ပထမလူက ''ဟာ၊ မင်းအမြင်က အတော်ထူးဆန်းပါလား၊ ဆိုစမ်းပါဦး၊ ဘာကြောင့် ကုမ္ပဏီက ခရစ္စမတ်ပွဲတော်နဲ့ တူရတာလဲ'' ဟု မေးသည့်အခါ အဖြေက ''မင်းသိတဲ့အတိုင်းပဲ ခရစ္စမတ်ပွဲတော်မှာ မင်းတို့ငါတို့ လူတိုင်းလူတိုင်း ပင်ပင်ပန်းပန်း နေ့မအား ညမအား အလုပ်လုပ်ပြီး ပွဲတော်ဖြစ်မြောက်ရေး ဝိုင်းဝန်းကြရတာလေ၊ ဒါပေမဲ့ နာမည်ယူတော့ အလုပ်မလုပ်ရဘဲ တောက်တောက်ပြောင်ပြောင် ဝတ်စားထားတဲ့ ဗိုလ်ပူလူဝကြီးကပဲ လူတွယ်ကျယ်ဖြစ်တာ မဟုတ်လား၊ ကုမ္ပဏီဆိုတာလည်း ဒီလိုပါပဲကွာ'' ဟု ဆိုလေသည်။

ဥပဒေသ။ ။ ကုမ္ပဏီဝန်ထမ်းအများစုသည် ကုမ္ပဏီပိုင်ရှင် သို့မဟုတ် စီအီးအို၏ တန်ဖိုးကို မမြင်တတ်ကြပေ။ သို့သော် သူတို့မိမိ၏တန်ဖိုးကို သိနားလည်စေရန် စွမ်းဆောင်ပြရမည်ကလည်း ထိုလူကြီးမင်းတို့၏ တာဝန်သာဖြစ်သည်။

အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။

ရီနေနိုင်