ကမ္ဘာ့အကောင်းဆုံး MBA Program

[caption id="attachment_33294" align="alignnone" width="759"]Graduation hat and ladders leading to success on grunge background. Education conceptGraduation hat and ladders leading to success on grunge background. Education concept[/caption]

ကမ္ဘာ့ပထမဆုံး MBA ကို ၁၉၀၈ ခုနှစ်က Harvard မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေစလို့ နှစ်ပေါင်း တစ်ရာကြာတဲ့အချိန်အထိ အမေရိကန်က    ပညာရေးအဖွဲ့အစည်းတွေက စီးပွားရေးကျောင်းတွေထဲမှာ အများစုကြီးစိုးထားဆဲဖြစ်ပါတယ်။ ဒီနှစ်မှာလည်း Economics မဂ္ဂဇင်း က ထုတ်ပြန်တဲ့ Fulltime MBA Program တွေထဲက ထိပ် ဆုံး ၂၀ စာရင်းမှာ အမေရိကန်စီးပွားရေးကျောင်း တွေက ၁၆ နေရာပါဝင်ပါတယ်။ ထိပ်ဆုံး ၁၀ဝ စာရင်းမှာဆိုရင်တော့ နေရာ ၅၃ ခုယူထားပါတယ်။

1

          University of Chicago ရဲ့ Booth School of Management ကတော့ ပထမနေရာကိုရထားပြီး Northwestren ရဲ့ Kellogg School of Management က ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒါက Booth က နေ ၇ နှစ်အတွင်း ခြောက်ကြိမ်မြောက် ပထမနေရာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီအဆင့် သတ်မှတ်ချက်ကို အဆုံးအ ဖြတ်အဖြစ်ပေးနိုင်တဲ့အချက်တွေထဲက အားအသာဆုံးကတော့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ ကျောင်းအပေါ် ထင်မြင်ချက်တွေပဲဖြစ် ပါတယ်။ ကျောင်းသားဟောင်းတွေရော၊ လက်ရှိတက်နေတဲ့ ကျောင်းသားကျောင်းသူတွေက ပါ ပေးတဲ့အချက်အလက်တွေထဲမှာ ငွေကြေးအရရော၊ အကြောင်းအရာတစ်ခုချင်းစီအ လိုက်အပေါ် ရလဒ်တွေရော ပါဝင်နေပါတယ်။ အဓိကအားဖြင့် အမျိုးအစားလေးခုကွဲနေတဲ့ အကြောင်းအရာတွေအပေါ် အကဲဖြတ် အမှတ် ပေးခဲ့ကြတာပါ။ အလုပ်အကိုင်အခွင့်အလမ်း အသစ်ရရှိနိုင်မှု (၃၅ ရာခိုင်နှုန်း)၊ ဘဝတိုးတက် မှုနဲ့ ပညာရေးအတွေ့အကြုံ (၃၅ ရာခိုင်နှုန်း)၊ လစာ      ကောင်းကောင်းရမှု (၂၀ ရာခိုင်နှုန်း) နဲ့ လူအများနဲ့ မိတ်ဆွေဖွဲ့နိုင်မှုအခွင့်အလမ်း (၁၀ ရာခိုင်နှုန်း) စတဲ့ အကြောင်းအရာခေါင်းစဉ် ၄ ခုအပေါ် ကျောင်းသား    ကျောင်းသူတွေက အကဲဖြတ်ပေးခဲ့ကြတာပါ။

          Booth School က သင်ရိုးကို ၁၀ဝ ထဲမှာ ၁ အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကမ္ဘာ့အဆင့် ဝန်ဆောင်မှုတွေရှိ သလို ဒီကရတဲ့ဘွဲ့က ကမ္ဘာတစ်ဝှမ်းလွှမ်းမိုးမှုရှိတယ်၊ ပြီးတော့ နိုဘယ်ဆုရှင်နည်းပြတွေလည်း ပါဝင်တာကြောင့် ချီးကျူးကြပါတယ်။ ပြီးတော့ ကျောင်းသား ၉၇ ရာခိုင် နှုန်းလောက်က ကျောင်းပြီးပြီးချင်း သုံးလအတွင်း အလုပ် ရခဲ့ကြတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းဆိုရင် လည်း အကောင်းဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ရပြီး ဒါက လည်း  လူပေါင်း ၅၂ç၅၀ဝ ပါဝင်တဲ့ ကျောင်းသားဟောင်း ကွန်ရက်ထဲက အဆင့်မြင့် အသက်မွေးဝမ်းကျောင်းလုပ် ငန်း လုပ်ကိုင်သူတွေက အမှတ်ကောင်းပေးခဲ့ကြတာ ကြောင့်ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား ၆၇ ရာခိုင် နှုန်းလောက်က ကျောင်းအပြီးမှာ လစာတက်လာခဲ့ပြီး ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၂၉ယ၄၀ဝ လောက်ရပါတယ်။ ပြီးတော့ ကျောင်းသားဟောင်းအချင်းချင်း ဘွဲ့ရပြီးတဲ့ အထိလည်း အဆက်အသွယ်ရှိနေကြဆဲဖြစ်ပါတယ်။

2

          ဒီလိုကောင်းမွန်တဲ့ အချက်အလက်တွေအားလုံး ရဲ့ နောက်ကွယ်မှာ ငွေကြေးရှိနေပါတယ်။ ထိပ်တန်း ကျောင်း ၂၀ စလုံးရဲ့ ကျောင်းလခက ဒေါ်လာ ၁၂၃,ဝဝဝ လောက်ပျမ်းမျှရှိပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း တ ဖြည်းဖြည်းတက်လာခဲ့ပါတယ်။ အပြန်အလှန်အားဖြင့်ဆို ရရင် ဥရောပကကျောင်းတွေက ဈေးသက်သာပြီး သင် တန်းကာလကလည်း တိုပါတယ်။ ပြီးတော့ အကျိုးအမြတ် ပြန်ရတာကလည်း မြန်ပါတယ်။ University of Navarra က IESE မှာဆိုရင်လည်း အမေရိကန်အပြင်ဘက်က ကျောင်းအနေနဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ကျောင်းအနေနဲ့ သူ့ရဲ့ ၁၉ လတာသင်တန်းအတွက်  ဒေါ်လာ ၉၆,ဝဝဝ ထောင်ပဲ ပေးရပါတယ်။ ဒီစပိန်ကကျောင်းက ၁၁ နေရာလောက် ကျော်ပြီး အဆင့် ၆ ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းအနေနဲ့ အလုပ်အကိုင်ရရှိမှုအခွင့်အလမ်းမှာ ၉၉ ရာခိုင်နှုန်းဖြစ်လာတာ။ သူ့ဘွဲ့ရတွေရဲ့ ပျမ်းမျှလစာက အမေရိကန်ဒေါ်လာ ၁၂၃,ဝဝဝ ဖြစ်လာတာတွေ ပါပါ တယ်။ ငွေကြေးကို ကြည့်ရမယ့်သူတွေအနေနဲ့ ရွေးသင့်တဲ့ နောက်ထပ်ကျောင်းတစ်ခုကတော့ ဗြိတိန်က Warwick Business School ပါ သူရဲ့တစ်နှစ်စာ Course အတွက် ကျောင်းလခက ဒေါ်လာ ၄၉,၄၀ဝ ကျပ်ဖြစ်ပါတယ်။  ဒီဆောင်းပါးမှာ ဩစတြေးလျနဲ့ အာရှနိုင်ငံအတွက် Economics ရဲ့ အဆင့်တစ်ရာထဲရောက်တဲ့ ကျောင်းတွေကို လည်း ဖော်ပြပေးထားပါတယ်။ အဲဒီထဲက နံပါတ် ၂၃ နေရာကရှိတဲ့ University of Melbourne-Melbourne Business School Australia ရဲ့ တစ်နှစ် Full Time MBA အတွက် ကျောင်းစရိတ်က ဩစတြေးလျဒေါ်လာ ၈၉, ၅၀ဝ ဆိုတော့ အမေရိကန်ဒေါ်လာနဲ့ဆို ၆၄,၇၆၀ ရှိနိုင် ပါတယ်။  

 

ဖြူလဲ့မွန်