ကမ္ဘာ့ IQ အမြင့်ဆုံးပုဂ္ဂိုလ် ၁၂ ဦး

IQ12One

IQ လို့ အတိုကောက်ခေါ်တဲ့ Intelligent Quotient (ဉာဏ်ရည်ပြကိန်း) ဆိုတာ လူဉာဏ်ရည်အဆင့်ကို ဆိုလိုတာဖြစ်ပြီး အဲဒီလိုဉာဏ်သိပ်ကောင်းတဲ့လူတွေကို စာသင်ခန်းတွေမှာ တခြားကျောင်းသူကျောင်းသားတွေက စာကြမ်းပိုးတွေ၊ အူကြောင်ကြောင် လူတွေလို့ခေါ်လေ့ရှိတယ်။ IQ ဟာ လူတစ်ဦးချင်းစီရဲ့ အသိဉာဏ်ပညာအဆင့်ကိုတိုင်းတာဖို့ စမ်းသပ်စစ်ဆေးတဲ့ 'စံ' အများအပြားအနက်မှ တစ်ခုဖြစ်ပါတယ်။ လူဦးရေ ၉၅ ရာခိုင်နှုန်းကို စမ်းသပ်မှုအရ ယေဘုယျအားဖြင့် IQ အဆင့်ဟာ ၇၀ ကနေ ၁၃၀ အကြားမှာ ရှိကြောင်းသိရပါတယ်။ လူတစ်ဦးရဲ့ IQ ကို တိုင်းတာတဲ့အခါ အသက်ရှင်နိုင်မှု၊ ဥပါဒါန်၊ ယင်းမိဘရဲ့လူနေမှုအဆင့်အတန်း၊ ယင်းမိဘအရင်းတွေရဲ့ IQ စတာတွေကို ထည့်စဉ်းစားပါတယ်။ ဒါအပြင် စက္ခုအာရုံစမ်းသပ်မှု၊ နှုတ်ဖြေစမ်းသပ်မှု၊ အကျိုးအကြောင်း ဆင်ခြင်မှုပုစ္ဆာတွေလိုကိစ္စတွေ ပါဝင်သလို ဂဏန်းသင်္ချာ၊ စာဖတ်ခြင်း၊ အထွေထွေဗဟုသုတနဲ့ ဝေါဟာရကြွယ်ဝမှုတို့ကိုလည်း အခြေခံပါတယ်။ ကမ္ဘာပေါ်မှာ IQ အဆင့်(ရမှတ်)အများဆုံး ပုဂ္ဂိုလ် ၁၂ ဦးကို ဖော်ပြလိုက်ပါတယ်။

IQ12

 

 

 

 

12. Sharon Stone (IQ - 154)

Basic Instinct ဇာတ်ကားဖြင့် နာမည်ရခဲ့တဲ့ ရုပ်ရှင်မင်းသမီးရှယ်ရွန်မှာ IQ -၁၅၄ ရှိတယ်ဆိုရင် ဘယ်သူယုံမှာလဲ။ သူဟာ ထူးချွန်ဆုတွေလျာထားခံရပြီး ဆုအတော်များများကို ပိုင်ဆိုင်ထားသူပါ။ သူဟာ ငါးနှစ်သမီးအရွယ်ကတည်းက ဒုတိယတန်းတက်ခဲ့ရပြီး စာတော်တဲ့ကျောင်းသူလေးဖြစ်ပါတယ်။ ၁၅ နှစ်အရွယ်က ပင်ဆယ်ဗေးနီးယားပြည်နယ်၊ အီဒင်ဘရို တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရခဲ့တယ်။ အဲဒီကျောင်းမှာ သူက ပန်းချီပညာနဲ့တီထွင်ဖန်တီးမှု စာရေးနည်းဘာသာရပ် ဆည်းပူးခဲ့တယ်။

 

 

IQ11

 

 

 

 

11. Paul Allen (IQ – 160)

အယ်လင်ဟာ Microsoft ကုမ္ပဏီကို ဘီလ်ဂိတ်စ်နဲ့ ပူးတွဲတည်ထောင်ခဲ့သူပါ။ Microsoft ကုမ္ပဏီမှာ Intel မိုက္ကရိုချစ်ပ်တွေ သုံးလို့ရတဲ့ DOS စနစ်ရှိကြောင်း IBM ယုံကြည်အောင် ပေါလ်ကပြောနိုင်လို့ ယင်းတို့အားလုံး သဘောတူညီမှုရခဲ့ပါတယ်။ ပေါလ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ အဆင့် ၅၃ ချိတ်ပါတယ်။ 'SAT' ဖြေဆိုရာမှာ ဘီလ်ဂိတ်စ်ထက်သာပြီး အမှတ် ၁,၆၀၀ ရပါတယ်။ ယင်းကို ဝါရှင်တန်ပြည်နယ်တက္ကသိုလ်က တန်ဖိုးအရှိဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။

 

 

IQ10

 

 

 

 

10.Stephen Hawking (IQ – 160)

စတီဖင်ဟာ ALS ဆိုတဲ့ ရောဂါကြောင့် တစ်ကိုယ်လုံး အကြောသေနေပေမဲ့ ဉာဏ်ကောင်းလွန်းလို့ IQ – ၁၅၄ ရှိရာ တစ်ကမ္ဘာလုံးက အံံ့အားသင့်ပါတယ်။ သူဟာ အထွေထွေရီလေတီဗတီဘာသာရပ်အတွက် အဓိကကျတဲ့ ပံ့ပိုးမှုတွေပေးခဲ့ပါတယ်။ အိပ်မက်ကိုတကယ်ဖြစ်အောင်လုပ်ရာမှာ ရုပ်ပိုင်းအခြေအနေနဲ့မဆိုင်ကြောင်း သူကသက်သေပြခဲ့ပါတယ်။ သူဟာ ရူပဗေဒပညာရှင်၊ စာရေးဆရာနဲ့ ကိန်းဘရစ်တက္ကသိုလ်က သုတေသီတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ALS ရောဂါရှိကြောင်း သိရှိပြီးနောက် သူက ပါရဂူဘွဲ့ကို လက်မခံတော့ပါဘူး။ သူဟာ ဆရာဝန်တွေ ခန့်မှန်းတာထက် အသက်ပိုရှည်နေပါတယ်။

 

IQ9

 

 

 

 

9. Albert Einstein (IQ - 160-190)

ဒီပုဂ္ဂိုလ်ကြီးကတော့ အထူးမိတ်ဆက်ပေးစရာ မလိုပါဘူး။ သူဟာ ရူပဗေဒပညာရှင်ဖြစ်ပြီး ရီလေတီဗတီ သီအိုရီကို ဖော်ထုတ်မိတ်ဆက်ခဲ့သူပါ။ သူဟာ Photoelectric သက်ရောက်မှုနိယာမကို ရှာတွေ့ခြင်းအတွက် နိုဘယ်ဆုရခဲ့ပြီး ကမ္ဘာမြေဆွဲအားဆိုင်ရာကဏ္ဍတွေရဲ့ နိယာမနဲ့အမြင်တွေကို ချဲ့ထွင်ခဲ့ပါတယ်။ ယင်းဟာ နယူးဂျာဆီပြည်နယ်ရှိ အဆင့်မြင့်သုတေသနဌာနမှာ အမှုထမ်းခဲ့ပါတယ်။ သူ့ရဲ့ထူးချွန်ထက်မြက်မှု၊ အောင်မြင်မှုတွေက ကြီးမားလွန်းလို့ အခုခေတ်မှာ 'အိုင်းစတိုင်း' နဲ့ 'ပြောင်မြောက်မှု' ကို ဆက်စပ်ပြီး မြင်ကြပါတယ်။

 

IQ8

 

 

 

 

 

8. Judit Polgar (IQ – 170)

ဂျူးဒစ်ဟာ ကမ္ဘာ့စစ်တုရင်လောကမှာ ၁၅ နှစ်အရွယ်က ဂရင်းမာစတာ ဘွဲ့ရတဲ့အသက်အငယ်ဆုံး ချန်ပီယံဖြစ်ပါတယ်။ 'FIDE' စစ်တမ်းရဲ့ Top 100 စာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသော မိန်းမဖြစ်တဲ့သူဟာ နံပါတ် ၆၃ ချိတ်ထားပါတယ်။ စစ်တုရင်ပါရမီရှင်ဂျူးဒစ်ဟာ ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲပေါင်းစုံမှာ ချန်ပီယံဆုဆယ်ကြိမ်ရပြီး ၂၀၀၅ ခုနှစ်က ကမ္ဘာ့ချန်ပီယံ ဂယ်ရီကက်စပါရော့ဗ်ကိုလည်း အနိုင်ယူခဲ့ပါတယ်။

IQ7

 

 

 

 

7. Gary Kasparov (IQ – 190)

ဂယ်ရီဟာ ကမ္ဘာ့နံပါတ်တစ်နေရာ ၂၂၅ ကြိမ်ရခဲ့ပြီး ၂၀၀၃ ခုနှစ်က တစ်စက္ကန့်မှာ စစ်တုရင်အကွက်ပေါင်း သုံးသန်းတွက်ချက်ရွှေ့နိုင်တဲ့ ကွန်ပျူတာနဲ့ ယှဉ်ပြိုင်ပြရာမှာ သရေကျခဲ့ပါတယ်။ ယင်းဟာ ၂၂ နှစ် အရွယ်မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်လာရုံမျှမက ယင်းဟာ ဆက်တိုက်အောင်ပွဲအကြိမ် အများဆုံးရပြီး စစ်တုရင်လောကရဲ့ 'အော်စကာ' ဆု အများဆုံးဆွတ်ခူးပါတယ်။ ယင်းဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။

 

IQ6

 

 

 

6. Philip Emeagwali (IQ – 190)

ဖီးလစ်ဟာ အင်ဂျင်နီယာ၊ သင်္ချာပညာရှင်နဲ့ ဘူမိဗေဒပညာရှင်ဖြစ်ပြီး Connection Machine ဆိုတဲ့ စူပါကွန်ပျူတာကိုသုံးပြီး ရေနံတွင်းတွေကို ဆန်းစစ်လေ့လာတဲ့သူပါ။ ၁၃ နှစ်သားအရွယ်က နိုင်ဂျီးရီးယားနဲ့ ဘီယာဖရာစစ်ပွဲမှာ ပါဝင်ဖို့ ကျောင်းထွက်ခဲ့ပေမဲ့ သူ့ဘာသာသူလေ့လာပြီး သင်္ချာဘွဲ့ ရယူခဲ့ပါတယ်။ သူဟာ သင်္ချာ၊ သဘာဝပတ်ဝန်းကျင်နဲ့ အင်ဂျင်နီယာ၊ ရေကြောင်းအင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့တွေလည်း တက္ကသိုလ်ပေါင်းစုံက ရခဲ့ပါတယ်။ သူဟာ မီရှီဂန်တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ကျောင်းတက်မယ်ဆိုတော့ အသားအရောင်ခွဲခြားမှုအရ ငြင်းပယ်ခံရလို့ သူက အဲဒီတက္ကသိုလ်ကို တရားစွဲခဲ့တယ်။ သူဟာ သူ့ပြည်သူတွေနဲ့ တစ်ကမ္ဘာလုံးအတွက် အမြဲတမ်းသူရဲကောင်းဖြစ်နေမှာပါ။

 

 

IQ5

 

 

 

5. Christopher Michael Langan (IQ – 195)

ဒီပုဂ္ဂိုလ်ဟာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးလူလို့ သတ်မှတ်ခံရသူပဲ။ သူဟာ ခြောက်လသားအရွယ်မှာ စကားပြောတတ်ပြီး သုံးနှစ်အရွယ်မှာ သူ့ဘာသာသူ စာဖတ်တတ်တယ်။ ကျောင်းမှာ အကြိမ်ကြိမ် အတန်းကျော်တက်ရတယ်။ SAT ဖြေရာမှာ အမှတ်အကောင်းဆုံးရပြီး စာမေးပွဲကိုမျက်စိမှိတ်ဖြေခဲ့ပါတယ်။ သူ့ကို စာသင်တဲ့ ပါမောက္ခတွေထက် သူက ပိုတတ်တယ်ဆိုပြီး မွန်တားနားတက္ကသိုလ်က ဘွဲ့မရခင် ကျောင်းထွက်ခဲ့ပါတယ်။ သူ့စကားက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတာ ပြသပါတယ်။

 

IQ4

 

 

 

4. Kim Ung-Yong (IQ – 210)

ကင်မ်ဟာ ခြောက်လသားအရွယ်မှာ စကားပြေပြစ်စွာပြောတတ်ပြီး သုံးနှစ်အရွယ်မှာ ဟန်ယန်းတက္ကသိုလ်၊ ရူပဗေဒဌာနမှာ ဧည့်ကျောင်းသားအဖြစ် တက်ရတယ်။ လေးနှစ်အရွယ်မှာ ကဗျာနဲ့ဝတ္ထုတိုနှစ်ပုဒ်ရေးခဲ့တယ်။ ၁၆ နှစ်သားအရွယ်မှာ NASA အဖွဲ့မှ နုတ်ထွက်ခဲ့တဲ့ ကင်မ်ကို ကိုရီးယားနိုင်ငံရဲ့ အထင်ကရတက္ကသိုလ်တစ်ခုက အလုပ်ခန့်တာ ငြင်းဆန်ပြီး မြို့ပြအင်ဂျင်နီယာပါရဂူဘွဲ့ရဖို့ ကျောင်းဆက်တက်တယ်။ အခုအခါ ချောင်ဘတ်တက္ကသိုလ်မှာ အမှုထမ်းနေပါတယ်။

 

 

IQ3

 

 

3. Christopher Hirata (IQ – 215)

၁၉၈၂ ခုနှစ်ဖွား ခရစ္စတိုဖာဟာ ၁၂ နှစ်အရွယ်ရောက်တော့ ကောလိပ်ပညာရေးပြီးဆုံးတဲ့ ကလေးပါရမီရှင်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်မှာ NASA ရဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်ခဲ့တယ်။ ၁၃ နှစ်အရွယ်က နိုင်ငံလုံးဆိုင်ရာ သိပ္ပံပညာပွဲတော်မှာ ရွှေတံဆိပ်ဆု ပထမဆုံးဆွတ်ခူးသူဖြစ်တယ်။ ၁၆ နှစ်ကျတော့ ရူပနက္ခတ္တဗေဒပါရဂူဘွဲ့ကြိုသင်တန်း တက်တယ်။

 

 

 

 

 

IQ2

 

 

 

2. Terence Tao (IQ – 225-230)

တဲရင့်ဟာ နှစ်နှစ်အရွယ်က ငါးနှစ်သားလေးတစ်ဦးကို သင်္ချာသင်ပေးတဲ့ ပါရမီရှင်လေးပေါ့။ ကိုးနှစ်အရွယ်မှာ တက္ကသိုလ်အဆင့် သင်္ချာသင်တန်းသွားတက်တယ်။ ၁၄ နှစ်မှာ ကလေးသိပ္ပံတက္ကသိုလ်တက်ပြီး ၁၆ နှစ်မှာ သိပ္ပံဘွဲ့နဲ့ မဟာဘွဲ့ပြိုင်တူရပြီး ၂၀ နှစ်မှာ ပါရဂူဘွဲ့ရတယ်။ သိပ္ပံပညာရေးပွဲတော်မှာ ရွှေတံဆိပ် သုံးဆုစလုံးဆွတ်ခူးတဲ့ အသက်အငယ်ဆုံးဆုရှင်ဖြစ်တယ်။ ၂၄ နှစ်မှာ UCLA (လော့စ်အိန်ဂျ်လိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ) မှာ အသက်အငယ်ဆုံး ပါမောက္ခဖြစ်လာတယ်။

 

 

 

 

IQ1

 

 

1.William James Sidis (IQ - 250 -300)

ဝီလံျဟာ သင်္ချာပညာတစ်ဖက်ကမ်းခတ် ထူးချွန်သူဖြစ်တယ်။ ခြောက်နှစ်အရွယ်မှာ သဒ္ဒါကျောင်းတက်ပြီး ခုနစ်လအတွင်း အောင်လက်မှတ်ရတယ်။ ၁၁ နှစ်မှာ ဟားဗတ်တက္ကသိုလ်တက်ပြီး ဘာသာစကားအမျိုးပေါင်း ၉၀ ပြောတတ်တယ်။ ဟားဗတ်မှာ ကျောင်းသားတချို့ရဲ့ ခြိမ်းခြောက်မှုကြောင့် သူ့မိဘတွေက သူ့ကို တက္ကဆပ်မှာ ကျောင်းဆရာသွားလုပ်ခိုင်းရတယ်။ သိပ်မကြာခင်မှာ သူအလုပ်ထွက်ပြီး နိုင်ငံရေးလောကထဲ ဝင်ခဲ့ပါတယ်။

 

 

 

 

Ref: Internet

စိုးသိဏ်း