vivo ရဲ့ V20 SE စမတ်ဖုန်းအမျိုးအစားမြန်မာနိုင်ငံဈေးကွက်တွင်း စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ vivo ဟာ V20 series အတွင်းမှာပါဝင်တဲ့ vivo V20 SE စမတ်ဖုန်းအမျိုးအစားကို မြန်မာနိုင်ငံဈေးကွက်ထဲ စတင်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ V20 SE ထဲမှာပါဝင်တဲ့ 32 MP Super Night Selfie camera က Aura မျက်နှာပြင်အလင်းစနစ် ပါဝင်ပြီး ညဘက်/အလင်းရောင်နည်းတဲ့ပတ်ဝန်းကျင်မှာ ဓာတ်ပုံရိုက်ရာမှာ ကြည်လင်ပြတ်သားပြီး အလင်းရောင်အားကောင်းကောင်းနဲ့ အမှတ်အရဆုံး အခိုက်အတန့်တွေကို မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။

ပါးလွှာပေါ့ပါးတဲ့ ၇.၈၃ မီလီမီတာ 3D ကိုယ်ထည်နဲ့အတူ နောက်ဆုံးပေါ် ဒီဇိုင်းသွင်ပြင်တွေကို ထည့်သွင်းထားတာဖြစ်တဲ့အတွက် သုံးစွဲသူ တစ်ဦးချင်းစီ ကို ကိုယ်ပိုင်ဟန်နဲ့ စမတ်ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 8GB RAM နဲ့ 128 GB ROM ပါဝင်တဲ့အပြင် ဘက်ထရီ 4,100 mAh နဲ့အတူ 33W Flash Charge Capability(အမြန်အားသွင်းစနစ်) ပါဝင်တဲ့အတွက် တစ်နေကုန် အနှောင့်အယှက်မရှိ အသုံးခံစေမယ့်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

ဒါအပြင် vivo V20 SEအမျိုးအစားမှာ Gravity Black နဲ့ Oxygen Blue ဆိုပြီး ရွေးချယ်စရာ အရောင်နှစ်မျိုး ပါဝင်သွားမှာဖြစ်ပါတယ်။ V20 SE ဖုန်းကို မြန်မာနိုင်ငံဈေးကွက်အထဲမှာ ဒီဇင်ဘာလ ၅ ရက်ကစပြီး ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်း (၃၇၉,၈၀၀) ကျပ်သာ ကျသင့်မှာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်ကနေ ၄ ရက်အထိ ငွေကျပ် ၃၇၉,၈၀၀ ဖြင့် နီးစပ်ရာ ဖုန်းအရောင်းဆိုင်များနဲ့ အွန်လိုင်းမှလည်း ကြိုတင်မှာယူနိုင်ပါတယ်။