Universal Orlando Resort ရဲ့ ဒုတိယမြောက် Harry Potter မှော်ကမ္ဘာဥယျာဉ်အသစ်
Universal Orlando Resort မှာ Harry Potter ဇာတ်ကားတွေထဲမှာပါဝင်တဲ့ နောက်ခံ မှော်ဝင်အိမ်ကြီးတွေကို တည်ဆောက်ထားတဲ့ မှော်ကမ္ဘာပန်းခြံအသစ်တစ်ခုကို ဇူလိုင်လ ၈ ရက်မှာ စတင် ဖွင့်လှစ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဥယျာဉ်ဟာ Harry Potter ၀တ္ထုဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာပါဝင်တဲ့ မှော်ဝင်အိမ်ကြီးတွေကို ပြန်လည်တည်ဆောက်ထားတဲ့ ဆွဲဆောင်မှုရှိတဲ့ ဒုတိယမြောက် အပန်းဖြေဥယျာဉ်ပဲ ဖြစ်ပါတယ်။ ပထမတစ်ခုကိုတော့ ၂၀၁၀ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး လာရောက်လည်ပတ်သူတွေအများအပြားနဲ့ အကြီးအကျယ် ရေပန်းစားခဲ့ပါတယ်။
ပထမ Harry Potter ဥယျာဉ်လိုပါပဲ ဒုတိယမြောက် ဥယျာဉ်အသစ်ကလည်း Harry Potter ဇာတ်လမ်း၊ ဇာတ်ကွက်တွေထဲမှာ ပါဝင်တဲ့ အသေးစိတ်ကအစ အဆန်းတကြယ် ပြင်ဆင်ဖန်တီးထားတာကြောင့် ဇာတ်လမ်းတွဲတွေထဲက အပြင်အဆင်တွေ၊ နောက်ခံရှုခင်းတွေနဲ့ ဇာတ်ကောင်တွေကို လက်တွေ့ဘ၀ထဲကိုတောင် အရောက် ခေါ်ဆောင်လာပေးမှာပါ။
အောက်မှာ ဖော်ပြပေးထားတာကတော့ Harry Potter-Diagon Alley မှော်ကမ္ဘာကြီးကို အထူးပွဲအနေနဲ့ မီဒီယာတွေကို ဖိတ်ကြားပြသခဲ့တုန်းက မြင်ကွင်း တချို့ ဖြစ်ပါတယ်။