UAB Bank မှအလုပ်သမားနေ့ အထိမ်းအမှတ် ကလေးများအတွက် ငွေကြေးထောက်ပံ့မှုနှင့် ပညာသင်ဆုအစီအစဉ်ပြုလုပ်

UAB bank မှအလုပ်သမားနေ့ အထိမ်းအမှတ် ကလေးများအတွက် ငွေကြေးထောက်ပံ့မှုနှင့် ပညာသင်ဆုအစီအစဉ်ပြုလုပ် ပညာသင်ဆုပေးမည့် အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။

ထိုအစီအစဉ်အရ uab bank ဝန်ထမ်းများရဲ့ ကလေးများထဲမှ အစိုးရပညာရေးအဖွဲ့အစည်းတွေမှာ မူလတန်းအဆင့်မှ တက္ကသိုလ် ပညာရေးထိ သင်ကြားလျှက်ရှိတဲ့ ကျောင်းသူကျောင်းသား အယောက် ၁၀၀ ကို နှစ်စဉ် ရွေးချယ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ uab bank အနေဖြင့် လာမယ့်နှစ်အတွင်း ခန့်မှန်းခြေ မြန်မာငွေ ကျပ်သိန်းနှစ်ထောင့်ငါးရာခန့် ခွဲဝေချထားပေးဖို့ ရည်မှန်းထားကြောင်းလည်း သိရှိရပါတယ်။

uab bank ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာန အကြီးအကဲဖြစ်သူ George Koshy မှ “ကျွန်တော်တို့ရဲ့ ကတိကဝတ်ဖြစ်တဲ့ ဝန်ထမ်းများကို ထောက်ပံ့ပေးရန်နဲ့ ကလေးသူငယ်များစွမ်းအင်မြှင့်တင်ပေးရန်ဆိုသည့်အတိုင်း ကျွန်တော်တို့ uab bank ဝန်ထမ်းတွေရဲ့ ကြိုးစားပြီး စိတ်အားထက်သန်တဲ့ ကလေးများအတွက် ယခု ငွေကြေးထောက်ပံမှုနှင့် ပညာသင်ဆုကို ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့မှာ စတင်ခဲ့ခြင်း ဖြစ်တယ်”လို့ ပြောပြခဲ့ပါတယ်။

ငွေကြေးထောက်ပံ့မှု အစီအစဉ်ကို မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း နှင့် အချိန်ပြည့် တက္ကသိုလ် ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ပညာသင်ဆုကို‌ လျှောက်ထားဖို့ ဝန်ထမ်းများအနေဖြင့် ငွေရေးကြေးရေး အခြေအနေ၊ မိသားစုဝင်ငွေ အချက်အလက်များ၊ ကလေးရဲ့ပညာသင်ယူရန် စိတ်အားထက်သန်မှုကို ပေါ်လွင်စေမယ့် အချက်အလက်များကို တင်ပြ လျှောက်ထား ရမှာဖြစ်ပါတယ်။

ပညာသင်ဆုတွေကိုတော့ မြန်မာနိုင်ငံအတွင်းရှိ အစိုးရ တက္ကသိုလ်တွေမှာ အချိန်ပြည့် ပညာသင်ကြားလျက်ရှိတဲ့ uab bank ဝန်ထမ်း သားသမီးများထဲမှ ထူးချွန်ထက်မြက်သည့် ကျောင်းသူ၊ ကျောင်းသားများကို ရေရှည် ငွေ‌ကြေးထောက်ပံ့မှုပေးအပ်သွားမှာဖြစ်ပါတယ်။ ပညာသင်ဆုအတွက် အရည်အချင်းပြည့်မှီစေရန် ကျောင်းသူ၊ ကျောင်းသား တစ်ဦးချင်းစီအနေနဲ့ ထင်ရှားပေါ်လွင်သော ပညာရေးဆိုင်ရာ ရလဒ်များပြသရန် လိုအပ်တဲ့အပြင် သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုတွေနဲ့ ရပ်ရွာလူထု ဝန်ဆောင်မှုတွေလည်း မျှတစွာ ရှိနေဖို့ လိုပါတယ်။