အိန္ဒိယ Tata Motors ရဲ့ သုံးလပတ်အမြတ် ၇၁ ရာခိုင်နှုန်း မြင့်တက်

၂၀၁၃ ကိုင်ရိုနိုင်ငံတကာ ကားပြပွဲ၌ ပြသထားသည့် Jaguar Land Rover ကားများ

၂၀၁၃ ကိုင်ရိုနိုင်ငံတကာ ကားပြပွဲ၌ ပြသထားသည့် Jaguar Land Rover ကားများ

ဗြိတိသျှ ဇိမ်ခံကားအမှတ်တံဆိပ် Jaguar Land Rover (JLR) ကနေ ၀င်ငွေတိုးတက်လာတဲ့အတွက် အိန္ဒိယနိုင်ငံက Tata Motors ရဲ့ သုံးလပတ် အသားတင်အမြတ် ဟာ ၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ Tata ဟာ JLR ကို Ford ထံကနေ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ ၂.၃ ဘီလီယံနဲ့ ၀ယ်ယူလိုက်တာဖြစ်တယ်။ JLR ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ သုံးလပတ်မှာ အခွန်ဆောင်ပြီး အမြတ်ငွေ ၆၆.၂ ရာခိုင်နှုန်းတိုးတက်လာသလို Tata Group  ရဲ့ စုစုပေါင်း ၀င်ငွေကလည်း ၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Ref: CNA