နော်ဝေနိုင်ငံအခြေစိုက် Sinor Lines သဘောင်္လိုင်းမိတ်ဆက်
နော်ဝေနိုင်ငံအခြေစိုက် Sinor Lines သင်္ဘောလိုင်းမိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Sinor Lines ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Mr Espen Stubberud က မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက်ဖြစ်တာနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါ တယ်။ Sinor Lines ဟာ မော်တော်ကားများကို သယ်ယူပို့ဆောင်နေတဲ့ Ro Ro Carrier အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံရှိ Golden Land Express Co Ltd နဲ့ Joint Venture အဖြစ် ပူးပေါင်းဆောင်ရွက်ထားပါတယ်။ တစ်လလျှင် နှစ်ကြိမ် ပုံမှန် Schedule ရှိပြီး ဂျပန်ကနေ ရန်ကုန်ကို လာရောက်တဲ့အချိန်က ၁၁ ရက်ဝန်းကျင် သာ ကြာမြင့်တယ်လို့ သိရပါတယ်။ Sinor Lines ဟာ ကိုရီးယား၊ ဒူဘိုင်း၊ ထိုင်းနိုင်ငံတို့မှာ သဘောင်္လိုင်းတွေ တိုးချဲ့ထားတယ်လို့ သိရပါတယ်။