Sim Kubota မှ ဝယ်ယူသုံးစွဲသူ Customer တွေအတွက် တတိယအကြိမ် ကံစမ်းမဲဖွင့်လှစ်

Siam Kubota မှ Kubota အမှတ်တံဆိပ် ဝယ်ယူသုံးစွဲသူ Customerတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျပ်သိန်းပေါင်း (၅၄၀) တန်ဖိုးရှိဆုမဲတွေကိုတတိယအကြိမ်မြောက် ဖွင့်ဖောက်ပေးခဲ့ပါတယ်။

Kubota ဒီဇယ်သုံးအင်ဂျင် ZT စစ်မှန်တဲ့စွမ်းအား၊ စစ်မှန်တဲ့ဆုမဲကံစမ်းမဲဖွင့်ပွဲအခမ်းအနားကိုတော့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁၆)ရက်ကရန်ကုန်မြို့ Pan Pacific Hotel မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Sim Kubota ဟာဒီဇယ်အင်ဂျင်နဲ့ Power Tiller တွေကိုထိုင်းနိုင်ငံမှာထုတ်လုပ်နေခဲ့တာ နှစ်ပေါင်း (၄၀)နီးပါးခန့်ရှိနေပြီး မြန်မာနိုင်ငံကို ၂၀၁၁ခုနှစ်ကတည်းက စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်းအရောင်းကွန်ယက်ချဲ့ထွင်းတာတွေ၊ လယ်သမားတွေကိုဘဏ္ဍာရေးထောက်ပံမှု အစီအစဉ်တွေနဲ့ ရောင်းချပြီးနောက် ဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင် တိုးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။